The Lake Suites Tower 3
လက်ရှိမှာတော့ အရောင်းပြခန်းစတင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အခန်းဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ၂၃၀,၀၀၀ မှ ၃၀၀,၀၀၀ အထိအမျိုးအစားအလိုက် ခွဲခြားထားပါတယ် ။ အခန်းအမျိုးအစားအနေနဲ့ကတော့ အိမ်ခန်းတစ်ခန်းပါ အိပ်ခန်းတွေက နေအိမ်ခန်းသုံးခန်းပါ အခန်းပုံစံတွေအထိ အမျိုးအစားလေးမျိုးသတ်မှတ်ထားပါတယ် ။ The Lake Suites မှာရေကူးကန် ၊ တင်းနစ်ကွင်း ၊ အသင်းအဖွဲ့ရုံ ၊ ကလေးရေကူးကန် ၊ ကစားကွင်းနဲ့ ပွဲအခမ်းနားငယ်တွေ ပြုလုပ်လို့ရတဲ့ နေရာတွေလည်း ပါဝင်မှာဖြစ်ပါတယ် ။
အခန်းဝယ်ယူသူတွေအနေနဲ့ ရွှေတိဂုံဘက် မျက်နှာလှည့်ထားတဲ့ အခန်းတွေနဲ့ မြန်မာပလာဇာဘက် မျက်နှာလှည့်ထားတဲ့အခန်းတွေကို ရွှေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ် ။ အခန်းအားလုံးနီးပါးကတော့ အင်းယားကန်မြင်ကွင်းကို ရရှိနိုင်မှာဖြစ်ပါတယ် ။ တစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းငွေပေးချေတဲ့သူတွေကတော့ လျော့ဈေး ၁၂ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ် ။ သည်အစီအစဉ်ကို ၂၀၁၆ ဇွန်လ ၁၁ ရက်ကနေ ၂၀၁၆ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အထူးဈေးနှုန်းထားနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။
ပြည်ဂါးဒင်း
အဆိုပါ ကွန်ဒိုကတော့ လက်ရှိမှာ အလုံးစုံဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး လူနေထိုင်မှုပါမစ်လည်းကျထားပြီး ဝယ်ယူသူတွေအနေနဲ့ စတင်နေထိုင်နေပြီဖြစ်ပါတယ် ။ အခန်းအားလုံးနီးပါးကို အငှားအနေနဲ့ ငှားရမ်းမှာဖြစ်ပြီး အခန်း ၅၀ ကျော်ကိုသာ ရောင်းချပေးသွားမှာဖြစ်ပါတယ် ။ အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ကာ office tower ကို စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ် ။ စီမံကိန်းတစ်ခုလုံးကိုတော့ ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ပြန်လည်ဆောက်လုပ်ခဲ့တာလည်း ဖြစ်ပါတယ် ။
မြေဧက ၂.၇၉
ဧကပေါ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တစ်စတုရန်းပေကို ၄၀၀,၀၀၀ နဲ့ရောင်းချလျက်ရှိတယ်လို့ သိရပါတယ် ။
Credit: The Modern