မဏ္ဍပ်​များနှင့်​ ဖြတ်​သန်းခြင်း - Property News in Myanmar from iMyanmarHouse.com
2759 Views

မဏ္ဍပ်​များနှင့်​ ဖြတ်​သန်းခြင်း

သင်္ကြန်​နီးလာပြီ။ သင်္ကြ​န်​​ရေကစားသဘင်​ ဆင်​ယင်​ချင်​​သော က​လေး၊ လူငယ်​၊ လူရွယ်​၊ လူလတ်​ တို့ကလည်း သင်္ကြန်​တွင်းအစီအစဉ်​များ
ကြိုတင်​​ရေးဆွဲ​နေကြပြီ။။ သည်​နှစ်​သင်္ကြန်​က မတိုင်​ခင်​ကတည်းက အသံဗလံ စီစီညံညံထွက်​လာ​သောသင်္ကြန်​ဖြစ်​၏။ တိုင်းဝန်ကြီးချုပ် ​အသစ်​က
စီးပွား​ရေးမဏ္ဍပ်​များခွင့်​မပြုဘဲ မိသားစုမဏ္ဍပ်​များသာ ဆောက်​လုပ်​ခွင့်​ပြုမည်​ဟူ​သောအမိန့်​​ကြောင့်​ဖြစ်​သည်​။

စင်​စစ်​​တော့ သည်​အမိန့်​ကလည်း ကျွန်​​တော်​အပါအ၀င်​ သာမန်​လူတန်းစားများနှင့်​ သက်​ဆိုင်​ခြင်းရှိလှသည်​​တော့လည်းမဟုတ်​။
သင်္ကြန်​ရက်​များအတွင်း ​ရေကစားခွင့်​ ငါးသိန်းမှ ၁၅ သိန်းအထိ ဈေး​ပေါက်​​နေ​သော သင်္ကြန်​မဏ္ဍပ်​များက ကျွန်​​တော်​တို့လိုလူတန်းစားများနှင့်​ လားလားမျှမဆိုင်​။ သည်​လိုမဏ္ဍပ်​များ ခွင့်​ပြုခြင်းမပြုခြင်း၊ ပိတ်​သိမ်းခြင်းမပိတ်​သိမ်းခြင်းတို့က
ကျွန်​​တော်​တို့နှင့်​ မဆီ​လေးရယ်​တဲ့မှ အို မဆိုင်​။

ကျွန်​​တော်​ နားမလည်​သည်​က အဆိုပါမဏ္ဍပ်​များ၏ အခင်းအကျင်း။ မဏ္ဍပ်​များ​ပေါ်တွင်​ အလုံပိတ်​အခန်းငယ်​က​လေးများ
ထည့်​သွင်း​ဆောက်​လုပ်​ထားသည်​ဆိုသည့်​ကိစ္စ။ ဘယ်​​လောက်​စပ်​စပ်​စုစုနိုင်​သည့်​ မီဒီယာသမားပဲဖြစ်​​နေ​နေ
ဆိုခဲ့ပါမဏ္ဍပ်​မျိုးကို​တော့ ရင်းနှီးကျွမ်းဝင်​မှုရှိရန်​မဆိုထားဘိ ​တွေ့ဖူးမြင်​ဖူးရုံ​လောက်​​တောင်​မရှိခဲ့။ အင်း​လေ . . . စီစဉ်​သူ​တွေကလည်း
သဗ္ဗရနံ​ပေါင်း လူ​ပြောက်​​သောက်​ သိမြင်​​လေ့လာနိုင်​​အောင်​ ထားသည်​မှမဟုတ်​ဘဲ လုံလုံခြုံခြုံသိုဝှက်​ထားပြီး အမှန်​တကယ်​သုံးစွဲသူများကိုသာ လက်​​ရောက်​​ပေးအပ်​​တော့မည်​သာဖြစ်​သကိုး။

သည်​​တော့ သာမန်​လူတန်းစားတို့ သည်​လို လျှို့ဝှက်​ခန်းများနှင့်​သင်္ကြန်​မဏ္ဍပ်​ဆိုသည် ကို မြင်​ဖူးခြင်းမရှိနိုင်​သည်​မှာလည်း အဆန်းတကြယ်​​တော့မဟုတ်​။သာမန်​ အရပ်​ထဲမှ​ရေကစားမဏ္ဍပ်​များက​တော့ ခပ်​တည်​တည်​၊ ခပ်​​အေး​အေးသာ။
သူတို့က သင်္ကြန်​အကြို​နေ့မတိုင်​ခင်​ ညဦးပိုင်း​လောက်​ကျမှ အပူတပြင်း တည်​​ဆောက်​ကြမည်​ဖြစ်​၏။သူတို့အတွက်​က အထူးအ​ထွေ

စရိတ်​ကုန်​ကျသည်​မဟုတ်​။ အုန်းလက်​များ လုံလုံ​လောက်​​လောက်​ရလျှင်​ မဏ္ဍပ်​တစ်​​ဆောင်​ အထ​မြောက်​ပြီဖြစ်​၏။ အ​ခြေခံအကျဆုံးမဏ္ဍပ်​တစ်​ခုအတွက်​ အုန်းလက်​ ခုနစ်​လက်​ပဲ လို၏။ က​လေးများအတွက်​ဆိုပါ​တော့။ အုန်းလက်​​လေးလက်​ကို ​မြေသားထဲစိုက်​ပြီး တိုင်​ထူ၊ နဖူးပိတ်​နှင့်
ဘေးအကာများအတွက်​ သုံးလက်​သုံး၊ ဒါဆို က​လေးများအတွက်​ ရေကစားမဏ္ဍပ်​အကြမ်းထည်​ ရသွားပြီဖြစ်​၏။ မဏ္ဍပ်​ထဲမှာ ​ရေစည်​ထည့်​ထား၊
လူကြီး​တွေက​တော့ မဏ္ဍပ်​ထဲ ၀င်​၍မရဘူး​ပေါ့။

ခေါင်းမလွတ်​နိုင်​ခြင်း​ကြောင့်​။ ၀င်​ချင်​လျှုင်​လည်း ​ခေါင်းငုံ့၊ ခါးကိုင်း၊ ကိုယ်​ကျုံ့ပြီး ၀င်​လျှင်​ ရ၏။ က​လေးမိဘ​တွေ၊ အ​ဖော်​အထိန်း​တွေ၊
က​လေးကြီး​တွေက မဏ္ဍပ်​​ရှေ့ ​ပေတစ်​ရာလမ်း​ပေါ်မှာ ပုံး​တွေ၊ ခွက်​​တွေ ချပြီး လာသမျှလူ ထိုင်​ပက်​ရုံသာ။
ဒီ့ထက်​နည်းနည်း တူတူတန်​တန်​​ဆောက်​သည့်​မဏ္ဍပ်​ကျ​တော့ တိုင်​၊ နဖူးစီးနှင့်​ ဘေးအကာများကို ၀ါးလုံးပိုးကြ၏။ သည်​​တော့ မဏ္ဍပ်​က
ခ​နော်​နီခ​နော်​နဲ့အဆင့်​မှ ခိုင်​ခိုင်​ခံ့ခံ့အဆင့်​သို့ ​ရောက်​လာသည်​။

သုံးထားသည့်​ဝါးလုံး၏ ကြံ့ခိုင်​​တောင့်​တင်းမှုအ​နေအထား​ပေါ်မူတည်​လျက်​ မဏ္ဍပ်​၏ ခိုင်​မာ​တောင့်​တင်း ကြွားဝင့်​ခြင်း ကွာခြားသွားသည်​။ သို့​ပေမဲ့ သင်္ကြန်​၏ကိုယ်​စားလှယ်​နိမိတ်​ပုံ အုန်းလက်​များကို​တော့ ပစ်​ပယ်​၍မရ​သေး။ ထူထား​သော တိုင်​၊ ပစ်​ထား​သော တန်းများတွင်​ အုန်းလက်​များကို ကပ်​ချည်​ထားရ​သေး၏။ အုန်းလက်​ကားကားယားယား စိမ်းစိမ်းစိုစိုများနှင့်​ ရေသဘင်​ပွဲ​တော်​ သင်္ကြန်​သည်​ အလွန်​လိုက်​ဖက်​ညီ​သော
အတွဲအစပ်​ဖြစ်​သည်​။ လူတို့စိတ်​နှလုံးကို ​အေးမြလန်းဆန်း​စေ​သော အာနိသင်​ အပြည့်​ရှိ၏။

ထိုအထဲ မဏ္ဍပ်​တည်​​ဆောက်​သူတို့၏ creation idea ကလည်း ​ရေကစားမဏ္ဍပ်​တို့၏အလှကို တစ်​ဖက်​တစ်​လမ်းမှအားဖြည့်​​နေ​သေးသည်​။
သင်္ကြန်၏ရာသီပန်းက ပိ​တောက်​ဖြစ်​​လေ​တော့ ပိ​တောက်​လှိုင်​လှိုင်​ပွင့်​သည့်​နှစ်​မျိုး​တွေဆို ပိ​တောက်​ပွင့်​​တွေ​ဝေ​နေ​သော
ပိ​တောက်​ကိုင်းကြီး​တွေကို အုန်းလက်​များနှင့်​ သဟဇာတဖြစ်​စွာ ပူးတွဲချိတ်​ဆွဲအလှဆင်​ထားသည်​ကို ​တွေ့နိုင်​​သေး၏။ ပိ​တောက်​ သိပ်​မပွင့်​သည့်​နှစ်​များတွင်​​တော့ ငုပန်းကိုင်းများ၊ စိန်​ပန်းကိုင်းများ ချိတ်​ဆွဲကြသည်​။ ယုတ်​စွအဆုံး ပန်းပါသည်​အကိုင်းမျိုး မရလျှင်​ပင်
အရွက်​ဖားဖားနှင့်​ ဗာဒံကိုင်းများက အုန်းလက်​များနှင့်​အပြိုင်​ စိုစိုစိမ်းစိမ်း မြရည်​လိမ်း​နေကြသည်​။

ဆိုခဲ့ပါမဏ္ဍပ်​များက လမ်းမကြီး(road) မဟုတ်​​သော လမ်းဖြတ်​(street) များအတွင်းမှ သာမန်​ကာလျှံကာ ​ရေကစားမဏ္ဍပ်​များ။ ထို့ထက်​ပိုမြင့်​သည်​က လူစည်​ကား​သော အချက်​အချာကျရာ လမ်းမကြီးများ​ပေါ်မှမဏ္ဍပ်​တို့။ သူတို့က​တော့ ၀ါးလုံး​လောက်​ကို စာရင်းသွင်းပြီး
စကားထဲ​တောင်​ထည့်​​ပြောသည်​မဟုတ်​။ သစ်​သားတိုင်​​တောင့်​​တောင့်​​တွေ ​ထောငိပြီး တန်း​တွေပစ်​၍ ​ဆောက်​ကြခြင်းဖြစ်​၏။ အချို့ကျ​တော့
သစ်​သားမသုံး သံဖရိန်​​တွေအချင်းချင်းချိတ်​ဆက်​၍ ​ဆောက်​ကြသည်​။

သူတို့​​တွေကို မြင့်​သည်​ဟု သုံးနှုန်းရခြင်းက မဏ္ဍပ်​အသွင်​အပြင်​ကိုက တစ်​ဆင့်​မြင့်​​နေ​သော​ကြောင့်​ဖြစ်​၏။ လမ်းမကြီးများ​ပေါ်မှမဏ္ဍပ်​​တွေက
များ​သောအားဖြင့်​ ​ရေပိုက်​များဖြင့်​ပက်​ကြသည်​။ သည်​​တော့ ​ရေပိုက်​ကိုင်​ ​ရေကစားသူများအ​နေဖြင့်​ ​အလှည့်​ကျ ၀င်​ရပ်​လာ​သော ​ရေပက်​ခံကားများကို ဣ​နြေ္ဒရရ​ရေပက်​နိုင်​ရန်

မဏ္ဍပ်​​ရှေ့မျက်​နှာစာအစပ်​၌ အနည်းဆုံး အမြင့်​တစ်​​တောင်​ (တစ်​​ပေခွဲ) ခန့်​ ပလက်​​ဖောင်းတစ်​ခု လုပ်​ထား​ပေးရသည်​။ မဏ္ဍပ်​စီစဉ်​သူ​တွေ၊ ​ရေပက်​သူနှင့်​ ​ရေပက်​ခံသူ​တွေကို ထိန်း​ကျောင်းကြပ်​မတ်​သူတို့က မဏ္ဍပ်​အတွင်းပိုင်း ​ရေပက်​ ပလက်​​ဖောင်း ​နောက်​ အနိမ့်​ပိုင်း​တွေမှာ ထိုင်​ခုံများဖြင့်​ထိုင်​ကြ၊ ထိုအတွင်းပိုင်းမှာပဲ မုန့်​လုံး​ရေ​ပေါ်၊ မုန့်​ကြာ​စေ့၊ သာဂူ၊ မုန့်​လက်​​ဆောင်း၊ ​ရွှေရင်​​အေး စသည့်​ သင်္ကြန်​မုန့်​များ
လုပ်​ကြကိုင်​ကြနှင့်​​ပေါ့။

ဒါကလည်း လမ်းမကြီးများ​ပေါ်ရှိ ပိုက်​နှင့်​​ရေကစား​သော မဏ္ဍပ်​များထဲမှ အ​ခြေခံအဆင့်​​လောက်​ပဲရှိ​သေး​သော မဏ္ဍပ်​များ ဖြစ်​၏။ ​ငွေ​ကြေးတတ်​နိုင်​​သော ၀ါသနာတူအချင်းချင်း စုဖွဲ့တည်​​ဆောက်​ကြ​သော မဏ္ဍပ်​မျိုးသာဖြစ်​သည်​။ သည့်​ထက်​ ​ငွေ​ကြေးအင်​အားပြည့်​စုံ​သောမဏ္ဍပ်​၊ ရန်​ပုံ​ငွေနှင့်​ ​နောက်​ခံအင်​အား ကုံလုံ​သူတို့၏မဏ္ဍပ်​၊ ဌာနဆိုင်​ရာအဖွဲ့အစည်းတစ်​ခုခုက ဦးစီးတည်​​ဆောက်​​သော မဏ္ဍပ်​များ
ဆိုလျှင်​​တော့ ပိုမြင့်​၊ ပိုထည်​၀ါ၊ ပိုခမ်းနားသွား​တော့၏။

ရေပက်​ပလက်​​ဖောင်းက တစ်​​တောင်​ခန့်​၊ တစ်​ကိုက်​ခန့်​ မဟုတ်​​တော့ဘဲ လူတစ်​ရပ်​ အနည်းဆုံး မြင့်​သွား​တော့၏။ မဏ္ဍပ်​​ပေါ်မှ လှပျိုဖြူများကလည်း ​ရေပိုက်​ကိုင်​၍ ​ရေပက်​သူများနှင့်​အပြိုင်​ ​ခေတ်​​ပေါ်အကအလှမျိုးစုံဖြင့်​ အသုံး​တော့ခံကြ​တော့ရာ ထို​ရေသဘင်​ပွဲကို ကိုယ်​တိုင်​ဆင်​နွှဲသူအဖြစ်​ မပါဝင်​နိုင်​​သော လမ်း​လျှောက်​ပရိသတ်​အ​နေဖြင့်​ နတ်​ကရာ ကြည့်​​မောရင်း အာရုံ​တွေလန်းဆန်းလာရ​တော့သည်​။

အလျင်​​ခေတ်​​တွေက​တော့ ထိုသို့​သော​ရေကစားမဏ္ဍပ်​များတွင်​ ကပြ​ဖြေ​ဖျော်​သည်​မှာ ဂိုးဂိုး၊ ချာချာချာ၊ တန်​ဂို၊ ရမ်းဘား၊ ဆန်းဘား
စသည့်​နိုင်​ငံတကာအကမျိုးစုံကို ​ရောသမ​မွှေထား​သော စု​ပေါင်းစပ်​​ပေါင်းအကမျိုးသာဖြစ်​​သော်​လည်း အခု
သုံး​လေးငါးနှစ်​​လောက်​အတွင်းမှ အသံကျယ်​​လောင်​လာသည့်​ sexy dance ဆိုသည်​က ကျန်​အကများကိုအလဲထိုးပြီး အလံလုသွား​တော့သည်​ဟု ကြားရ၏။

အချို့ကလည်း တိုင်​ပတ်​အကဟု ကင်​ပွန်းတပ်​ကြသည်​။ ထိုသို့​သောမဏ္ဍပ်​များမှာ​တော့ လူ​တွေ
တိုးမ​ပေါက်​​အောင်​စည်​ကားသည်​ဟုလည်း လူမှုကွန်​ရက်​စာမျက်​နှာများ​ပေါ်မှာ ​ဖော်​ပြကြ၏။ ​ကောင်း​သောစည်​ကားခြင်း​တော့ ဖြစ်​မည်​မထင်​။ကျွန်​​တော်​က​တော့ ​ရေကစားဖို့လည်း ဆန္ဒရှိသူမဟုတ်​၊ တရားစခန်းဝင်​ရန်​၊ ဒုလ္လဘ၀တ်​ရန်​လည်း အစီအစဉ်​မရှိ။ သည်​​တော့
ခါတိုင်းနှစ်​များလိုပဲ သင်္ကြန်​ကို ဖြတ်​သွားဖြတ်​လာ ​လေ့လာသည့်​အ​နေမျိုးဖြင့်​သာ ဖြတ်​သန်းသွားဖို့ပဲ ရှိသည်။

သင်္ကြန်​ရက်​အတွင်း တရားစခန်းဝင်​မည့်​သူများနှင့်​ ဒုလ္လဘရဟန်းဝတ်မည့်​သူများက​တော့ ​အေး​အေးချမ်းချမ်းရှိလှသည်​။
တကယ်​​တော့ ထိုမဏ္ဍပ်​များသည်​ အုန်းလက်​ခုနစ်​လက်​မှအစပြု​သော အ​ခြေခံမဏ္ဍပ်​ကို ဆပွားတိုးမြှင့်​၍ တီထွင်​ဖန်​တီးကြရာမှ
ပေါ်​ပေါက်​လာ​သော မဏ္ဍပ်​များ ဖြစ်​သည်​။ သို့​သော်​ အနှစ်​သာရအားဖြင့်​ အုန်းလက်​ခုနစ်​လက်​မဏ္ဍပ်​​လေးများသည်​ ရိုးစင်းမှု၊ ရိုးရှင်းမှု၊ ရိုးသားမှု
အစရှိ​သော ရိုးဂုဏ်​ အပြည့်​ရှိ၏။ ပရိယာယ်​၊ မာယာ၊ မြှူဆွယ်​မှုတို့ ကင်းစင်​၍ ပကတိဖြူစင်​​သော ​ရေကစားမဏ္ဍပ်​များသာဖြစ်​၏။ ကစားသူများမှာ
က​လေးများသာဖြစ်​၍ အ​ရောင်​ကင်းမဲ့​သော အဖြူထည်​များဖြစ်​သည်​။

လာ​ရောက်​ကစားမည့်​သူ ကန့်​သတ်​ထားခြင်းမရှိ၊ မည်​သူမဆို လာပူး​ပေါင်းနိုင်​သည်​။ လူကြီးမိဘ အထိန်းအယများ၏
ကွပ်​ကဲကြပ်​မတ်​မှုဖြင့်​ လုံခြုံစွာ ​ပျော်​ရွှင်​ရသည်​။

အမြင့်​စားမဏ္ဍပ်​များတွင်​​တော့ မဟုတ်​တာအကုန်​ရသည်​ဟုဆိုရမ​လောက်​ တလွဲလွတ်​လပ်​ခြင်းတို့ မင်းမူ​နေသည်​။ သာမန်​သစ်​သားအိမ်​သုံးလုံးစာမျှ​သော ​ဆောက်​လုပ်​​ရေးပစ္စည်းများကိုသုံးလျက်​ ဖြစ်​ချင်​တိုင်းဖြစ်​​နေ​သော သင်္ကြန်​မဏ္ဍပ်​များ​နေရာတွင်​ သဘာဝထွက်​ပစ္စည်း အုန်းလက်​စိမ်းမဏ္ဍပ်​ အ​ရေအတွက်​ များနိုင်​သမျှများများဖြင့်​ မြန်​မာ့ရိုးရာအတာသင်္ကြန်​ကို ရိုးစင်းစွာအလှဆင်​သည့်​အချိန်​သို့ ​ရောက်​ရှိပါ​စေ​ကြောင်း မြန်​မာနိုင်​ငံသားတစ်​​ယောက်​အ​နေဖြင့်​ ဆု​တောင်းရုံမှတစ်​ပါး . . .

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service