ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
လာမည့် သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်များတွင် ကြယ်မိုးရွာမှု (ဥက္ကာခဲများစွာ ကြွေကျမှု) အံ့ဖွယ်ဖြစ်စဉ်ကို မျက်ဝါးထင်ထင် တွေ့ကြရမည်ဖြစ်ကြောင်း နာဆာက ထုတ်ပြန်ထားသည်။
တစ်လတာအတွင်း ကြယ်မိုးရွာမှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေမည်ဖြစ်သော်လည်း သြဂုတ် ၁၂ ၊ ၁၃ ရက်များတွင် အများဆုံးတွေ့ရမည်ဟု နာဆာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဥက္ကာမှုန်ပေါင်း ၁၀၀၀ ခန့်သည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာမည်ဖြစ်ပြီး တစ်နာရီလျှင် ၁၅၀ နှုန်းခန့် ရှိမည် ဖြစ်သည်။
ကြယ်မိုးရွာခြင်းဟု ခေါ်နိုင်သောဖြစ်စဉ်တွင် ကောင်းကင်၌ မီးရှူးမီးပန်းဖောက်သကဲ့သို့ တွေ့မြင်ရမည် ဖြစ်သည်။
ဥက္ကာပျံတို့သည် ပုံမှန်အားဖြင့် အာကာသအတွင်း တစ်နာရီလျှင် ၂၁၄၃၆၅ ကီလိုမီတာ (၁၃၃၂၀၀ မိုင်) အမြန်နှုန်းဖြင့် ရွေ့လျားနေကြပြီး ကမ္ဘာပေါ်သို့ ပဲ့ကြွေကျရောက်လာသော ဥက္ကာမှုန်ဟု ခေါ်ကြသည်။
ဥက္ကာမှုန်တို့၏ အပူချိန်မှာ ၃၀၀၀ ဒီဂရီ ဖာရင်ဟိုက် (၁၆၅၀ ဆဲစီးယပ်) ကျော်ရှိပြီး မြေပြင်အထက် မိုင် ၆၀ ခန့်သို့ ရောက်လာလျှင် လူတို့ တွေ့မြင်ရသည်။
((ကြယ်မိုးရွာသည့်ဖြစ်စဉ် ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်း))
ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားသော Swift-Tuttle အမည်ရှိ ကြယ်တံခွန်ကြီးမှ အမှုန်အမွှား အစအနများ လွင့်ပျံလာခြင်းဖြစ်ပြီး ကမ္ဘာမြေအနီးသို့ ၁၉၉၂ ခုနှစ်က ရောက်လာခဲ့ဖူးကာ ၂၁၂၆ ခုနှစ်တွင်မှ နောက်တစ်ကြိမ် ပြန်လည်ကြုံတွေ့ရမည် ဖြစ်သည်။
ကမ္ဘာမြေအနီး မကြာခဏ ဖြတ်သန်းလေ့ရှိသောအရာများအနက် Swift-Tuttle ကြယ်တံခွန်မှာ အကြီးမားဆုံးဖြစ်ပြီး ၎င်း၏ ဗဟိုချက်မှာ ၁၆ မိုင်ခန့်ရှိသည်။
ကြယ်မိုးရွာမှုဖြစ်စဉ်ပေါ်ပေါက်ချိန်တွင် ဓာတ်ကောင်းများ ရိုက်ကူးရရှိပါက space.com သို့ ပေးပို့ရန်တောင်းဆိုထားရာ spacephotos@space.com အီးမေးလိပ်စာသို့ ပေးပို့နိုင်ပါသည်။
((ဂြိုဟ်ပူးယှဉ်မှုဖြစ်စဉ်နှင့် နက္ခတ္တဗေဒ ))
ဂြိုဟ်များကို နေကို ဗဟိုပြုလည်ပတ်နေပြီး ကမ္ဘာကလည်း နေကို ဗဟိုပြုလည်ပတ်နေရာ ကမ္ဘာနှင့် ဂြိုဟ်တို့၏ တည်နေရာမှာ အမြဲပြောင်းလဲနေသည်။
ထိုသို့ နေကို ဗဟိုပြုလည်ပတ်နေရင်း ဂြိုဟ်တစ်စင်းသည် အခြားဂြိုဟ်နှင့်ဖြစ်စေ လနှင့်ဖြစ်စေ ကမ္ဘာမှ ကြည့်ရှုပါက တစ်တန်းတည်းဖြစ်သွားသည့်အနေအထားတွင် နီးကပ်ပြီး ဂြိုဟ်များ ပူးကပ်သွားသကဲ့သို့ တွေ့မြင်ရသည်။
ပြင်ပတွင်မူ မိုင်ပေါင်း သန်းချီဝေးကွာပါသည်။
■ သြဂုတ် ၂၆ = အင်္ဂါဂြိုဟ်နှင့် လ ပူးယှဉ်ခြင်း
သြဂုတ်လ ၂၆ ရက်တွင် အင်္ဂါဂြိုဟ်ကို အနောက်ဘက်မိုးကောင်းကင်တွင် ည ၈ း၁၅ ခန့်တွင် တွေ့ရမည်ဖြစ်သည်။
ထိုအချိန်တွင် လနှင့် ပူးယှဉ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး တစ်နာရီခန့် ဂြိုဟ်ချင်းပူးနေမည်ဖြစ်ကာ လူသာမန်၏ မျက်လုံးဖြင့်ပင် တွေ့မြင်နိုင်သည်။
သက်ရောက်မှု= နက္ခတ္တဗေဒအရ စိတ်ဓာတ်ခွန်အားပေးခြင်းကို ရည်ညွှန်းပြီး ရည်မှန်းချက်သစ်များ စတင်ရန် အချိန်ကောင်းဖြစ်သည်။
■ သြဂုတ် ၁၁-၁၂= သောကြာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် ပူးယှဉ်ခြင်း
ထိုရက်များတွင် အရှေ့ဘက် မိုးကောင်းကင်ဆီ၌ အရုဏ်မတက်မီ ကြည့်ရှုပါက သောကြာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့ ၁ ဒီဂရီမျှသာ ကွာဝေးကာ ပူးယှဉ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
သက်ရောက်မှု= ကံကောင်းခြင်းကို ရည်ညွှန်းပြီး စီးပွားရေးနှင့် အချစ်ရေး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်နိုင်သည်။
✅ ထိုသို့ ဂြိုဟ်ပူးယှဉ်မှုများကို တွေ့မြင်ပါက လိုရာဆုတောင်းခြင်း၊ ရည်မှန်းချက်သစ်များ ချမှတ်ခြင်း၊ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းလုပ်ဆောင်ပါက အထမြောက်မည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Perseids Meteor Shower Peak, Other Sky Events To Watch In August (nasa.gov)