ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ

ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
11 Mar 2025 10:07 am တွင် တင်ခဲ့သည်
378 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိတွင် တချိန်က ဖက်ရှင်ဒီဇိုင်နာ Max Azria (ကွယ်လွန်) နေထိုင်ခဲ့သော စံအိမ်ကြီး မူလခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၆ သန်းဈေးလျှော့ကာ အရောင်းဈေးကွက် ပြန်ဝင်လာသည်။

ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်က ယခုစံအိမ်ကြီးကို ဝယ်ရန် ဈေးညှိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့အပြီး ၆ လအကြာတွင် လျှော့ဈေးဖြင့် အရောင်းဈေးကွက်ပြန်ရောက်လာခြင်း ဖြစ်သည်။

အက်ဇ်ရီယာဟု လူသိများသော စံအိမ်ကြီးသည် ၂၀၁၅ ခုနှစ်ကတည်းက မကြာခဏ အရောင်းဈေးကွက်ဝင် ခဲ့သည်။

၂၀၁၅ ခုနှစ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၅ သန်းဖြစ်ပြီး ၂၀၁၆ တွင် ကန်ဒေါ်လာ ၈၈ သန်းသို့ ဈေးတက် သွားသည်။

ယင်းနောက်ပိုင်း အရောင်းဈေးကွက်တွင် ၁၀ ကြိမ်ခန့် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

အိပ်ခန်း ၁၄ ခန်းပါ စံအိမ်ကြီးကို ယခုအကြိမ် မတိုင်မီ နောက်ဆုံး ဈေးကွက်တင်ခဲ့သည်မှာ ၂၀၂၄ ဧပြီလက ဖြစ်ပြီး ကန်ဒေါ်လာ ၅၅ သန်းဖြင့် ဖြစ်သည်။

ထိုသို့ ဈေးကွက်တင်ပြီး ၅ လအကြာတွင် ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲသော သတင်းများ နာမည်ကြီးနေချိန်တွင် ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်က အဆိုပါ စံအိမ်ကို ဝယ်ယူရန် ဈေးညှိနေသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

လက်ရှိအားဖြင့် ဂျေလိုသည် ဘင်အက်ဖလက်နှင့် အတူနေခဲ့သော ကန်ဒေါ်လာ ၆၈ သန်းတန် မင်္ဂလာဦး စံအိမ်ကြီးကို ရောင်းထုတ်ရန် စီစဉ်နေသည်။

ဂျေလိုက Atlas အမည်ရှိ သူ၏ ရုပ်ရှင်တွင် အဆိုပါစံအိမ်ကြီးကို ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

ယင်းစံအိမ်ကို ဂျေလိုက ဘင်အက်ဖလက်နှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း သွားရောက် ကြည့်ရှုခဲ့ဖူးသည်။

(▲ တချိန်က ဖက်ရှင်ဒီဇိုင်နာ မက်စ်အက်ဇ်ရီယာ ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ မူလခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာသည်။ ဓာတ်ပုံ-Realtor)

(▲ အက်ဇ်ရီယာဟု လူသိများသော စံအိမ်ကြီးသည် ၂၀၁၅ ခုနှစ်ကတည်းက မကြာခဏ အရောင်းဈေးကွက် ဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၅ သန်းဖြစ်သည်။ ဓာတ်ပုံ-Realtor)

(▲ အိပ်ခန်း ၁၄ ခန်းပါ စံအိမ်ကြီးသည် ၁၀ နှစ်ကြာသည်အထိ ရောင်းမထွက်ဘဲရှိနေပြီး အရောင်းဈေးကွက်သို့ ၁၀ ကြိမ်ခန့် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။ ဓာတ်ပုံ-Realtor)

ယခုစံအိမ်ကို ဝယ်ယူရန် ဈေးညှိခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ဂျေလိုက တရားဝင်မှတ်ချက်ပေးခြင်းမရှိချေ။

ဂျေလိုနှင့် စံအိမ်ရောင်းချသူအကြား အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း ယခုအချိန်အထိ ဈေးကွက်တွင် ရှိနေခြင်းက သက်သေပြနေသည်။

(▲ ဂျေလိုသည် ဘင်အက်ဖ်လက်နှင့် ကွာရှင်းပြတ်စဲသည့်သတင်းများ နာမည်ကြီးနေချိန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ယခုစံအိမ်ကို ဝယ်ရန် ဈေးညှိခဲ့သည်ဟု TMZ သတင်းဌာနက ဖော်ပြသည်။ ဓာတ်ပုံ-Getty Images)

(▲ လော့စ်အိန်ဂျလိ၏ အထင်ကရအရှိဆုံး စံအိမ်များ၌ ပါဝင်သော ယခုစံအိမ်ကြီးကို ဒီဇိုင်နာ အက်ဇ်ရီယာနှင့် ဇနီးတို့က ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Realtor)

(▲ အက်ဇ်ရီယာ ပိုင်ဆိုင်ထားစဉ်ကာလအတွင်း ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

(▲ စံအိမ်အတွင်း၊ အပြင်နှင့် တင်းနစ်ကွင်းတို့တွင်ပင်လျှင် တောက်ပသောအရောင်များ ပြည့်လျှမ်းနေသည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Iconic Azria Estate Has Price Chopped by $16 Million—Months After Jennifer Lopez Was Said To Be ‘In Negotiations’ To Buy It Photo Credit- Realtor, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည်ကြီးနေ...
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည်ကြီးနေ...
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စက်ရုပ်တစ်ရုပ်ကို ယွမ် ၁၀၀၀၀ ဖြင့် ငှားရမ်းထားမှု လူမှုကွန်ရက်သုံးစွဲသူတို့ အကြား နာမည်ကြီးနေ...

မြန်မာပြည်သို့ လာရောက်ကာ ဖြူဖြူကျော်သိန်းနှင့် တွဲဖက်သီဆိုဖျော်ဖြေခဲ့ဖူးသော ဂရမ်မီဆုရှင် Jason Mraz ၏ အမေရိကန်မှ စံအိမ်အကြောင်း...
မြန်မာပြည်သို့ လာရောက်ကာ ဖြူဖြူကျော်သိန်းနှင့် တွဲဖက်သီဆိုဖျော်ဖြေခဲ့ဖူးသော ဂရမ်မီဆုရှင် Jason Mraz ၏ အမေရိကန်မှ စံအိမ်အကြောင်း...
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင်ဂျင်နီယာများကို ပြည်ပသို့ ခရီးသွားလာခွင့် ပိတ်ပင်ကာ ပတ်စ်ပို့များ သိမ်းဆည်း...
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင်ဂျင်နီယာများကို ပြည်ပသို့ ခရီးသွားလာခွင့် ပိတ်ပင်ကာ ပတ်စ်ပို့များ သိမ်းဆည်း...
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်းဆက်သွယ်နိုင်သည့် တန်ခိုးရှိသည်ဟုဆို...
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်းဆက်သွယ်နိုင်သည့် တန်ခိုးရှိသည်ဟုဆို...
အမေရိကန်ပြည်၊ ချီကာဂိုတွင် စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ရေကို အစိမ်းရောင်သို့ ပြောင်းလဲပစ်ခဲ့...
အမေရိကန်ပြည်၊ ချီကာဂိုတွင် စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ရေကို အစိမ်းရောင်သို့ ပြောင်းလဲပစ်ခဲ့...
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ ၄ ဘီလီယံတန်ကြေးရှိ ဈေးဝယ်စင်တာ အဆောက်အအုံကြီးမှာ ကာလကြာရှည် ငှားရမ်း မည့်သူကင်းမဲ့နေရသည့် အကြောင်းရင်း...

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ...
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ...
Lucky Doll လား Chucky Doll လား ကောင်းကျိုးပေးမည့် ကလေးဝိဉာဉ်များခိုကပ်နေထိုင်သော ကလေးနတ်ကိုးကွယ်မှု
Lucky Doll လား Chucky Doll လား ကောင်းကျိုးပေးမည့် ကလေးဝိဉာဉ်များခိုကပ်နေထိုင်သော ကလေးနတ်ကိုးကွယ်မှု

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service