သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Feb 2025 10:19 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၏မြို့တော် ကင်ဘာရာရှိ ပန်းဥယျာဉ်တစ်ခုတွင် အသားပုပ်ကဲ့သို့ ပုပ်အဲ့အဲ့အနံ့ဆိုးများ ထုတ်လွှတ်သော ရှားပါး ပန်းပွင့်ကြီးတစ်ပွင့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပွင့်ဖူးလာရာ အများပြည်သူများအား ကြည့်ရှုခွင့်ပေးခဲ့သည်။

သိပ္ပံအမည် amorphophallus titanium ဟုခေါ်ပြီး လူသေကောင်ပန်းဟု လူသိများသော အဆိုပါပန်းသည် ကင်ဘာရာမြို့ရှိ သြစတေးလျ အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာခြင်း ဖြစ်သည်။

ပြီးခဲ့သော စနေနေ့တွင် ပန်းပွင့်ခဲ့ပြီး တနင်္လာနေ့တွင် ပြန်လည်ငုံသွားခဲ့ကြောင်း ပန်းဥယျာဉ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် ဆစ်ဒနီမြို့ရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ်တွင်လည်း ဇန်နဝါရီလကုန်ပိုင်းက လူသေကောင်ပန်းပွင့်ခဲ့ရာ လာရောက်ကြည့်ရှုသူ ၂၀,၀၀၀ ကျော် ရှိခဲ့သည်။

မဲလ်ဘုန်းမြို့ အနောက်တောင်ဘက်ရှိ Geelong ရုက္ခဗေဒဥယျာဉ်တွင်လည်း လွန်ခဲ့သော နိုဝင်ဘာလက လူသေကောင်ပန်းပွင့်ခဲ့ရာ လာရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။

 

 

(ကင်ဘာရာရှိ ရုက္ခဗေဒဥယျာဉ်တွင် အသားပုပ်နံ့ထုတ်လွှတ်သော ရှားပါး ပန်းပွင့်ကြီးပွင့်ဖူးလာရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပုံ။ ဓာတ်ပုံ-AP)

 

 

(ဆစ်ဒနီမြို့ရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ်တွင် ပွင့်ဖူးလာသော လူသေကောင်ပန်းကြီးကို ဝိုင်းအုံကြည့်ရှု နေသူများ။ ဓာတ်ပုံ-AP Photo/ Rick Rycroft)

 

 

(ဆစ်ဒနီမြို့၊ တော်ဝင်ရုက္ခဗေဒဥယျာဉ်တွင် ရှားပါး လူသေကောင်ပန်းပွင့်ကြီးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- AP Photo/ Rick Rycroft)

 

((လူသေကောင်ပန်း ဘာလဲ))

လူသေကောင်ပန်း (သို့မဟုတ်) လူသေ ပန်းပင်သည် အင်ဒိုနီးရှားမျိုးရင်းဖြစ်ပြီး အင်ဒိုနီးရှားတွင် Bunga Bangkai ဟုခေါ်ကြသည်။

အနောက်ဆူမတြားကျွန်းရှိ မိုးသစ်တောများတွင် တွေ့ရလေ့ရှိသည်။

မျိုးရင်းအဖြစ် ပေါက်ရောက်ရာဒေသများတွင် ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်လျှင် တစ်ကြိမ်သာ ပွင့်လေ့ရှိပြီး အပွင့်သက်တမ်း ရက်အနည်းငယ်သာ ရှိသည်။

ပြင်းထန်သော ပုပ်အဲ့အဲ့ အနံ့ဆိုးထုတ်လွှတ်ကာ ယင်ကောင်ကဲ့သို့ ဝတ်မှုန်ကူးအင်းဆက်များကို ဆွဲဆောင်လေ့ရှိသည်။

တောနက်များအတွင်း အဆိုပါအပင် ၃၀၀ ဝန်းကျင်သာရှိသည်ဟု ခန့်မှန်းထားပြီး လူတို့စိုက်ပျိုးထားသော အပင်များအပါအဝင် ကမ္ဘာပေါ်တွင် အပင်ရေ ၁၀၀၀ အောက်သာ ရှိသည်။

((သြစတေးလျမှာ ဘာကြောင့် ၃ နေရာပွင့်ခဲ့တာလဲ))

သြစတေးလျတွင် လူသေကောင်ပန်းများ အဘယ်ကြောင့် ဆက်တိုက်ပွင့်နေသည်ဆိုခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းသော အဖြေမရှိကြောင်း ကင်ဘာရာမှ ပျိုးခြံမန်နေဂျာ Carol Dale က ပြောသည်။

“ခန့်မှန်းချက်တစ်ခုကတော့ ဒီအပင်တွေအများစုက သက်တမ်းတူနေတာပါ။ သူတို့ရဲ့ ဥထဲမှာ ကာဘိုဟိုက်ဒရိတ် အလုံအလောက် စုပြီးတဲ့အခါ အပွင့်ကို ထုတ်လုပ်တာ ဖြစ်ပါတယ်” ဟု Dale က ရှင်းပြသည်။

((ကင်ဘာရာက ပန်းဥယျာဉ်မှာ လူသေကောင်ပန်း ပွင့်မယ်လို့ ခန့်မှန်းထားခဲ့လား))

Dale က ပြောသည်မှာ လူသေကောင်အပင်သည် ပန်းမပွင့်ဘဲ ရှိနေသည်မှာ ၁၅ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ အခါအားလျော်စွာ နှင်းများကျလေ့ရှိသော ကင်ဘာရာမှာ လူသေကောင်ပင်များ ပွင့်ဖူးရန် ရာသီဥတု အခြေအနေမျိုး မဟုတ်ဟု သုံးသပ်ခဲ့ကြောင်း ပြောသည်။

“ဒီပန်းပင် ကျွန်မတို့ဆီမှာ ရှိနေတာ အတော်ကြာခဲ့ပါပြီ။ ပုံမှန် ပွင့်လေ့ပွင့်ထရှိတဲ့ ကာလထက်ကျော်ပြီး ပန်းမပွင့်ခဲ့ပါဘူး။ ဒါကြောင့် ကင်ဘာရာဟာ ဒီအပင်တွေ ပန်းပွင့်ဖို့ သင့်တော်တဲ့ ရာသီဥတုမရှိဘူးလို့ ကျွန်မတို့ သုံးသပ်ခဲ့ပါတယ်”

သို့သော် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ပန်းပွင့်ခဲ့ပြီး ချက်ချင်းပင် အပုပ်နံ့များ ပျံ့နှံ့လာခဲ့သည်။

ပန်းပွင့်ကြီး၏ အမြင့်မှာ ၁၃၅ စင်တီမီတာ (၅၃ လက်မ) ရှိပြီး လာရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။

ပန်းပွင့်ထားရှိသည့် greenhouse မှာ နေရာမကျယ်လှသောကြောင့် လက်မှတ်အရေအတွက် ကန့်သတ်၍သာ ရောင်းချပေးခဲ့သည်။

ပန်းပွင့်၏ အနံ့မှာ တိရ စ္ဆာန်အသေကောင်၊ ကြက်ဥပုပ်၊ ရက်ရှည်ဝတ်ထားသည့် ခြေအိတ်၊ အမှိုက်ပုံး အစရှိသည်တို့၏ အနံ့မျိုးဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Australia holds its nose for its third rancid bloom of a rare corpse plant in 3 months Photo Credit- AP Photo/ Rick Rycroft, AP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service