သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂၀ ကျော်ဖြင့် အရောင်းဈေးကွက် ဝင်လာ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂၀ ကျော်ဖြင့် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 Feb 2025 1:29 pm တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး

((အော်ဒရေ ဟက်ဘန်း ဘယ်သူလဲ))

အော်ဒရေဟက်ဘန်း (မွေး ၁၉၂၉- ကွယ်လွန် ၁၉၉၃) သည် ဗြိတိန် ရုပ်ရှင်မင်းသမီးဖြစ်သည်။

အမေရိကန် ရုပ်ရှင် အင်စတီကျုက အော်ဒရေ ဟက်ဘန်းကို ဟောလိဝုဒ်ဂန္ထဝင်ရုပ်ရှင်တွင် တတိယ အကြီးမြတ်ဆုံး ရုပ်ရှင်မင်းသမီးဟု သတ်မှတ်ထားသည်။

အော်ဒရေဟက်ဘန်းသည် ရုပ်ရှင်ဇာတ်ကားအများအပြား ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၁၉၅၃ ခုနှစ်က ရုံတင်ခဲ့သော အချစ်ဟာသဇာတ်မြူး Roman Holiday တွင် ဂရီဂိုရီပက်ခ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။

 

ဘဝနှောင်းပိုင်းကာလများတွင် အော်ဒရေဟက်ဘန်းသည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အတွက် သူ၏အချိန်များ ပေးအပ်မြှုပ်နှံထားခဲ့သည်။

၁၉၈၈ မှ ၁၉၉၂ ခုနှစ်အကြား အာဖရိက၊ တောင်အမေရိကနှင့် အာရှတို့ရှိ အဆင်းရဲဆုံးဒေသများသို့ သွားရောက် အကူအညီပေးမှုများ လုပ်ဆောင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် အမေရိကန်သမ္မတက အော်ဒရေ ဟက်ဘန်းကို Medal of Freedom ဆုချီးမြှင့်ခဲ့သည်။

အဆိုပါဆု ရရှိအပြီး တစ်လအကြာတွင် ဆွစ်ဇာလန်ရှိ စံအိမ်တွင် အူမကြီးကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

((အော်ဒရေဟက်ဘန်း နောက်ဆုံးနေထိုင်ဖြတ်သန်းသွားသည့် စံအိမ်))

ဟောလိဝုဒ်ဂန္ထဝင်ခေတ် မင်းသမီးကြီး အော်ဒရေဟက်ဘန်း ဘဝနောက်ဆုံးကာလ ဆယ်စုနှစ် ၃ ခု နေထိုင်ဖြတ်သန်းခဲ့သော ဆွစ်ဇာလန်ရှိ အေးချမ်းဆိတ်ငြိမ်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၀ ဒသမ ၈ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာသည်။

ဂျီနီဗာမြို့အနီးတွင်တည်ရှိပြီး ပြင်သစ်နယ်စပ်နှင့် နီးကပ်သည့် Tolochenaz အမည်ရှိ ကျေးရွာလေးတွင် တည်ရှိသည်။

စံအိမ်၏ အမည်မှာ La Paisible ဟု အမည်ရပြီး ငြိမ်းချမ်းသောနေရာဟု အဓိပ္ပာယ်ရသည်။

အော်ဒရေဟက်ဘန်းသည် ငြိမ်းချမ်းသောနေရာတွင် ၁၉၆၃ မှ ကွယ်လွန်ချိန် ၁၉၉၃ အထိ နှစ်ပေါင်း ၃၀ နေထိုင်သွားခဲ့သည်။

နှစ်လိုဖွယ်ကောင်းကာ လှပသည့်ရုပ်ရည်ဖြင့် ကမ္ဘာ့ရုပ်ရှင်ပရိသတ်တို့ကို ဖမ်းစားခဲ့သူ အော်ဒရေဟက်ဘန်းကို ယခုစံအိမ်မှ မိနစ်ပိုင်းခရီးသာဝေးကွာသော သင်္ချိုင်းတွင်မြှုပ်နှံခဲ့သည်။

အော်ဒရေဟက်ဘန်းကွယ်လွန်ပြီးနောက် သားဖြစ်သူတို့က မိခင်ကြီးနောက်ဆုံးနေထိုင်သွားသော ၁၈ ရာစု ယာတောစံအိမ်ကြီးကို Katharina နှင့် Jean-Marc Beaujolin တို့ထံ ၂၀၀၁ ခုနှစ်တွင် ရောင်းချခဲ့သည်။

(စံအိမ်ကြီး၏ ပုံပြင်ဆန်ဆန်သွင်ပြင်။ ဓာတ်ပုံ-Knight Frank)

ဆယ်စုနှစ် ၂ ခုကျော် ပိုင်ဆိုင်ခဲ့ပြီးနောက် Katharina တို့က ပိုင်ရှင်သစ်ထံ လွှဲပြောင်းရန် စီစဉ်နေသည်။

“ကျွန်မတို့ downsize လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်တည်းနဲ့ ဒီအိမ်ကြီးက ကြီးလွန်းနေပါတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်ဖို့ အချိန်ကျပြီလို့ ခံစားရပါတယ်” ဟု Katharina က Bloomberg သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

စံအိမ်ကြီးတွင် အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

စံအိမ်အကျယ် ၁၀၈၀၀ စတုရန်းပေရှိပြီး ခြံအကျယ်မှာ ဧက ၄၀ ကျယ်ဝန်းသည်။

(အော်ဒရေဟက်ဘန်း၏ သားများက ၂၀၀၁ ခုနှစ်တွင် Katharina တို့စုံတွဲထံ ရောင်းချခဲ့သည်။ Katharina တို့စုံတွဲက သားသမီး ၆ ဦးကို ဤစံအိမ်ကြီးတွင် ပြုစုပျိုးထောင်ခဲ့သည်။ ဓာတ်ပုံ-Knight Frank)

(စံအိမ်အကျယ် ၁၀၈၀၀ စတုရန်းပေရှိပြီး ခြံအကျယ်မှာ ဧက ၄၀ ကျယ်ဝန်းသည်။ ဓာတ်ပုံ-Knight Frank)

(အပူပေးစနစ်ပါ ရေကူးကန်၊ ပန်းဥယျာဉ်များနှင့် နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများ ပါဝင်သည်။ ဓာတ်ပုံ-Knight Frank)

(Katharina တို့စုံတွဲက အော်ဒရေဟက်ဘန်းလက်ထက်က ရှိခဲ့သည့်အချို့အရာများဖြစ်သော နှင်းဆီဥယျာဉ်ကဲ့သို့အရာအချို့ကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန်နေရာများကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Knight Frank)

 

(အော်ဒရေဟက်ဘန်းကို ဆွစ်ဇာလန်ရှိ Hammetschwand စားသောက်ဆိုင်တွင် ၁၉၅၅ ခုနှစ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ-Getty Images)

 

(ဆွစ်ဇာလန်နိုင်ငံ၊ Tolochenaz သင်္ချိုင်းတွင်ရှိသော အော်ဒရေဟက်ဘန်း၏ အုတ်ဂူကို တွေ့ရပုံ။ ဓာတ်ပုံ-Picture alliance via Getty Images)

(ဆက်စပ်သတင်း))

ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသမီး ၊ ဟောင်ကောင်၏ အော်ဒရေ ဟက်ဘန်းဟု တင်စားခံရသည်အထိ အောင်မြင်ခဲ့သူ Anita Yuen အိမ်မဝယ်ဘဲ ဘာကြောင့် အိမ်ငှားနေသလဲ

https://www.imyanmarhouse.com/news/read/1067068

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Swiss retreat where Audrey Hepburn spent the final 30 years of her life asks $20.8M for sale Photo Credit- Knight Frank, Picture alliance via Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service