ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ

ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ - Property News in Myanmar from iMyanmarHouse.com
13 Nov 2024 11:05 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံပေါင်း ၅၄၃ ခုရှိနေသည့် တိုင်းပြည်တစ်ခု၏ မြို့တော်ကို ကမ္ဘာ့စံချိန်တစ်ခုအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

ထိုအဆောက်အအုံများ၏ ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၄ ဒသမ ၅ သန်းရှိသည်ဟု ဆိုသည်။

ဆန်းကြယ်မှုများပြည့်နှက်နေပြီး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှုနည်းပါးသော နိုင်ငံအကြောင်း ပြောမည်ဆိုလျှင် လူအများ၏ စိတ်အာရုံတွင် မြောက်ကိုရီးယားကို သတိရလာသည်။

သို့သော် စင်စစ်ကား မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်နေသော ကမ္ဘာလှည့်ခရီးသည် များစွာရှိနေသည်။

ယခုနိုင်ငံမှာမူ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မရှိသလောက်နီးပါး ဖြစ်၏။

ထိုသို့ဖြစ်ခြင်းမှာ တိုင်းပြည်အစိုးရက ပိတ်ပင်ထားသောကြောင့်မဟုတ်။

အထီးကျန်ဆန်ကာ၊ ဝေးလံခေါင်သီပြီး မရေရာသည့် အခြေအနေများကြောင့် ဖြစ်သည်။

ထိုနိုင်ငံကား…..တာ့ခ်မန်နစ္စတန် နိုင်ငံဖြစ်သည်။

ဗဟိုအာရှနိုင်ငံဖြစ်သော တာ့ခ်မန်နစ္စတန်သည် အံ့ဖွယ်ကောင်းအောင် လှပလွန်းသော နိုင်ငံဖြစ်သည်။

တာ့ခ်မန်နစ္စတန်ရှိ ခမ်းနားထည်ဝါလှသော အဆောက်အအုံတို့က မြင်တွေ့ခွင့်ရသူတိုင်း၏ စက္ခုပသာဒကို ဖမ်းစားနိုင်သော အလှရှိသည်။

သို့သော် တာ့ခ်မန်နစ္စတန်သည် ကမ္ဘာနှင့် အဆက်ပြတ်အထီးကျန်လျက်ရှိ၏။

ထိုနိုင်ငံ၏ အလှတရားများကို သိရှိသူနည်းပါးပြီး နိုင်ငံပြည်သူများမှာလည်း ကမ္ဘာ့အသိုက်အဝန်းနှင့် အဆက်အသွယ်မရှိချေ။

ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် နေရာကောင်းတစ်ခုဖြစ်လာနိုင်သော်လည်း ခရီးသွားအများစု၏ ခရီးစဉ်တွင် တာ့ခ်မန်နစ္စတန် ပါဝင်လေ့မရှိချေ။

((တိုင်းပြည်ထူထောင်မှု))

တာ့ခ်မန်နစ္စတန်သည် ၁၉၂၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန် ၁၉၉၁ ခုနှစ်တွင် တာ့ခ်မန်နစ္စတန်နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်။

လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ တူရကီလူမျိုးများဖြစ်သည်။

မြို့တော်မှာ အက်ရှ်ဂါဘက်ဖြစ်ပြီး ချစ်ခြင်းတရား၏မြို့တော်ဟု အဓိပ္ပာယ်ရသည်။

တာ့ခ်မန်နစ္စတန်သည် အလည်အပတ်လာမည့်သူများကို ပိတ်ပင်ထားခြင်းမရှိသော်လည်း ရှုပ်ထွေးသည့် ဗီဇာလုပ်ငန်းစဉ်များကြောင့် ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်နိုင်ရန် စိန်ခေါ်မှုများ ရှိသည်။

ကမ္ဘာကြီးနှင့် ကာလကြာရှည်အဆက်ပြတ် အထီးကျန်နေသော တာ့ခ်မန်နစ္စတန်သည် ဆန်းကြယ်ကာ သိနားလည်ရခက်သောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး လည်ပတ်သူ အလွန်တရာ နည်းပါးလှသည်။

တာ့ခ်မန်နစ္စတန်သို့ အလည်အပတ်ရောက်ခဲ့သူ ကမ္ဘာလှည့်ခရီးသည်တစ်ဦးက Counting countries အမည်ဖြင့် အင်စတာဂရမ်လူမှုကွန်ရက်အကောင့်တွင် ဗွီဒီယိုဖိုင်တစ်ခု မကြာသေးမီက တင်ခဲ့ရာ အဆိုပါတိုင်းပြည်၏ တမူထူးသော ယဉ်ကျေးမှုတို့ကို တွေ့မြင်ခွင့်ရခဲ့ကြသည်။

((တာ့ခ်မန်နစ္စတန်၏ ထူးဆန်းသော စည်းမျဉ်းဥပဒေများ))

ကမ္ဘာပေါ်တွင် လည်ပတ်သူအနည်းဆုံးနိုင်ငံဖြစ်သော တာ့ခ်မန်နစ္စတန်သို့ အလည်အပတ်ရောက်သွားသူတိုင်း ထိုနိုင်ငံ၏ အံ့ဖွယ်စည်းမျဉ်းများအပေါ် မျက်လုံးပြူးကြရသည်။

တာ့ခ်မန်နစ္စတန်သို့ အလည်အပတ်ရောက်လာသူတိုင်းကို ယနေ့တိုင် COVID-19 စစ်ဆေးနေဆဲ ဖြစ်သည်။

ဟိုတယ်များမှာမူ ဈေးသက်သာသည်။ နန်းတော်တမျှ ခမ်းနားလှသော ဟိုတယ်ကြီးများတွင် တစ်ညတာ တည်းခိုခ ၅၉ ဒေါ်လာမှ ၇၁ ဒေါ်လာကြားသာ ပေးရသည်။

တာ့ခ်မန်နစ္စတန်တွင် ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားခြင်းကဲ့သို့ ထူးဆန်းသည့် ဥပဒေများရှိသည်။

သို့သော် အလွန်ကောင်းသည့်အချက်တစ်ခုမှာ ပြည်သူများကို ရေ၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့ အခမဲ့ဖြန့်ဖြူး ပေးထားခြင်း ဖြစ်သည်။

မကြာသေးမီကလည်း စည်းမျဉ်းတစ်ခု ချမှတ်ထားမှုရှိသည်။ နိုင်ငံအတွင်းရှိ အဖြူရောင် အဆောက်အအုံများနှင့် လိုက်ဖက်ညီစေရန်ဟုဆိုကာ မော်တော်ကားများအားလုံး အဖြူရောင်သာဖြစ်ရမည်ဟု သတ်မှတ်လာခြင်း ဖြစ်သည်။ ညစ်ပတ်ပေကျံနေသော ကားများကို မောင်းနှင်ခွင့်မပြုသည့် စည်းမျဉ်းချမှတ်ထားမှုလည်း ရှိသည်။

ထို့အပြင် အသက် ၄၀ အောက် အမျိုးသားများကို မုတ်ဆိတ်မွှေး ထားခြင်းလည်း ခွင့်မပြုချေ။

((ဂင်းနက်စ် ကမ္ဘာ့စံချိန်များ))

တာ့ခ်မန်နစ္စတန်တွင် စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံပေါင်း ၅၄၃ လုံးရှိမှုဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ၂၀၁၃ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည်။

တာ့ခ်မန်နစ္စတန်၏မြို့တော် အက်ရှ်ဂါဘက်တွင်ရှိသော ကမ္ဘာ့အမြင့်မားဆုံးအလံတိုင်၊ ကမ္ဘာ့အကြီးမားဆုံး ရေတံခွန် complex တို့မှာလည်း ဂင်းနက်စ်စံချိန်တင်ထားသည်။

((တာ့ခ်မန်နစ္စတန်၏ ဗီဇာစည်းမျဉ်း))

တာ့ခ်မန်နစ္စတန်သည် ဗီဇာစည်းမျဉ်း တင်းကြပ်မှုကြောင့် ကမ္ဘာပေါ်တွင် လည်ပတ်သူအနည်းဆုံးနိုင်ငံများ၌ ပါဝင်နေခြင်း ဖြစ်သည်။

အိမ်နီးချင်း ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့် သံတမန် ပတ်စ်ပို့ကိုင်ထားသူများမှလွဲပြီး လာရောက်လည်ပတ်သူအားလုံးနီးပါး ဗီဇာလိုအပ်သည်။

ဗီဇာလျှောက်သည့် လုပ်ငန်းစဉ်မှာ အလွန်တင်းကြပ်သည်။

လျှောက်ထားလိုသူတို့အနေဖြင့် ဖိတ်ကြားစာ (Letter of Invitation-LOI) နှင့်အတူ လျှောက်လွှာ ၃ စုံတင်သွင်းရမည် ဖြစ်သည်။

LOI မှာ တာ့ခ်မန်အစိုးရ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာဝန်ဆောင်မှုဌာနက ထုတ်ပေးသည်။

LOI ရရှိရန်အတွက် တာ့ခ်မန်နစ္စတန်နိုင်ငံအတွင်းနေထိုင်သူတစ်ဦးက အာမခံ ထောက်ခံပေးမှု လိုအပ်သည်။

ထိုလုပ်ငန်းစဉ်အတွက် ရက် ၂၀ ခန့် ကြာမြင့်နိုင်သည်။ ထိုအချက်မှာ ကမ္ဘာလှည့်ခရီးသည်တို့အတွက် ပိုမိုခက်ခဲစေသည့် အချက်တစ်ခု ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s most mysterious country, very beautiful but get no tourists, many places and buildings are… (india)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service