သန်လျင်တံတား အမှတ် (၃) စီမံကိန်း မေလတွင်ပြီးစီးရန်လျာထား
သန်လျင်တံတား အမှတ် (၃) စီမံကိန်း မေလတွင်ပြီးစီးရန်လျာထား - Property News in Myanmar from iMyanmarHouse.com
19 Feb 2024 2:47 pm တွင် တင်ခဲ့သည်
591 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းကို မေလတွင် ပြီးစီးရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့ (၃) မှ သိရသည်။
လက်ရှိတွင် တံတားတစ်ခုလုံး၏ ပြီးစီးမှုသည် (၉၇) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဂျပန်နိုင်ငံအကူအညီဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား၏အရှည်မှာ မြစ်ကူးတံတားအပိုင်း (၆၆၆၃) ပေ၊ ကုန်းကျော်တံတားအပိုင်း (၁၉၇၅) ပေ၊ စုစုပေါင်း (၈၆၃၈) ပေရှိပြီး တံတားအကျယ် (၇၅) ပေဖြစ်ကြောင်း၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း (၅) ပေစီ ပါရှိကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း (၇၅) တန်ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ရေးစီမံကိန်းအတွက် JICA က သက်သာသော အတိုးနှုန်း ODA ချေးငွေ ဂျပန်ယန်း (၃၁) ဘီလီယံဖြင့် တည်ဆောက်နေပြီး ပြန်ဆပ်ရမည့် ကာလကို နှစ် (၄ဝ) သတ်မှတ်ထားကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို...
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ အိမ်ရှင်မှာ ဝင်ကြေးကောက်ခံကာ စီးပွားဖြစ်နေ...
ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး...
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သေးထွက်ကျခဲ့ရသူ အော်စကာဆုရှင်မင်းသမီး ဂျနီဖာ လောရင့်စ်က နယူးယောက်တွင် ဒေါ်လာ ၂၁ ဒသမ ၉ သန်း...
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား...
ရုပ်ရှင်ရိုက်နေစဉ် တွဲဖက်သရုပ်ဆောင် မင်းသမီးကြီး၏ မျက်နှာကိုတည်ကာ တမင်သက်သက် အီးပေါက်ခဲ့သူ မင်းသားကြီးအာနိုး လက်ရှိအားဖြင့် မြည်းလေးတစ်ကောင်နှင့်အတူ အထီးကျန်စွာ နေထိုင်လျက်ရှိသော လော့စ်အိန်ဂျလိစံအိမ်...
ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ...
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို...
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင်
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ဝိုင်စက်ရုံပိုင်ရှင်က ၎င်း၏ဝန်ထမ်းကို စက်ရုံဝန်းအတွင်း နေထိုင် ခွင့်ပြုထားခြင်းအပေါ် ခ
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင်
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်
ရင်ကွဲနာကျရတော့မည့် ဘရူနိုလေး (သို့မဟုတ်) အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ခွေးလေးနှင့်အတူ အိမ်ငှားရန် နေအိမ်ပေါင်း ၆၀ ကျော်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service