အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်တွင် အမျိုးသားတစ်ဦးက လေကို အဓိက အသုံးပြုကာ ထူးဆန်းသော နေအိမ်တစ်လုံး ဆောက်လုပ်

အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်တွင် အမျိုးသားတစ်ဦးက လေကို အဓိက အသုံးပြုကာ ထူးဆန်းသော နေအိမ်တစ်လုံး ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
16 Feb 2024 1:46 pm တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်တွင် အိမ်ပိုင်ရှင်တစ်ဦးသည် သူ၏အိမ်သစ်ကို လေဖြင့် အဓိက အသုံးပြု ဆောက်လုပ်လျက်ရှိရာ အိမ်နီးချင်းများက ၎င်းအား ရူးသွပ်နေပြီဟု တွေးနေဖွယ်ရှိသည်။

(တက္ကဆပ်ပြည်မှ အိမ်ပိုင်ရှင်က ၃ ထပ်အိမ်တစ်လုံးကို ၉၈ ရာခိုင်နှုန်း လေဖြင့် ဖွဲ့စည်းထားသော ရေမြှုပ်တုံးများဖြင့် ဆောက်လုပ်လျက် ရှိသည်။ ဓာတ်ပုံ-KXAN)

(ဆောက်လုပ်သည့် နည်းပညာကို အရီဇိုးနားပြည်နယ် အခြေစိုက်ကုမ္ပဏီဖြစ်သော Strata International Group Inc. က ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Strata International Group)

(ရေမြှုပ်တုံးများကို အရည်ရေမြှုပ်ဖြင့် စွဲကပ်ထားသည်။ ဓာတ်ပုံ-KXAN)

(ကုမ္ပဏီက ပြောသည်မှာ ဤနည်းပညာသည် ကုန်ကျစရိတ်သက်သာပြီး ဘေးကင်းလုံခြုံမှု အကျိုးကျေးဇူးများ ရှိကြောင်း ပြောသည်။ ဓာတ်ပုံ-KXAN)

အိမ်ရှင်၏ အမည်မှာ Aaron Rowsell ဖြစ်ပြီး နေအိမ်တည်နေရာမှာ တက္ကဆပ်ပြည်နယ် ၊ Jonestown မြို့တွင် ဖြစ်ပြီး အော်စတင်မြို့မှ မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။

Rowsell ဆောက်လုပ်နေသော ၃ ထပ်အိမ်သည် Lake Travis ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည့် နေရာတွင် ရှိသည်။

သူ၏အိမ်မှာ ထိုဒေသရှိ အခြားအိမ်များနှင့် မတူဘဲ တမူထူးခြားနေသည်။

Rowsell က Fox သတင်းဌာန၏ လက်အောက်ခံ KXAN သတင်းဌာနသို့ ပြောသည်မှာ နေအိမ်များကို ရေမြှုပ်ဖြင့် ဆောက်လုပ်သည့် သတင်းများအား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က စတင်ကြားသိခဲ့ကြောင်း ပြောသည်။

၎င်းအနေဖြင့်လည်း ထိုနည်းလမ်းဖြင့် နေအိမ်တစ်လုံး ဆောက်လုပ်လိုခဲ့ကြောင်း ပြောသည်။

“ရေမြှုပ်တုံးတွေကို ကားကြီးတွေအပြည့်တင်လာတာ တွေ့တဲ့အချိန်မှာ အိမ်နီးချင်းတွေက ကျွန်တော်တော့ ရူးနေပြီလို့ တွေးနေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

Rowsell က ထိုအိမ်ကို Phoenix မြို့အခြေစိုက် Strata International Group ကုမ္ပဏီ၏ အကူအညီဖြင့် ဆောက်လုပ်နေခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီက နေအိမ်ဆောက်လုပ်မှု အံ့ဖွယ်နည်းပညာကို ဖော်ထုတ်ခဲ့ပြီး ထိုနည်းပညာသည် လူအများ ယူဆကြသည်ထက် ပိုမိုများပြားသော အကျိုးကျေးဇူးများ ရှိသည်ဟု ဆိုသည်။

ထိုဆောက်လုပ်ရေး နည်းပညာကို Saebi Alternative Building System ဟု ခေါ်သည်။

ကြီးမားသော ရေမြှုပ်တုံးကြီးများ ထုတ်လုပ်ပြီး ထိုရေမြှုပ်တုံးများတွင် လေကို ၉၈ ရာခိုင်နှုန်း အသုံးပြုထားသည်။

ထိုရေမြှုပ်တုံးများသည် ၁၀၀ ရာခိုင်နှုန်း Recycle ပြုလုပ်နိုင်သည်ဟု ဆိုသည်။

ရေမြှုပ်တုံးများကို ကော်ဖြင့် နှစ်သက်ရာ ပုံဖော်နိုင်သည်ဟု ဆိုသည်။ နေအိမ်၏ နံရံများကိုသာမက လှေကားများနှင့် ကြမ်းပြင်များကိုလည်း ရေမြှုပ်တုံးဖြင့် ဆောက်လုပ်သည်။

ရေမြှုပ်တုံးများဖြင့် အိမ်ပုံကြမ်း ဖော်ဆောင်ပြီးပါက ထိုကုမ္ပဏီက မူပိုင်ခွင့်တင်ထားသော Sabscrete ဟု ခေါ်သည့် ကွန်ကရစ်တစ်မျိုးဖြင့် အပေါ်မှ အုပ်လိုက်သည်။

ထိုကုမ္ပဏီသည် ယခုနည်းပညာကို အသုံးပြုနေသည်မှာ ဆယ်စုနှစ် ၂ ခုခန့် ရှိပြီဖြစ်ပြီး ပထမဆုံးအိမ်ကို ၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

ယခုနည်းပညာဖြင့် အိမ်ဆောက်ရာတွင် လူအင်အား အနည်းငယ်သာလိုအပ်ကြောင်း ထိုကုမ္ပဏီ၏ ဒုတိယ ဥက္ကဌ Amir Saebi က KXAN သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I’m building a unique house made of ‘98% air’ – my neighbors think I’m ‘crazy’ but I’ll never needed to insulate it (The-sun)

Photo Credit: KXAN

[Zawgyi] အေမရိကန္ျပည္ တကၠဆပ္ျပည္နယ္တြင္ အမ်ဳိးသားတစ္ဦးက ေလကို အဓိက အသံုးျပဳကာ ထူးဆန္းေသာ ေနအိမ္တစ္လံုး ေဆာက္လုပ္

အေမရိကန္ျပည္တြင္ အိမ္ပိုင္ရွင္တစ္ဦးသည္ သူ၏အိမ္သစ္ကို ေလျဖင့္ အဓိက အသံုးျပဳ ေဆာက္လုပ္လ်က္ရွိရာ အိမ္နီးခ်င္းမ်ားက ၎အား ရူးသြပ္ေနျပီဟု ေတြးေနဖြယ္ ရွိသည္။

(တကၠဆပ္ျပည္မွ အိမ္ပိုင္ရွင္က ၃ ထပ္အိမ္တစ္လံုးကို ၉၈ ရာခိုင္ႏႈန္း ေလျဖင့္ ဖြဲ႔စည္းထားေသာ ေရျမွဳပ္တံုးမ်ားျဖင့္ ေဆာက္လုပ္လ်က္ ရွိသည္။ ဓာတ္ပံု-KXAN)

(ေဆာက္လုပ္သည့္ နည္းပညာကို အရီဇိုးနားျပည္နယ္ အေျခစိုက္ကုမၸဏီျဖစ္ေသာ Strata International Group Inc. က ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Strata International Group)

(ေရျမွဳပ္တံုးမ်ားကို အရည္ေရျမွဳပ္ျဖင့္ စြဲကပ္ထားသည္။ ဓာတ္ပံု-KXAN)

(ကုမၸဏီက ေျပာသည္မွာ ဤနည္းပညာသည္ ကုန္က်စရိတ္သက္သာျပီး ေဘးကင္းလံုျခံဳမႈ အက်ဳိးေက်းဇူးမ်ား ရွိေၾကာင္း ေျပာသည္။ ဓာတ္ပံု-KXAN)

အိမ္ရွင္၏ အမည္မွာ Aaron Rowsell ျဖစ္ျပီး ေနအိမ္တည္ေနရာမွာ တကၠဆပ္ျပည္နယ္ ၊ Jonestown ျမဳိ႕တြင္ ျဖစ္ျပီး ေအာ္စတင္ျမဳိ႕မွ မိုင္ ၃၀ ခန္႔အကြာတြင္ တည္ရွိသည္။

Rowsell ေဆာက္လုပ္ေနေသာ ၃ ထပ္အိမ္သည္ Lake Travis ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရသည့္ ေနရာတြင္ ရွိသည္။

သူ၏အိမ္မွာ ထိုေဒသရွိ အျခားအိမ္မ်ားႏွင့္ မတူဘဲ တမူထူးျခားေနသည္။

Rowsell က Fox သတင္းဌာန၏ လက္ေအာက္ခံ KXAN သတင္းဌာနသို႔ ေျပာသည္မွာ ေနအိမ္မ်ားကို ေရျမွဳပ္ျဖင့္ ေဆာက္လုပ္သည့္ သတင္းမ်ားအား လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၀ ခန္႔က စတင္ၾကားသိခဲ့ေၾကာင္း ေျပာသည္။

၎အေနျဖင့္လည္း ထုိနည္းလမ္းျဖင့္ ေနအိမ္တစ္လံုး ေဆာက္လုပ္လိုခဲ့ေၾကာင္း ေျပာသည္။

“ေရျမွဳပ္တံုးေတြကို ကားၾကီးေတြအျပည့္တင္လာတာ ေတြ႔တဲ့အခ်ိန္မွာ အိမ္နီးခ်င္းေတြက ကၽြန္ေတာ္ေတာ့ ရူးေနျပီလို႔ ေတြးေနႏိုင္ပါတယ္”ဟု ၎က ေျပာသည္။

Rowsell က ထိုအိမ္ကို Phoenix ျမိဳ႕အေျခစိုက္ Strata International Group ကုမၸဏီ၏ အကူအညီျဖင့္ ေဆာက္လုပ္ေနျခင္း ျဖစ္သည္။

အဆိုပါ ကုမၸဏီက ေနအိမ္ေဆာက္လုပ္မႈ အ့ံဖြယ္နည္းပညာကို ေဖာ္ထုတ္ခဲ့ျပီး ထုိနည္းပညာသည္ လူအမ်ား ယူဆၾကသည္ထက္ ပိုမိုမ်ားျပားေသာ အက်ဳိးေက်းဇူးမ်ား ရွိသည္ဟု ဆိုသည္။

ထိုေဆာက္လုပ္ေရး နည္းပညာကို Saebi Alternative Building System ဟု ေခၚသည္။

ၾကီးမားေသာ ေရျမွဳပ္တံုးၾကီးမ်ား ထုတ္လုပ္ျပီး ထိုေရျမွဳပ္တံုးမ်ားတြင္ ေလကို ၉၈ ရာခုိင္ႏႈန္း အသံုးျပဳထားသည္။

ထိုေရျမွဳပ္တံုးမ်ားသည္ ၁၀၀ ရာခိုင္ႏႈန္း Recycle ျပဳလုပ္ႏိုင္သည္ဟု ဆိုသည္။

ေရျမွဳပ္တံုးမ်ားကို ေကာ္ျဖင့္ ႏွစ္သက္ရာ ပံုေဖာ္ႏိုင္သည္ဟု ဆိုသည္။ ေနအိမ္၏ နံရံမ်ားကိုသာမက ေလွကားမ်ားႏွင့္ ၾကမ္းျပင္မ်ားကိုလည္း ေရျမွဳပ္တံုးျဖင့္ ေဆာက္လုပ္သည္။

ေရျမွဳပ္တံုးမ်ားျဖင့္ အိမ္ပံုၾကမ္း ေဖာ္ေဆာင္ျပီးပါက ထုိကုမၸဏီက မူပိုင္ခြင့္တင္ထားေသာ Sabscrete ဟု ေခၚသည့္ ကြန္ကရစ္တစ္မ်ဳိးျဖင့္ အေပၚမွ အုပ္လိုက္သည္။

ထိုကုမၸဏီသည္ ယခုနည္းပညာကို အသံုးျပဳေနသည္မွာ ဆယ္စုႏွစ္ ၂ ခုခန္႔ ရွိျပီျဖစ္ျပီး ပထမဆံုးအိမ္ကို ၂၀၀၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။

ယခုနည္းပညာျဖင့္ အိမ္ေဆာက္ရာတြင္ လူအင္အား အနည္းငယ္သာလိုအပ္ေၾကာင္း ထုိကုမၸဏီ၏ ဒုတိယ ဥကၠဌ Amir Saebi က KXAN သတင္းဌာနသုိ႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I’m building a unique house made of ‘98% air’ – my neighbors think I’m ‘crazy’ but I’ll never needed to insulate it (The-sun)

Photo Credit: KXAN

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းဆိုခြင်းခံခဲ့ရသူ ဘရွတ်ခ်ရှီး၏ နယူးယောက် စံအိမ် အကြောင်း...

အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားရှိ သက်ကြီးရွယ်အို အိမ်ရာတွင် အသက် ၉၆ နှစ်အရွယ် အဘွားအိုက သူမ၏ အခန်းကို လက်ငင်းပေးချေငွေ ဒေ
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီ
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
ဘီလ်ဂိတ်အား မည်သူမည်ဝါမှန်းမသိဘဲ လဘက်ရည် ရောင်းခဲ့ပြီးနောက် နေ့ချင်းညချင်း လျှမ်းလျှမ်းတောက် ကျော်ကြားသွားခဲ့ပြီး ပွဲလမ်
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service