ရန်ကုန်မြို့နယ်ကတိုက်ခန်းအရောင်းအဝယ် မြေရှင်လက်မှတ်ထိုးခ၊ တောင်းတာများလွန်းတယ်

ရန်ကုန်မြို့နယ်ကတိုက်ခန်းအရောင်းအဝယ် မြေရှင်လက်မှတ်ထိုးခ၊ တောင်းတာများလွန်းတယ် - Property Knowledge in Myanmar from iMyanmarHouse.com
10 Oct 2023 3:35 pm တွင် တင်ခဲ့သည်
885 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မကြာမီအချိန်ပိုင်းအတွင်းက မနက် ၉ နာရီ အချိန်တွင် မောင်ကောင်းဖေ၏ ညီဝမ်းကွဲတော်သူ ညီညီတစ်ယောက် အရေးတကြီးဖုန်းဆက်လာသည်။

“အကိုကြီးရေး…. ကျွန်တော့်အတွက် တိုက်ခန်းတစ်ခန်းဝယ်ဖို့ စရန်ပေးထားပြီးပြီ။ ဒီနေ့အပြီး ငွေချေမှာဖြစ်လို့ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ် ချုပ်ဖို့ အစ်ကိုကြီးလိုက်ခဲ့ပါဦး။ နေ့လယ် ၂ နာရီလောက်မှာ ရောင်းသူရော ၊ ဝယ်သူပါ အိမ်ရှင်ရဲ့ရှေ့မှာ စာချုပ်ချူပ်ပြီး ၃ ဦးစလုံး သဘောတူလက်မှတ်ရေထိုးကြမယ်လေ။စာချုပ်လည်း အဆင်သင့်လုပ်ပေးထားပါဦး။ ကျွန်တော် ကားနဲ့လာခေါ်မယ်”

“ညီညီရာ …. မင်းကိစ္စကလည်း အလောတကြီးပါလာကွာ”

“ မလောလို့မရဘူး … အစ်ကိုကြီးရေ၊ ဒီတစ်ရက်နှစ်ရက်အတွင်း ကျွန်တော်က ကုမ္မဏီတာဝန်နဲ့နယ်ကိုသွားရမှာ ။ နယ်မြို့တွေမှာနေရမှာ ကြာမယ်ဆိုတော့ မိသာစုနေဖို့အတွက် ခုလိုစီစဉ်လိုက်ရတာ”

“ကောင်းပြီလေ….. ဒါဆိုရင်လည်း ၂ နာရီထိုးခါနီးမှာ အစ်ကိုကြီးကိုလာခေါ်လိုက်လေ”

ဟု ပြောပြီးဖုန်းချလိုက်သည်။ ကျွန်တော်လည်းလာခေါ်လှည့်သာပြောလိုက်ရသည်။ ဝယ်မည်တိုက်ခန်းက ဘယ်မြို့နယ်ဘယ်ရပ်ကွက် ဘယ်လမ်းဟု မမေးလိုက်ရ။ ရောင်းမည်သူကိုတောင်မသိလိုက်ရသဖြင့် ဘယ်လိုစီစဉ်ရမည်ဟု စဉ်းစားနေမိသည်။

မောင်ကောင်ဖေ၏အတွေ့အကြုံအရအိမ်မြေဝယ်ယူသူများနှင့် တိုက်ခန်း ဝယ်ယူသူ တော်တော်များများသည် မိမိဝယ်ယူမည့်အိမ်မြေတိုက်ခန်းတို့နှင့်ပတ်သတ်၍ အရှုပ်အရှင်းကင်းမကင်းနှင့် ရောင်းမည့်သူ တာဝန်ယူမှုတို့နှင့်ပတ်သတ်၍ အကြိမ်ကြိမ်ပြောဆို ညှိနှိုင်းပြီးမှ စရန်ပေးစာချုပ်ရာတွင် ပွဲစားများကိုသက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းကြသည်။ ငွေအပြေအကျေ ပေးချေမည့်ရက်နီးမှ ရှေ့နေကိုသတိရကြသည်။စာချုပ်အဆင်သင့်ပြုလုပ်ထားပေးရန် ပြောဆိုလေ့ရှိကြသည်။ ယခုလည်း ကျွန်ုပ်၏ညီပြောဆိုပုံက ယခင်တွေ့ကြုံဖူးသည့်ဝယ်သူများထက်ပို၍ပင်အလောတကြီး နိုင်လှသည်။

ယင်းသို့ ဝယ်ယူများအရေးတကြီး လုပ်ဆောင်လေ့ရှိသည့် အလေ့အထကိုသိထားသဖြင့် မောင်ကောင်းဖေလည်း အဆင်သင့်ပြုလုပ်ထားသော တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်တွင် ရောင်းသူဝယ်သူသက်သေနှင့် မြေရှင်အပါအဝင် အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းစာရင်းတည်ရှိရာလိပ်စာ၊ တိုက်ခန်းတန်ဖိုးနှင့် မြေရှင်အသိအမှတ်ပြုခပေးဆောင်ရသည့် ငွေရာခိုင်နှုန်းတို့ကို စာချုပ်ပေါ်တွင် ကွက်လပ်ထားပြီး ယခု(၃၀၀)ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ထုတ်ယူပြီး ညီညီဖုန်းဆက်မည့်အချိန်ကိုစောင့်နေလိုက်သည်။

မကြာမီ ညီညီရောက်လာပြီး…….

“ အစ်ကိုကြီး….. သွားမယ် ”

ဟုဆိုသဖြင့် ၎င်းနှင့်အတူ ကားဖြင့်အရောင်းအဝယ်ပြုလုပ်မည့် တိုက်ခန်းသို့ လိုက်သွားသည်။ တိုက်ခန်းတည်ရှိရာနေရာ ၂၉ လမ်း (၃) လွှာတိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရန်ဖြစ်သည်။ တိုက်ခန်းရောက်သည့်အခါ တိုက်ခန်းရောင်းမည့်သူက အဆင်သင့်စောင့်နေသည်။

ပစ္စည်းများကိုသိမ်းဆည်း၍ အခန်းသော့အပ်ရန် အိမ်တွင်းသန့်ရှင်းလုပ် ပေးထားသည်။ စာချုပ်ကို အခန်းတွင်မချုပ်ဘဲ မြေရှင်ရှေ့တွင် ချုပ်ရန် မြေရှင်ရှိရာ ဗိုလ်အောင်ကျော်လမ်း သို့ ကားဖြင့်သွားကြသည်။အိမ်ရှင်မိသားစုမှာအတော်ပြည့်စုံချမ်းသာပုံပေါ်သည်။ အခန်းကျယ်ကြီးတွင် သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အထက်တန်းကျကျပြင်ဆင်ထားသော အသုံးအဆောင်များကိုကြည့်ချင်းအားဖြင့်သိနိုင်သည်။

ထိုနေ့က ဖြစ်ပုံမှာ စာချုပ်မည့်နေ့ နံနက်ပိုင်းတွင် အကြောင်းကြား၍ နေ့လယ်တွင်မြေရှင်အိမ်၌ အပြီးစာချုပ်ခြင်းဖြစ်၍ အစီအစဉ်ကျ မရှိလှ။မြေရှင်အိမ်ရောက်မှစာချုပ်တွင် ရောင်းသူ ဝယ်သူ သက်သေများကို ဖြည့်သွင်းရသည်ဖြစ်၍ အချိန်အနည်းငယ်ကြာသွားသည်။ အသက် ၇၀ နီးပါးခန့်မြေရှင်ကစရန်ပေးစာချုပ်များကို တောင်းယူကြည့်ရှုခြင်း၊ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင်မြေရှင်အသိအမှတ်ပြုခ ၁ ရာခိုင်နှုန်းသာပေးရသည်ကို ၃ ရာခိုင်နှုန်းတောင်းဆိုခြင်း၊ ဝယ်ယူသူကတဆင့်ပြောင်းရောင်းလျှင် ၄ ရာခိုင်နှုန်းပေးရန်အထိ တောင်းဆိုလာသည်။ ဝယ်သူညီညီမပြောနှင့် မောင်ကောင်းဖေ၏စိတ်ထဲတွင်ပင် အိမ်ရှင်ဘွားတော်ကြီးကို အတော်မကျေမနပ်ဖြစ်သွားသည်။

မြေရှင်မှအသက်ကြီး၍အိမ်တိုင်ရာရောက်သွား၍ အသိအမှတ်ပြုခပေးသည်ကိုပင် ကျေးဇူးမတင်သည့်အပြင် ဝယ်သူပြန်ရောင်းလျှင် ၄ ရာခိုင်နှုန်းပေးရမည်ဆိုတော့ ဓလေ့ထုံးစံကိုကျော်လွန်၍ တောင်ဆိုခြင်းဖြစ်သည်။ ဝယ်သူကလည်းစိတ်သဘောထားကြီးသူဖြစ်၍ မြေရှင်လက်မှတ်ထိုးရင်ပြီးတာပဲဟု သဘောထားပြီး လက်ခံသဘောတူခဲ့ရသည်။ နောက်မှ ဥပဒေနှင့် ညီမညီစဉ်းစားဖို့ ဆုံးဖြတ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ အပြန်လမ်းတစ်လျှောက်တွင် အိမ်ရှင်ဘွားတော်ကြီး၏ မတော်လောဘကြီးပုံကို မျက်မြင်ကိုတွေ့ကြုံခဲ့ရသော ရောင်းသူ၊ဝယ်သူနှစ်ဦးမှာ အတော်စိတ်မချမ်းမသာဖြစ်နေသည်။ စာချုပ်တွင်မြေရှင်အသိအမှတ်ပြုခ ( ၁) ရာခိုင်နှုန်းပေးမည်ဟု စာသားပါလာသဖြင့် ယင်းသို့ လောဘတက်သွားခြင်းဖြစ်သည်ဟု မောင်ကောင်းဖေအား အပြစ်တင်ကြသည်။ ယင်းစာသားထည့် သွင်းထားခြင်းမှာ ရှေ့နေ၏အားနည်းချက်ကြောင့်ဖြစ်သည်ဟု မောင်ကောင်းဖေအား အပြစ်တင်ကြသည်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင် အသိအမှတ်ပြုရန် လက်မှတ်ရေးထိုးခိုင်းခြင်းမှာတိုက်ခန်းနှင့်ပတ်သက်၍ အရှုပ်အရှင်းကင်းကြောင်းသိလို၍ဖြစ်သည်။ မူလတိုက်ခန်းပိုင်ရှင်လည်းဖြစ်မြေရှင်လည်းဖြစ်ပြီး ၎င်းရောင်းချပြီးနောက် အဆက်ဆက်ဝယ်ယူသူများလည်း ထပ်မံရောင်းချတိုင်း မြေရှင်က သိရှိကြောင်း အသိအမှတ်ပြုပေးခြင်းသာဖြစ်သည်။

မြေရှင်က ယခုရောင်းသူ မှ ဝယ်သူထံပေးရမည့် ယခင်စာချုပ်အဆက်များကို မပေးဘဲ သိမ်းထားမည့် အနေအထားရသည့်အတွက် …

“ဒီလိုယူထားလို့မရဘူးလေး … အန်တီ ကျွန်တော်တို့ထံမှာစာချုပ်အဆက်အစပ် အပြည့်အစုံကိုင်ထားမှ နောက်လူကိုပြန်ရောင်းချင်ရင်လွယ်မှာ ၊ အန်တီက ဒီစာချုပ်အဆက်အစပ် တွေသိမ်းထားရင် ပြန်ရောင်းတဲ့အခါ ကွင်းဆက်ပြတ်သလိုဖြစ်သွားမှာပေါ့” ဟုပြောမှ မူလဝယ်သူစာချုပ်အဆက်များကိုပြန်ပေးသည်။

မောင်ကောင်းဖေ စဉ်းစားမိသည်မှာမြေရှင်ဘွားတော်ကြီးမှာ ယခင်စာချုပ်များကိုသိမ်းထားခြင်းအားဖြင့်ရောင်းဝယ်လုပ်သည့်အခါတိုင်း ၎င်းထဲတွင် မြေရှင်လက်မှတ်ထိုးရန်မဖြစ်မနေ လာရလိမ့်မည်ဟုစိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။

ထိုကြောင့် မောင်ကောင်ဖေက ညီညီအား …

“မင်းက ပြန်ရောင်းရင် မြေရှင်ဆီမသွားနဲ့တော့ကွာ ၊ သူမသိဘဲရောင်းသွားလို့ငှားရမ်းခလာမတောင်းရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ငှားရမ်းခကြီးကြပ်ရေးဝန်) ထံမှာ ငှားရမ်းခပေးလိုကြောင်းလျှောက်ထားပြီးပေးရင်လည်းရတာပဲ။ အခန်းလွှဲပြောင်းတဲ့စာချုပ်မှာ အိမ်ငှားက အိမ်ခန်းကို ပြန်ရောင်းလိုတဲ့အခါ အိမ်ရှင်ကိုအကြောင်းကြားရန်နှင့် အိမ်ရှင်က အလိုတူပါမှ အိမ်ငှားက လွတ်လပ်စွာရောင်းချရန် သတ်မှတ်ချက်သည်သဘောတူသတ်မှတ်ချက် ( convenant ) သာဖြစ်၍ စည်းကမ်းချက် ( condition) မဟုတ်သဖြင့် ထိုသဘောတူညီချက်ကို ဖောက်ပျက်၍ အိမ်ငှါးက အခြားသူများအားလွှဲပြောင်ပေးခြင်းသည်မပျက်ပြယ်ပေ။ တရားဝင် အတည်ပြုလုပ်နိုင်သည့်စာချုပ်ဖြစ်ကြောင်း‌ ဒေါ်ခင်သန်းဌေးနှင့် ဦးကိုဌေး -ပါ (၂) – (၂၀၀၂ ခုနှစ်တရားမ အထူးအယူခံမှုအမှတ် ၂၄) (၃ ပါစုံညီ) (ရန်ကုန်) အမှုမှာ ဆုံးဖြတ်ထားတာအထင်အရှားရှိနေတယ်လေ”

“ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၈ အရ ပစ္စည်းအကျိုးစီးပွားနှင့် ဥပဒေအရ ဒွန်တွဲဆက်စပ်နေသည့်အရာတွင် ထိုပစ္စည်းအား လွှဲပြောင်းခံယူသူက မိမိသဘောအတိုင်း ပြန်လည်လွှဲပြောင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြုပိုင်ခွင့်ပါဝင်နေသဖြင့် ပစ္စည်းကို လွှဲပြောင်းရာ၌ တစ်ဆင့်လွှဲပြောင်းခြင်း စီမံခန့်ခွဲခြင်းမပြုရဟု လုံးဝထားမြစ်သည့် စည်းကမ်းချက် (သို့မဟုတ်) ကန့်သတ်ချက်သတ်မှတ်ထားခြင်း မပြုနိုင်ပေ။ သတ်မှတ်ထားပါက ထိုသတ်မှတ်ချက်သည် တရားမဝင်ပျက်ပြယ်သည်လို့ ပြဠာန်းထားတယ်လေ။ ဒါကြောင့် မြေရှင်ထံမှာ အမည်ပြောင်းခ သွားမပေးရင်လည်း ဘာမှမဖြစ်ဘူး ”

“ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ -၁၀၀ (ခ) (ည) အရ အိမ်ငှားသည်တစ်ဆင့်အငှားချထားနိုင်သည်။ အခန်းကိုအပျောက်စနစ်ဖြင့် ရောင်းခြင်းသည် အမှန်တကယ် ရောင်းခြင်းမဟုတ်ဘဲ လွှဲပြောင်းပိုင်ခွင့် ဖြင့်ထပ်ဆင့်ငှားခြင်းသာဖြစ်လို့ပြဠာန်းထားချက်လည်း ရှိတယ်လေ”

“ဒေါ်ငွေသိန်းနှင့်ဒေါ်သိန်းညွှန့်အမှု(၁၉၉၃ ၊ မတစ ၁၇ )အိမ်ငှားတစ်ဦးသည်မိမိငှားရမ်းနေထိုင်သည့် ဥပစာကိုတစ်ဆင့်ပြန်လည်၍ အငှားချထားခွင့်ရှိသည်။ ထိုသို့တဆင့်ပြန်လည်၍အငှားချထားရာ၌ ရန်ကုန်မြို့၌ အများလက်ခံကျင့်သုံးလျက်ရှိသော အပျောက်စနစ် (နေထိုင်ပိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့်စနစ်) ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

ထိုကဲ့သို့ တစ်ဆင့် ပြန်လည်၍ အငှားထားရန် ဆောင်ရွက်သည့်အခါ အဆောက်အအုံပိုင်ရှင်၏ ကြိုတင်ခွင့်ပြုချက်ကို ရယူပြီးမှဆောင်ရွက်ရမည်ဟု ပြဠာန်းချက်မတွေ့ရပေဟု တရားရုံးချုပ်စုံညီခုံရုံးက ဆုံးဖြတ်ပေးထားတဲ့ စီရင်ချက်လည်း အထင်အရှား ရှိတာပဲ။ အဲဒီတော့ ‘ညီညီ’ ကို အစ်ကိုကြီးပြောချင်တာကတော့ အပျောက်စနစ်နဲ့တိုက်ခန်းအရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ တိုက်ခန်းပိုင်ရှင်ကိုအမည်ပြောင်းခပေးရမယ်လို့ ဥပဒေမှာတော့ မတွေ့ရဘူး။ပိုင်ရှင်ထံက ကြိုတင်ခွင့်ပြုချက်ယူရမယ်လို့လည်းမပါဘူး။ အိမ်ရှင်အိမ်ငှား သဘောတူညီချက်အတိုင်း အခန်းငှားခ ပုံမှန်သွားပေးဖို့ပဲ လိုတယ်။ကဲ့….. ဒါဆိုရင်တော့အတော်သဘောပေါက်သွားပြီလို့ထင်ပါတယ်ကွာ”

အင်း….အစ်ကိုကြီးတို့ ဥပဒေသမားတွေ ပြောတော့လည်း ဝယ်သူအတွက်စိတ်ပူစရာ မလိုဘူပေါ့။အရပ်ထဲမှာ အမည်ပြောင်းခပေးရမယ်ဆိုတဲ့ မူကြီးကဘောင်ခက်ထားသလိုပဲနော်။ ကဲပါလေ….အစ်ကိုကြီးရာ နေဖို့ဝယ်တာဆိုတော့ ပြန်ရောင်းဖို့လည် စိတ်ကူးမရှိသေးပါဘူး။ ပြန်ရောင်းတဲ့ အခါကျရင်လည်း မီးစင်ကြည့်ပြီး ကရတော့မှာပဲ” ဟု ပြောပြီး ညီညီက သက်ပြင်းတစ်ချက်ချလိုက်သည်။ အဲဒီနောက်မှာတော့ ရောင်းသူထံက တိုက်ခန်းကို လက်ရောက်ယူပြီး မိမိသော့ပြောင်း၍ အခန်းတံခါးပိတ်လိုက်သည်။ ဝယ်သူလက်ရောက်ရပြီဖြစ်၍ ရှေ့နေတာဝန်ပြီးဆုံးသဖြင့် ညီညီကိုနှုတ်ဆက်ကာရုံးခန်းသို့ ပြန်လာခဲ့တော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ရန္ကုန္ၿမိဳ႕နယ္ကတိုက္ခန္းအေရာင္းအဝယ္ ေျမ႐ွင္လက္မွတ္ထိုးခ၊ ေတာင္းတာမ်ားလြန္းတယ္

 

မၾကာမီအခ်ိန္ပိုင္းအတြင္းက မနက္ ၉ နာရီ အခ်ိန္တြင္ ေမာင္ေကာင္းေဖ၏ ညီဝမ္းကြဲေတာ္သူ ညီညီတစ္ေယာက္ အေရးတႀကီးဖုန္းဆက္လာသည္။

“အကိုႀကီးေရး…. ကြၽန္ေတာ့္အတြက္ တိုက္ခန္းတစ္ခန္းဝယ္ဖို႔ စရန္ေပးထားၿပီးၿပီ။ ဒီေန႔အၿပီး ေငြေခ်မွာျဖစ္လို႔ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ ခ်ဳပ္ဖို႔ အစ္ကိုႀကီးလိုက္ခဲ့ပါဦး။ ေန႔လယ္ ၂ နာရီေလာက္မွာ ေရာင္းသူေရာ ၊ ဝယ္သူပါ အိမ္႐ွင္ရဲ႕ေ႐ွ႕မွာ စာခ်ဳပ္ခ်ဴပ္ၿပီး ၃ ဦးစလုံး သေဘာတူလက္ မွတ္ေရထိုးၾကမယ္ေလ။စာခ်ဳပ္လည္း အဆင္သင့္လုပ္ေပးထားပါဦး။ ကြၽန္ေတာ္ ကားနဲ႔လာေခၚမယ္”

“ညီညီရာ …. မင္းကိစၥကလည္း အေလာတႀကီးပါလာကြာ”

“ မေလာလို႔မရဘူး … အစ္ကိုႀကီးေရ၊ ဒီတစ္ရက္ႏွစ္ရက္အတြင္း ကြၽန္ေတာ္က ကုမၼဏီတာဝန္နဲ႔နယ္ကို သြားရမွာ ။ နယ္ၿမိဳ႕ေတြမွာေနရမွာ ၾကာမယ္ဆိုေတာ့ မိသာစုေနဖို႔အတြက္ ခုလိုစီစဥ္လိုက္ရတာ”

“ေကာင္းၿပီေလ….. ဒါဆိုရင္လည္း ၂ နာရီထိုးခါနီးမွာ အစ္ကိုႀကီးကိုလာေခၚလိုက္ေလ”

ဟု ေျပာၿပီးဖုန္းခ်လိုက္သည္။ ကြၽန္ေတာ္လည္းလာေခၚလွည့္သာေျပာလိုက္ရသည္။ ဝယ္မည္တိုက္ခန္းက ဘယ္ၿမိဳ႕နယ္ဘယ္ရပ္ကြက္ ဘယ္လမ္းဟု မေမးလိုက္ရ။ ေရာင္းမည္သူကိုေတာင္ မသိလိုက္ရသျဖင့္ ဘယ္လိုစီစဥ္ရမည္ဟု စဥ္းစားေနမိသည္။

ေမာင္ေကာင္ေဖ၏အေတြ႕အၾကဳံအရအိမ္ေျမဝယ္ယူသူမ်ားႏွင့္ တိုက္ခန္း ဝယ္ယူသူ ေတာ္ေတာ္မ်ားမ်ား သည္ မိမိဝယ္ယူမည့္အိမ္ေျမတိုက္ခန္းတို႔ႏွင့္ပတ္သတ္၍ အ႐ႈပ္အ႐ွင္းကင္းမကင္းႏွင့္ ေရာင္းမည့္သူ တာဝန္ယူမႈတို႔ႏွင့္ပတ္သတ္၍ အႀကိမ္ႀကိမ္ေျပာဆို ညႇိႏိႈင္းၿပီးမွ စရန္ေပးစာခ်ဳပ္ရာတြင္ ပြဲစားမ်ားကို သက္ေသအျဖစ္ လက္မွတ္ေရးထိုးခိုင္းၾကသည္။ ေငြအေျပအေက် ေပးေခ်မည့္ရက္နီးမွ ေ႐ွ႕ေနကိုသတိ ရၾကသည္။စာခ်ဳပ္အဆင္သင့္ျပဳလုပ္ထားေပးရန္ ေျပာဆိုေလ့႐ွိၾကသည္။ ယခုလည္း ကြၽႏ္ုပ္၏ညီေျပာ ဆိုပုံက ယခင္ေတြ႕ၾကဳံဖူးသည့္ဝယ္သူမ်ားထက္ပို၍ပင္အေလာတႀကီး ႏိုင္လွသည္။

ယင္းသို႔ ဝယ္ယူမ်ားအေရးတႀကီး လုပ္ေဆာင္ေလ့႐ွိသည့္ အေလ့အထကိုသိထားသျဖင့္ ေမာင္ေကာင္းေဖလည္း အဆင္သင့္ျပဳလုပ္ထားေသာ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္တြင္ ေရာင္းသူဝယ္သူသက္ေသႏွင့္ ေျမ႐ွင္အပါအဝင္ အေရာင္းအဝယ္ျပဳလုပ္သည့္ ပစၥည္းစာရင္းတည္႐ွိရာ လိပ္စာ၊ တိုက္ခန္းတန္ဖိုးႏွင့္ ေျမ႐ွင္အသိအမွတ္ျပဳခေပးေဆာင္ရသည့္ ေငြရာခိုင္ႏႈန္းတို႔ကို စာခ်ဳပ္ေပၚတြင္ ကြက္လပ္ထားၿပီး ယခု(၃၀၀)က်ပ္တန္ တံဆိပ္ေခါင္းျဖင့္ စာခ်ဳပ္ထုတ္ယူၿပီး ညီညီဖုန္းဆက္မည့္အခ်ိန္ကိုေစာင့္ေနလိုက္သည္။

မၾကာမီ ညီညီေရာက္လာၿပီး…….

“ အစ္ကိုႀကီး….. သြားမယ္ ”

ဟုဆိုသျဖင့္ ၎ႏွင့္အတူ ကားျဖင့္အေရာင္းအဝယ္ျပဳလုပ္မည့္ တိုက္ခန္းသို႔ လိုက္သြားသည္။ တိုက္ခန္းတည္႐ွိရာေနရာ ၂၉ လမ္း (၃) လႊာတိုက္ခန္း အေရာင္းအဝယ္ျပဳလုပ္ရန္ျဖစ္သည္။ တိုက္ခန္းေရာက္သည့္အခါ တိုက္ခန္းေရာင္းမည့္သူက အဆင္သင့္ေစာင့္ေနသည္။

ပစၥည္းမ်ားကိုသိမ္းဆည္း၍ အခန္းေသာ့အပ္ရန္ အိမ္တြင္းသန္႔႐ွင္းလုပ္ ေပးထားသည္။ စာခ်ဳပ္ကို အခန္းတြင္မခ်ဳပ္ဘဲ ေျမ႐ွင္ေ႐ွ႕တြင္ ခ်ဳပ္ရန္ ေျမ႐ွင္႐ွိရာ ဗိုလ္ေအာင္ေက်ာ္လမ္း သို႔ ကားျဖင့္သြားၾကသည္။အိမ္႐ွင္မိသားစုမွာအေတာ္ျပည့္စုံခ်မ္းသာပုံေပၚသည္။ အခန္းက်ယ္ႀကီးတြင္ သပ္သပ္ရပ္ရပ္ျပင္ဆင္ၿပီး အထက္တန္းက်က်ျပင္ဆင္ထားေသာ အသုံးအေဆာင္မ်ားကိုၾကည့္ခ်င္းအားျဖင့္သိႏိုင္သည္။

ထိုေန႔က ျဖစ္ပုံမွာ စာခ်ဳပ္မည့္ေန႔ နံနက္ပိုင္းတြင္ အေၾကာင္းၾကား၍ ေန႔လယ္တြင္ေျမ႐ွင္အိမ္၌ အၿပီးစာခ်ဳပ္ျခင္းျဖစ္၍ အစီအစဥ္က် မ႐ွိလွ။ေျမ႐ွင္အိမ္ေရာက္မွစာခ်ဳပ္တြင္ ေရာင္းသူ ဝယ္သူ သက္ေသမ်ားကို ျဖည့္သြင္းရသည္ျဖစ္၍ အခ်ိန္အနည္းငယ္ၾကာသြားသည္။ အသက္ ၇၀ နီးပါးခန္႔ေျမ႐ွင္ကစရန္ေပးစာခ်ဳပ္မ်ားကို ေတာင္းယူၾကည့္႐ႈျခင္း၊ တိုက္ခန္းအေရာင္းအဝယ္ျပဳလုပ္ရာတြင္ေျမ႐ွင္အသိအမွတ္ျပဳခ ၁ ရာခိုင္ႏႈန္းသာေပးရသည္ကို ၃ ရာခိုင္ႏႈန္းေတာင္းဆိုျခင္း၊ ဝယ္ယူသူကတဆင့္ေျပာင္းေရာင္းလွ်င္ ၄ ရာခိုင္ႏႈန္းေပးရန္အထိ ေတာင္းဆိုလာသည္။ ဝယ္သူညီညီမေျပာႏွင့္ ေမာင္ေကာင္းေဖ၏စိတ္ထဲတြင္ပင္ အိမ္႐ွင္ဘြားေတာ္ႀကီးကို အေတာ္မေက်မနပ္ျဖစ္သြားသည္။ ေျမ႐ွင္မွအသက္ႀကီး၍အိမ္တိုင္ရာေရာက္သြား၍ အသိအမွတ္ျပဳခေပးသည္ကိုပင္ ေက်းဇူးမတင္သည့္အျပင္ ဝယ္သူျပန္ေရာင္းလွ်င္ ၄ ရာခိုင္ႏႈန္းေပးရမည္ဆိုေတာ့ ဓေလ့ထုံးစံကိုေက်ာ္လြန္၍ ေတာင္ဆိုျခင္းျဖစ္သည္။ ဝယ္သူကလည္းစိတ္သေဘာထားႀကီးသူျဖစ္၍ ေျမ႐ွင္လက္မွတ္ထိုးရင္ၿပီး တာပဲဟု သေဘာထားၿပီး လက္ခံသေဘာတူခဲ့ရသည္။ ေနာက္မွ ဥပေဒႏွင့္ ညီမညီစဥ္းစားဖို႔ ဆုံးျဖတ္မည္ဟု စိတ္ပိုင္းျဖတ္ခဲ့သည္။ အျပန္လမ္းတစ္ေလွ်ာက္တြင္ အိမ္႐ွင္ဘြားေတာ္ႀကီး၏ မေတာ္ေလာဘႀကီးပုံကို မ်က္ျမင္ကိုေတြ႕ၾကဳံ ခဲ့ရေသာ ေရာင္းသူ၊ဝယ္သူႏွစ္ဦးမွာ အေတာ္စိတ္မခ်မ္းမသာျဖစ္ေနသည္။ စာခ်ဳပ္တြင္ေျမ႐ွင္အသိအမွတ္ျပဳခ ( ၁) ရာခိုင္ႏႈန္းေပးမည္ဟု စာသားပါလာသျဖင့္ ယင္းသို႔ ေလာဘတက္သြားျခင္းျဖစ္သည္ဟု ေမာင္ေကာင္းေဖအား အျပစ္တင္ၾကသည္။ ယင္းစာသားထည့္ သြင္းထားျခင္းမွာ ေ႐ွ႕ေန၏အားနည္းခ်က္ေၾကာင့္ျဖစ္သည္ဟု ေမာင္ေကာင္းေဖအား အျပစ္တင္ၾကသည္။

တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္တြင္ ေျမ႐ွင္ အသိအမွတ္ျပဳရန္ လက္မွတ္ေရးထိုးခိုင္းျခင္းမွာ တိုက္ခန္းႏွင့္ပတ္သက္၍ အ႐ႈပ္အ႐ွင္းကင္းေၾကာင္းသိလို၍ျဖစ္သည္။ မူလတိုက္ခန္းပိုင္႐ွင္လည္းျဖစ္ ေျမ႐ွင္လည္းျဖစ္ၿပီး ၎ေရာင္းခ်ၿပီးေနာက္ အဆက္ဆက္ဝယ္ယူသူမ်ားလည္း ထပ္မံေရာင္းခ်တိုင္း ေျမ ႐ွင္က သိ႐ွိေၾကာင္း အသိအမွတ္ျပဳေပးျခင္းသာျဖစ္သည္။

ေျမ႐ွင္က ယခုေရာင္းသူ မွ ဝယ္သူထံေပးရမည့္ ယခင္စာခ်ဳပ္အဆက္မ်ားကို မေပးဘဲ သိမ္းထားမည့္ အေနအထားရသည့္အတြက္ …

“ဒီလိုယူထားလို႔မရဘူးေလး … အန္တီ ကြၽန္ေတာ္တို႔ထံမွာစာခ်ဳပ္အဆက္အစပ္ အျပည့္အစုံကိုင္ထားမွ ေနာက္လူကိုျပန္ေရာင္းခ်င္ရင္လြယ္မွာ ၊ အန္တီက ဒီစာခ်ဳပ္အဆက္အစပ္ ေတြသိမ္းထားရင္ ျပန္ေရာင္းတဲ့အခါ ကြင္းဆက္ျပတ္သလိုျဖစ္သြားမွာေပါ့” ဟုေျပာမွ မူလဝယ္သူစာခ်ဳပ္အဆက္မ်ားကိုျပန္ေပးသည္။

ေမာင္ေကာင္းေဖ စဥ္းစားမိသည္မွာေျမ႐ွင္ ဘြားေတာ္ႀကီးမွာ ယခင္စာခ်ဳပ္မ်ားကိုသိမ္းထားျခင္းအားျဖင့္ေရာင္းဝယ္လုပ္သည့္အခါတိုင္း ၎ထဲတြင္ ေျမ႐ွင္လက္မွတ္ထိုးရန္မျဖစ္မေန လာရလိမ့္မည္ဟုစိတ္ပိုင္းျဖတ္ထားပုံေပၚသည္။

ထိုေၾကာင့္ ေမာင္ေကာင္ေဖက ညီညီအား …

“မင္းက ျပန္ေရာင္းရင္ ေျမ႐ွင္ဆီမသြားနဲ႔ေတာ့ကြာ ၊ သူမသိဘဲေရာင္းသြားလို႔ငွားရမ္းခလာမေတာင္းရင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး (ငွားရမ္းခႀကီးၾကပ္ေရးဝန္) ထံမွာ ငွားရမ္းခေပးလိုေၾကာင္းေလွ်ာက္ထားၿပီးေပးရင္လည္းရတာပဲ။ အခန္းလႊဲေျပာင္းတဲ့စာခ်ဳပ္မွာ အိမ္ငွား က အိမ္ခန္းကို ျပန္ေရာင္းလိုတဲ့အခါ အိမ္႐ွင္ကိုအေၾကာင္းၾကားရန္ႏွင့္ အိမ္႐ွင္က အလိုတူပါမွ အိမ္ငွားက လြတ္လပ္စြာေရာင္းခ်ရန္ သတ္မွတ္ခ်က္သည္သေဘာတူသတ္မွတ္ခ်က္ ( convenant ) သာျဖစ္၍ စည္းကမ္းခ်က္ ( condition) မဟုတ္သျဖင့္ ထိုသေဘာတူညီခ်က္ကို ေဖာက္ပ်က္၍ အိမ္ငွါးက အျခားသူမ်ားအား လႊဲေျပာင္ေပးျခင္းသည္မပ်က္ျပယ္ေပ။ တရားဝင္ အတည္ျပဳလုပ္ႏိုင္သည့္စာခ်ဳပ္ျဖစ္ေၾကာင္း‌ ေဒၚခင္သန္းေဌးႏွင့္ ဦးကိုေဌး -ပါ (၂) – (၂၀၀၂ ခုႏွစ္တရားမ အထူးအယူခံမႈအမွတ္ ၂၄) (၃ ပါစုံညီ) (ရန္ကုန္) အမႈမွာ ဆုံးျဖတ္ထားတာအထင္အ႐ွား႐ွိေနတယ္ေလ”

“ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ ၈ အရ ပစၥည္းအက်ိဳးစီးပြားႏွင့္ ဥပေဒအရ ဒြန္တြဲဆက္စပ္ေနသည့္အရာတြင္ ထိုပစၥည္းအား လႊဲေျပာင္းခံယူသူက မိမိသေဘာအတိုင္း ျပန္လည္လႊဲေျပာင္းျခင္း၊ စီမံခန္႔ခြဲျခင္း၊ ျပဳပိုင္ခြင့္ပါဝင္ေနသျဖင့္ ပစၥည္းကို လႊဲေျပာင္းရာ၌ တစ္ဆင့္လႊဲေျပာင္းျခင္း စီမံခန္႔ခြဲျခင္းမျပဳရဟု လုံးဝထားျမစ္သည့္ စည္းကမ္းခ်က္ (သို႔မဟုတ္) ကန္႔သတ္ခ်က္သတ္မွတ္ထားျခင္း မျပဳႏိုင္ေပ။ သတ္မွတ္ထားပါက ထိုသတ္မွတ္ခ်က္သည္ တရားမဝင္ပ်က္ျပယ္သည္လို႔ ျပဠာန္းထားတယ္ေလ။ ဒါေၾကာင့္ ေျမ႐ွင္ထံမွာ အမည္ေျပာင္းခ သြားမေပးရင္လည္း ဘာမွမျဖစ္ဘူး ”

“ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ -၁၀၀ (ခ) (ည) အရ အိမ္ငွားသည္တစ္ဆင့္အငွားခ်ထားႏိုင္ သည္။ အခန္းကိုအေပ်ာက္စနစ္ျဖင့္ ေရာင္းျခင္းသည္ အမွန္တကယ္ ေရာင္းျခင္းမဟုတ္ဘဲ လႊဲေျပာင္းပိုင္ခြင့္ ျဖင့္ထပ္ဆင့္ငွားျခင္းသာျဖစ္လို႔ျပဠာန္းထားခ်က္လည္း ႐ွိတယ္ေလ”

“ေဒၚေငြသိန္းႏွင့္ေဒၚသိန္းၫႊန္႔အမႈ(၁၉၉၃ ၊ မတစ ၁၇ )အိမ္ငွားတစ္ဦးသည္မိမိငွားရမ္းေနထိုင္သည့္ ဥပစာကိုတစ္ဆင့္ျပန္လည္၍ အငွားခ်ထားခြင့္႐ွိသည္။ ထိုသို႔တဆင့္ျပန္လည္၍အငွားခ်ထားရာ၌ ရန္ကုန္ၿမိဳ႕၌ အမ်ားလက္ခံက်င့္သုံးလ်က္႐ွိေသာ အေပ်ာက္စနစ္ (ေနထိုင္ပိုင္ခြင့္အတြက္ တန္ရာတန္ေၾကးေပး၍ ဥပစာကို လႊဲေျပာင္းရယူသည့္စနစ္) ျဖင့္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ေတြ႕ရ သည္။

ထိုကဲ့သို႔ တစ္ဆင့္ ျပန္လည္၍ အငွားထားရန္ ေဆာင္႐ြက္သည့္အခါ အေဆာက္အအုံပိုင္႐ွင္၏ ႀကိဳတင္ခြင့္ျပဳခ်က္ကို ရယူၿပီးမွေဆာင္႐ြက္ရမည္ဟု ျပဠာန္းခ်က္မေတြ႕ရေပဟု တရား႐ုံးခ်ဳပ္စုံညီခုံ႐ုံး က ဆုံးျဖတ္ေပးထားတဲ့ စီရင္ခ်က္လည္း အထင္အ႐ွား ႐ွိတာပဲ။ အဲဒီေတာ့ ‘ညီညီ’ ကို အစ္ကိုႀကီးေျပာ ခ်င္တာကေတာ့ အေပ်ာက္စနစ္နဲ႔တိုက္ခန္းအေရာင္းအဝယ္ ျပဳလုပ္တဲ့အခါမွာ တိုက္ခန္းပိုင္႐ွင္ကို အမည္ေျပာင္းခေပးရမယ္လို႔ ဥပေဒမွာေတာ့ မေတြ႕ရဘူး။ပိုင္႐ွင္ထံက ႀကိဳတင္ခြင့္ျပဳခ်က္ယူရမယ္လို႔ လည္းမပါဘူး။ အိမ္႐ွင္အိမ္ငွား သေဘာတူညီခ်က္အတိုင္း အခန္းငွားခ ပုံမွန္သြားေပးဖို႔ပဲ လိုတယ္။ ကဲ့….. ဒါဆိုရင္ေတာ့အေတာ္သေဘာေပါက္သြားၿပီလို႔ထင္ပါတယ္ကြာ”

အင္း….အစ္ကိုႀကီးတို႔ ဥပေဒသမားေတြ ေျပာေတာ့လည္း ဝယ္သူအတြက္စိတ္ပူစရာ မလိုဘူေပါ့။ အရပ္ထဲမွာ အမည္ေျပာင္းခေပးရမယ္ဆိုတဲ့ မူႀကီးကေဘာင္ခက္ထားသလိုပဲေနာ္။ ကဲပါေလ…. အစ္ကိုႀကီးရာ ေနဖို႔ဝယ္တာဆိုေတာ့ ျပန္ေရာင္းဖို႔လည္ စိတ္ကူးမ႐ွိေသးပါဘူး။ ျပန္ေရာင္းတဲ့ အခါ က်ရင္လည္း မီးစင္ၾကည့္ၿပီး ကရေတာ့မွာပဲ” ဟု ေျပာၿပီး ညီညီက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ အဲဒီေနာက္မွာေတာ့ ေရာင္းသူထံက တိုက္ခန္းကို လက္ေရာက္ယူၿပီး မိမိေသာ့ေျပာင္း၍ အခန္းတံခါး ပိတ္လိုက္သည္။ ဝယ္သူလက္ေရာက္ရၿပီျဖစ္၍ ေ႐ွ႕ေနတာဝန္ၿပီးဆုံးသျဖင့္ ညီညီကိုႏႈတ္ဆက္ကာ ႐ုံးခန္းသို႔ ျပန္လာခဲ့ေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ruby
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service