Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်

Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
28 Sep 2023 11:29 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

နယူးယောက်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ ခေါင်ခိုက်လှသော ဈေးနှုန်းများ ၊ ဖမ်းဆုပ်မရနိုင်သော အိပ်မက်များဖြင့် လူသိများသည်။

Spider-Man သရုပ်ဆောင် James Franco ၏ အရောင်းဈေးကွက်ဝင်လာသော လှေအိမ်မှာမူ နယူးယောက် အိမ်ခြံမြေဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းသက်သာသည်ဟု ဆိုနိုင်သည်။

ဂျိမ်းစ် ဖရန်ကို (မွေး ၁၉၇၈ ) သည် အမေရိကန်ရုပ်ရှင်မင်းသား ၊ ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် Spider-Man ဇာတ်လမ်းတွဲ (၂၀၀၂ -၂၀၀၇) နှင့် Rise of the Planet of the Apes (၂၀၁၁) တို့မှာ နာမည်ကြီးသည်။

နယူးယောက်မြို့၏ အစိတ်အပိုင်းတစ်ရပ်ကို ပိုင်ဆိုင်လိုသော်လည်း ငွေကြေးအကန့်အသတ်ရှိသူများအတွက် အိပ်ခန်း ၁ ခန်းပါ ဤရေပေါ်အိမ်ကို ကန်ဒေါ်လာ ၂၅၀၀၀၀ (မြန်မာငွေ ၅၂၄၅ သိန်း) မျှဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

(မှတ်ချက်။ စက်တင်ဘာ ၂၂ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၈ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

ဝယ်ယူမည့် ပိုင်ရှင်အနေဖြင့် ဤလှေအိမ်ကို Airbnb အိမ်ငှားဝက်ဘ်ဆိုက်တွင် တစ်ညလျှင် ၁၄၉ ဒေါ်လာဖြင့် အငှားတင်ကာ ဝင်ငွေရနိုင်မည် ဖြစ်သည်။

အရောင်းဈေးကွက် တင်ပေးသူမှာ Re/Max Elite အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် နာရူတိုင် တောင်ဆမ်ဘွန်း ဖြစ်သည်။

 

(ဤလှေအိမ်ကို ၁၉၆၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Airbnb)

 

(ပြတင်းများ ဝန်းပတ်ထားသော ညစာစားခန်းနေရာ။ ဓာတ်ပုံ-Airbnb)

 

လက်ရှိအားဖြင့် ဤလှေအိမ်ကို နယူးယောက်မြို့ ၊ Queens အရပ်မှ Rockaway ကမ်းခြေရှိ လှေဆိပ်တစ်ခုတွင် ရပ်နားထားပြီး နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်သို့ မော်တော်ကားဖြင့် ၁ နာရီခရီးသာ ဝေးကွာသည်။

 

(အရောင်အသွေး စုံလင်သော မီးဖိုဆောင်။ ဓာတ်ပုံ-Airbnb)

 

အောက်ထပ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ပစ္စည်းအစုံအလင် ထည့်သွင်းထားသော မီးဖိုဆောင် ၊ ဇိမ်ကျသော ဧည့်ခန်းနှင့် ရုံးခန်းပြုလုပ်ရန် သင့်တော်သော သီးခြားနားနေခန်းတို့ ပါဝင်သည်။

 

(ဧည့်ခန်း။ ဓာတ်ပုံ-Airbnb)

 

(အဝင်ခန်းနေရာ။ ဓာတ်ပုံ-Airbnb)

 

(Ben Sargent ဆိုသူက ဤလှေအိမ်ကို လွန်ခဲ့သော ၆ နှစ်က ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Stefano Giovannini)

 

(ဆောင်းကာလများတွင် နွေးနွေးထွေးထွေးရှိစေရန် အသုံးပြုသော မီးဖို။ ဓာတ်ပုံ-Airbnb)

 

(လှေအိမ်ရှိ တစ်ခုတည်းသော အိပ်ခန်း။ ဓာတ်ပုံ-Airbnb)

 

(ဤလှေအိမ်တွင် ယခင်တည်းခိုနေထိုင်ခဲ့ဖူးသူများက လှေပေါ်တွင် နေထိုင်ရမှု အခြေအနေ ကောင်းမွန် ကြောင်း ချီးမွမ်းကြသည်။ ဓာတ်ပုံ-Stefano Giovannini)

 

(ရေချိုးခန်း။ ဓာတ်ပုံ-Airbnb)

 

(နားနေ နေရာ။ ဓာတ်ပုံ-Airbnb)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ahoy, New York’s most unique real estate deal: James Franco’s houseboat lists for $250K (nypost)

 

 

 

[Zawgyi]

Spider-Man သရုပ္ေဆာင္ James Franco ၏ ေလွအိမ္ ကန္ေဒၚ ၂၅၀၀၀၀ (ျမန္မာေငြ သိန္း ၅၀၀၀ ေက်ာ္) ျဖင့္ ေရာင္းမည္

 

နယူးေယာက္ျမိဳ႕၏ အိမ္ျခံေျမေစ်းကြက္မွာ ေခါင္ခိုက္လွေသာ ေစ်းႏႈန္းမ်ား ၊ ဖမ္းဆုပ္မရႏိုင္ေသာ အိပ္မက္မ်ားျဖင့္ လူသိမ်ားသည္။

Spider-Man သရုပ္ေဆာင္ James Franco ၏ အေရာင္းေစ်းကြက္ဝင္လာေသာ ေလွအိမ္မွာမူ နယူးေယာက္ အိမ္ျခံေျမေစ်းႏႈန္းမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ ေစ်းႏႈန္းသက္သာသည္ဟု ဆုိႏိုင္သည္။

ဂ်ိမ္းစ္ ဖရန္ကုိ (ေမြး ၁၉၇၈ ) သည္ အေမရိကန္ရုပ္ရွင္မင္းသား ၊ ဒါရိုက္တာတစ္ဦး ျဖစ္သည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ Spider-Man ဇာတ္လမ္းတြဲ (၂၀၀၂ -၂၀၀၇) ႏွင့္ Rise of the Planet of the Apes (၂၀၁၁) တို႔မွာ နာမည္ၾကီးသည္။

နယူးေယာက္ျမဳိ႕၏ အစိတ္အပိုင္းတစ္ရပ္ကို ပိုင္ဆိုင္လုိေသာ္လည္း ေငြေၾကးအကန္႔အသတ္ရွိသူမ်ားအတြက္ အိပ္ခန္း ၁ ခန္းပါ ဤေရေပၚအိမ္ကို ကန္ေဒၚလာ ၂၅၀၀၀၀ (ျမန္မာေငြ ၅၂၄၅ သိန္း) မွ်ျဖင့္ ဝယ္ယူႏိုင္မည္ ျဖစ္သည္။

(မွတ္ခ်က္။ စက္တင္ဘာ ၂၂ ရက္ သတ္မွတ္ေငြလဲႏႈန္း ကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၂၀၉၈ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္။)

ဝယ္ယူမည့္ ပုိင္ရွင္အေနျဖင့္ ဤေလွအိမ္ကို Airbnb အိမ္ငွားဝက္ဘ္ဆိုက္တြင္ တစ္ညလွ်င္ ၁၄၉ ေဒၚလာျဖင့္ အငွားတင္ကာ ဝင္ေငြရႏိုင္မည္ ျဖစ္သည္။

အေရာင္းေစ်းကြက္ တင္ေပးသူမွာ Re/Max Elite အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ နာရူတိုင္ ေတာင္ဆမ္ဘြန္း ျဖစ္သည္။

 

(ဤေလွအိမ္ကို ၁၉၆၈ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Airbnb)

(ျပတင္းမ်ား ဝန္းပတ္ထားေသာ ညစာစားခန္းေနရာ။ ဓာတ္ပံု-Airbnb)

 

လက္ရွိအားျဖင့္ ဤေလွအိမ္ကို နယူးေယာက္ျမဳိ႕ ၊ Queens အရပ္မွ Rockaway ကမ္းေျခရွိ ေလွဆိပ္တစ္ခုတြင္ ရပ္နားထားျပီး နယူးေယာက္ျမဳိ႕လယ္ မန္ဟက္တန္အရပ္သုိ႔ ေမာ္ေတာ္ကားျဖင့္ ၁ နာရီခရီးသာ ေဝးကြာသည္။

(အေရာင္အေသြး စံုလင္ေသာ မီးဖုိေဆာင္။ ဓာတ္ပံု-Airbnb)

ေအာက္ထပ္မွာ က်ယ္က်ယ္ဝန္းဝန္းရွိျပီး ပစၥည္းအစံုအလင္ ထည့္သြင္းထားေသာ မီးဖိုေဆာင္ ၊ ဇိမ္က်ေသာ ဧည့္ခန္းႏွင့္ ရံုးခန္းျပဳလုပ္ရန္ သင့္ေတာ္ေသာ သီးျခားနားေနခန္းတို႔ ပါဝင္သည္။

 

(ဧည့္ခန္း။ ဓာတ္ပံု-Airbnb)

(အဝင္ခန္းေနရာ။ ဓာတ္ပံု-Airbnb)

(Ben Sargent ဆိုသူက ဤေလွအိမ္ကို လြန္ခဲ့ေသာ ၆ ႏွစ္က ဝယ္ယူခဲ့သည္။ ဓာတ္ပံု-Stefano Giovannini)

(ေဆာင္းကာလမ်ားတြင္ ေႏြးေႏြးေထြးေထြးရွိေစရန္ အသံုးျပဳေသာ မီးဖို။ ဓာတ္ပံု-Airbnb)

(ေလွအိမ္ရွိ တစ္ခုတည္းေသာ အိပ္ခန္း။ ဓာတ္ပံု-Airbnb)

(ဤေလွအိမ္တြင္ ယခင္တည္းခိုေနထိုင္ခဲ့ဖူးသူမ်ားက ေလွေပၚတြင္ ေနထုိင္ရမႈ အေျခအေန ေကာင္းမြန္ ေၾကာင္း ခ်ီးမြမ္းၾကသည္။ ဓာတ္ပံု-Stefano Giovannini)

(ေရခ်ဳိးခန္း။ ဓာတ္ပံု-Airbnb)

(နားေန ေနရာ။ ဓာတ္ပံု-Airbnb)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒ

အႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ahoy, New York’s most unique real estate deal: James Franco’s houseboat lists for $250K (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ကုမ္ပဏီတစ်ခုက လူနှစ်ဦးကြား အိပ်မက်မှ ဆက်သွယ်စကားပြောနိုင်သည့် နည်းပညာကို တီထွင်...
အမေရိကန်ကုမ္ပဏီတစ်ခုက လူနှစ်ဦးကြား အိပ်မက်မှ ဆက်သွယ်စကားပြောနိုင်သည့် နည်းပညာကို တီထွင်...
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြောက်လာ...
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြောက်လာ...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service