အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီ အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ဒေါ်လာ ၁၀ ဒသမ ၈ သန်းတန် စံအိမ်ကြီး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Sep 2023 10:44 am တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီနှင့် ဇနီးဖြစ်သူ အန်တိုနယ်လာ ရိုကုဇိုတို့ စုံတွဲသည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် အရှေ့တောင်ဘက်ရှိ ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်သော Fort Lauderdale ရှိ စံအိမ်တစ်လုံးကို ဈေးကွက်ပြင်ပ အရောင်းအဝယ်မှတဆင့် ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်းဖြင့် ဝယ်ယူလိုက်သည်။
(မှတ်ချက်။ ဈေးကွက်ပြင်ပအရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေအရောင်းအငှားဝက်ဘ်ဆိုက်များတွင် တရားဝင်တင်ကာ ရောင်းချခြင်းမဟုတ်သော အိမ်များကို နီးစပ်ရာလူများမှတဆင့် ဆက်သွယ်ဝယ်ယူခြင်းကို ဆိုလိုသည်)
မက်ဆီ၏ ယခုစံအိမ်ဝယ်ယူမှုကို ပထမဆုံးစတင်ဖော်ပြသည်မှာ Real Deal သတင်းဝက်ဘ်ဆိုက်က စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။
မက်ဆီဝယ်လိုက်သော စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၄၈၆ ရှိပြီး Bay Colony အမည်ရှိ ဂိတ်ဝန်းခတ် အိမ်ရာဝန်းအတွင်း Compass Lane လမ်း၊ အမှတ် ၉၁ တွင် တည်ရှိသည်။
အိပ်ခန်း ၈ ခန်း ၊ ရေချိုးခန်း ၉ ခန်း ၊ ကား ၃ စင်းဆန့် ကားဂိုဒေါင် ၊ ရေကူးကန်တစ်ခုနှင့် ဆိပ်ခံ ၂ ခု တို့ ပါဝင်သည်။
ယခုစံအိမ်မှာ မက်ဆီကစားနေသော အင်တာမိုင်အမ်မီ (Inter Miami) အသင်း၏ ဘောလုံးကွင်းနှင့်လည်း နီးသည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာက အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလား ရရှိခဲ့သူ မက်ဆီသည် ပြီးခဲ့သော ဇွန်လက အမေရိကန်ဘောလုံးကလပ် အင်တာမိုင်အမ်မီသို့ ပြောင်းရွှေ့ခဲ့သည်။
အဆိုပါ အသင်းကို အင်္ဂလန်ဘောလုံးဂန္ထဝင်ကြယ်ပွင့် ဒေးဗစ်ဘက်ခမ်း ၊ Jorge နှင့် Jose Mas တို့အပြင် အခြားရင်းနှီးမြှပ်နှံသူများက ပိုင်ဆိုင်ထားသည်။
စံအိမ်ကို ၁၉၈၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခြံဝန်းအကျယ် ၀ ဒသမ ၄၄ ဧက ရှိကာ တစ်ဖတ်ပိတ်လမ်းတစ်ခု ပေါ်တွင် တည်ရှိသည်။ ရေပြင်နှင့် ထိစပ်မှု ပေ ၁၇၀ ပိုင်ဆိုင်ထားသည်။
ဒီဇိုင်နာ လိုရီမောရစ်က ဒီဇိုင်းရေးဆွဲမွမ်းမံပေးခဲ့ပြီး ဖလော်ရီဒါ ဒီဇိုင်းမဂ္ဂဇင်းတွင် ဤစံအိမ်ကို ထည့်သွင်း ဖော်ပြခြင်းခံရသည်။
(လီယိုနယ် မက်ဆီ။ဓာတ်ပုံ- Reuters)
(မက်ဆီ ဝယ်ယူလိုက်သော Fort Lauderdale မြို့ စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Compass Florida LLC)
(ခြံဝန်းအတွင်းရှိ ရေကူးကန်။ ဓာတ်ပုံ-Compass Florida LLC)
(စံအိမ်အတွင်း ဖွဲ့စည်းပုံမြင်ကွင်း။ ဓာတ်ပုံ-Compass Florida LLC)
(မီးဖိုဆောင်။ ဓာတ်ပုံ-Compass Florida LLC)
(စံအိမ်အတွင်း အိပ်ခန်း ၈ ခန်းပါဝင်သည်။ ဓာတ်ပုံ-Compass Florida LLC)
(ခမ်းနားသော နားနေ နေရာ။ ဓာတ်ပုံ-Compass Florida LLC)
(စံအိမ်အတွင်း နားနေရန် နေရာများစွာ ပါဝင်သည်။ ဓာတ်ပုံ-Compass Florida LLC)
စံအိမ်တွင် ၂၇ ပေမြင့်မားသော အမိုးခုံး မျက်နှာကြက် ၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ အိမ်တွင်း အားကစားလေ့ကျင့်ခန်းမ နှင့် Spa ၊ ဖျော်ဖြေရေး Lounge ၊ အိမ်တွင်းရုံးခန်းနှင့် စတုရန်းပေ ၁၆၀၀ ကျယ်ဝန်းသော ပင်မအိပ်ခန်းတို့နှင့် ဖွဲ့စည်းထားသည်။
ယခုအရောင်းအဝယ်တွင် မက်ဆီဘက်မှ ကိုယ်စားပြုသည်မှာ Compass အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Samuel နှင့် Donna Simpkin တို့ဖြစ်ကြသည်။
မက်ဆီသည် လက်ရှိအားဖြင့် တောင်အမေရိကဖလား ခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းနှင့်အတူ ဘိုလိဗီးယားနိုင်ငံသို့ ရောက်ရှိနေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lionel Messi buys $10.8M mansion in South Florida (nypost)
[Zawgyi]
(လီယိုနယ် မက်ဆီ။ဓာတ်ပုံ- Reuters)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
area-one-business-complex
shwe-hninsi
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service