အာရှတိုက် အချမ်းသာဆုံးပုဂ္ဂိုလ်က နယူးယောက်မြို့လယ် ကွန်ဒိုခန်းကို ဒေါ်လာ ၉ သန်းဖြင့် ရောင်းထုတ်

အာရှတိုက် အချမ်းသာဆုံးပုဂ္ဂိုလ်က နယူးယောက်မြို့လယ် ကွန်ဒိုခန်းကို ဒေါ်လာ ၉ သန်းဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
14 Aug 2023 9:56 am တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံသား မူကက်ရှ် အမ်ဘာနီသည် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၊ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဘီလျံနာများစာရင်းတွင် ပါဝင်သူ ၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦး ဖြစ်ပြီး မွန်ဘိုင်းမြို့ရှိ ၂၇ ထပ်မြင့်မားသော ကမ္ဘာ့တန်ကြေးအကြီးဆုံး စံအိမ်ကြီးတွင် နေထိုင်သူအဖြစ်လည်း လူသိများသည်။

ယခုအခါ အမ်ဘာနီနှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုက နယူးယောက်မြို့လယ် မန်ဟက်တန်အရပ် ၊ West Village ရှိ ကွန်ဒိုတစ်ခန်းကို ဒေါ်လာ ၉ သန်းဖြင့် ရောင်းချလိုက်ကြောင်း နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အမှတ် (၄၀၀) အနောက် ၁၂ လမ်းရှိ Superior Ink ဟု လူသိများသော အဆောက်အအုံကြီး၏ ၄ လွှာတွင် တည်ရှိသော ကွန်ဒိုခန်းဖြစ်သည်။

အကျယ်အဝန်း ၂၄၀၆ စတုရန်းပေရှိပြီး အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၃ ခန်း ပါဝင်ကာ ဟတ်ဆန်မြစ်၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။

မျက်နှာကြက်မှာ ၁၀ ပေမြင့်မားပြီး ငါးကြင်းကွက်ဟန် ခင်းကျင်းထားသော သစ်မာသားကြမ်းခင်းများ ၊ အသံလုံပြတင်းများနှင့် စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သော မီးဖိုဆောင်တို့ ပါဝင်သည်။

Reliance Industries ၏ ပိုင်ရှင် အမ်ဘာနီသည် Jamnagar အမည်ရှိ ရေနံချက်စက်ရုံပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေနံချက်စက်ရုံကြီးဖြစ်သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှား၏ စစ်ဆင်နွှဲမှုအပေါ် အိန္ဒိယအစိုးရက ကြားနေရပ်တည်ခဲ့မှုမှာ အမ်ဘာနီ၏ Reliance Industries အတွက် အကျိုးအမြတ်ရှိလာစေခဲ့သည်။

ရုရှားအပေါ် အနောက်နိုင်ငံတို့က ပိတ်ဆို့အရေးယူထားမှုကြောင့် Reliance Industries သည် ရုရှားထံမှ ရေနံစိမ်းများကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ခဲ့ကာ သန့်စင်ချက်လုပ်ပြီးနောက် အရှေ့တောင်အာရှ ၊ ဥရောပ ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများသို့ ရောင်းချခဲ့ရာမှ များစွာ မြတ်စွန်းလျက်ရှိသည်။

 

(မူကက်ရှ်အမ်ဘာနီ။ Getty Images)

 

 

 

(အမ်ဘာနီ ရောင်းချလိုက်သော ကွန်ဒိုခန်းမှာ West Village အမှတ် ၄၀၀ ၊ အနောက် ၁၂ လမ်းတွင် တည်ရှိသည်။ ဓာတ်ပုံ- Eilon Paz)

 

 

(ဤအဆောက်အအုံကြီးကို Superior Ink ဟု လူသိများသည်။ ဓာတ်ပုံ-Eilon Paz)

 

 

Superior Ink အဆောက်အအုံကြီးတွင် အထင်ကရပုဂ္ဂိုလ် များစွာနေထိုင်ခဲ့ရာ ရုပ်ရှင်မင်းသမီး Hilary Swank ၊ နာမည်ကြီး ပြိုင်ကားမောင်းသမား Jimmie Johnson ၊ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ Marc Jacobs နှင့် ဘီလျံနာ Leslie Alexander တို့အပါအဝင် ဖြစ်သည်။

Leslie Alexander သည် ဤအဆောက်အအုံမှ Penthouse ခန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ဤအဆောက်အအုံကြီးကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နေထိုင်သူများအတွက် နားနေခန်း ၊ ယောဂခန်းမ ပါဝင်သော အားကစားလေ့ကျင့်ခန်းမ ၊ ကလေးကစားခန်းနှင့် စက်ဘီးစီးခန်းတို့ ပါဝင်သည်။

၁၇ ထပ် အဆောက်အအုံဖြစ်ပြီး ၁၉၁၉ ခုနှစ်က Superior Ink စက်ရုံဖြစ်ခဲ့သည်။

အဆောက်အအုံကို Robert A.M. Stern Architects က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး အတွင်းပိုင်းမွမ်းမံပေးသည်မှာ Yabu Pushelberg ဖြစ်သည်။

Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Gladys Laurie Cooper ဖြစ်ပြီး ဝယ်လက်ဘက်မှ အကျိုးဆောင်မှာ Dolly Lenz Real Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jenny Lenz ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Asia’s richest man sells $9M downtown NYC condo (nypost)

 

 

 

[Zawgyi]

အာရွတိုက္ အခ်မ္းသာဆံုးပုဂၢိဳလ္က နယူးေယာက္ျမိဳ႕လယ္ ကြန္ဒိုခန္းကို ေဒၚလာ ၉ သန္းျဖင့္ ေရာင္းထုတ္

အိႏိၵယႏိုင္ငံသား မူကက္ရွ္ အမ္ဘာနီသည္ အာရွတုိက္၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၊ ကမၻာေပၚတြင္ အခ်မ္းသာဆံုး ဘီလ်ံနာမ်ားစာရင္းတြင္ ပါဝင္သူ ၊ အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီ၏ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္တစ္ဦး ျဖစ္ျပီး မြန္ဘိုင္းျမဳိ႕ရွိ ၂၇ ထပ္ျမင့္မားေသာ ကမၻာ့တန္ေၾကးအၾကီးဆံုး စံအိမ္ၾကီးတြင္ ေနထုိင္သူအျဖစ္လည္း လူသိမ်ားသည္။

ယခုအခါ အမ္ဘာနီႏွင့္ ဆက္ႏႊယ္ေသာ ကုမၸဏီတစ္ခုက နယူးေယာက္ျမဳိ႕လယ္ မန္ဟက္တန္အရပ္ ၊ West Village ရွိ ကြန္ဒိုတစ္ခန္းကို ေဒၚလာ ၉ သန္းျဖင့္ ေရာင္းခ်လိုက္ေၾကာင္း နယူးေယာက္ပို႔စ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အမွတ္ (၄၀၀) အေနာက္ ၁၂ လမ္းရွိ Superior Ink ဟု လူသိမ်ားေသာ အေဆာက္အအံုၾကီး၏ ၄ လႊာတြင္ တည္ရွိေသာ ကြန္ဒိုခန္းျဖစ္သည္။

အက်ယ္အဝန္း ၂၄၀၆ စတုရန္းေပရွိျပီး အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၃ ခန္း ပါဝင္ကာ ဟတ္ဆန္ျမစ္၏ ရင္သပ္ရႈေမာဖြယ္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

မ်က္ႏွာၾကက္မွာ ၁၀ ေပျမင့္မားျပီး ငါးၾကင္းကြက္ဟန္ ခင္းက်င္းထားေသာ သစ္မာသားၾကမ္းခင္းမ်ား ၊ အသံလံုျပတင္းမ်ားႏွင့္ စားဖုိမွဴးအဆင့္ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္တို႔ ပါဝင္သည္။

Reliance Industries ၏ ပိုင္ရွင္ အမ္ဘာနီသည္ Jamnagar အမည္ရွိ ေရနံခ်က္စက္ရံုပိုင္ဆိုင္ထားျပီး ကမၻာေပၚတြင္ အၾကီးမားဆံုး ေရနံခ်က္စက္ရံုၾကီးျဖစ္သည္။

ယူကရိန္းကို က်ဴးေက်ာ္တုိက္ခိုက္ခဲ့သည့္ ရုရွား၏ စစ္ဆင္ႏႊဲမႈအေပၚ အိႏိၵယအစိုးရက ၾကားေနရပ္တည္ခဲ့မႈမွာ အမ္ဘာနီ၏ Reliance Industries အတြက္ အက်ဳိးအျမတ္ရွိလာေစခဲ့သည္။

ရုရွားအေပၚ အေနာက္ႏိုင္ငံတို႔က ပိတ္ဆို႔အေရးယူထားမႈေၾကာင့္ Reliance Industries သည္ ရုရွားထံမွ ေရနံစိမ္းမ်ားကို ေစ်းေပါေပါျဖင့္ ဝယ္ယူႏိုင္ခဲ့ကာ သန႔္စင္ခ်က္လုပ္ျပီးေနာက္ အေရွ႕ေတာင္အာရွ ၊ ဥေရာပ ၊ အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားႏိုင္ငံမ်ားသို႔ ေရာင္းခ်ခဲ့ရာမွ မ်ားစြာ ျမတ္စြန္းလ်က္ရွိသည္။

(မူကက္ရွ္အမ္ဘာနီ။ Getty Images)

(အမ္ဘာနီ ေရာင္းခ်လိုက္ေသာ ကြန္ဒိုခန္းမွာ West Village အမွတ္ ၄၀၀ ၊ အေနာက္ ၁၂ လမ္းတြင္ တည္ရွိသည္။ ဓာတ္ပံု- Eilon Paz)

(ဤအေဆာက္အအံုၾကီးကို Superior Ink ဟု လူသိမ်ားသည္။ ဓာတ္ပံု-Eilon Paz)

Superior Ink အေဆာက္အအံုၾကီးတြင္ အထင္ကရပုဂၢိဳလ္ မ်ားစြာေနထိုင္ခဲ့ရာ ရုပ္ရွင္မင္းသမီး Hilary Swank ၊ နာမည္ၾကီး ျပဳိင္ကားေမာင္းသမား Jimmie Johnson ၊ ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္နာ Marc Jacobs ႏွင့္ ဘီလ်ံနာ Leslie Alexander တို႔အပါအဝင္ ျဖစ္သည္။

Leslie Alexander သည္ ဤအေဆာက္အအံုမွ Penthouse ခန္းကို ၂၀၁၀ ျပည့္ႏွစ္အတြင္း ကန္ေဒၚလာ ၃၁ ဒသမ ၅ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

ဤအေဆာက္အအံုၾကီးကို ၂၀၀၉ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျပီး ေနထုိင္သူမ်ားအတြက္ နားေနခန္း ၊ ေယာဂခန္းမ ပါဝင္ေသာ အားကစားေလ့က်င့္ခန္းမ ၊ ကေလးကစားခန္းႏွင့္ စက္ဘီးစီးခန္းတို႔ ပါဝင္သည္။

၁၇ ထပ္ အေဆာက္အအံုျဖစ္ျပီး ၁၉၁၉ ခုႏွစ္က Superior Ink စက္ရံုျဖစ္ခဲ့သည္။

အေဆာက္အအံုကို Robert A.M. Stern Architects က ဒီဇိုင္းေရးဆြဲေပးခဲ့ျပီး အတြင္းပိုင္းမြမ္းမံေပးသည္မွာ Yabu Pushelberg ျဖစ္သည္။

Douglas Elliman အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Gladys Laurie Cooper ျဖစ္ျပီး ဝယ္လက္ဘက္မွ အက်ဳိးေဆာင္မွာ Dolly Lenz Real Estate အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jenny Lenz ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Asia’s richest man sells $9M downtown NYC condo (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service