စင်္ကာပူတွင် မြေနေရာရှားပါးမှုကြောင့် နှစ်ပေါင်း ၁၈၀ ကျော် သက်တမ်းရှိ ဧက ၃၀၀ ကျော် ကျယ်ဝန်းသော မြင်းပြိုင်ကွင်းကြီးကို အများပြည်သူလူနေအိမ်ရာများအဖြစ် ပြောင်းလဲမည်

စင်္ကာပူတွင် မြေနေရာရှားပါးမှုကြောင့် နှစ်ပေါင်း ၁၈၀ ကျော် သက်တမ်းရှိ ဧက ၃၀၀ ကျော် ကျယ်ဝန်းသော မြင်းပြိုင်ကွင်းကြီးကို အများပြည်သူလူနေအိမ်ရာများအဖြစ် ပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
15 Jun 2023 9:04 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူနိုင်ငံသည် မြေနေရာရှားပါးမှုကြောင့် နှစ်ပေါင်း ၁၈၀ ကျော် သက်တမ်းရှိ မြင်းပြိုင်ကွင်းကြီး၏ အခန်းကဏ္ဍကို တစ်ခန်းရပ်ကာ အစိုးရထံ ပြန်အပ်ပြီး အများပြည်သူ နေထိုင်ရာ အိမ်ရာအဖြစ် ပြောင်းလဲသွားရန် စီစဉ်နေသည်။

စင်္ကာပူမှ Turf Club အမည်ရှိ မြင်းပြိုင်ကွင်းတွင် နောက်ဆုံးကျင်းပမည့်ပွဲမှာ လာမည့် ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော အကြိမ် ၁၀၀ မြောက် Grand Singapore Gold Cup ပြိုင်ပွဲ ဖြစ်သည်။

စင်္ကာပူ၏ အနောက်မြောက်ပိုင်း Kranji အရပ်တွင် တည်ရှိပြီး ဧကပေါင်း ၃၀၀ ကျော်ကျယ်ဝန်းရာ ဘောလုံးကွင်းပေါင်း ၂၀၀ ကျော် အကျယ်ခန့်ရှိသည်။

မြင်းပြိုင်ကွင်းကြီးကို ၂၀၂၇ ခုနှစ်တွင် အစိုးရထံ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း စင်္ကာပူဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုးမှု ဝန်ကြီးဌာနတို့က ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။

မြင်းပြိုင်ကွင်းနေရာကို တိုင်းပြည်အနာဂတ်အတွက် လိုအပ်မည့် အများပြည်သူအိမ်ရာများနှင့် အပန်းဖြေနေရာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စင်္ကာပူသည် မြေယာရှားပါးသော မြို့ပြနိုင်ငံဖြစ်ကြောင်း ၊ မျက်မှောက်ခေတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မြေယာအသုံးပြုမှု စီမံကိန်းများကို အစိုးရက အစဉ်တစိုက် သုံးသပ်လျှက်ရှိကြောင်း အနာဂတ်မျိုးဆက်အတွက် လိုအပ်သည့် မြေနေရာလိုအပ်ကြောင်း ဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စင်္ကာပူနိုင်ငံသည် နယူးယောက်မြို့အကျယ်အဝန်းမျှပင် မရှိဘဲ လူနေအလွန်သိပ်သည်းလှပြီး လူဦးရေ ၆ သန်းကျော် နေထိုင်လျက်ရှိသည်။

စင်္ကာပူတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အများပြည်သူအိမ်ရာများတွင် နေထိုင်ကြပြီး မြေကွက်လွတ်မှာ အလွန်ရှားပါးသည်။

မြင်းစီးကလပ်၏ ဥက္ကဌ Niam Chiang Meng က ပြောသည်မှာ မြင်းကွင်းပိတ်သိမ်းရန် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် မိမိတို့ဝမ်းနည်းမိကြောင်း ပြောသည်။

မြင်းစီးကွင်းနေရာသည် တန်ဖိုးရှိသည့် အရင်းအမြစ် နေရာတစ်ခုဖြစ်ပြီး စင်္ကာပူသားတို့၏ လိုအပ်ချက်အပေါ် အထောက်အကူဖြစ်စေနိုင်သည်ကို အသိအမှတ်ပြုကြောင်း နိုင်ငံသားများနှင့် အနာဂတ်မျိုးဆက်တို့အတွက် ပိုမိုကောင်းမွန်သည့် မြေအသုံးပြုမှု ဖြစ်လိမ့်မည်ဖြစ်ကြောင်း Club ဥက္ကဌက ပြောသည်။

(၂၀၁၉ ခုနှစ် ၊ မေလ ၂၅ ရက်က ဤကလပ်တွင် မြင်းစီးသမားများကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- Getty Images)

စင်္ကာပူမြင်းပြိုင်ပွဲသည် ရှည်လျားသည့် သမိုင်းကြောင်းရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြင်းပွဲကြည့်သူ ကျဆင်းမှုများ ရှိသည်။

နတ်ရွာစံသွားပြီဖြစ်သော ဗြိတိန်မှ အဲလစ်ဇဘက်ဘုရင်မကြီးသည် မြင်းပွဲများကို အလွန်နှစ်သက်သူ ဖြစ်သည်။

ယခင်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော စင်္ကာပူတွင် ၁၉၇၂ ခုနှစ်အတွင်း ဘုရင်မကြီး၏ အမည်ဖြင့် ကျင်းပသည့် မြင်းစီးဖလားပွဲသို့ အဲလစ်ဇဘက်ဘုရင်မကြီး လာရောက်ခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံလာရောက်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Space-starved Singapore will end 180 years of horse racing to make way for housing (edition)

[Zawgyi]

စကၤာပူတြင္ ေျမေနရာရွားပါးမႈေၾကာင့္ ႏွစ္ေပါင္း ၁၈၀ ေက်ာ္ သက္တမ္းရွိ ဧက ၃၀၀ ေက်ာ္ က်ယ္ဝန္းေသာ ျမင္းျပိဳင္ကြင္းၾကီးကို အမ်ားျပည္သူလူေနအိမ္ရာမ်ားအျဖစ္ ေျပာင္းလဲမည္

စကၤာပူႏိုင္ငံသည္ ေျမေနရာရွားပါးမႈေၾကာင့္ ႏွစ္ေပါင္း ၁၈၀ ေက်ာ္ သက္တမ္းရွိ ျမင္းျပဳိင္ကြင္းၾကီး၏ အခန္းက႑ကို တစ္ခန္းရပ္ကာ အစိုးရထံ ျပန္အပ္ျပီး အမ်ားျပည္သူ ေနထိုင္ရာ အိမ္ရာအျဖစ္ ေျပာင္းလဲသြားရန္ စီစဥ္ေနသည္။

စကၤာပူမွ Turf Club အမည္ရွိ ျမင္းျပိဳင္ကြင္းတြင္ ေနာက္ဆံုးက်င္းပမည့္ပြဲမွာ လာမည့္ ၂၀၂၄ ခုႏွစ္ ၊ ေအာက္တိုဘာလ ၅ ရက္တြင္ က်င္းပရန္ စီစဥ္ထားေသာ အၾကိမ္ ၁၀၀ ေျမာက္ Grand Singapore Gold Cup ျပိဳင္ပြဲ ျဖစ္သည္။

စကၤာပူ၏ အေနာက္ေျမာက္ပိုင္း Kranji အရပ္တြင္ တည္ရွိျပီး ဧကေပါင္း ၃၀၀ ေက်ာ္က်ယ္ဝန္းရာ ေဘာလံုးကြင္းေပါင္း ၂၀၀ ေက်ာ္ အက်ယ္ခန္႔ရွိသည္။

ျမင္းျပဳိင္ကြင္းၾကီးကို ၂၀၂၇ ခုႏွစ္တြင္ အစိုးရထံ ျပန္လည္အပ္ႏွံမည္ျဖစ္ေၾကာင္း စကၤာပူဘ႑ာေရး ဝန္ၾကီးဌာနႏွင့္ အမ်ဳိးသားဖြ႔ံျဖိဳးမႈ ဝန္ၾကီးဌာနတို႔က ပူးတြဲ ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ထားသည္။

ျမင္းျပဳိင္ကြင္းေနရာကို တုိင္းျပည္အနာဂတ္အတြက္ လုိုအပ္မည့္ အမ်ားျပည္သူအိမ္ရာမ်ားႏွင့္ အပန္းေျဖေနရာမ်ားအျဖစ္ ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း ဝန္ၾကီးဌာနတို႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

စကၤာပူသည္ ေျမယာရွားပါးေသာ ျမဳိ႕ျပႏိုင္ငံျဖစ္ေၾကာင္း ၊ မ်က္ေမွာက္ေခတ္လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီေစရန္ ေျမယာအသံုးျပဳမႈ စီမံကိန္းမ်ားကို အစိုးရက အစဥ္တစိုက္ သံုးသပ္လွ်က္ရွိေၾကာင္း အနာဂတ္မ်ိဳးဆက္အတြက္ လုိအပ္သည့္ ေျမေနရာလိုအပ္ေၾကာင္း ဝန္ၾကီးဌာနတို႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

စကၤာပူႏိုင္ငံသည္ နယူးေယာက္ျမိဳ႕အက်ယ္အဝန္းမွ်ပင္ မရွိဘဲ လူေနအလြန္သိပ္သည္းလွျပီး လူဦးေရ ၆ သန္းေက်ာ္ ေနထိုင္လ်က္ရွိသည္။

စကၤာပူတြင္ လူဦးေရ၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္မွာ အမ်ားျပည္သူအိမ္ရာမ်ားတြင္ ေနထိုင္ၾကျပီး ေျမကြက္လြတ္မွာ အလြန္ရွားပါးသည္။

ျမင္းစီးကလပ္၏ ဥကၠဌ Niam Chiang Meng က ေျပာသည္မွာ ျမင္းကြင္းပိတ္သိမ္းရန္ အစိုးရ၏ ဆံုးျဖတ္ခ်က္အေပၚ မိမိတို႔ဝမ္းနည္းမိေၾကာင္း ေျပာသည္။

ျမင္းစီးကြင္းေနရာသည္ တန္ဖိုးရွိသည့္ အရင္းအျမစ္ ေနရာတစ္ခုျဖစ္ျပီး စကၤာပူသားတို႔၏ လိုအပ္ခ်က္အေပၚ အေထာက္အကူျဖစ္ေစႏိုင္သည္ကို အသိအမွတ္ျပဳေၾကာင္း ႏိုင္ငံသားမ်ားႏွင့္ အနာဂတ္မ်ဳိးဆက္တို႔အတြက္ ပိုမိုေကာင္းမြန္သည့္ ေျမအသံုးျပဳမႈ ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း Club ဥကၠဌက ေျပာသည္။

(၂၀၁၉ ခုႏွစ္ ၊ ေမလ ၂၅ ရက္က ဤကလပ္တြင္ ျမင္းစီးသမားမ်ားကို ေတြ႔ခဲ့ရပံု။ ဓာတ္ပံု- Getty Images)

စကၤာပူျမင္းျပိဳင္ပြဲသည္ ရွည္လ်ားသည့္ သမိုင္းေၾကာင္းရွိေသာ္လည္း လြန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္း ျမင္းပြဲၾကည့္သူ က်ဆင္းမႈမ်ား ရွိသည္။

နတ္ရြာစံသြားျပီျဖစ္ေသာ ျဗိတိန္မွ အဲလစ္ဇဘက္ဘုရင္မၾကီးသည္ ျမင္းပြဲမ်ားကို အလြန္ႏွစ္သက္သူ ျဖစ္သည္။

ယခင္က ျဗိတိသွ်ကိုလိုနီျဖစ္ခဲ့ေသာ စကၤာပူတြင္ ၁၉၇၂ ခုႏွစ္အတြင္း ဘုရင္မၾကီး၏ အမည္ျဖင့္ က်င္းပသည့္ ျမင္းစီးဖလားပြဲသို႔ အဲလစ္ဇဘက္ဘုရင္မၾကီး လာေရာက္ခဲ့ဖူးျပီး ၂၀၀၆ ခုႏွစ္တြင္ ဒုတိယအၾကိမ္ ထပ္မံလာေရာက္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Space-starved Singapore will end 180 years of horse racing to make way for housing (edition)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service