ရုရှားသမ္မတပူတင်၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးက ပူတင်အား ဖင်လန်နိုင်ငံတွင် ငါးဖမ်းအပန်းဖြေရန် ဒေါ်လာ ၃ ဒသမ ၂ သန်းတန် အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့သော်လည်း ပူတင်က ဖင်လန်တွင် ငါးဖမ်းရန် စိတ်မဝင်စားသောကြောင့် အဆိုပါအိမ် ဆောက်လုပ်နေမှု ရပ်တန့်လိုက်ရ

ရုရှားသမ္မတပူတင်၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးက ပူတင်အား ဖင်လန်နိုင်ငံတွင် ငါးဖမ်းအပန်းဖြေရန် ဒေါ်လာ ၃ ဒသမ ၂ သန်းတန် အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့သော်လည်း ပူတင်က ဖင်လန်တွင် ငါးဖမ်းရန် စိတ်မဝင်စားသောကြောင့် အဆိုပါအိမ် ဆောက်လုပ်နေမှု ရပ်တန့်လိုက်ရ - Property News in Myanmar from iMyanmarHouse.com
31 May 2023 10:43 am တွင် တင်ခဲ့သည်
369 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်အား ဖင်လန်နိုင်ငံတွင် ဒေါ်လာသန်းနှင့်ချီကာ တန်ကြေးရှိသော တံငါအိမ်တစ်လုံးက စောင့်ကြိုနေသည်။

သို့သော် ပူတင်က အဆိုပါအိမ်အား မည်သည်အခါမျှ အသုံးပြုဖြစ်ဖွယ်မရှိချေ။

 

 

နေထိုင်သူတစ်ဦးမျှ မရှိဘဲ စွန့်ပစ်ခံထားရသော အပန်းဖြေအိမ်ကြီးမှာ ဖင်လန်နိုင်ငံအရှေ့တောင်ပိုင်း ၊ Saimaa ရေကန်ကြီး၏ ကမ်းစပ်တွင် တည်ရှိသည်။

ပူတင်အတွက် သူ၏ အရင်းနှီးဆုံးမိတ်ဆွေက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၃ ဒသမ ၂ သန်းခန့် ကုန်ကျသွားကြောင်း Insider သတင်းဌာန၏ ရုရှားသတင်းဌာနခွဲက ဖော်ပြသည်။

 

 

၃ ထပ်အဆောက်အအုံဖြစ်ပြီး ဓာတ်လှေကား ၁ စင်း ၊ ဝိုင်သိုလှောင်ခန်း ၊ မြေအောက်ဂိုဒေါင် ၊ Sauna ၊ ရေကူးကန် ၊ ဘိလိယက်ခန်းမ ၊ ရုံးခန်း ၁ ခုနှင့် အိမ်သာ ၈ လုံးပါဝင်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

သတင်းထောက် Sergey Kanev ၏ ပြောကြားချက်အရ စံအိမ်ဆောက်လုပ်မှု အပြီးမသတ်သေးကြောင်း သိရသည်။

ပြီးခဲ့သော ကြာသပတေးနေ့က တင်ခဲ့သော ဗွီဒီယိုအရ သတင်းထောက် Kanev သည် ပိတ်ထားခြင်းမရှိသော တံခါးမှတဆင့် လူသူမရှိသော အိမ်ထဲသို့ ဝင်ခဲ့ပုံကို တွေ့ရသည်။

အိမ်ထဲတွင် ငြမ်းဆင်ထားခြင်းများ ၊ အပုံအပင်ရှိနေသော အိမ်ဆောက်ပစ္စည်းများ ၊ ကြွေပြားများ ၊ လှေကား ၁ စင်း ၊ မီးကြိုးခွေများ ၊ ရေခဲသေတ္တာများနှင့် မတပ်ဆင်ရသေးသော ရေစိမ်ကန်တစ်ခုတို့ကို တွေ့ရသည်။

သေတ္တာပုံးတစ်ခုပေါ်တွင် ရုရှားဘာသာဖြင့် အောက်ပါအတိုင်း ရေးထားသည်ကို တွေ့ရသည်။

“ကျွန်ုပ်၏ ခွင့်ပြုချက်မရှိဘဲ ဤသေတ္တာပုံးများကို မထိရ။”

ထိုအဆောက်အအုံ ဆောက်လုပ်နေစဉ်အတွင်း ဆောက်လုပ်ရေးလုပ်သားများ အမြဲတမ်းအပြောင်းအလဲ ဖြစ်ခဲ့သည်။

၎င်းတို့၏ လုပ်ခနှင့် အလုပ်လုပ်ကိုင်ရသည့် အခြေအနေတို့အပေါ် မကျေနပ်သောကြောင့် အလုပ်ထွက်သွား ကြမှုတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြသည်။

ထိုအိမ်ကို ဆောက်လုပ်ပေးသူမှာ လီနင်ဂရက်ပြည်နယ် တက္ကသိုလ်တွင် ပူတင်၏ အတန်းဖော်ဟောင်းတစ်ဦး ဖြစ်သူ Viktor Khmarin ဖြစ်သည်ဟု ဆိုသည်။

 

 

၎င်းတို့သည် ကောလိပ်တွင် ရှိခဲ့စဉ်က အတူတကွ ကခုန်ခြင်း ၊ နပန်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ ယခုအခါ Khmarin သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ် ကုမ္ပဏီ၏ အထွေထွေညွှန်ကြားရေးမှူးဖြစ်နေပြီး ပူတင်၏ ဝမ်းကွဲညီမတစ်ဦးနှင့် လက်ထပ်ထားသည်။

Khmarin က ဖင်လန်နိုင်ငံတွင် အဆိုပါ တံငါအိမ်ကို ဆောက်လုပ်ရခြင်းမှာ ပူတင်နှင့်အတူ အပန်းဖြေနားနေရန် ဖြစ်သည်ဟုဆိုသည်။

 

 

 

Khmarin သည် ပင်မစံအိမ်အတွက် ဒေါ်လာ ၅၄၁၀၀၀ ၊ လုံခြုံရေးအိမ်အတွက် ဒေါ်လာ ၂၁၆၀၀၀ ၊ အိမ်ဆောက်ပစ္စည်းများအတွက် ဒေါ်လာ ၄၃၂၀၀၀ အပြင် သစ်သားတံတားများ ၊ လူသွားလမ်းများ ၊ တံငါအိမ်တစ်လုံးနှင့် အခြားသော Facilities များအတွက်လည်း ငွေကြေးများ ကုန်ကျခဲ့သည်။

အဆောက်အအုံကို မည်သည့်အချိန်က စတင်ဆောက်လုပ်ခဲ့ခြင်းကို မသိရသော်လည်း ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လမတိုင်ခင်က ဖြစ်သည်။

ပူတင်သည် ယခုအိမ်တည်ရှိရာနှင့် နီးစပ်သော Savonlinna မြို့တွင် ဖင်လန်သမ္မတ Sauli Niinisto နှင့် ထိုကာလက တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပူတင်က ဖင်လန်သမ္မတနှင့် တွေ့ဆုံနေစဉ်အတွင်း Khmarin လက်ထောက်တစ်ဦးက တံငါအိမ်ရှိရာသို့ ရောက်ရှိလာခဲ့ပြီး ဆောက်လုပ်ရေးသမားများကို အိမ်ဆောက်လုပ်နေမှု ရပ်ဆိုင်းရန် ပြောခဲ့ပြီး သမ္မတပူတင်က ဖင်လန်တွင် ငါးဖမ်းရန် စိတ်မဝင်စားကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: One of Putin's closest friends built him a $3.2 million fishing villa in Finland, then had to scrap it when the Russian leader showed up and wasn't keen on fishing in the country: report (theins, businessinsider)

 

 

 

[Zawgyi]

ရုရွားသမၼတပူတင္၏ အရင္းႏွီးဆံုးမိတ္ေဆြတစ္ဦးက ပူတင္အား ဖင္လန္ႏိုင္ငံတြင္ ငါးဖမ္းအပန္းေျဖရန္ ေဒၚလာ ၃ ဒသမ ၂ သန္းတန္ အိမ္တစ္လံုးေဆာက္လုပ္ေပးခဲ့ေသာ္လည္း ပူတင္က ဖင္လန္တြင္ ငါးဖမ္းရန္ စိတ္မဝင္စားေသာေၾကာင့္ အဆိုပါအိမ္ ေဆာက္လုပ္ေနမႈ ရပ္တန္႔လိုက္ရ

 

ရုရွားေခါင္းေဆာင္ ဗလာဒီမာပူတင္အား ဖင္လန္ႏိုင္ငံတြင္ ေဒၚလာသန္းႏွင့္ခ်ီကာ တန္ေၾကးရွိေသာ တံငါအိမ္တစ္လံုးက ေစာင့္ၾကိဳေနသည္။

သို႔ေသာ္ ပူတင္က အဆိုပါအိမ္အား မည္သည္အခါမွ် အသံုးျပဳျဖစ္ဖြယ္မရွိေခ်။

ေနထိုင္သူတစ္ဦးမွ် မရွိဘဲ စြန္႔ပစ္ခံထားရေသာ အပန္းေျဖအိမ္ၾကီးမွာ ဖင္လန္ႏိုင္ငံအေရွ႕ေတာင္ပိုင္း ၊ Saimaa ေရကန္ၾကီး၏ ကမ္းစပ္တြင္ တည္ရွိသည္။

ပူတင္အတြက္ သူ၏ အရင္းႏွီးဆံုးမိတ္ေဆြက ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ျပီး ေဒၚလာ ၃ ဒသမ ၂ သန္းခန္႔ ကုန္က်သြားေၾကာင္း Insider သတင္းဌာန၏ ရုရွားသတင္းဌာနခြဲက ေဖာ္ျပသည္။

၃ ထပ္အေဆာက္အအံုျဖစ္ျပီး ဓာတ္ေလွကား ၁ စင္း ၊ ဝိုင္သိုေလွာင္ခန္း ၊ ေျမေအာက္ဂိုေဒါင္ ၊ Sauna ၊ ေရကူးကန္ ၊ ဘိလိယက္ခန္းမ ၊ ရံုးခန္း ၁ ခုႏွင့္ အိမ္သာ ၈ လံုးပါဝင္ေၾကာင္း အဆိုပါ သတင္းဌာနက ေဖာ္ျပသည္။

သတင္းေထာက္ Sergey Kanev ၏ ေျပာၾကားခ်က္အရ စံအိမ္ေဆာက္လုပ္မႈ အျပီးမသတ္ေသးေၾကာင္း သိရသည္။ ျပီးခဲ့ေသာ ၾကာသပေတးေန႔က တင္ခဲ့ေသာ ဗြီဒီယိုအရ သတင္းေထာက္ Kanev သည္ ပိတ္ထားျခင္းမရွိေသာ တံခါးမွတဆင့္ လူသူမရွိေသာ အိမ္ထဲသို႔ ဝင္ခဲ့ပံုကို ေတြ႔ရသည္။

အိမ္ထဲတြင္ ျငမ္းဆင္ထားျခင္းမ်ား ၊ အပံုအပင္ရွိေနေသာ အိမ္ေဆာက္ပစၥည္းမ်ား ၊ ေၾကြျပားမ်ား ၊ ေလွကား ၁ စင္း ၊ မီးၾကိဳးေခြမ်ား ၊ ေရခဲေသတၱာမ်ားႏွင့္ မတပ္ဆင္ရေသးေသာ ေရစိမ္ကန္တစ္ခုတို႔ကို ေတြ႔ရသည္။

ေသတၱာပံုးတစ္ခုေပၚတြင္ ရုရွားဘာသာျဖင့္ ေအာက္ပါအတုိင္း ေရးထားသည္ကို ေတြ႔ရသည္။

“ကၽြႏု္ပ္၏ ခြင့္ျပဳခ်က္မရွိဘဲ ဤေသတၱာပံုးမ်ားကို မထိရ။” ထိုအေဆာက္အအံု ေဆာက္လုပ္ေနစဥ္အတြင္း ေဆာက္လုပ္ေရးလုပ္သားမ်ား အျမဲတမ္းအေျပာင္းအလဲ ျဖစ္ခဲ့သည္။ ၎တို႔၏ လုပ္ခႏွင့္ အလုပ္လုပ္ကိုင္ရသည့္ အေျခအေနတို႔အေပၚ မေက်နပ္ေသာေၾကာင့္ အလုပ္ထြက္သြား ၾကမႈတုိ႔ေၾကာင့္ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

ထိုအိမ္ကို ေဆာက္လုပ္ေပးသူမွာ လီနင္ဂရက္ျပည္နယ္ တကၠသိုလ္တြင္ ပူတင္၏ အတန္းေဖာ္ေဟာင္းတစ္ဦး ျဖစ္သူ Viktor Khmarin ျဖစ္သည္ဟု ဆိုသည္။ ၎တို႔သည္ ေကာလိပ္တြင္ ရွိခဲ့စဥ္က အတူတကြ ကခုန္ျခင္း ၊ နပန္းသတ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

Forbes မဂၢဇင္း၏ ေဖာ္ျပခ်က္အရ ယခုအခါ Khmarin သည္ ရုရွားႏိုင္ငံ၏ အၾကီးမားဆံုး ေရအားလွ်ပ္စစ္ ကုမၸဏီ၏ အေထြေထြညႊန္ၾကားေရးမွဴးျဖစ္ေနျပီး ပူတင္၏ ဝမ္းကြဲညီမတစ္ဦးႏွင့္ လက္ထပ္ထားသည္။

Khmarin က ဖင္လန္ႏိုင္ငံတြင္ အဆိုပါ တံငါအိမ္ကို ေဆာက္လုပ္ရျခင္းမွာ ပူတင္ႏွင့္အတူ အပန္းေျဖနားေနရန္ ျဖစ္သည္ဟုဆိုသည္။

Khmarin သည္ ပင္မစံအိမ္အတြက္ ေဒၚလာ ၅၄၁၀၀၀ ၊ လံုျခံဳေရးအိမ္အတြက္ ေဒၚလာ ၂၁၆၀၀၀ ၊ အိမ္ေဆာက္ပစၥည္းမ်ားအတြက္ ေဒၚလာ ၄၃၂၀၀၀ အျပင္ သစ္သားတံတားမ်ား ၊ လူသြားလမ္းမ်ား ၊ တံငါအိမ္တစ္လံုးႏွင့္ အျခားေသာ Facilities မ်ားအတြက္လည္း ေငြေၾကးမ်ား ကုန္က်ခဲ့သည္။

အေဆာက္အအံုကို မည္သည့္အခ်ိန္က စတင္ေဆာက္လုပ္ခဲ့ျခင္းကို မသိရေသာ္လည္း ၂၀၁၇ ခုႏွစ္ ၊ ဇူလိုင္လမတိုင္ခင္က ျဖစ္သည္။

ပူတင္သည္ ယခုအိမ္တည္ရွိရာႏွင့္ နီးစပ္ေသာ Savonlinna ျမဳိ႕တြင္ ဖင္လန္သမၼတ Sauli Niinisto ႏွင့္ ထုိကာလက ေတြ႔ဆံုခဲ့ျခင္း ျဖစ္သည္။

ပူတင္က ဖင္လန္သမၼတႏွင့္ ေတြ႔ဆံုေနစဥ္အတြင္း Khmarin လက္ေထာက္တစ္ဦးက တံငါအိမ္ရွိရာသို႔ ေရာက္ရွိလာခဲ့ျပီး ေဆာက္လုပ္ေရးသမားမ်ားကို အိမ္ေဆာက္လုပ္ေနမႈ ရပ္ဆုိင္းရန္ ေျပာခဲ့ျပီး သမၼတပူတင္က ဖင္လန္တြင္ ငါးဖမ္းရန္ စိတ္မဝင္စားေၾကာင္း ေျပာခဲ့သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: One of Putin's closest friends built him a $3.2 million fishing villa in Finland, then had to scrap it when the Russian leader showed up and wasn't keen on fishing in the country: report (theins, businessinsider)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service