မြေငှါးဂရန်ပျောက်လို့ စိတ်မညစ်ပါနှင့် မြေငှါးဂရန်မိတ္တူ ထုတ်ယူလို့ရတယ်

မြေငှါးဂရန်ပျောက်လို့ စိတ်မညစ်ပါနှင့် မြေငှါးဂရန်မိတ္တူ ထုတ်ယူလို့ရတယ် - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2023 3:10 pm တွင် တင်ခဲ့သည်
894 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အမည်ပေါက် အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက ဘယ်လိုဆောင်ရွက်ရမည်ကို မသိရှိကြပေ။ ဟိုလူမေး၊ ဒီလူမေးရင်းနောက်ဆုံး မကျွမ်းကျင်သော ပွဲစားများဖြင့် တွေ့ဆုံပြီး အလိမ်ခံကြရတာကို များစွာ တွေ့ရပါတယ်။ အဲဒီလို မဖြစ်စေရန် ဂရန် မိတ္တူမှန် ရရှိမဲ့ နည်းလမ်းကောင်းကို မောင်ကောင်းဖေ ရှာဖွေတင်ပြလိုက်ပါတယ်။

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ။

- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့

အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ

(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)

(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း

(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)

(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ

(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။

(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။

(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်

(အမည်ပေါက်သေးဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ဒီနေရာ မောင်ကောင်းဖေ ပြောဖို့ ကျန်နေတယ်။ ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက် ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ မောင်ကောင်းဖေ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်

သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။

စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။ စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။ ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

 

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း

(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။ မြေငှါး (ဂရန်) မိတ္တူမှန် လက်ဝယ်ကိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေ။။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ေျမငွါးဂရန္ေပ်ာက္လို႕ စိတ္မညစ္ပါနွင့္ ေျမငွါးဂရန္မိတၱဴ ထုတ္ယူလို႕ရတယ္

 

ေျမငွါးဂရန္ေပ်ာက္သူေတာ္ေတာ္မ်ားမ်ားဟာ မိမိတို႔ အမည္ေပါက္ အႏွစ္ (၃၀) ဂရန္၊ အႏွစ္(၆၀) ဂရန္မ်ား ေပ်ာက္ဆုံးသြားပါက ဘယ္လိုေဆာင္႐ြက္ရမည္ကို မသိ႐ွိၾကေပ။ ဟိုလူေမး၊ ဒီလူေမးရင္းေနာက္ဆုံး မကြၽမ္းက်င္ေသာ ပြဲစားမ်ားျဖင့္ ေတြ႕ဆုံၿပီး အလိမ္ခံၾကရတာကို မ်ားစြာ ေတြ႕ရပါတယ္။ အဲဒီလို မျဖစ္ေစရန္ ဂရန္ မိတၱဴမွန္ ရရွိမဲ့ နည္းလမ္းေကာင္းကို ေမာင္ေကာင္းေဖ ႐ွာေဖြတင္ျပလိုက္ပါတယ္။

အိုးအိမ္ဂရန္လား၊ စည္ပင္ဂရန္လား ခြဲျခားသိပါ။

- မိမိေပ်ာက္ဆုံးတဲ့ ေျမငွါးဂရန္မိတၱဴကို အိုးအိမ္ဦးစီးဌာနက ထုတ္ေပးထားတဲ့ ေျမဂရန္လား၊ ဒါမွမဟုတ္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ထုတ္ေပးထားတဲ့ ဂရန္လား အေသအခ်ာၾကည့္ရပါမယ္။ ရန္ကုန္ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈဌာနက ထုတ္ေပးထားတဲ့ ဂရန္မွာေတာ့ (၂) မ်ိဳး ခြဲျခားၿပီး သိရပါမယ္။

(က) ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာနယ္နမိတ္အတြင္းမွာ ေနထိုင္သူမ်ားရဲ႕ ေျမဂရန္ေတြကို ယခင္က ရန္ကုန္ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရးဦးစီးဌာနက ထုတ္ေပးခဲ့ပါတယ္။ ယခုအခါ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက လႊဲေျပာင္းလက္ခံေဆာင္႐ြက္ေပးပါတယယ္။ ဒါေၾကာင့္ အိမ္ဂရန္ ေပ်ာက္တာ ဆိုလွ်င္ေတာ့၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈဌာနမွာ သြားေရာက္ ေလွ်ာက္ထားရပါမယ္။ ဂရန္ေပ်ာက္ စတင္ေလွ်ာက္ထားတဲ့ ေနရာကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ (၄၆-လမ္း) မွာ ေလွ်ာက္ရမွာျဖစ္ပါတယ္။ ႐ုံးဖြင့္တဲ့ သတ္မွတ္ေန႔ရက္မွာ ေလွ်ာက္လို႔ ရပါတယ္။

(ခ) ဒုတိယအခ်က္ကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နိမိတ္အတြင္းမွာ႐ွိတဲ့ စက္မႈဇုန္ေျမကြက္ ဂရန္ေတြကိုေတာ့ ေနျပည္ေတာ္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန (႐ုံးခ်ဳပ္) မွာ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

ေျမငွါးစာခ်ဳပ္ (ဂရန္) ေပ်ာက္ဆုံး/ပ်က္စီးရင္ ဂရန္မိတၱဴထုတ္ေပးရန္ေလွ်ာက္ထားရာမွာ ယူေဆာင္သြားရမယ့္ လိုအပ္ခ်က္မ်ားကေတာ့

အႏွစ္ (၃၀) / အႏွစ္ (၆၀) / ေျမငွါးစာခ်ဳပ္ / အိမ္ဂရန္ေလွ်ာက္ရင္ လိုအပ္ခ်က္မ်ား

(၁) ႏိုင္ငံသားကတ္ျပားမိတၱဴ / အမ်ိဳးသားမွတ္ပုံတင္မိတၱဴ (မူရင္းျပရမည္)

(၂) အမည္ေပါက္ကိုယ္တိုင္ေလွ်ာက္ထားျခင္း

(၃) ေျမငွါး (ဂရန္) စာခ်ဳပ္အမွန္တကယ္ ေပ်ာက္ဆုံး / ပ်က္စီးေၾကာင္း တရား႐ုံးက်မ္းက်ိန္လႊာ (မူရင္း) ေနာက္ဆုံးေပးေဆာင္ထားတဲ့ ေျမခြန္ေျပစာ (မူရင္း)

(၄) မွတ္ပုံတင္ စာခ်ဳပ္စာတမ္းမ်ား

(၅) တရားစြဲလို႔ အႏိုင္ရခဲ့တဲ့ ဂရန္ျဖစ္ရင္ တရား႐ုံး အမိန္႔ဒီဂရီတို႔အျပင္ အိမ္ေျမ ေျမငွါး ဂရန္ပ်က္စီးသြားေၾကာင္း မိမိေနထိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးက မွန္ကန္ေၾကာင္း ေထာက္ခံခ်က္ ထုတ္ေပးပါတယ္။

(၆) အဲ့ဒီမွန္ကန္ေၾကာင္း ေထာက္ခံခ်က္ကို မိမိေနထိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ စခန္းမွာ သြားေရာက္ၿပီး မွန္ကန္ေၾကာင္း ထပ္ဆင့္ ေထာက္ခံခ်က္ လက္မွတ္ေရးထိုးေပးရန္ ေလွ်ာက္ထားရပါမယ္။

(၇) ေပ်ာက္ဆုံးျခင္းျဖစ္ပါက ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္ ပါ႐ွိရပါတယ္။ အဲဒီေထာက္ခံခ်က္မ်ား ရၿပီးရင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွာ ဆက္ေလွ်ာက္ရပါမယ္။

 

႐ွင္းလင္းခ်က္

(အမည္ေပါက္ေသးဆုံးရင္ က်န္ရစ္သူ ဇနီး/ ခင္ပြန္း (သို႔မဟုတ္) ဇနီး / ခင္ပြန္း ေသဆုံးရင္ သား(သို႔) သမီး မ်ားက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါတယ္။ ၿမိဳ႕ေတာ္စည္ပင္ေျမယာဌာနမွာ အေမြဆက္ခံပ္ိုင္ဆိုင္ေၾကာင္း ေျမပုံ/ ေျမရာဇဝင္ ကူးရပါမယ္။ အဲဒီလို ေျမပုံကူးတဲ့အခါ ။ ေျမအမည္ေပါက္သူရဲ႕ ဇနီး (သို႔) ခင္ပြန္းတို႔အား အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း တရား႐ုံးက တရားသူႀကီးေ႐ွ႕မွာ က်မ္းက်ိန္လုပ္ရပါတယ္။ ထို႔အတူ ေျခရင္းေခါင္းရင္း (သို႔) တစ္လမ္းတည္းေန သူတို႔ကလည္း ေျမအမည္ေပါက္သူႏွင့္ ဇနီး / ခင္ပြန္းေတာ္စပ္ေၾကာင္း ေသဆုံးသည္မွာ မွန္ကန္ေၾကာင္း တရား႐ုံးမွာ က်မ္းက်ိန္ျပဳလုပ္ေပးရပါမယ္။ ေျမအမည္ေပါက္သူ မိဘႏွစ္ပါးလုံးမ႐ွိလွ်င္ က်န္ရစ္ေသာ သားသမီးမ်ားက အထက္ပါတိုင္း က်မ္းက်ိန္ရပါမယ္။

ဒီေနရာ ေမာင္ေကာင္းေဖ ေျပာဖို႔ က်န္ေနတယ္။ က်မ္းက်ိန္တယ္ဆိုတာ ဗုဒၶဘာသာဝင္ေတြ အတြက္ ျဖစ္တယ္။ ခရစ္ယာန္ဘာသာဝင္ႏွင့္ မြတ္စလင္ဘာသာဝင္မ်ားအတြက္ေတာ့ က်မ္းက်ိန္လို႔မရပဲ ကတိသစၥာျပဳလႊာ လို႔ေရးပါမယ္။ ဒါ့အျပင္ ေျမအမည္ေပါက္ကြယ္လြန္သူဟာ သူေသရင္ ဘယ္သူ႕ကို ေပးပါဆိုတဲ့ ေသးတမ္းစာေရးသားခဲ့ျခင္း မ႐ွိဘူးဆိုတာ ထည့္သြင္း ကတိသစၥာျပဳရပါမယ္။ ေမာင္ေကာင္းေဖ ယခု႐ွင္းျပေနတာေတြကေတာ့ အမည္ေပါက္ ကိုယ္တိုင္ေသဆုံးခဲ့ရင္ က်န္ရစ္သူမ်ားက ေလွ်ာက္ထားပုံကို ႐ွင္းျပတာ ျဖစ္ပါတယ္။

စီစစ္ထုတ္ေပးျခင္း တရားဝင္ေသတမ္းစာေရးခဲ့ရင္ ေသတမ္းစာမွာပါအရ အေမြဆက္ခံသူက အထက္ပါအတိုင္း ကတိျပဳရမယ္။ ေျမငွါးဂရန္စာခ်ဳပ္ မိတၱဴကို မူလအမည္ေပါက္ျဖင့္ပင္ ထုတ္ေပးပါတယ္။ ေျမငွါး ဂရန္မိတၱဴထုတ္ေပးရာမွာ ေျမယာဌာနက ေအာက္ပါအတိုင္းေဆာင္႐ြက္ေပးပါတယ္။

ေဆာင္႐ြက္ပုံအဆင့္ဆင့္

သတ္မွတ္ထားေသာ ပုံစံကို အိမ္ဂရန္ေပ်ာက္လ်င္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ ေျမယာဌာန သြားရမယ္။

စက္မႈဂရန္ေပ်ာက္ဆုံးပါက ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာန (ေျမႏွင့္အခြန္) ဌာနတို႔မွာ ပုံစံဝယ္ယူၿပီး ယင္းပုံစံမွာ ျဖည့္သြင္းရပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ သက္ဆိုင္ရာစာခ်ဳပ္စာတမ္း အေထာက္အထားမ်ားကို တင္ျပရမယ္။ သတ္မွတ္ထားတဲ့ စာ႐ြက္စာတမ္းမ်ား ျပည့္စုံမႈ႐ွိ မ႐ွိ သက္ဆိုင္ရာေျမငွါးဂရန္ မိတၱဴ ေလွ်ာက္တဲ့ ၿမိဳ႕နယ္က ဌာနစုမႉးက မွန္ကန္မႈ႐ွိ မ႐ွိ မူရင္းမ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးၾကည့္ပါတယ္။ မွန္ကန္မႈ႐ွိရင္ မူရင္းမ်ားကို ျပန္ေပးၿပီး အမႈတြဲကို လက္မွတ္ထိုးၿပီး လက္ခံပါတယ္။

သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးနဲ႔ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔မွာ ေၾကာ္ျငာကပ္ရမယ္ ကန္႔ကြက္ရန္ ႐ွိ မ႐ွိ ေၾကာ္ျငာစာ႐ြက္ (၄)႐ြက္ကိုပါ တစ္ပါတည္းထည့္ေပးလိုက္ပါတယ္ ။ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမႉးတို႔က လက္ခံရ႐ွိေၾကာင္း လက္မွတ္ေရးထိုးၿပီး စည္းတံဆိပ္ႏွိပ္ေပးပါလိမ့္မယ္။ စာ႐ြက္ (၄) ႐ြက္ကေတာ့ မိမိလက္ခံက တစ္ေစာင္ ၊ ရပ္ကြက္႐ုံးတစ္ေစာင္ ႏွင့္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ေၾကာ္ျငာကပ္ဖို႔ (တစ္ေစာင္) ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ေျမယာဌာနကို ျပန္ပို႔ေပးရမယ့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးတို႔က စည္းတံဆိပ္နဲ႔ လက္မွတ္ပါတဲ့ ကန္ကြက္ႏိုင္ေၾကာင္း တစ္ေစာင္ ျဖစ္ပါတယ္။ လက္မွတ္ထိုးၿပီး ေၾကာ္ျငကို (၇) ရက္ျပည့္ရင္ ျမိဳ႕ေတာ္ခန္းမ ေျမယာဌာနကို ျပန္ပို႔ရပါတယ္။

ေၾကးမုံ/ ျမန္မာ့ အလင္း သတင္းစားမ်ားတြင္ (၇)ရက္အတြင္း ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာေပးျခင္း ကို ျပဳလုပ္ရပါတယ္။ ေျမယာဌာနက ေျမတိုင္းဆင္းၿပီး ကြင္းဆင္းၾကည့္႐ႈမယ္။ ေျမျပင္ေတြ႕႐ွိခ်က္နဲ႔ ေလွ်ာက္ထားမႈက မွန္ကန္မႈ႐ွိ မ႐ွိ အဆင့္ဆင့္တင္ျပပါတယ္။ ေန႔စဥ္ထုတ္ျမန္မာ့အလင္းနဲ႔ ေၾကးမုံသတင္းစာတို႔မွာလည္း ေျမငွါးဂရန္ မိတၱဴေလွ်ာက္ထားမႈနဲ႔ ပတ္သတ္လို႔ ကန္႔ကြက္သူ ႐ွိမ႐ွိ ေၾကာ္ျငာေပးရပါတယ္။ ကန္႔ကြက္သူ႐ွိမ႐ွိ ေစာင့္ၾကည့္ရပါတယ္။ တရား႐ုံးတြင္ အမႈအခင္းမ်ား ကင္း႐ွင္းၿပီး ေျမျပင္တြင္ ျပႆနာတစ္စုံတစ္ရာမ႐ွိပါက သတ္မွတ္ဝန္ေဆာင္ခ ေပးသြင္းရပါတယ္။ ကန္႔ကြက္သူမ႐ွိရင္ ေျမငွါးဂရန္ မိတၱဴထုတ္ေပးဖို႔ အဆင့္ဆင့္ေဆာင္႐ြက္ေပးပါတယ္။ ကန္႔ကြက္သူ႐ွိရင္လည္း ဘာေၾကာင့္ကန္႔ကြက္ရေၾကာင္း အေထာက္အထားခိုင္လုံစြာနဲ႔ ၿမိဳ႕ေတာ္ခန္းမမွာ လာေရာက္ ေလွ်ာက္ထားရပါတယ္။ လိုအပ္ရင္ ေျမယာ ဌာနမႉးက ႏွစ္ဘက္ေခၚယူေတြ႕ဆုံ ညႇိႏိႈင္းေဆာင္႐ြက္ေပးပါတယ္။ ဒါေၾကာင့္ ရန္ကုန္စည္ပင္သာယာ ေျမနည္းဥပေဒ အပိုဒ္ (၂၅) အရ ကန္႔ကြက္ရန္ေၾကာ္ျငာ တစ္လထုတ္ရျခင္း ျဖစ္ပါတယ္။

 

တိုက္ဆိုင္စစ္ေဆးၿပီး ဂရန္ထုတ္ေပးျခင္း

(က) တစ္လထုတ္ျပန္ၿပီးပါက ေျမစာရင္းႏွင့္ ေလွ်ာက္ထားသူရဲ႕ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ား တိုက္ဆိုင္စစ္ေဆးျခင္း တရား႐ုံးက အႏိုင္ရသူျဖစ္ပါက တရား႐ုံး အမိန္႔ဒီဂရီ မ်ားႏွင့္ တိုက္ဆိုင္ စစ္ေဆးျခင္း

(ခ) ၁၉၈၇ ခုႏွစ္ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းကန္႔သတ္သည့္ ဥပေဒႏွင့္ ၿငိစြန္းမႈ ႐ွိ/ မ႐ွိ စစ္ေဆးျခင္း။

(ဂ) ျပည့္စုံမွန္ကန္ပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ ဂရန္ထုတ္ေပးေရး ဘုတ္အဖြဲ႕သို႔ တင္ျပရပါတယ္။ ျပည့္စုံမွန္ကန္ေၾကာင္း ဘုတ္အဖြဲ႕က ခြင့္ျပဳခ်က္ရ႐ွိရင္ ေျမငွါးဂရန္ စာခ်ဳပ္မိတၱဴ ထုတ္ေပးႏိုင္ရန္ ဌာနတြင္ သတ္မွတ္သည့္ ေျမငွါးခေငြ ေပးသြင္းၿပီးရင္ ေျမငွါးဂရန္ မိတၱဴ ထုတ္ယူလို႔ရပါၿပီ။

ဒါေၾကာင့္ ေျမငွါးဂရန္ ေပ်ာက္ရင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈ ဌာနႏွင့္ ရႏ္ုကုန္/ ေနျပည္ေတာ္ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနတို႔မွာ ေျမငွါးဂရန္မိတၱဴကို ကိုယ္တိုင္သြားေရာက္ေလွ်ာက္လို႔ရပါၿပီ။ ေျမငွါး (ဂရန္) မိတၱဴမွန္ လက္ဝယ္ကိုင္ၿပီး ေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service