ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera မှ ဒရမ်သမား ဗင်နီပေါလ်၏ တက္ကဆက်ပြည်နယ်မှစံအိမ် အမည်မသိ ဝယ်လက်တစ်ဦးမှ ဝယ်ယူသွားပြီးနောက် ဖြိုချခံရ

ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera မှ ဒရမ်သမား ဗင်နီပေါလ်၏ တက္ကဆက်ပြည်နယ်မှစံအိမ် အမည်မသိ ဝယ်လက်တစ်ဦးမှ ဝယ်ယူသွားပြီးနောက် ဖြိုချခံရ - Property News in Myanmar from iMyanmarHouse.com
17 May 2023 11:57 am တွင် တင်ခဲ့သည်
798 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ဟဲဗီးမက်တယ်နှင့် Thrash Metal တေးဂီတအဖွဲ့ကြီး Pantera မှ ဒရမ်သမားဖြစ်သူ ဗင်နီ ပေါလ် တချိန်က ပ်ိုင်ဆိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အာလင်တန်မြို့မှ စတုရန်းပေ ၃၇၈၄ ကျယ်ဝန်းကာ အိမ်ခန်း ၄ ခန်းပါသည့် စံအိမ်ကို ၂၀၂၂ ခုနှစ် ၊ ဧပြီလအတွင်း အမည်မသိ ဝယ်လက်တစ်ဦးက ဝယ်ယူသွားသည်။

(မှတ်ချက်။ အဆိုပါစံအိမ် အရောင်းဈေးကွက်တင်ခဲ့သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

Texas Best Home Buyers တည်ထောင်သူ အိမ်ခြံမြေအကျိုးဆောင် ခရစ် ဂျွန်စတန်(Chris Johnston) က ပြောသည်မှာ ဗင်နီပေါလ်၏ စံအိမ်အကြောင်း The Dallas Morning News သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီးနောက်ပိုင်း စိတ်ဝင်စားသူ အလွန်တရာများပြားခဲ့ကြောင်းပြောသည်။

ဂျွန်စတန်၏ ပြောကြားချက်အရ ဝယ်ယူသွားသူမှာ အမည်မဖော်ပြလိုသည့် ဆန္ဒရှိကြောင်း ၊ ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၇၅၀၀၀၀ အောက် အနည်းငယ်နည်းပါးသော ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း ပြောခဲ့ပြီး ဈေးနှုန်းအတိအကျကိုမူ ၎င်းက မပြောခဲ့ချေ။

ဂိတ်ဝန်းခတ်ထားသော တောင်ကုန်းထိပ်စံအိမ်ဖြစ်ပြီး ခြံအကျယ် တစ်ဧကခွဲရှိကာ ၁၉၉၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စံအိမ်အတွင်း အန္တရာယ်မှ ပုန်းခိုနိုင်သည့် လျှို့ဝှက်အခန်းတစ်ခန်းပါဝင်ပြီး စာအုပ်စင်တစ်ခုနောက်မှ ဝင်ရခြင်း ဖြစ်သည်။ ထို့အပြင် ဂိမ်းကစားခန်း ၂ ခန်း၊ ရေကူးကန်၊ Spa နှင့် Sauna တို့လည်း ပါဝင်သည်။

ခြံဝန်းအတွင်း ကြီးမားသော ရေကူးကန် ၊ Spa နှင့် Sauna တို့ရှိသည်။

(Pantera အဖွဲ့ကြီးကို ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ။ ဝဲမှယာ-ဘေ့စ်ဂီတာသမား Rex Brown ၊ အဆိုတော် Philip Anselmo ၊ ဒရမ်သမား Vinnie Paul နှင့်ဂစ်တာသမား Dimebag Darrell)

ဂစ်တာသမား Dimebag Darrell သည် ၂၀၀၄ ခုနှစ်အတွင်း အိုဟိုင်းအိုးပြည်နယ်တွင် စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသည်။

(မှတ်ချက်။ Dimebag Darrell ပစ်သတ်ခံခဲ့ရပုံကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

((ဗင်နီပေါလ်၏ စံအိမ်ဖြိုဖျက်ခံရခြင်း ))

ဗင်နီပေါလ်စံအိမ်ကို အမည်မသိ ဝယ်လက်က ဝယ်ယူသွားပြီးနောက် ရက်သတ္တအနည်းငယ်အကြာတွင် ဖြိုချခြင်း ခံလိုက်ရသည်။

ဗင်နီပေါလ်၏ စံအိမ်ဖြိုချခံရမှုမှာ သူ၏ ပရိသတ်များအတွက် ကြေကွဲနာကျင်ဖွယ်ရာ သတင်းတစ်ရပ် ဖြစ်ခဲ့သည်။

စံအိမ်ရောင်းချပြီးနောက်ပိုင်း သူ၏ပစ္စည်းပေါင်း ၇၀၀ ကျော်ကိုလည်း လေလံတင်ရောင်းချခဲ့ရာ Pantera ၊ Damageplan နှင့် Hellyeah အဖွဲ့များတွင် တီးခတ်စဉ်က အသုံးပြုခဲ့သော drum kits များ ၊ ဂစ်တာများ ၊ ဆုတံဆိပ်များ ၊ အဝတ်အစားများ ၊ အနုပညာလက်ရာများအပြင် ဗင်နီပေါလ်သည် ဟော့ကီ ၊ ဘောလုံးနှင့် ဘေ့စ်ဘောတို့ကိုလည်း စိတ်ဝင်စားသူဖြစ်ရာ အားကစားဆိုင်ရာ အမှတ်တရပစ္စည်းများစွာလည်း ပါဝင်သည်။

Avenged Sevenfold အဖွဲ့ကြီးမှ အဆိုတော် M.Shadows က ဗင်နီပေါလ်၏ ပရိသတ်များ စုပေါင်းကာ အဆိုပါအိမ်ကို ဝယ်ယူကြရန် လူမှုကွန်ရက်မှတဆင့် တိုက်တွန်းခဲ့ဖူးသည်။ ပရဟိတအဖွဲ့တစ်ခုဖြစ်သော Ride For Dime ၏ ဒါရိုက်တာဟောင်း Derek Walker က သူ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ဗင်နီပေါလ်၏ စံအိမ် ဖြိုချခံခဲ့ရသည့် ဓာတ်ပုံများ တင်ခဲ့ဖူးသည်။

“တကယ့်ကို ရင်ကွဲစရာပါပဲ။ ဗင်နီပေါလ်ရဲ့အိမ်က ဒီလိုဖြစ်သွားပါပြီ။ ဒီအိမ်ဟာ ဟဲဗီးမက်တယ်ရဲ့အထိမ်းအမှတ်နေရာဖြစ်ရုံသာမက Pantera ရဲ့ အဓိက ရော့ခ်ဂီတ အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။”

((Pantera ဘာလဲ))

Pantera သည် အမေရိကန် Heavy Metal အဖွဲ့ကြီးဖြစ်ပြီး တက္ကဆပ်ပြည်နယ် ၊ Arlington မြို့တွင် ၁၉၈၁ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။

Pantera ၏ အမြဲတမ်းအမာခံ ဝိုင်းသား ၂ ဦးမှာ ဒိုင်းဘက်ဂ် (ဂစ်တာ) နှင့် Vannie Paul တို့ ညီအစ်ကို နှစ်ဦးဖြစ်ပြီး ကျန်အဖွဲ့သားများမှာ အပြောင်းအလဲများ ရှိခဲ့သည်။

Pantera သည် ၁၉၈၀ ပြည့်လွန်ကာလများမှ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ ကျော်ကြားခဲ့သော Trash Metal ဒုတိယလှိုင်းတွင် Tastament ၊ Sepultura ၊ Machine Head အဖွဲ့များနှင့်အတူ ပါဝင်ခဲ့သည်။

Pantera သည် Heavy Metal ဂီတသမိုင်းတွင် အောင်မြင်မှုအရဆုံးနှင့် သြဇာအလွှမ်းမိုးဆုံးအဖွဲ့များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၀ ခန့် ရောင်းချထားရပြီး ဂရမ်မီဆု ဇကာတင်စာရင်း ၄ ကြိမ်ပါဝင်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်တွင် Pantera အဖွဲ့သားအချို့သည် အဖွဲ့၏ ဂီတလှုပ်ရှားမှုအပြင် အခြားဂီတလှုပ်ရှားမှုများလည်း လုပ်ဆောင်လာခဲ့သည်။

နောင် ၃ နှစ်အကြာတွင် greatest hits အယ်လ်ဘမ်ကို ထုတ်ဝေဖြန့်ချိပြီး မကြာမီတွင် Pantera အဖွဲ့ကြီး ပြိုကွဲသွားတော့သည်။

(ဆက်စပ်သတင်းများ )

ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera ဒရမ်သမား၏ တက္ကဆပ်စံအိမ် အရောင်းဈေးကွက်ဝင်လာ

https://www.imyanmarhouse.com/news/read/1004891

စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသော ကမ္ဘာကျော် Heavy Metal အဖွဲ့ကြီး Pantera မှ ဂစ်တာသမား Dimebag Darrell ၏ စံအိမ်

https://www.imyanmarhouse.com/news/read/1062635

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Arlington party house owned by Pantera rocker Vinnie Paul sells to anonymous buyer (dallasnews)

[Zawgyi]

ဟဲဗီးမက္တယ္အဖြဲ႔ၾကီး Pantera မွ ဒရမ္သမား ဗင္နီေပါလ္၏ တကၠဆက္ျပည္နယ္မွစံအိမ္ အမည္မသိ ဝယ္လက္တစ္ဦးမွ ဝယ္ယူသြားျပီးေနာက္ ျဖိဳခ်ခံရ

ကမၻာေက်ာ္ ဟဲဗီးမက္တယ္ႏွင့္ Thrash Metal ေတးဂီတအဖြဲ႔ၾကီး Pantera မွ ဒရမ္သမားျဖစ္သူ ဗင္နီ ေပါလ္ တခ်ိန္က ပို္င္ဆိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ အာလင္တန္ျမိဳ႕မွ စတုရန္းေပ ၃၇၈၄ က်ယ္ဝန္းကာ အိမ္ခန္း ၄ ခန္းပါသည့္ စံအိမ္ကို ၂၀၂၂ ခုႏွစ္ ၊ ဧျပီလအတြင္း အမည္မသိ ဝယ္လက္တစ္ဦးက ဝယ္ယူသြားသည္။

(မွတ္ခ်က္။ အဆိုပါစံအိမ္ အေရာင္းေစ်းကြက္တင္ခဲ့သည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

Texas Best Home Buyers တည္ေထာင္သူ အိမ္ျခံေျမအက်ဳိးေဆာင္ ခရစ္ ဂၽြန္စတန္(Chris Johnston) က ေျပာသည္မွာ ဗင္နီေပါလ္၏ စံအိမ္အေၾကာင္း The Dallas Morning News သတင္းဌာနက ေရးသားေဖာ္ျပခဲ့ျပီးေနာက္ပုိင္း စိတ္ဝင္စားသူ အလြန္တရာမ်ားျပားခဲ့ေၾကာင္းေျပာသည္။

ဂၽြန္စတန္၏ ေျပာၾကားခ်က္အရ ဝယ္ယူသြားသူမွာ အမည္မေဖာ္ျပလုိသည့္ ဆႏၵရွိေၾကာင္း ၊ ေခၚေစ်းျဖစ္ေသာ ကန္ေဒၚလာ ၇၅၀၀၀၀ ေအာက္ အနည္းငယ္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားေၾကာင္း ေျပာခဲ့ျပီး ေစ်းႏႈန္းအတိအက်ကိုမူ ၎က မေျပာခဲ့ေခ်။

ဂိတ္ဝန္းခတ္ထားေသာ ေတာင္ကုန္းထိပ္စံအိမ္ျဖစ္ျပီး ျခံအက်ယ္ တစ္ဧကခြဲရွိကာ ၁၉၉၅ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

စံအိမ္အတြင္း အႏၱရာယ္မွ ပုန္းခိုႏိုင္သည့္ လွ်ိဳ႕ဝွက္အခန္းတစ္ခန္းပါဝင္ျပီး စာအုပ္စင္တစ္ခုေနာက္မွ ဝင္ရျခင္း ျဖစ္သည္။ ထို႔အျပင္ ဂိမ္းကစားခန္း ၂ ခန္း၊ ေရကူးကန္၊ Spa ႏွင့္ Sauna တို႔လည္း ပါဝင္သည္။

ျခံဝန္းအတြင္း ၾကီးမားေသာ ေရကူးကန္ ၊ Spa ႏွင့္ Sauna တို႔ရွိသည္။

(Pantera အဖြဲ႔ၾကီးကို ၁၉၉၂ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု။ ဝဲမွယာ-ေဘ့စ္ဂီတာသမား Rex Brown ၊ အဆိုေတာ္ Philip Anselmo ၊ ဒရမ္သမား Vinnie Paul ႏွင့္ဂစ္တာသမား Dimebag Darrell)

ဂစ္တာသမား Dimebag Darrell သည္ ၂၀၀၄ ခုႏွစ္အတြင္း အိုဟိုင္းအုိးျပည္နယ္တြင္ စင္ေပၚတြင္ ေဖ်ာ္ေျဖေနစဥ္ ပစ္သတ္ခံခဲ့ရသည္။

(မွတ္ခ်က္။ Dimebag Darrell ပစ္သတ္ခံခဲ့ရပံုကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

((ဗင္နီေပါလ္၏ စံအိမ္ျဖိဳဖ်က္ခံရျခင္း ))

ဗင္နီေပါလ္စံအိမ္ကို အမည္မသိ ဝယ္လက္က ဝယ္ယူသြားျပီးေနာက္ ရက္သတၱအနည္းငယ္အၾကာတြင္ ျဖိဳခ်ျခင္း ခံလုိက္ရသည္။

ဗင္နီေပါလ္၏ စံအိမ္ျဖိဳခ်ခံရမႈမွာ သူ၏ ပရိသတ္မ်ားအတြက္ ေၾကကြဲနာက်င္ဖြယ္ရာ သတင္းတစ္ရပ္ ျဖစ္ခဲ့သည္။

စံအိမ္ေရာင္းခ်ျပီးေနာက္ပုိင္း သူ၏ပစၥည္းေပါင္း ၇၀၀ ေက်ာ္ကိုလည္း ေလလံတင္ေရာင္းခ်ခဲ့ရာ Pantera ၊ Damageplan ႏွင့္ Hellyeah အဖြဲ႔မ်ားတြင္ တီးခတ္စဥ္က အသံုးျပဳခဲ့ေသာ drum kits မ်ား ၊ ဂစ္တာမ်ား ၊ ဆုတံဆိပ္မ်ား ၊ အဝတ္အစားမ်ား ၊ အႏုပညာလက္ရာမ်ားအျပင္ ဗင္နီေပါလ္သည္ ေဟာ့ကီ ၊ ေဘာလံုးႏွင့္ ေဘ့စ္ေဘာတို႔ကိုလည္း စိတ္ဝင္စားသူျဖစ္ရာ အားကစားဆုိင္ရာ အမွတ္တရပစၥည္းမ်ားစြာလည္း ပါဝင္သည္။

Avenged Sevenfold အဖြဲ႔ၾကီးမွ အဆုိေတာ္ M.Shadows က ဗင္နီေပါလ္၏ ပရိသတ္မ်ား စုေပါင္းကာ အဆုိပါအိမ္ကို ဝယ္ယူၾကရန္ လူမႈကြန္ရက္မွတဆင့္ တုိက္တြန္းခဲ့ဖူးသည္။ ပရဟိတအဖြဲ႔တစ္ခုျဖစ္ေသာ Ride For Dime ၏ ဒါရိုက္တာေဟာင္း Derek Walker က သူ၏ ေဖ့ဘုတ္စ္စာမ်က္ႏွာတြင္ ဗင္နီေပါလ္၏ စံအိမ္ ျဖဳိခ်ခံခဲ့ရသည့္ ဓာတ္ပံုမ်ား တင္ခဲ့ဖူးသည္။ “တကယ့္ကို ရင္ကြဲစရာပါပဲ။ ဗင္နီေပါလ္ရဲ႕အိမ္က ဒီလိုျဖစ္သြားပါျပီ။ ဒီအိမ္ဟာ ဟဲဗီးမက္တယ္ရဲ႕အထိမ္းအမွတ္ေနရာျဖစ္ရံုသာမက Pantera ရဲ႕ အဓိက ေရာ့ခ္ဂီတ အေမြအႏွစ္တစ္ခုလည္း ျဖစ္ပါတယ္။”

((Pantera ဘာလဲ))

Pantera သည္ အေမရိကန္ Heavy Metal အဖြဲ႔ၾကီးျဖစ္ျပီး တကၠဆပ္ျပည္နယ္ ၊ Arlington ျမိဳ႕တြင္ ၁၉၈၁ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။

Pantera ၏ အျမဲတမ္းအမာခံ ဝိုင္းသား ၂ ဦးမွာ ဒိုင္းဘက္ဂ္ (ဂစ္တာ) ႏွင့္ Vannie Paul တို႔ ညီအစ္ကို ႏွစ္ဦးျဖစ္ျပီး က်န္အဖြဲ႔သားမ်ားမွာ အေျပာင္းအလဲမ်ား ရွိခဲ့သည္။

Pantera သည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားမွ ၁၉၉၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအထိ ေက်ာ္ၾကားခဲ့ေသာ Trash Metal ဒုတိယလိႈင္းတြင္ Tastament ၊ Sepultura ၊ Machine Head အဖြဲ႔မ်ားႏွင့္အတူ ပါဝင္ခဲ့သည္။

Pantera သည္ Heavy Metal ဂီတသမိုင္းတြင္ ေအာင္ျမင္မႈအရဆံုးႏွင့္ ၾသဇာအလႊမ္းမိုးဆံုးအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၀ ခန္႔ ေရာင္းခ်ထားရျပီး ဂရမ္မီဆု ဇကာတင္စာရင္း ၄ ၾကိမ္ပါဝင္ခဲ့ဖူးသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ Pantera အဖြဲ႔သားအခ်ဳိ႕သည္ အဖြဲ႔၏ ဂီတလႈပ္ရွားမႈအျပင္ အျခားဂီတလႈပ္ရွားမႈမ်ားလည္း လုပ္ေဆာင္လာခဲ့သည္။

ေနာင္ ၃ ႏွစ္အၾကာတြင္ greatest hits အယ္လ္ဘမ္ကုိ ထုတ္ေဝျဖန္႔ခ်ိျပီး မၾကာမီတြင္ Pantera အဖြဲ႔ၾကီး ျပိဳကြဲသြားေတာ့သည္။

(ဆက္စပ္သတင္းမ်ား )

ဟဲဗီးမက္တယ္အဖြဲ႔ၾကီး Pantera ဒရမ္သမား၏ တကၠဆပ္စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

https://www.imyanmarhouse.com/news/read/1004891

စင္ေပၚတြင္ ေဖ်ာ္ေျဖေနစဥ္ ပစ္သတ္ခံခဲ့ရေသာ ကမၻာေက်ာ္ Heavy Metal အဖြဲ႔ၾကီး Pantera မွ ဂစ္တာသမား Dimebag Darrell ၏ စံအိမ္

https://www.imyanmarhouse.com/news/read/1062635

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Arlington party house owned by Pantera rocker Vinnie Paul sells to anonymous buyer (dallasnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ထူးဆန်းသည့် နေအိမ် ၁၀ လုံးအကြောင်း
အိန္ဒိယတွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ထူးဆန်းသည့် နေအိမ် ၁၀ လုံးအကြောင်း
ဒေါ်နယ်ထရမ့်နှင့် ဆွေမျိုးမကင်းသော စီးပွားရေးလုပ်ငန်းရှင် ဂျို ရွှာ ကွတ်ရှ်နာနှင့် စူပါမော်ဒယ် ကာလီ ကလော့စ်တို့ စုံတွဲက ကယ်လီဖိုးနီးယားပြည်နယ်တွင် တချိန်က ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် ဝယ်ယ...

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) ၏ စံအိမ်များ
အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) ၏ စံအိမ်များ
သေခြင်းတရားကိုအောင်နိုင်ရန် ကြိုးပမ်းခဲ့သူ တရုတ်ပြည်၏ပထမဧကရာဇ် Qin Shihuang အား တမလွန်ဘဝထိ စောင့်ရှောက်ကာကွယ်နေသော ရှေးစစ်သည်ရုပ်ထုများထွက်ပေါ်ခဲ့ရာ Xi'an မြို့တော်...
သေခြင်းတရားကိုအောင်နိုင်ရန် ကြိုးပမ်းခဲ့သူ တရုတ်ပြည်၏ပထမဧကရာဇ် Qin Shihuang အား တမလွန်ဘဝထိ စောင့်ရှောက်ကာကွယ်နေသော ရှေးစစ်သည်ရုပ်ထုများထွက်ပေါ်ခဲ့ရာ Xi'an မြို့တော်...
အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ်က သူမသာ ရွေးကောက်ခံရမည်ဆိုပါက ပထမဆုံးနေအိမ် ဝယ်မည့်သူများကို ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ပေးမည့် မူဝါဒချမှတ်မည်ဟုဆို...
အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ်က သူမသာ ရွေးကောက်ခံရမည်ဆိုပါက ပထမဆုံးနေအိမ် ဝယ်မည့်သူများကို ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ပေးမည့် မူဝါဒချမှတ်မည်ဟုဆို...
အမေရိကန်ပြည်၊ မိန်းပြည်နယ်မှ လူဦးရေ ၉၂ ဦးသာ နေထိုင်သည့်ကျွန်းကလေးသို့ အခြေချနေထိုင်သူများ ရှိလာစေရန် ရည်ရွယ်ကာ နေအိမ်များကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးလျက်ရှိ...
အမေရိကန်ပြည်၊ မိန်းပြည်နယ်မှ လူဦးရေ ၉၂ ဦးသာ နေထိုင်သည့်ကျွန်းကလေးသို့ အခြေချနေထိုင်သူများ ရှိလာစေရန် ရည်ရွယ်ကာ နေအိမ်များကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးလျက်ရှိ...
ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် ကလင့်အိစ်ဝုဒ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နေထိုင်ခဲ့သော Carmel-by-the-sea အမည်ရှိ မြို့လေးမှ စံအိမ် ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် ကလင့်အိစ်ဝုဒ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နေထိုင်ခဲ့သော Carmel-by-the-sea အမည်ရှိ မြို့လေးမှ စံအိမ် ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်လူငယ်တို့မှာ အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာသောကြောင့် ကျေးလက်ဒေသတွင် ဖုန်းဆိုးမြေရိုင်း ကွက်များ ဝယ်ကာ အိမ်ဆောက် နေထိုင်လာကြ၊ အရီဇိုးနားပြည်နယ်တွင် ၁ ဒသမ ၁ ဧကလျှင် ကန်ဒေါ်လာ ၁၁၀၀၀ သာ ပေးရ...
အမေရိကန်လူငယ်တို့မှာ အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာသောကြောင့် ကျေးလက်ဒေသတွင် ဖုန်းဆိုးမြေရိုင်း ကွက်များ ဝယ်ကာ အိမ်ဆောက် နေထိုင်လာကြ၊ အရီဇိုးနားပြည်နယ်တွင် ၁ ဒသမ ၁ ဧကလျှင် ကန်ဒေါ်လာ ၁၁၀၀၀ သာ ပေးရ...
အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက ဒေါ်လာ ၁ သန်းတန်အိမ်ကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူနိုင်ခဲ့ပုံ...
အမေရိကန်ပြည်၊ နီဗားဒါးပြည်နယ်တွင် စုံတွဲတစ်တွဲက ဒေါ်လာ ၁ သန်းတန်အိမ်ကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူနိုင်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အကြွေးနွံနစ်နေသော ကျပန်းအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀,၀၀၀ တန် စိန်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် အကြွေးနွံနစ်နေသော ကျပန်းအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀,၀၀၀ တန် စိန်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ
ချီလီနိုင်ငံတွင် မိမိလစာထက် အဆပေါင်း ၃၃၀ ခန့် မှားယွင်းရရှိခဲ့သော ဝန်ထမ်း အလုပ်ထွက်ကာ ထွက်ပြေးသွား
ချီလီနိုင်ငံတွင် မိမိလစာထက် အဆပေါင်း ၃၃၀ ခန့် မှားယွင်းရရှိခဲ့သော ဝန်ထမ်း အလုပ်ထွက်ကာ ထွက်ပြေးသွား
ဟာသသရုပ်ဆောင် chris rock ရဲ့ ပြက်လုံးတစ်ချို့ကြောင့် Oscar ဆုပေးပွဲစင်မြင့်ထက် ပါးတက်ရိုက်ခဲ့သူ နာမည်ကြီးသရုပ်ဆောင် Will
ဟာသသရုပ်ဆောင် chris rock ရဲ့ ပြက်လုံးတစ်ချို့ကြောင့် Oscar ဆုပေးပွဲစင်မြင့်ထက် ပါးတက်ရိုက်ခဲ့သူ နာမည်ကြီးသရုပ်ဆောင် Will
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင
စကော့တလန်ရှိ အိပ်ခန်း ၇ ခန်းပါ နေအိမ်ကြီးကို ပေါင် ၈၀,၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ၊ သို့သော် ပတ်ဝ
စကော့တလန်ရှိ အိပ်ခန်း ၇ ခန်းပါ နေအိမ်ကြီးကို ပေါင် ၈၀,၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ၊ သို့သော် ပတ်ဝ
ဒူဘိုင်းမှာ အိမ်ငှားတွေကို ဆက်မငှားတော့တဲ့ အိမ်ရှင်တွေများလာနေတာ ဘာကြောင့်လဲ
ဒူဘိုင်းမှာ အိမ်ငှားတွေကို ဆက်မငှားတော့တဲ့ အိမ်ရှင်တွေများလာနေတာ ဘာကြောင့်လဲ
ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ
ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ
အီတလီ၏ ဖက်ရှင်မြို့တော် မီလန်မြို့အနီးရှိ အိပ်ခန်း ၂၉ ခန်းပါ ရဲတိုက်ကြီးတစ်လုံးကို လန်ဒန်မြို့မှ နေအိမ်တစ်လုံးဈေးမျှဖြင်
အီတလီ၏ ဖက်ရှင်မြို့တော် မီလန်မြို့အနီးရှိ အိပ်ခန်း ၂၉ ခန်းပါ ရဲတိုက်ကြီးတစ်လုံးကို လန်ဒန်မြို့မှ နေအိမ်တစ်လုံးဈေးမျှဖြင်
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yadanar-bon
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service