လေထဲတွင်လမ်းလျှောက်လိုသူများ သွားရောက်သင့်သည့် ဂျပန်နိုင်ငံကအရှည်ဆုံးကြိုးတံတား

လေထဲတွင်လမ်းလျှောက်လိုသူများ သွားရောက်သင့်သည့် ဂျပန်နိုင်ငံကအရှည်ဆုံးကြိုးတံတား - Property News in Myanmar from iMyanmarHouse.com
16 May 2023 12:13 pm တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆန်းကြယ်ရှုပ်ထွေးလှတဲ့သဘာဝတရားနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်ခြင်းက လူသားတွေပိုင်ဆိုင်ထားတဲ့ အထူးခြားဆုံးအားသာချက်တစ်ခုပါ။ကြီးမားခိုင်ခန့်လှတဲ့တောင်တန်းကြီးတွေ ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ စိမ်းပြာပြာမြစ်ကလေးဖြတ်သန်းစီးဆင်းနေတဲ့ ဂျပန်နိုင်ငံ၊Nara စီရင်စုတောင်ပိုင်း၊ Totsukawa ရွာလေးမှာနေထိုင်တဲ့ ရွာသားတွေဟာ ဒီအချက်ကိုသက်သေပြခဲ့ပါတယ်။

(၁၉၅၄) ခုနှစ်မှာ မြစ်ရဲ့တစ်ဖက်ကမ်းကို လွယ်ကူချောမွေ့စွာသွားလာနိုင်ဖို့အတွက် ရွာသားတွေစုပေါင်းပြီး Tanize လို့အမည်ရတဲ့ကြိုးတံတားတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ဒီတံတားဟာ မြေပြင်ကနေ ၅၄ မီတာအမြင့်မှာတည်ရှိပြီး ၂၉၇.၇ မီတာရှည်လျားပါတယ်။ပြာလဲ့လဲ့ကောင်းကင်ကိုနောက်ခံထားပြီး ထူထဲညို့မှိုင်းနေတဲ့ တောင်တန်းကြီးတွေကြားမှာ အပ်ချည်မျှင်လေးသဖွယ်တည်ရှိနေတဲ့ Tanize ကြိုးတံတားဟာ နောက်တစ်ချိန်မှာ နိုင်ငံခြားသားခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနေရာတစ်ခုအဖြစ် ကျော်ကြားလာခဲ့ပါတယ်။

 

Tanize ကြိုးတံတားကို နိုင်ငံခြားခရီးသွားတွေလာရောက်လည်ပတ်ရတဲ့ အကြောင်းရင်းကတော့ လှပလွန်းတဲ့ရေမြေတောတောင်ရှုခင်းတွေကြောင့်တင်မဟုတ်ဘဲ သည်းထိတ်ရင်ဖိုစိတ်ခံစားချက်ကို လိုချင်ကြလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

မြေပြင်ကနေ ၅၄ မီတာအမြင့်မှာရှိတဲ့ ကြိုးတံတားပေါ်မှာ လမ်းလျှောက်လိုက်တိုင်း လှုပ်လီလှုပ်လဲ့ ယိမ်းထိုးနေတဲ့ခံစားချက်က ဘယ်လောက်အသည်းယားပြီး စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ။အောက်ကိုငုံ့ကြည့်လိုက်ရင်လည်း တသွင်သွင်စီးဆင်းနေတဲ့မြစ်၊ ဘေးဘက်မှာလည်းဟာလာဟင်းလင်းလေဟာနယ်၊ လေတိုက်လိုက်တိုင်း အချိန်မရွေး ယိမ်းထိုးနေတဲ့အခြေအနေမှာ ခြေခိုင်ခိုင်နဲ့အဆုံးထိလှမ်းနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

 

စွန့်စွန့်စားစား စိတ်လှုပ်ရှားစရာတွေကိုကြိုက်တဲ့ ခရီးသွားတွေကတော့ Tanize တံတားကိုဖြတ်သန်းရတာ ပျော်စရာကောင်းတယ်လို့ဆိုကြပြီး တချို့တွေကတော့ တံတားရဲ့သုံးပုံတစ်ပုံအထိသာသွားနိုင်ပြီးလှည့်ပြန်ခဲ့ရ ကြောင်းဆိုထားကြပါတယ်။

Tanize ကြိုးတံတားကို တစ်ခါဖြတ်ရင် လူ အယောက် (၂၀) အထိသာဖြတ်သန်းဖို့ခွင့်ပြုထားပြီး ဒေသခံတွေကတော့ ယနေ့အချိန်ထိ ၎င်းတံတားကို နိစ္စဓူဝကိစ္စအဝဝအတွက် အသုံးပြုနေကြဆဲဖြစ်ပါတယ်။ တံတားပေါ်မှာ စက်ဘီး၊ ဆိုင်ကယ်တွေကိုတောင် စီးနင်းကြပြီးသူတို့အတွက်ကတော့ ဒါဟာ ပုံမှန်သွားလာလှုပ်ရှားမှုတစ်ခုထက်မပိုပါဘူး။

 

Tanize ကြိုးတံတားကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ မေလနဲ့နွေရာသီပိတ်ရက်တွေဖြစ်ပါတယ်။ နွေရာသီအစောပိုင်းမှာဆိုရင် Tanize ကြိုးတံတားတစ်ဝိုက်မှာ စိမ်းစိမ်းစိုစိုတောင်တန်းအလှကိုခံစားနိုင်ပြီး ဆောင်းဦးရာသီမှာဆိုရင်တော့ နီစွေးစွေးတောင်တန်းအလှကို ရင်သပ်ရှုမောဖွယ်ခံစားနိုင်ပါတယ်။

ဩဂုတ်လမှာတော့ Yure daiko (ယိမ်းနွဲ့နေသောဒရမ်များ) လို့ အဓိပ္ပာယ်ရတဲ့ နွေရာသီဒရမ်သရုပ်ပြပွဲတော်ကိုကျင်းပလေ့ရှိပြီးTanize ကြိုးတံတားပေါ်မှာ Kodama အမည်ရ ဒေသခံဒရမ်အဖွဲ့ရဲ့ ပြိုင်တူတီးခတ်ဖျော်ဖြေမှုကို ခံစားနားဆင်နိုင်ပါတယ်။ တောင်နံရံတွေတစ်လျှောက် မာန်ပါပါပဲ့တင်ထပ်သွားတဲ့ တီးခတ်သံတွေဟာ နားထောင်သူပရိသတ်တွေကို ရသတစ်မျိုးပေးစွမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။

 

အမြင့်ကြောက်တတ်တဲ့သူတွေအတွက် Tanize ကြိုးတံတားကကြောက်စရာနေရာတစ်ခုဖြစ်နေပေမဲ့ အတွေ့အကြုံအသစ်အဆန်းတွေကိုရှာဖွေရတာနှစ်ခြိုက်တဲ့သူတွေအတွက်တော့ ရင်ဖိုစရာအတွေ့အကြုံတွေရလာမယ့် အကောင်းဆုံးနေရာတစ်ခုဖြစ်တာကြောင့် သွားရောက်လည်ပတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  en.enjoy-jp.net.com

 

 

 

 

[Zawgyi]

 

ေလထဲတြင္လမ္းေလွ်ာက္လိုသူမ်ား သြားေရာက္သင့္သည့္ ဂ်ပန္ႏိုင္ငံကအ႐ွည္ဆုံးႀကိဳးတံတား

 

 

ဆန္းၾကယ္႐ႈပ္ေထြးလွတဲ့သဘာဝတရားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနတတ္ျခင္းက လူသားေတြပိုင္ဆိုင္ထားတဲ့ အထူးျခားဆုံးအားသာခ်က္တစ္ခုပါ။ႀကီးမားခိုင္ခန္႔လွတဲ့ေတာင္တန္းႀကီးေတြ ပတ္လည္ဝိုင္းေနတဲ့အလယ္မွာ စိမ္းျပာျပာျမစ္ကေလးျဖတ္သန္းစီးဆင္းေနတဲ့ ဂ်ပန္ႏိုင္ငံ၊Nara စီရင္စုေတာင္ပိုင္း၊ Totsukawa ႐ြာေလးမွာေနထိုင္တဲ့ ႐ြာသားေတြဟာ ဒီအခ်က္ကိုသက္ေသျပခဲ့ပါတယ္။

(၁၉၅၄) ခုႏွစ္မွာ ျမစ္ရဲ႕တစ္ဖက္ကမ္းကို လြယ္ကူေခ်ာေမြ႕စြာသြားလာႏိုင္ဖို႔အတြက္ ႐ြာသားေတြစုေပါင္းၿပီး Tanize လို႔အမည္ရတဲ့ႀကိဳးတံတားတစ္ခုကို တည္ေဆာက္ခဲ့ပါတယ္။ဒီတံတားဟာ ေျမျပင္ကေန ၅၄ မီတာအျမင့္မွာတည္႐ွိၿပီး ၂၉၇.၇ မီတာ႐ွည္လ်ားပါတယ္။ျပာလဲ့လဲ့ေကာင္းကင္ကိုေနာက္ခံထားၿပီး ထူထဲညိဳ႕မိႈင္းေနတဲ့ ေတာင္တန္းႀကီးေတြၾကားမွာ အပ္ခ်ည္မွ်င္ေလးသဖြယ္တည္႐ွိေနတဲ့ Tanize ႀကိဳးတံတားဟာ ေနာက္တစ္ခ်ိန္မွာ ႏိုင္ငံျခားသားခရီးသြားေတြကို အဆြဲေဆာင္ႏိုင္ဆုံးေနရာတစ္ခုအျဖစ္ ေက်ာ္ၾကားလာခဲ့ပါတယ္။

Tanize ႀကိဳးတံတားကို ႏိုင္ငံျခားခရီးသြားေတြလာေရာက္လည္ပတ္ရတဲ့ အေၾကာင္းရင္းကေတာ့ လွပလြန္းတဲ့ေရေျမေတာေတာင္႐ႈခင္းေတြေၾကာင့္တင္မဟုတ္ဘဲ သည္းထိတ္ရင္ဖိုစိတ္ခံစားခ်က္ကို လိုခ်င္ၾကလို႔ဆိုရင္ ပိုမွန္ပါလိမ့္မယ္။

ေျမျပင္ကေန ၅၄ မီတာအျမင့္မွာ႐ွိတဲ့ ႀကိဳးတံတားေပၚမွာ လမ္းေလွ်ာက္လိုက္တိုင္း လႈပ္လီလႈပ္လဲ့ ယိမ္းထိုးေနတဲ့ခံစားခ်က္က ဘယ္ေလာက္အသည္းယားၿပီး စိတ္လႈပ္႐ွားစရာ ေကာင္းလိုက္မလဲ။ေအာက္ကိုငုံ႔ၾကည့္လိုက္ရင္လည္း တသြင္သြင္စီးဆင္းေနတဲ့ျမစ္၊ ေဘးဘက္မွာလည္းဟာလာဟင္းလင္းေလဟာနယ္၊ ေလတိုက္လိုက္တိုင္း အခ်ိန္မေ႐ြး ယိမ္းထိုးေနတဲ့အေျခအေနမွာ ေျခခိုင္ခိုင္နဲ႔အဆုံးထိလွမ္းႏိုင္ဖို႔ဆိုတာ မလြယ္ကူလွပါဘူး။

စြန္႔စြန္႔စားစား စိတ္လႈပ္႐ွားစရာေတြကိုႀကိဳက္တဲ့ ခရီးသြားေတြကေတာ့ Tanize တံတားကိုျဖတ္သန္းရတာ ေပ်ာ္စရာေကာင္းတယ္လို႔ဆိုၾကၿပီး တခ်ိဳ႕ေတြကေတာ့ တံတားရဲ႕သုံးပုံတစ္ပုံအထိသာသြားႏိုင္ၿပီးလွည့္ျပန္ခဲ့ရ ေၾကာင္းဆိုထားၾကပါတယ္။

Tanize ႀကိဳးတံတားကို တစ္ခါျဖတ္ရင္ လူ အေယာက္ (၂၀) အထိသာျဖတ္သန္းဖို႔ခြင့္ျပဳထားၿပီး ေဒသခံေတြကေတာ့ ယေန႔အခ်ိန္ထိ ၎တံတားကို နိစၥဓူဝကိစၥအဝဝအတြက္ အသုံးျပဳေနၾကဆဲျဖစ္ပါတယ္။ တံတားေပၚမွာ စက္ဘီး၊ ဆိုင္ကယ္ေတြကိုေတာင္ စီးနင္းၾကၿပီးသူတို႔အတြက္ကေတာ့ ဒါဟာ ပုံမွန္သြားလာလႈပ္႐ွားမႈတစ္ခုထက္မပိုပါဘူး။

Tanize ႀကိဳးတံတားကို သြားေရာက္လည္ပတ္ဖို႔ အေကာင္းဆုံးအခ်ိန္ကေတာ့ ေမလနဲ႔ေႏြရာသီပိတ္ရက္ေတြျဖစ္ပါတယ္။ ေႏြရာသီအေစာပိုင္းမွာဆိုရင္ Tanize ႀကိဳးတံတားတစ္ဝိုက္မွာ စိမ္းစိမ္းစိုစိုေတာင္တန္းအလွကိုခံစားႏိုင္ၿပီး ေဆာင္းဦးရာသီမွာဆိုရင္ေတာ့ နီေစြးေစြးေတာင္တန္းအလွကို ရင္သပ္႐ႈေမာဖြယ္ခံစားႏိုင္ပါတယ္။

ဩဂုတ္လမွာေတာ့ Yure daiko (ယိမ္းႏြဲ႕ေနေသာဒရမ္မ်ား) လို႔ အဓိပၸာယ္ရတဲ့ ေႏြရာသီဒရမ္သ႐ုပ္ျပပြဲေတာ္ကိုက်င္းပေလ့႐ွိၿပီးTanize ႀကိဳးတံတားေပၚမွာ Kodama အမည္ရ ေဒသခံဒရမ္အဖြဲ႕ရဲ႕ ၿပိဳင္တူတီးခတ္ေဖ်ာ္ေျဖမႈကို ခံစားနားဆင္ႏိုင္ပါတယ္။ ေတာင္နံရံေတြတစ္ေလွ်ာက္ မာန္ပါပါပဲ့တင္ထပ္သြားတဲ့ တီးခတ္သံေတြဟာ နားေထာင္သူပရိသတ္ေတြကို ရသတစ္မ်ိဳးေပးစြမ္းႏိုင္မယ္ဆိုတာ အေသအခ်ာပါပဲ။

အျမင့္ေၾကာက္တတ္တဲ့သူေတြအတြက္ Tanize ႀကိဳးတံတားကေၾကာက္စရာေနရာတစ္ခုျဖစ္ေနေပမဲ့ အေတြ႕အၾကဳံအသစ္အဆန္းေတြကို႐ွာေဖြရတာႏွစ္ၿခိဳက္တဲ့သူေတြအတြက္ေတာ့ ရင္ဖိုစရာအေတြ႕အၾကဳံေတြရလာမယ့္ အေကာင္းဆုံးေနရာတစ္ခုျဖစ္တာေၾကာင့္ သြားေရာက္လည္ပတ္ၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  en.enjoy-jp.net.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service