ကံနှင့် တန်ခိုး

ကံနှင့် တန်ခိုး - Property Knowledge in Myanmar from iMyanmarHouse.com
15 May 2023 4:35 pm တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

လောကမှာ ဣဒ္ဓိဆိုတဲ့တန်ခိုးဟာ အင်မတန် အင်အားကြီးမာတယ်။ကမ္ဘာလောကကြီးကိုလည်း ဖျာလိုလိပ်နိုင်တယ်။သို့သော်လည်း ကံရဲ့အင်အားနှင့်နှိုင်းစံလျှင် ဣဒ္ဓိရဲ့အင်အားဟာ သေးငယ်သွားတယ်။

သည်အကြောင်းနှင့်ပတ်သက်ပြီး မိလိန္ဒမင်းက လျှောက်ထားလို့ ရှင်နာဂသိန် ဖြေဆိုပုံကို ဖတ်ရှုကြည့်ကြပါဦးစို့။

မိလိန္ဒ။ ။ အရှင်ဘုရား …တန်ခိုးကြီးသော ရဟန်းတို့တွင် မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးလို့ ဘုရားရှင် ဧတဒဂ်ထားတော်မူပါတယ်။သို့ပါလျက် မဟာမေဂ္ဂလာန်ဟာ အဘယ့်ကြောင့် ခိုးသားတွေ ရိုက်သတ်လို့ ပရိနိဗ္ဗာန်စံရပါသလဲ။ရှေ့စကားနှင့် နောက်စကားဟာ မညီပါဘူး။ရှင်မဟာမောဂ္ဂလာန် တန်ခိုးကြီးရိုးမှန်လျှင် ခိုးသားများ ရိုက်သတ်လို့ ပရိနိဗ္ဗာန် မစံတန်ရာပါ။ခိုးသားများရိုက်သတ်လို့ ပရိနိဗ္ဗာန် စံရိုးမှန်လျှင်လည်း ရှင်မောဂ္ဂလာန်တန်ခိုးကြီးတယ်ဆိုတာ မဟုတ်တန်ရာပါ။သည်ပြဿနာကို အရှင်ဘုရားဖြေပါဦး။

ရှင်နာဂသိန်။ ။ အိုမင်းမြတ်….ရှင်မဟာမောဂ္ဂလာန် တန်ခိုးအကြီးဆုံးဆိုတာလည်း မှန်တယ်။ ခိုးသားများ ရိုက်သတ်လို့ ပရိနိဗ္ဗာန်စံရတယ်ဆိုတာလည်း မှန်ပါတယ်။ အကုသိုလ်ကံဖိစီးနှိပ်စက်လာတော့ တန်ခိုးလည်းမတတ်နိုင်ဘူးပေါ့။

မိလိန္ဒ။ ။ ဖြစ်ရလေဘုရား၊တန်ခိုးနှင့်ကံဟာ မကြံစည်အပ်တဲ့ “အစိန္တိယ” တရားချည်း မဟုတ်ပါလား။ သီးသီးဖြင့် သီးသီးကို ပစ်ချသလို၊သရက်သီးဖြင့် သရက်သီးကို ပစ်ချသလို အစိန္တိယဖစ်တဲ့ တန်ခိုးဖြင့် အစိန္တိယဖြစ်တဲ့ ကံအကျိုးကို ပစ်ခတ်ပယ်ထုတ်နိုင်ရမယ် မဟုတ်လား။

ရှင်နာဂသိန်။ ။ အိုမင်းမြတ်…တန်ခိုးနှင့်ကံဟာ မကြံစည်အပ်တဲ့ အစိန္တိယချည်းဆိုတာ မှန်တယ်။သို့သော် သည်အစိန္တိယနှစ်ခုကို ချိန်ထိုးကြည့်လျှင် ကံက တန်ခိုးထက် ပိုအားကြီးတယ်။ဥပမာဆိုလျှင် ကမ္ဘာမြေပြင်ကို မင်းအများဟာ မင်းဆိုတဲ့ အစိုးရချင်းတော့ တူကြတယ်။သို့သော် မင်းတစ်ပါးက အဲဒီမင်းအားလုံးထက် အာဏာစက် လွှမ်းမိုးလွန်ကဲတာလို အစိန္တိယဂုဏ်ချင်း တူသော်လည်း တန်ခိုးထက် ကံတရားက အတိုင်းထက် အလွန် အင်အားကြီးမားတယ်။ဒါကြောင့် အကုသိုလ်ကံ နှိပ်စက်လျှင် ဘယ်ဟာမျှ မတားဆီးနိုင်ဘူး။

အို မင်းမြတ်… လူတစ်ယောက်ဟာ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့လျှင် အဲဒီလူကို အပြစ်မခံရအောင် ဘယ်မိဘ ဆွေမျိုးများကမှ မကယ်နိုင်ဘူး။မင်းရဲ့အာဏာစက်ကို ခံရမြဲဖြစ်တယ်။ထို့အတူ အကုသိုလ်ကံ ကျူးလွန်မိလျှင် ဘယ်တရားကမျှ မကယ်နိုင်ဘူး။ဥပမာတစ်နည်းဆိုရလျှင် တောမီးကြီးလောင်ခဲ့လျှင် ရေအိုးတစ်ထောင်နှင့် ငြိမ်းသတ်သော်လည်း မနိုင်ဘဲ မီးကသာ လွှမ်းမိုးတောက်လောင်သလို ကံရဲ့အကျိုးဟာလည်း မီးလိုပင် အားကောင်းပါတယ်။ကံနှိပ်စက်ချိန် ကြုံခဲ့လျှင် ဘယ်တန်ခိုးနှင့်မျှ တားဆီးလို့ မရစကောင်းပါဘူး။ဒါကြောင့် မဟာမောဂ္ဂလာန်ဟာ တန်ခိုးကြီးပါလျက်နှင့် ခိုးသားတို့ရဲ့ အရိုက်အနှက်ခံရပြီး ပရိနိဗ္ဗာန်ဝင်စံရခြင်းဖြစ်တယ်။

အရှင်နာဂသိန်မထေရ်မြတ်က ဤသို့ဖြေရှင်းတဲ့အခါ မိလိန္ဒာမင်းကြီးက ကောင်းလှပါ၏လို့ ဝန်ခံလျှောက်ထားရပါတယ်။

ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီး၏ “သတ္တဝါအစဖြစ်ပုံ” မှ ကူးယူပူဇော်ပါ၏

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

ကံႏွင့္ တန္ခိုး

 

ေလာကမွာ ဣဒၶိဆိုတဲ့တန္ခိုးဟာ အင္မတန္ အင္အားႀကီးမာတယ္။ကမၻာေလာကႀကီးကိုလည္း ဖ်ာလိုလိပ္ႏိုင္တယ္။သို႔ေသာ္လည္း ကံရဲ႕အင္အားႏွင့္ႏိႈင္းစံလွ်င္ ဣဒၶိရဲ႕အင္အားဟာ ေသးငယ္သြားတယ္။

သည္အေၾကာင္းႏွင့္ပတ္သက္ၿပီး မိလိႏၵမင္းက ေလွ်ာက္ထားလို႔ ရွင္နာဂသိန္ ေျဖဆိုပုံကို ဖတ္ရႈၾကည့္ၾကပါဦးစို႔။

မိလိႏၵ။ ။အရွင္ဘုရား …တန္ခိုးႀကီးေသာ ရဟန္းတို႔တြင္ မဟာေမာဂၢလာန္သည္ အျမတ္ဆုံးလို႔ ဘုရားရွင္ ဧတဒဂ္ထားေတာ္မူပါတယ္။သို႔ပါလ်က္ မဟာေမဂၢလာန္ဟာ အဘယ့္ေၾကာင့္ ခိုးသားေတြ ရိုက္သတ္လို႔ ပရိနိဗၺာန္စံရပါသလဲ။ေရွ႕စကားႏွင့္ ေနာက္စကားဟာ မညီပါဘူး။ရွင္မဟာေမာဂၢလာန္ တန္ခိုးႀကီးရိုးမွန္လွ်င္ ခိုးသားမ်ား ရိုက္သတ္လို႔ ပရိနိဗၺာန္ မစံတန္ရာပါ။ခိုးသားမ်ားရိုက္သတ္လို႔ ပရိနိဗၺာန္ စံရိုးမွန္လွ်င္လည္း ရွင္ေမာဂၢလာန္တန္ခိုးႀကီးတယ္ဆိုတာ မဟုတ္တန္ရာပါ။သည္ျပႆနာကို အရွင္ဘုရားေျဖပါဦး။

ရွင္နာဂသိန္။ ။အိုမင္းျမတ္….ရွင္မဟာေမာဂၢလာန္ တန္ခိုးအႀကီးဆုံးဆိုတာလည္း မွန္တယ္။ ခိုးသားမ်ား ရိုက္သတ္လို႔ ပရိနိဗၺာန္စံရတယ္ဆိုတာလည္း မွန္ပါတယ္။ အကုသိုလ္ကံဖိစီးႏွိပ္စက္လာေတာ့ တန္ခိုးလည္းမတတ္ႏိုင္ဘူးေပါ့။

မိလိႏၵ။ ။ျဖစ္ရေလဘုရား၊တန္ခိုးႏွင့္ကံဟာ မႀကံစည္အပ္တဲ့ “အစိႏိၱယ” တရားခ်ည္း မဟုတ္ပါလား။ သီးသီးျဖင့္ သီးသီးကို ပစ္ခ်သလို၊သရက္သီးျဖင့္ သရက္သီးကို ပစ္ခ်သလို အစိႏၱိယဖစ္တဲ့ တန္ခိုးျဖင့္ အစိႏၱိယျဖစ္တဲ့ ကံအက်ိဳးကို ပစ္ခတ္ပယ္ထုတ္ႏိုင္ရမယ္ မဟုတ္လား။

ရွင္နာဂသိန္။ ။အိုမင္းျမတ္…တန္ခိုးႏွင့္ကံဟာ မႀကံစည္အပ္တဲ့ အစိႏၱိယခ်ည္းဆိုတာ မွန္တယ္။သို႔ေသာ္ သည္အစိႏိၱယႏွစ္ခုကို ခ်ိန္ထိုးၾကည့္လွ်င္ ကံက တန္ခိုးထက္ ပိုအားႀကီးတယ္။ဥပမာဆိုလွ်င္ ကမၻာေျမျပင္ကို မင္းအမ်ားဟာ မင္းဆိုတဲ့ အစိုးရခ်င္းေတာ့ တူၾကတယ္။သို႔ေသာ္ မင္းတစ္ပါးက အဲဒီမင္းအားလုံးထက္ အာဏာစက္ လႊမ္းမုိးလြန္ကဲတာလို အစိႏိၱယဂုဏ္ခ်င္း တူေသာ္လည္း တန္ခိုးထက္ ကံတရားက အတိုင္းထက္ အလြန္ အင္အားႀကီးမားတယ္။ဒါေၾကာင့္ အကုသိုလ္ကံ ႏွိပ္စက္လွ်င္ ဘယ္ဟာမွ် မတားဆီးႏိုင္ဘူး။

အို မင္းျမတ္…လူတစ္ေယာက္ဟာ ျပစ္မႈတစ္ခုကို က်ဴးလြန္ခဲ့လွ်င္ အဲဒီလူကို အျပစ္မခံရေအာင္ ဘယ္မိဘ ေဆြမ်ိဳးမ်ားကမွ မကယ္ႏိုင္ဘူး။မင္းရဲ႕အာဏာစက္ကို ခံရျမဲျဖစ္တယ္။ထို႔အတူ အကုသိုလ္ကံ က်ဴးလြန္မိလွ်င္ ဘယ္တရားကမွ် မကယ္ႏိုင္ဘူး။ဥပမာတစ္နည္းဆိုရလွ်င္ ေတာမီးႀကီးေလာင္ခဲ့လွ်င္ ေရအုိးတစ္ေထာင္ႏွင့္ ၿငိမ္းသတ္ေသာ္လည္း မႏိုင္ဘဲ မီးကသာ လႊမ္းမိုးေတာက္ေလာင္သလို ကံရဲ႕အက်ိဳးဟာလည္း မီးလိုပင္ အားေကာင္းပါတယ္။ကံႏွိပ္စက္ခ်ိန္ ၾကဳံခဲ့လွ်င္ ဘယ္တန္ခိုးႏွင့္မွ် တားဆီးလို႔ မရစေကာင္းပါဘူး။ဒါေၾကာင့္ မဟာေမာဂၢလာန္ဟာ တန္ခိုးႀကီးပါလ်က္ႏွင့္ ခိုးသားတို႔ရဲ႕ အရိုက္အႏွက္ခံရၿပီး ပရိနိဗၺာန္ဝင္စံရျခင္းျဖစ္တယ္။

အရွင္နာဂသိန္မေထရ္ျမတ္က ဤသို႔ေျဖရွင္းတဲ့အခါ မိလိႏၵာမင္းႀကီးက ေကာင္းလွပါ၏လို႔ ဝန္ခံေလွ်ာက္ထားရပါတယ္။

ထီးခ်ိဳင့္ၿမိဳ႕တည္ေတာဆရာေတာ္ဘုရားႀကီး၏ “သတၱဝါအစျဖစ္ပုံ” မွ ကူးယူပူေဇာ္ပါ၏

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
area-one-business-complex
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service