ဘရက်ပစ်နှင့် ရေနံသူဌေးကြီး၏ သမီးတို့ နေအိမ်ချင်း လဲလှယ်ကြ

ဘရက်ပစ်နှင့် ရေနံသူဌေးကြီး၏ သမီးတို့ နေအိမ်ချင်း လဲလှယ်ကြ - Property News in Myanmar from iMyanmarHouse.com
19 Apr 2023 11:21 am တွင် တင်ခဲ့သည်
1407 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်နှင့် ကွယ်လွန်သွားပြီဖြစ်သော ရေနံသူဌေးကြီး J.Paul Getty ၏ သမီး အသက် ၆၅ နှစ်အရွယ်ရှိ Aileen Getty တို့သည် အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊လော့စ်အိန်ဂျလိမြို့ရှိ ၎င်းတို့၏ နေအိမ်များ လဲလှယ်လိုက်ကြသည်။

Aileen က ဘရက်ပစ်၏ နေအိမ်ကို ဝယ်ယူပြီး ဘရက်ပစ်က Aileen ၏ လော့စ်အိန်ဂျလိမြို့၊ Los Feliz အရပ်ရှိအိမ်ကို ဧပြီလအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘရက်ပစ်က ယခုရောင်းချလိုက်သောအိမ်တွင် ဇနီးဟောင်း အင်ဂျလီနာဂျိုလီ ၊ ကလေး ၆ ဦးနှင့် အတူနေထိုင် ခဲ့ပြီး ယခုအခါ ပိုမိုသေးငယ်သော နေအိမ်တွင် နေထိုင်လိုသောကြောင့် ပြန်လည်ရောင်းချလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

ဘရက်ပစ် ရောင်းလိုက်သော စံအိမ်ခြံဝန်းမှာ မြေကွက်များစွာ ပေါင်းစပ်ထားသည့် ခြံကြီးဖြစ်ပြီး Aileen ထံ ဒေါ်လာ ၃၉ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုမြေကွက်ကို ဘရက်ပစ်က Cassandra Peterson ထံမှ ၁၉၉၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ များစွာ မြတ်စွန်းခဲ့သည်။

ဘရက်ပစ်က ထိုခြံကို ဝယ်ယူပြီးနောက် အနီးရှိမြေကွက်များကိုလည်း ဝယ်ယူပေါင်းစည်းခဲ့ကာ စကိတ်ကွင်း ၊ တင်းနစ်ကွင်း ၊ ရေကူးကန် ၊ ကြီးမားသော Koi pond ၊ မော်တော်ဆိုင်ကယ်ဂိုဒေါင် ၊ ကပွဲခန်းမနှင့် ရုပ်ရှင်ရုံတို့ ပါဝင်သော စံအိမ်ဖြစ်သည်။

Aileen ထံမှ ဘရက်ပစ် ဝယ်လိုက်သော အိမ်မှာ ခြံအကျယ် ဒသမ ၂၉ ဧကသာရှိပြီး နေအိမ်အကျယ် စတုရန်းပေ ၂၀၀၀ ခန့် ဖြစ်ပြီး ချစ်စဖွယ် midcentury morden ဗိသုကာဟန်မှလွဲပြီး ခမ်းနားကြီးကျယ်သော amenities များမပါ။

(Aileen ၏ စတုရန်းပေ ၂၀၀၀ ကျယ်သော Steel House ဟု အမည်ပေးထားသောအိမ်။ ဓာတ်ပုံ- MEGA)

(Aileen ၏ midcentury morden ဗိသုကာဟန်စံအိမ်။ ဓာတ်ပုံ- MEGA )

(Aileen က ယခုအိမ်ကို Maroon 5 ဂီတအဖွဲ့မှ ဂစ်တာသမား James Valentine ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- MEGA)

(Aileen Getty ။ ဓာတ်ပုံ-Flim Magic)

(ဘရက်ပစ်။ ဓာတ်ပုံ-Corbis via Getty Images)

Aileen ၏ အိမ်တွင် တာရာဇိုကြမ်းခင်းများ ၊ များပြားလှသော ဆလိုက်မှန်တံခါးများ ၊ ရေကူးကန်နှင့် မြေယာအလှပြုပြင်ထားသောခြံဝန်း ၊ ရေချိုးခန်း ၂ ခန်းတို့ ပါသည်။

၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် Aileen ၏ စံအိမ်ကို ဘရက်ပစ်က ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း Dirt သတင်းဌာနက ဖော်ပြသည်။

ဘရက်ပစ် ဝယ်ယူလိုက်မှုကြောင့် အဆိုပါအိမ်မှာ နာမည်ကျော်ကြယ်ပွင့်တစ်ဦး၏ ပိုင်ဆိုင်မှုအောက်သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

Aileen က Steel House စံအိမ်ကို Maroon 5 ၏ လိဒ်ဂစ်တာသမား James Valentine ထံမှ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt swaps homes with Getty Oil heiress (nypost)

[Zawgyi]

ဘရက္ပစ္ႏွင့္ ေရနံသူေဌးၾကီး၏ သမီးတုိ႔ ေနအိမ္ခ်င္း လဲလွယ္ၾက

ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္ႏွင့္ ကြယ္လြန္သြားျပီျဖစ္ေသာ ေရနံသူေဌးၾကီး J.Paul Getty ၏ သမီး အသက္ ၆၅ ႏွစ္အရြယ္ရွိ Aileen Getty တို႔သည္ အေမရိကန္ျပည္ ၊ ကယ္လီဖုိးနီးယားျပည္နယ္ ၊ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ၎တို႔၏ ေနအိမ္မ်ား လဲလွယ္လုိက္ၾကသည္။

Aileen က ဘရက္ပစ္၏ ေနအိမ္ကို ဝယ္ယူျပီး ဘရက္ပစ္က Aileen ၏ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Los Feliz အရပ္ရွိအိမ္ကို ဧျပီလအတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဘရက္ပစ္က ယခုေရာင္းခ်လုိက္ေသာအိမ္တြင္ ဇနီးေဟာင္း အင္ဂ်လီနာဂ်ဳိလီ ၊ ကေလး ၆ ဦးႏွင့္ အတူေနထိုင္ ခဲ့ျပီး ယခုအခါ ပိုမိုေသးငယ္ေသာ ေနအိမ္တြင္ ေနထိုင္လိုေသာေၾကာင့္ ျပန္လည္ေရာင္းခ်လုိက္ျခင္း ျဖစ္သည္ ဟု ဆိုသည္။

ဘရက္ပစ္ ေရာင္းလိုက္ေသာ စံအိမ္ျခံဝန္းမွာ ေျမကြက္မ်ားစြာ ေပါင္းစပ္ထားသည့္ ျခံၾကီးျဖစ္ျပီး Aileen ထံ ေဒၚလာ ၃၉ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ထိုေျမကြက္ကို ဘရက္ပစ္က Cassandra Peterson ထံမွ ၁၉၉၄ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္းျဖင့္ ဝယ္ယူထားျခင္းျဖစ္ရာ မ်ားစြာ ျမတ္စြန္းခဲ့သည္။

ဘရက္ပစ္က ထိုျခံကို ဝယ္ယူျပီးေနာက္ အနီးရွိေျမကြက္မ်ားကိုလည္း ဝယ္ယူေပါင္းစည္းခဲ့ကာ စကိတ္ကြင္း ၊ တင္းနစ္ကြင္း ၊ ေရကူးကန္ ၊ ၾကီးမားေသာ Koi pond ၊ ေမာ္ေတာ္ဆိုင္ကယ္ဂိုေဒါင္ ၊ ကပြဲခန္းမႏွင့္ ရုပ္ရွင္ရံုတို႔ ပါဝင္ေသာ စံအိမ္ျဖစ္သည္။

Aileen ထံမွ ဘရက္ပစ္ ဝယ္လုိက္ေသာ အိမ္မွာ ျခံအက်ယ္ ဒသမ ၂၉ ဧကသာရွိျပီး ေနအိမ္အက်ယ္ စတုရန္းေပ ၂၀၀၀ ခန္႔ ျဖစ္ျပီး ခ်စ္စဖြယ္ midcentury morden ဗိသုကာဟန္မွလြဲျပီး ခမ္းနားၾကီးက်ယ္ေသာ amenities မ်ားမပါ။

(Aileen ၏ စတုရန္းေပ ၂၀၀၀ က်ယ္ေသာ Steel House ဟု အမည္ေပးထားေသာအိမ္။ ဓာတ္ပံု- MEGA)

(Aileen ၏ midcentury morden ဗိသုကာဟန္စံအိမ္။ ဓာတ္ပံု- MEGA )

(Aileen က ယခုအိမ္ကုိ Maroon 5 ဂီတအဖြဲ႔မွ ဂစ္တာသမား James Valentine ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- MEGA)

(Aileen Getty ။ ဓာတ္ပံု-Flim Magic)

(ဘရက္ပစ္။ ဓာတ္ပံု-Corbis via Getty Images)

Aileen ၏ အိမ္တြင္ တာရာဇိုၾကမ္းခင္းမ်ား ၊ မ်ားျပားလွေသာ ဆလိုက္မွန္တံခါးမ်ား ၊ ေရကူးကန္ႏွင့္ ေျမယာအလွျပဳျပင္ထားေသာျခံဝန္း ၊ ေရခ်ဳိးခန္း ၂ ခန္းတုိ႔ ပါသည္။

၁၉၆၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့သည့္ Aileen ၏ စံအိမ္ကုိ ဘရက္ပစ္က ကန္ေဒၚလာ ၅ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း Dirt သတင္းဌာနက ေဖာ္ျပသည္။

ဘရက္ပစ္ ဝယ္ယူလိုက္မႈေၾကာင့္ အဆိုပါအိမ္မွာ နာမည္ေက်ာ္ၾကယ္ပြင့္တစ္ဦး၏ ပိုင္ဆိုင္မႈေအာက္သို႔ ဒုတိယအၾကိမ္ ေရာက္ရွိခဲ့ျခင္းလည္း ျဖစ္သည္။

Aileen က Steel House စံအိမ္ကုိ Maroon 5 ၏ လိဒ္ဂစ္တာသမား James Valentine ထံမွ ၂၀၁၉ ခုႏွစ္အတြင္း ေဒၚလာ ၄ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt swaps homes with Getty Oil heiress (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service