ဗြိတိန်၏ အထီးကျန်ဆုံးနေအိမ် ပေါင် ၁၀ သန်းဖြင့် လေလံတင် ရောင်းချမည်

ဗြိတိန်၏ အထီးကျန်ဆုံးနေအိမ် ပေါင် ၁၀ သန်းဖြင့် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
9 Dec 2022 11:26 am တွင် တင်ခဲ့သည်
529 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်နိုင်ငံတွင် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအထိ လူနေအိမ်မရှိသော အထီးကျန်ဆုံးနေအိမ်တစ်လုံးရှိပြီး ဝယ်ယူနေထိုင်မည့်သူတို့အနေဖြင့် အနွေးထည်များအပြင် ငွေအများအပြားလိုအပ်မည် ဖြစ်သည်။

ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း Cumbria ခရိုင် ၊ Keswick မြို့ အနီးရှိ Skiddaw House ဟုအမည်ပေးထားသော အဆိုပါအိမ်ကို အနည်းဆုံး ပေါင် ၁၀ သန်းဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။

 

(ဝန်းကျင် မိုင်ပေါင်းများစွာအထိ လူနေအိမ်မရှိချေ။ ဓာတ်ပုံ Credit: Tim Stewart)

 

 

(Skiddaw House သို့ သွားရန် ကားဖြင့် ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းမှ ခက်ခက်ခဲခဲ သွားရ သည်။ ဓာတ်ပုံ Credit: Tim Stewart)

 

(နေအိမ်တွင် လျှပ်စစ်မီး၊ ဓာတ်ငွေ့များ မရှိချေ။ ဓာတ်ပုံ Credit: Skiddaw House)

နေအိမ်၏ ဆိတ်ငြိမ်မှုကို အထီးကျန်မှုဖြင့် ထပ်လောင်းပေါင်းစပ်ထားသည်။

အနီးဆုံးအရက်ဆိုင်ရှိသော Bassenthwaite ကျေးရွာမှာ ၄ မိုင်နီးပါးဝေးကွာပြီး အနီးဆုံးဈေးဆိုင်ရှိသော Keswick ဟူသောမြို့မှာ ၅ မိုင်အကွာတွင် ရှိသည်။

တည်နေရာမှာ အင်္ဂလန်အနောက်မြောက်ပိုင်း အပန်းဖြေခရီးထွက်သူများအကြား နာမည်ကျော်သည့် Lake District အမည်ရှိ ဧက ၃၀၀၀ ကျယ်ဝန်းသော ဧရိယာအတွင်း တည်ရှိသည်။

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါသောအိမ်ကို လေလံတင်သူတို့က အင်္ဂလန်၏ ဝေးလံခေါင်သီမှုအရှိဆုံး အိမ်ဟု ရည်ညွှန်းထားသည်။

နေအိမ်တွင် လျှပ်စစ်၊ ဓာတ်ငွေ့လိုင်းမရှိရုံမျှမက ဖုန်းတိုင်များလည်း မရှိသောကြောင့် အင်တာနက် မရရှိရာ ဝယ်လက်များအနေဖြင့် ပြင်ပကမ္ဘာနှင့်လည်း အဆက်ဖြတ်ခြင်းခံရမည် ဖြစ်သည်။

မျက်စေ့တဆုံးမြင်ရသည့် နေရာများအတွင်း ရှေးဟောင်းကျောက်တုံးနံရံကြီးတစ်ခုမှလွဲ၍ အခြားနေအိမ်များလုံးဝမရှိချေ။

Threlkeld ရွာသို့ အတိုဆုံးလမ်းကြောင်းမှ လမ်းလျှောက်သွားမည်ဆိုလျှင် တစ်နာရီ၊ မိနစ် ၂၀ ခန့် လျှောက်ရသည်။

နေအိမ်ရှိရာသို့ ကားဖြင့်သွား၍မရချေ။ အဘယ်ကြောင့်ဆိုလျှင် နေအိမ်ဆီသို့ တက်သည့် လမ်းများမှာ လွန်စွာ ကွေ့ကွေ့ကောက်ကောက်နိုင်လှသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝယ်လက်တို့အနေဖြင့် လူသူဝေးကွာလှသော နေအိမ်ရှိရာသို့ သွားမည်ဆိုလျှင် ပြေးခြင်း၊ လမ်းလျှောက်ခြင်း (သို့မဟုတ်) စက်ဘီးဆိုင်ကယ်တို့ဖြင့်သာ သွားနိုင်မည် ဖြစ်သည်။

မူလက ဤအိမ်ကို ခရီးသွားများ ခရီးတထောက်နားခိုနိုင်မည့် ဈေးပေါပေါ တည်းခိုဆောင်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကို ဈေးကွက်တင်သည့် Mitchell's Land Agency ၏ အကြီးအကဲ Andrew Wright က ပြောသည်မှာ “Lake District အမျိုးသားဥယျာဉ်ရဲ့ ရောင်းချပေးမယ့် အကြီးမားဆုံးမြေနေရာတစ်ခုလည်း ဖြစ်ပါတယ်”ဟု ဆိုသည်။

Skiddaw House ကို ၂၀၂၁ ခုနှစ်အတွင်းက ပထမအကြိမ် အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း လျှပ်စစ်မီး မရှိသောကြောင့် ရောင်းမထွက်ခဲ့။

စာရေးဆရာ Hugh Walpole က ၁၉၃၂ ခုနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သော The Fortress အမည်ရှိ ဝတ္ထုတွင် ဤနေအိမ်တွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပုံ ဇာတ်လမ်းဆင်ကာ ရေးသားခဲ့ဖူးသည်။

သူ၏ ဝတ္ထုအတွင်းရေးသားခဲ့ပုံမှာ “ဤနေအိမ်သည် ဗြိတိန်တစ်နိုင်ငံလုံးတွင် အထီးအကျန်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Threlkeld မှ Dash အထိ လမ်းတစ်လျှောက်တွင် တစ်ခုတည်းသော အဆောက်အအုံလည်း ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။

ယခုအရောင်းဈေးကွက်တင်ရာတွင်မူ ကျယ်ပြောသော မြေနေရာတို့ပါ ပါဝင်လာရာ Skiddaw တောအုပ်၊ Skiddaw တောင်၊ Great Calva နှင့် Little Calva မြေရိုင်းကုန်းမြေတို့ ပါဝင်သည်။

ချိတ်ပိတ်လေလံဖြင့် လေလံတင်မည်ဖြစ်ပြီး ဝယ်လက်တို့အနေဖြင့် အချိန်တူ တပြိုင်တည်းလေလံတင်ရမည် ဟု ဆိုသည်။ ထိုသို့အချိန်တူ လေလံတင်ပါက အခြားသူပေးမည့်ဈေးကို မသိနိုင်သောကြောင့်ဟု ဆိုသည်။

 

(မြေဧက ၃၀၀၀ ရှိသော ဝန်းအတွင်းရှိ နေအိမ်တွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။ ဓာတ်ပုံ Credit: Skiddaw House)

 

 

(အပြောကျယ်သော ခြံဝန်းကြီးအတွင်း တောင် ၃ လုံးလည်း ပါဝင်သည်။ Credit: Tim Stewart)

 

(လေလံတင်သူတို့က အင်္ဂလန်၏ ဝေးလံခေါင်သီဆုံးနေအိမ်ဟု ရည်ညွှန်းထားသည်။ ဓာတ်ပုံ Credit: Skiddaw House)

 

 

(၂၀၂၁ ခုနှစ်အတွင်းက ပထမအကြိမ် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး လျှပ်စစ်မီးမရှိသောကြောင့် ရောင်းမထွက်ခဲ့ချေ။ ဓာတ်ပုံ Credit: Tim Stewart)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside ‘Britain’s loneliest house’: Breathtaking property has no sign of people for miles… but you better wrap up warm (thesun)

 

 

 

[Zawgyi]

ျဗိတိန္၏ အထီးက်န္ဆံုးေနအိမ္ ေပါင္ ၁၀ သန္းျဖင့္ ေလလံတင္ ေရာင္းခ်မည္

 

ျဗိတိန္ႏိုင္ငံတြင္ ပတ္ဝန္းက်င္ မိုင္ေပါင္းမ်ားစြာအထိ လူေနအိမ္မရွိေသာ အထီးက်န္ဆံုးေနအိမ္တစ္လံုးရွိျပီး ဝယ္ယူေနထိုင္မည့္သူတုိ႔အေနျဖင့္ အေႏြးထည္မ်ားအျပင္ ေငြအမ်ားအျပားလိုအပ္မည္ ျဖစ္သည္။

ျဗိတိန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Cumbria ခရိုင္ ၊ Keswick ျမိဳ႕ အနီးရွိ Skiddaw House ဟုအမည္ေပးထားေသာ အဆိုပါအိမ္ကို အနည္းဆံုး ေပါင္ ၁၀ သန္းျဖင့္ ေလလံတင္ေရာင္းခ်ရန္ စီစဥ္ထားသည္။

(ဝန္းက်င္ မိုင္ေပါင္းမ်ားစြာအထိ လူေနအိမ္မရွိေခ်။ ဓာတ္ပံု Credit: Tim Stewart)

(Skiddaw House သို႔ သြားရန္ ကားျဖင့္ ေကြ႔ေကြ႔ေကာက္ေကာက္ ေတာင္တက္လမ္းမွ ခက္ခက္ခဲခဲ သြားရ သည္။ ဓာတ္ပံု Credit: Tim Stewart)

(ေနအိမ္တြင္ လွ်ပ္စစ္မီး၊ ဓာတ္ေငြ႔မ်ား မရွိေခ်။ ဓာတ္ပံု Credit: Skiddaw House)

ေနအိမ္၏ ဆိတ္ျငိမ္မႈကို အထီးက်န္မႈျဖင့္ ထပ္ေလာင္းေပါင္းစပ္ထားသည္။

အနီးဆံုးအရက္ဆိုင္ရွိေသာ Bassenthwaite ေက်းရြာမွာ ၄ မိုင္နီးပါးေဝးကြာျပီး အနီးဆံုးေစ်းဆိုင္ရွိေသာ Keswick ဟူေသာျမိဳ႕မွာ ၅ မိုင္အကြာတြင္ ရွိသည္။

တည္ေနရာမွာ အဂၤလန္အေနာက္ေျမာက္ပိုင္း အပန္းေျဖခရီးထြက္သူမ်ားအၾကား နာမည္ေက်ာ္သည့္ Lake District အမည္ရွိ ဧက ၃၀၀၀ က်ယ္ဝန္းေသာ ဧရိယာအတြင္း တည္ရွိသည္။

အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္းပါေသာအိမ္ကို ေလလံတင္သူတို႔က အဂၤလန္၏ ေဝးလံေခါင္သီမႈအရွိဆံုး အိမ္ဟု ရည္ညႊန္းထားသည္။

ေနအိမ္တြင္ လွ်ပ္စစ္၊ ဓာတ္ေငြ႔လိုင္းမရွိရံုမွ်မက ဖုန္းတိုင္မ်ားလည္း မရွိေသာေၾကာင့္ အင္တာနက္ မရရွိရာ ဝယ္လက္မ်ားအေနျဖင့္ ျပင္ပကမၻာႏွင့္လည္း အဆက္ျဖတ္ျခင္းခံရမည္ ျဖစ္သည္။

မ်က္ေစ့တဆံုးျမင္ရသည့္ ေနရာမ်ားအတြင္း ေရွးေဟာင္းေက်ာက္တံုးနံရံၾကီးတစ္ခုမွလြဲ၍ အျခားေနအိမ္မ်ားလံုးဝမရွိေခ်။

Threlkeld ရြာသို႔ အတိုဆံုးလမ္းေၾကာင္းမွ လမ္းေလွ်ာက္သြားမည္ဆိုလွ်င္ တစ္နာရီ၊ မိနစ္ ၂၀ ခန္႔ ေလွ်ာက္ရသည္။

ေနအိမ္ရွိရာသို႔ ကားျဖင့္သြား၍မရေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ ေနအိမ္ဆီသို႔ တက္သည့္ လမ္းမ်ားမွာ လြန္စြာ ေကြ႔ေကြ႔ေကာက္ေကာက္ႏိုင္လွေသာေၾကာင့္ ျဖစ္သည္။

ထို႔ေၾကာင့္ ဝယ္လက္တို႔အေနျဖင့္ လူသူေဝးကြာလွေသာ ေနအိမ္ရွိရာသို႔ သြားမည္ဆိုလွ်င္ ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း (သို႔မဟုတ္) စက္ဘီးဆိုင္ကယ္တို႔ျဖင့္သာ သြားႏိုင္မည္ ျဖစ္သည္။

မူလက ဤအိမ္ကို ခရီးသြားမ်ား ခရီးတေထာက္နားခိုႏိုင္မည့္ ေစ်းေပါေပါ တည္းခိုေဆာင္အျဖစ္ အသံုးျပဳခဲ့ျခင္း ျဖစ္သည္။

ေနအိမ္ကို ေစ်းကြက္တင္သည့္ Mitchell's Land Agency ၏ အၾကီးအကဲ Andrew Wright က ေျပာသည္မွာ “Lake District အမ်ဳိးသားဥယ်ာဥ္ရဲ႕ ေရာင္းခ်ေပးမယ့္ အၾကီးမားဆံုးေျမေနရာတစ္ခုလည္း ျဖစ္ပါတယ္”ဟု ဆိုသည္။

Skiddaw House ကို ၂၀၂၁ ခုႏွစ္အတြင္းက ပထမအၾကိမ္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသာ္လည္း လွ်ပ္စစ္မီး မရွိေသာေၾကာင့္ ေရာင္းမထြက္ခဲ့။

စာေရးဆရာ Hugh Walpole က ၁၉၃၂ ခုႏွစ္အတြင္း ေရးသားထုတ္ေဝခဲ့ေသာ The Fortress အမည္ရွိ ဝတၳဳတြင္ ဤေနအိမ္တြင္ လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ပံု ဇာတ္လမ္းဆင္ကာ ေရးသားခဲ့ဖူးသည္။

သူ၏ ဝတၳဳအတြင္းေရးသားခဲ့ပံုမွာ “ဤေနအိမ္သည္ ျဗိတိန္တစ္ႏိုင္ငံလံုးတြင္ အထီးအက်န္ဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။ Threlkeld မွ Dash အထိ လမ္းတစ္ေလွ်ာက္တြင္ တစ္ခုတည္းေသာ အေဆာက္အအံုလည္း ျဖစ္သည္”ဟု ေဖာ္ျပခဲ့သည္။

ယခုအေရာင္းေစ်းကြက္တင္ရာတြင္မူ က်ယ္ေျပာေသာ ေျမေနရာတို႔ပါ ပါဝင္လာရာ Skiddaw ေတာအုပ္၊ Skiddaw ေတာင္၊ Great Calva ႏွင့္ Little Calva ေျမရိုင္းကုန္းေျမတို႔ ပါဝင္သည္။

ခ်ိတ္ပိတ္ေလလံျဖင့္ ေလလံတင္မည္ျဖစ္ျပီး ဝယ္လက္တို႔အေနျဖင့္ အခ်ိန္တူ တျပိဳင္တည္းေလလံတင္ရမည္ ဟု ဆိုသည္။ ထိုသုိ႔အခ်ိန္တူ ေလလံတင္ပါက အျခားသူေပးမည့္ေစ်းကို မသိႏိုင္ေသာေၾကာင့္ဟု ဆိုသည္။

(ေျမဧက ၃၀၀၀ ရွိေသာ ဝန္းအတြင္းရွိ ေနအိမ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္း ပါဝင္သည္။ ဓာတ္ပံု Credit: Skiddaw House)

(အေျပာက်ယ္ေသာ ျခံဝန္းၾကီးအတြင္း ေတာင္ ၃ လံုးလည္း ပါဝင္သည္။ Credit: Tim Stewart)

(ေလလံတင္သူတို႔က အဂၤလန္၏ ေဝးလံေခါင္သီဆံုးေနအိမ္ဟု ရည္ညႊန္းထားသည္။ ဓာတ္ပံု Credit: Skiddaw House)

(၂၀၂၁ ခုႏွစ္အတြင္းက ပထမအၾကိမ္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးျပီး လွ်ပ္စစ္မီးမရွိေသာေၾကာင့္ ေရာင္းမထြက္ခဲ့ေခ်။ ဓာတ္ပံု Credit: Tim Stewart)

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside ‘Britain’s loneliest house’: Breathtaking property has no sign of people for miles… but you better wrap up warm (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service