အမေရိကန်သမ္မတက သက်တော်စောင့်လုပ်ပေးရန် ကမ်းလှမ်းမှုအားငြင်းခဲ့သူ အက်ရှင်သရုပ်ဆောင် ဂျက်လီ၏ စင်္ကာပူမှ ဒေါ်လာ သန်း ၂၀ ကျော်တန်စံအိမ်ကြီး

အမေရိကန်သမ္မတက သက်တော်စောင့်လုပ်ပေးရန် ကမ်းလှမ်းမှုအားငြင်းခဲ့သူ အက်ရှင်သရုပ်ဆောင် ဂျက်လီ၏ စင်္ကာပူမှ ဒေါ်လာ သန်း ၂၀ ကျော်တန်စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
24 Nov 2022 11:05 am တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အက်ရှင်ထိပ်သီးကြယ်ပွင့် ဂျက်လီသည် အသက် ၁၁ နှစ်သားအရွယ်က အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်သွားရောက်စဉ် အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်က သူ၏ သက်တော်စောင့်လုပ်ပေးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသည်။

ဂျက်လီသည် ၁၉၇၄ ခုနှစ်တွင် တရုတ်အမျိုးသားဝူရှုးအသင်းနှင့်အတူ အမေရိကန်ပြည်သို့ သွားရောက်စဉ် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် သမ္မတနစ်ဆင်နှင့် တွေ့ဆုံခဲ့ရကြောင်း ယခုအခါ အသက် ၅၉ နှစ်ရှိပြီဖြစ်သူ ဂျက်လီက ပြန်ပြောင်းပြောပြသည်။

အမေရိကန်သမ္မတ နစ်ဆင်နှင့် အခြားသော အမေရိကန်ဂုဏ်သရေရှိ ပုဂ္ဂိုလ်များရှေ့မှောက် အိမ်ဖြူတော်ရှေ့ မြက်ခင်းပြင်တွင် ဝူရှုးကစားပြရန် ရွေးချယ်ခံရသူများအနက် အမည်ရင်း လီလျန်းကြယ်ဟုခေါ်သူ ဂျက်လီလည်း ပါဝင်ခဲ့သည်။

အခမ်းအနား နောက်ပိုင်းတွင် အစီအစဉ်တင်ဆက်သူတို့က ဝူရှုးကစားပြသည့် တရုတ်ကလေးငယ်များကို အမေရိကန်သမ္မတနှင့် မိတ်ဆက်ပေးကာ ဓာတ်ပုံများ အတူရိုက်ကြသည်။

“ကျွန်တော်မှတ်မိသလောက် သမ္မတ ရစ်ချတ်နစ်ဆင်က ကျွန်တော့်ရဲ့ မိန်းကလေးအသင်းဖော်တွေရှေ့မှာ ရပ်နေခဲ့တယ်။ ပြီးတော့ ကျွန်တော့်ဆီရောက်လာပြီးပြောတယ်…ကလေး၊ မင်းရဲ့ ကွန်ဖူးပညာသိပ်ကောင်း တယ်။ မင်းကြီးလာရင် ငါ့ရဲ့ သက်တော်စောင့်လုပ်မလား..လို့ မေးပါတယ်”ဟု ဂျက်လီက ပြန်ပြောင်းပြောပြ သည်။

 

ထိုစဉ်က အသက် ၁၁ နှစ်သာရှိသေးသူ ဂျက်လီက သမ္မတနစ်ဆင်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး “ကျွန်တော်က ဘယ်သူ့ကိုမဆို လူတစ်ယောက်ကို အကာအကွယ်ပေးတာမျိုး မလုပ်ချင်ပါဘူး။ ကျွန်တော်ကြီးလာရင် တရုတ်နိုင်ငံသား ၁ ဘီလီယံကို ကာကွယ်ပေးချင်ပါတယ်”ဟု ပြောခဲ့သည်။

ဂျက်လီ၏ ပြောကြားချက်အရ သူ့အဖြေကို ကြားရချိန်တွင် အခမ်းအနားတွင်ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်ဟု ဆိုသည်။

စိတ်မသက်မသာဖြင့် အားလုံးတိတ်ဆိတ်သွားချိန်တွင် ထိုစဉ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟင်နရီ ကစ်ဆင်းဂျားက ရယ်ရယ်မောမောအရွှန်းဖောက်ပြောကြားကာ တိတ်ဆိတ်သွားမှုကြီးကို အလိမ္မာဖြင့် ဖြေရှင်းခဲ့သည်။

ကစ်ဆင်းဂျားပြောခဲ့သည်မှာ “ဘုရားသခင်၊ ဒီလိုကောင်လေးက သံတမန်တယောက်လို စကားပြောနေပါပြီလား”ဟု ဆိုသည်။ ထိုနှစ်က ဂျက်လီသည် ဝူရှုးအမျိုးသားချန်ပီယံဆုရရှိခဲ့ပြီး ထိုဆုကို ၅ နှစ်ဆက်တိုက် ဆက်လက်ရရှိခဲ့သည်။

ယင်းနောက် အသက် ၁၈ နှစ်သားအရွယ်တွင် ဝူရှုးလောကမှ အနားယူခဲ့ပြီး ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။

၁၉၈၀ ပြည့်လွန်ကာလများသို့ ရောက်သောအခါ ဂျက်လီသည် တရုတ်အက်ရှင်ဇာတ်ကားနယ်ပယ်တွင် အအောင်မြင်ဆုံး သရုပ်ဆောင်များအနက်တစ်ဦးအပါအဝင် ဖြစ်နေလေပြီ။

(ဂျက်လီ၏ စင်္ကာပူနိုင်ငံ Bukit Timah ရှိ ဒေါ်လာ သန်း ၂၀ တန် စံအိမ်)

ကျွန်ုပ်တို့အားလုံး ဂျက်လီကို သူ၏ အက်ရှင်ရုပ်ရှင်ကားများဖြင့်သိကြသည်။ သူ၏ ဇာတ်ကားများသည် တရုတ်ပြည်တွင်သာမက ဟောလိဝုဒ်တွင်ပါ မျိုးဆက်များစွာကို ဖြန့်ကျက်ထားခဲ့သည်။

သို့သော် လူသိနည်းသောအချက်ကား စင်္ကာပူနိုင်ငံ Bukit Timah အရပ်ရှိ GCB ဟုခေါ်သော အဆင့်မြင့်လုံးချင်းအိမ်ယာမှ စံအိမ်တစ်လုံးကို ဂျက်လီက ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၉ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သည့် အချက်ဖြစ်သည်။

အဆိုပါစံအိမ်ကို ဂျက်လီဝယ်ယူခဲ့ခြင်းတွင် စိတ်ဝင်စားဖွယ်အချက်တစ်ခုရှိနေသည်။

စင်္ကာပူတွင် လုံးချင်းအိမ်များကို စင်္ကာပူနိုင်ငံသားများသာ ဝယ်ယူခွင့်ရှိသည်။

အိမ်ခြံမြေတည်နေရာမှာ Sentosa တွင်မဟုတ်လျှင် (သို့မဟုတ်) စင်္ကာပူမြေယာအာဏာပိုင်အဖွဲ့ထံမှ အထူးခွင့်ပြုချက် မရှိလျှင် နိုင်ငံခြားသားများအနေဖြင့် လုံးချင်းအိမ်များ ဝယ်ယူခွင့်မရှိချေ။

စင်္ကာပူရှိ GCB အိမ်ကို ဂျက်လီဝယ်ယူသည့် သတင်းများထွက်လာချိန်တွင် ဂျက်လီမှာ အမေရိကန်နိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်သည်။

ဂျက်လီသည် စင်္ကာပူနိုင်ငံသားတစ်ဦးအဖြစ် ခွင့်ပြုချက်ရရှိခဲ့ပြီလားဟူသော ခန့်မှန်းချက်များလည်း ထွက်ပေါ်လာသည်။

သတင်းဌာနအချို့ဖော်ပြချက်အရ ဂျက်လီသည် ယခုအခါ စင်္ကာပူနိုင်ငံသားတစ်ဦး ဖြစ်နေပြီဟု ဖော်ပြကြသော်လည်း Uchify အမည်ရှိ စင်္ကာပူအိမ်ခြံမြေ ဝက်ဆိုက်၏ ဖော်ပြချက်အရ ဂျက်လီသည် ကနေဒါန်ိုင်ငံသားအဖြစ်ခံယူထားသည်ဟု ဆိုသည်။

အဆိုပါ GCB အခန်းကို ဝယ်ယူပြီးကတည်းက ဂျက်လီကို စင်္ကာပူတွင် တစ်ခါတစ်ရံမှသာ တွေ့ရတော့သည်။

သူ၏မိသားစုသည် စင်္ကာပူတွင် နေထိုင်ခြင်းမရှိတော့ဟူသော သတင်းများလည်း ရှိသည်။

ဂျက်လီ၏ ကျယ်ပြောသောစံအိမ်နှင့်ဂရုတစိုက်ထ်ိန်းသိမ်းမွမ်းမံထားသော ခြံဝန်းတို့မှာ အီတလီစံအိမ်တစ်လုံးနှင့်တူနေသည်။

( ၁ စတုရန်းပေလျှင် ၈၇၁ ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်)

 

ဂျက်လီက စင်္ကာပူရှိစံအိမ်အား ဒေါ်လာ ၁၉ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သည့်သတင်းကို The Business Times (BT) က ၂၀၀၉ ခုနှစ်ဇွန်လတွင် ပထမဆုံး သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

စံအိမ်ခြံဝန်း၏စုစုပေါင်းအကျယ်အဝန်းမှာ ၂၂၇၂၃ စတုရန်းပေရှိရာ ဂျက်လီက ၁ စတုရန်းပေလျှင် ၈၇၁ ဒေါ်လာ ပေးခဲ့ရခြင်းဖြစ်သည်။ ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်ပြီး ထိုဒေသ၏ အကျယ်ဝန်းဆုံးခြံကွက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အခြားခြံကွက်များမှာ စတုရန်းပေ ၁၃၀၀၀ မှ ၁၇၀၀၀ ကြားရှိသည်။

စံအိမ်ဝယ်ယူလိုက်သည့် သတင်းများထွက်ပေါ်လာချိန် ဝန်းကျင်ခန့်တွင်ပင် ဂျက်လီက သူ၏ One Foundation အဖွဲ့မှတဆင့် စင်္ကာပူတွင် ပရဟိတလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၁၁ ခုနှစ်ကကျင်းပခဲ့သော ကမ္ဘာ့စေတနာဝန်ထမ်းညီလာခံတွင် ဂျက်လီကပြောခဲ့သည်မှာ “စင်္ကာပူမှာ အကြောင်းအရာအများစုက အများကြီးဖွံ့ဖြိုးနေပါပြီ ပရဟိတအဖွဲ့တွေလည်း အများကြီးရှိနေပါပြီ” ဟု ပြောခဲ့သည်။

ထို့ကြောင့်ပင် ဂျက်လီကို စင်္ကာပူတွင် များစွာမတွေ့ရခြင်း ဖြစ်နိုင်သည်။

 

(ဂျက်လီ၏ စင်္ကာပူစံအိမ်။ ဓာတ်ပုံ-credit: AsiaOne/The Business Times)

ဂျက်လီသည် အဆိုပါစံအိမ်ကို ပညာရေးကဏ္ဍလုပ်ငန်းရှင်တစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

(လက်ရှိအားဖြင့် ဂျက်လီသည် ဤစံအိမ်တွင် နေထိုင်ခြင်းရှိမရှိကို မသိရ )

ဂျက်လီ၏ စင်္ကာပူစံအိမ်နှင့်စပ်လျဉ်းပြီး များစွာမသိရချေ။

အတွင်းပိုင်းမြင်ကွင်းမည်သို့ရှိမည်ကိုလည်း Google Street View တွင်မတွေ့ရ။

သူ၏အငယ်ဆုံးသမီး ၂ ဦးမှာ ပြည်ပတွင် ကျောင်းတက်နေပြီး ဂျက်လီမှာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်။

သို့သော် ထိုအချက်များမှာ စင်္ကာပူတွင် အခြေချနေရလောက်သည့် အကြောင်းအရင်းများ မဟုတ်ချေ။

သို့သော်မှတ်တမ်းများအရမူ ဂျက်လီသည် အဆိုပါစံအိမ်၏ ပိုင်ရှင်အဖြစ် ရှိနေဆဲဖြစ်ကြောင်းပြသနေသည်။

ဂျက်လီက ထိုစံအိမ်ကို ပြန်လည်ရောင်းချမည်ဆိုပါက အနည်းဆုံး ဒေါ်လာ သန်း ၃၀ ခန့် ရရှိဖွယ်ရာရှိသည်။

 

(ဂျက်လီ၏ ရှန်ဟိုင်းမြို့စံအိမ်ဝင်ပေါက်နေရာ။ ဓာတ်ပုံ- credit: Universal Marble & Granite Group)

 

 

ဂျက်လီသည် တရုတ်ပြည် ရှန်ဟိုင်းမြို့တွင်လည်း ဒေါ်လာ သန်း ၄၀ တန်ကြေးရှိ စံအိမ်ကြီး တစ်လုံး ပိုင်ဆိုင်ထားသည်။

(ဆက်စပ်သတင်း)

အက်ရှင်စူပါကြယ်ပွင့် ဂျက်လီ၏ ရှန်ဟိုင်းမြို့မှ စံအိမ်

https://www.imyanmarhouse.com/news/read/1008150

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jet Li Has A Sprawling $20M Private Good Class Bungalow In Bukit Timah, Used To Be FJ Benjamin’s House (uchify, news.yahoo)

 

 

 

[Zawgyi]

အေမရိကန္သမၼတက သက္ေတာ္ေစာင့္လုပ္ေပးရန္ ကမ္းလွမ္းမႈအားျငင္းခဲ့သူ အက္ရွင္သရုပ္ေဆာင္ ဂ်က္လီ၏ စကၤာပူမွ ေဒၚလာ သန္း ၂၀ ေက်ာ္တန္စံအိမ္ၾကီး

 

အက္ရွင္ထိပ္သီးၾကယ္ပြင့္ ဂ်က္လီသည္ အသက္ ၁၁ ႏွစ္သားအရြယ္က အေမရိကန္ျပည္ေထာင္စုသို႔ အလည္အပတ္သြားေရာက္စဥ္ အေမရိကန္သမၼတ ရစ္ခ်တ္နစ္ဆင္က သူ၏ သက္ေတာ္ေစာင့္လုပ္ေပးရန္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ဖူးသည္။

ဂ်က္လီသည္ ၁၉၇၄ ခုႏွစ္တြင္ တရုတ္အမ်ဳိးသားဝူရႈးအသင္းႏွင့္အတူ အေမရိကန္ျပည္သို႔ သြားေရာက္စဥ္ လိုက္ပါသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ခရီးစဥ္တြင္ သမၼတနစ္ဆင္ႏွင့္ ေတြ႔ဆံုခဲ့ရေၾကာင္း ယခုအခါ အသက္ ၅၉ ႏွစ္ရွိျပီျဖစ္သူ ဂ်က္လီက ျပန္ေျပာင္းေျပာျပသည္။

အေမရိကန္သမၼတ နစ္ဆင္ႏွင့္ အျခားေသာ အေမရိကန္ဂုဏ္သေရရွိ ပုဂၢိဳလ္မ်ားေရွ႕ေမွာက္ အိမ္ျဖဴေတာ္ေရွ႕ ျမက္ခင္းျပင္တြင္ ဝူရႈးကစားျပရန္ ေရြးခ်ယ္ခံရသူမ်ားအနက္ အမည္ရင္း လီလ်န္းၾကယ္ဟုေခၚသူ ဂ်က္လီလည္း ပါဝင္ခဲ့သည္။

အခမ္းအနား ေနာက္ပိုင္းတြင္ အစီအစဥ္တင္ဆက္သူတို႔က ဝူရႈးကစားျပသည့္ တရုတ္ကေလးငယ္မ်ားကို အေမရိကန္သမၼတႏွင့္ မိတ္ဆက္ေပးကာ ဓာတ္ပံုမ်ား အတူရိုက္ၾကသည္။

“ကၽြန္ေတာ္မွတ္မိသေလာက္ သမၼတ ရစ္ခ်တ္နစ္ဆင္က ကၽြန္ေတာ့္ရဲ႕ မိန္းကေလးအသင္းေဖာ္ေတြေရွ႕မွာ ရပ္ေနခဲ့တယ္။ ျပီးေတာ့ ကၽြန္ေတာ့္ဆီေရာက္လာျပီးေျပာတယ္…ကေလး၊ မင္းရဲ႕ ကြန္ဖူးပညာသိပ္ေကာင္း တယ္။ မင္းၾကီးလာရင္ ငါ့ရဲ႕ သက္ေတာ္ေစာင့္လုပ္မလား..လို႔ ေမးပါတယ္”ဟု ဂ်က္လီက ျပန္ေျပာင္းေျပာျပ သည္။

ထိုစဥ္က အသက္ ၁၁ ႏွစ္သာရွိေသးသူ ဂ်က္လီက သမၼတနစ္ဆင္၏ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ျပီး “ကၽြန္ေတာ္က ဘယ္သူ႔ကိုမဆို လူတစ္ေယာက္ကို အကာအကြယ္ေပးတာမ်ဳိး မလုပ္ခ်င္ပါဘူး။ ကၽြန္ေတာ္ၾကီးလာရင္ တရုတ္ႏိုင္ငံသား ၁ ဘီလီယံကို ကာကြယ္ေပးခ်င္ပါတယ္”ဟု ေျပာခဲ့သည္။

ဂ်က္လီ၏ ေျပာၾကားခ်က္အရ သူ႔အေျဖကို ၾကားရခ်ိန္တြင္ အခမ္းအနားတြင္ရွိေနသူအားလံုး အံ့အားသင့္သြားၾကသည္ဟု ဆိုသည္။ စိတ္မသက္မသာျဖင့္ အားလံုးတိတ္ဆိတ္သြားခ်ိန္တြင္ ထိုစဥ္က အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီးျဖစ္သူ ဟင္နရီ ကစ္ဆင္းဂ်ားက ရယ္ရယ္ေမာေမာအရႊန္းေဖာက္ေျပာၾကားကာ တိတ္ဆိတ္သြားမႈၾကီးကို အလိမၼာျဖင့္ ေျဖရွင္းခဲ့သည္။

ကစ္ဆင္းဂ်ားေျပာခဲ့သည္မွာ “ဘုရားသခင္၊ ဒီလိုေကာင္ေလးက သံတမန္တေယာက္လို စကားေျပာေနပါျပီလား”ဟု ဆိုသည္။ ထိုႏွစ္က ဂ်က္လီသည္ ဝူရႈးအမ်ဳိးသားခ်န္ပီယံဆုရရွိခဲ့ျပီး ထိုဆုကို ၅ ႏွစ္ဆက္တိုက္ ဆက္လက္ရရွိခဲ့သည္။

ယင္းေနာက္ အသက္ ၁၈ ႏွစ္သားအရြယ္တြင္ ဝူရႈးေလာကမွ အနားယူခဲ့ျပီး ရုပ္ရွင္ေလာကသို႔ ဝင္ေရာက္ခဲ့သည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားသို႔ ေရာက္ေသာအခါ ဂ်က္လီသည္ တရုတ္အက္ရွင္ဇာတ္ကားနယ္ပယ္တြင္ အေအာင္ျမင္ဆံုး သရုပ္ေဆာင္မ်ားအနက္တစ္ဦးအပါအဝင္ ျဖစ္ေနေလျပီ။

 

(ဂ်က္လီ၏ စကၤာပူႏိုင္ငံ Bukit Timah ရွိ ေဒၚလာ သန္း ၂၀ တန္ စံအိမ္)

ကၽြႏု္ပ္တို႔အားလံုး ဂ်က္လီကို သူ၏ အက္ရွင္ရုပ္ရွင္ကားမ်ားျဖင့္သိၾကသည္။ သူ၏ ဇာတ္ကားမ်ားသည္ တရုတ္ျပည္တြင္သာမက ေဟာလိဝုဒ္တြင္ပါ မ်ဳိးဆက္မ်ားစြာကို ျဖန္႔က်က္ထားခဲ့သည္။

သို႔ေသာ္ လူသိနည္းေသာအခ်က္ကား စကၤာပူႏိုင္ငံ Bukit Timah အရပ္ရွိ GCB ဟုေခၚေသာ အဆင့္ျမင့္လံုးခ်င္းအိမ္ယာမွ စံအိမ္တစ္လံုးကို ဂ်က္လီက ၂၀၀၉ ခုႏွစ္တြင္ ေဒၚလာ ၁၉ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့သည့္ အခ်က္ျဖစ္သည္။

အဆိုပါစံအိမ္ကို ဂ်က္လီဝယ္ယူခဲ့ျခင္းတြင္ စိတ္ဝင္စားဖြယ္အခ်က္တစ္ခုရွိေနသည္။

စကၤာပူတြင္ လံုးခ်င္းအိမ္မ်ားကို စကၤာပူႏိုင္ငံသားမ်ားသာ ဝယ္ယူခြင့္ရွိသည္။

အိမ္ျခံေျမတည္ေနရာမွာ Sentosa တြင္မဟုတ္လွ်င္ (သုိ႔မဟုတ္) စကၤာပူေျမယာအာဏာပုိင္အဖြဲ႔ထံမွ အထူးခြင့္ျပဳခ်က္ မရိွလွ်င္ ႏုိင္ငံျခားသားမ်ားအေနျဖင့္ လံုးခ်င္းအိမ္မ်ား ဝယ္ယူခြင့္မရွိေခ်။

စကၤာပူရွိ GCB အိမ္ကို ဂ်က္လီဝယ္ယူသည့္ သတင္းမ်ားထြက္လာခ်ိန္တြင္ ဂ်က္လီမွာ အေမရိကန္ႏိုင္ငံသားအျဖစ္ ရွိေနဆဲျဖစ္သည္။

ဂ်က္လီသည္ စကၤာပူႏိုင္ငံသားတစ္ဦးအျဖစ္ ခြင့္ျပဳခ်က္ရရွိခဲ့ျပီလားဟူေသာ ခန္႔မွန္းခ်က္မ်ားလည္း ထြက္ေပၚလာသည္။

သတင္းဌာနအခ်ဳိ႕ေဖာ္ျပခ်က္အရ ဂ်က္လီသည္ ယခုအခါ စကၤာပူႏိုင္ငံသားတစ္ဦး ျဖစ္ေနျပီဟု ေဖာ္ျပၾကေသာ္လည္း Uchify အမည္ရွိ စကၤာပူအိမ္ျခံေျမ ဝက္ဆိုက္၏ ေဖာ္ျပခ်က္အရ ဂ်က္လီသည္ ကေနဒါႏို္င္ငံသားအျဖစ္ခံယူထားသည္ဟု ဆိုသည္။

အဆိုပါ GCB အခန္းကို ဝယ္ယူျပီးကတည္းက ဂ်က္လီကို စကၤာပူတြင္ တစ္ခါတစ္ရံမွသာ ေတြ႔ရေတာ့သည္။

သူ၏မိသားစုသည္ စကၤာပူတြင္ ေနထိုင္ျခင္းမရွိေတာ့ဟူေသာ သတင္းမ်ားလည္း ရွိသည္။

ဂ်က္လီ၏ က်ယ္ေျပာေသာစံအိမ္ႏွင့္ဂရုတစိုက္ထိ္န္းသိမ္းမြမ္းမံထားေသာ ျခံဝန္းတို႔မွာ အီတလီစံအိမ္တစ္လံုးႏွင့္တူေနသည္။

 

( ၁ စတုရန္းေပလွ်င္ ၈၇၁ ေဒၚလာျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္)

ဂ်က္လီက စကၤာပူရွိစံအိမ္အား ေဒၚလာ ၁၉ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့သည့္သတင္းကုိ The Business Times (BT) က ၂၀၀၉ ခုႏွစ္ဇြန္လတြင္ ပထမဆံုး သတင္းေဖာ္ျပခဲ့ျခင္းျဖစ္သည္။

စံအိမ္ျခံဝန္း၏စုစုေပါင္းအက်ယ္အဝန္းမွာ ၂၂၇၂၃ စတုရန္းေပရွိရာ ဂ်က္လီက ၁ စတုရန္းေပလွ်င္ ၈၇၁ ေဒၚလာ ေပးခဲ့ရျခင္းျဖစ္သည္။ ဘိုးဘြားပိုင္ေျမအမ်ဳိးအစားျဖစ္ျပီး ထိုေဒသ၏ အက်ယ္ဝန္းဆံုးျခံကြက္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

အျခားျခံကြက္မ်ားမွာ စတုရန္းေပ ၁၃၀၀၀ မွ ၁၇၀၀၀ ၾကားရွိသည္။

စံအိမ္ဝယ္ယူလိုက္သည့္ သတင္းမ်ားထြက္ေပၚလာခ်ိန္ ဝန္းက်င္ခန္႔တြင္ပင္ ဂ်က္လီက သူ၏ One Foundation အဖြဲ႔မွတဆင့္ စကၤာပူတြင္ ပရဟိတလုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

၂၀၁၁ ခုႏွစ္ကက်င္းပခဲ့ေသာ ကမၻာ့ေစတနာဝန္ထမ္းညီလာခံတြင္ ဂ်က္လီကေျပာခဲ့သည္မွာ “စကၤာပူမွာ အေၾကာင္းအရာအမ်ားစုက အမ်ားၾကီးဖံြ႔ျဖိဳးေနပါျပီ ပရဟိတအဖြဲ႔ေတြလည္း အမ်ားၾကီးရွိေနပါျပီ” ဟု ေျပာခဲ့သည္။

ထို႔ေၾကာင့္ပင္ ဂ်က္လီကို စကၤာပူတြင္ မ်ားစြာမေတြ႔ရျခင္း ျဖစ္ႏိုင္သည္။

(ဂ်က္လီ၏ စကၤာပူစံအိမ္။ ဓာတ္ပံု-credit: AsiaOne/The Business Times)

ဂ်က္လီသည္ အဆိုပါစံအိမ္ကို ပညာေရးက႑လုပ္ငန္းရွင္တစ္ဦးထံမွ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

 

(လက္ရွိအားျဖင့္ ဂ်က္လီသည္ ဤစံအိမ္တြင္ ေနထိုင္ျခင္းရွိမရွိကို မသိရ )

ဂ်က္လီ၏ စကၤာပူစံအိမ္ႏွင့္စပ္လ်ဥ္းျပီး မ်ားစြာမသိရေခ်။

အတြင္းပုိင္းျမင္ကြင္းမည္သို႔ရွိမည္ကိုလည္း Google Street View တြင္မေတြ႔ရ။

သူ၏အငယ္ဆံုးသမီး ၂ ဦးမွာ ျပည္ပတြင္ ေက်ာင္းတက္ေနျပီး ဂ်က္လီမွာ ပရဟိတလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည္။

သို႔ေသာ္ ထိုအခ်က္မ်ားမွာ စကၤာပူတြင္ အေျခခ်ေနရေလာက္သည့္ အေၾကာင္းအရင္းမ်ား မဟုတ္ေခ်။

သို႔ေသာ္မွတ္တမ္းမ်ားအရမူ ဂ်က္လီသည္ အဆိုပါစံအိမ္၏ ပိုင္ရွင္အျဖစ္ ရွိေနဆဲျဖစ္ေၾကာင္းျပသေနသည္။

ဂ်က္လီက ထိုစံအိမ္ကို ျပန္လည္ေရာင္းခ်မည္ဆိုပါက အနည္းဆံုး ေဒၚလာ သန္း ၃၀ ခန္႔ ရရွိဖြယ္ရာရွိသည္။

 

(ဂ်က္လီ၏ ရွန္ဟိုင္းျမဳိ႕စံအိမ္ဝင္ေပါက္ေနရာ။ ဓာတ္ပံု- credit: Universal Marble & Granite Group)

ဂ်က္လီသည္ တရုတ္ျပည္ ရွန္ဟိုင္းျမိဳ႕တြင္လည္း ေဒၚလာ သန္း ၄၀ တန္ေၾကးရွိ စံအိမ္ၾကီး တစ္လံုး ပိုင္ဆိုင္ထားသည္။

(ဆက္စပ္သတင္း)

အက္ရွင္စူပါၾကယ္ပြင့္ ဂ်က္လီ၏ ရွန္ဟိုင္းျမဳိ႕မွ စံအိမ္

https://www.imyanmarhouse.com/news/read/1008150

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jet Li Has A Sprawling $20M Private Good Class Bungalow In Bukit Timah, Used To Be FJ Benjamin’s House (uchify, news.yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service