ရိုးသားမှုတန်ဖိုး......

ရိုးသားမှုတန်ဖိုး...... - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2022 1:41 pm တွင် တင်ခဲ့သည်
1446 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နိုင်ငံရပ်ခြားမှာ လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်အမှန်လေးတွေ သိရအောင် စမ်းသပ်မှုတွေ လုပ်ပြကြပါတယ်။ ဒီလိုစမ်းသပ်မှုတွေမှာ လူတွေရဲ့ ထင်မှတ်မထားတဲ့ စိတ်ဓာတ်စရိုက်ကွဲပြားမှုတွေကို အံ့အားသင့်လောက်အောင် တွေ့ခဲ့ရပါတယ်။

ဒီလိုစမ်းသပ်မှုတွေကြောင့် “မရှိခိုးနိုး” ဆိုတဲ့ စကားပုံကို၊ “မရှိမခိုး၊ ရှိခိုးနိုး” လို့တောင် ပြောင်းလဲ ပြောရလောက်အောင် စမ်းသပ်မှုမြင်ကွင်းတွေက ပုံဖော်ပြနေပါတယ်။

တစ်ခါတစ်ရံမှာ လူတွေဟာ ပိုက်ဆံရှိ ဟိတ်ကြီးဟန်ကြီးတွေနဲ့ပေါ့။ဒါပေမဲ့ အချောင်ရဖို့ဖြစ်လာရင်လည်း အချောင်လိုချင်တဲ့ စရိုက်က တားမနိုင်စီးမနိုင် ပေါ်ပေါ်တင်တင်ကြီးတွေလုပ်ကြတာကို တွေ့ရပါတယ်။

စမ်းသပ်မှုတစ်ခုမှာ လူတစ်ယောက်က မျက်မမြင်ပုံစံနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မနိုင်မနင်းနဲ့ သယ်လာပါတယ်။ခရီးသွားတစ်ဦးရှေ့ရောက်တော့ သူ့လက်ထဲက ပစ္စည်းတွေကို လွတ်ကျတဲ့ပုံစံနဲ့ လွှတ်ချလိုက်ပါတယ်။ဒါကိုခရီးသွားက ကောက်ယူပြီး မျက်မမြင်လက်ထဲပြန်ထဲပေးတာပေါ့။ဒီလိုထည့်ပေးရင်း ကိုယ့်အိတ်ကပ်ထဲလည်း တစ်ခုတလေကို ထည့်လိုက်တာပေါ့။ပိုင်ရှင်လည်းရှိပါရက်ကယ်နဲ့ အချောင်ရလိုစိတ်က ဘွင်းဘွင်းကြီးပေါ်ထင်သွားတာကို ဒီပြကွက်တွေက သက်သေခံနေတာကိုတွေ့ရပါတယ်။

ဒီလိုပဲ အိမ်ရာမဲ့တစ်ဦးဟာ လမ်းဘေးမှာ တစ်ခါသုံးခွက်လေးနဲ့ တောင်းစားနေတဲ့အချိန် လူတစ်ယောက်က သူ့ရှေ့ကနေ ဖုန်းပြောရင်းအရေးတစ်ကြီးပုံစံနဲ့ ဖြတ်အသွား ပိုက်စံအိတ်လေးက်ို ပစ်ချခဲ့ပါတယ်။ ဒါကိုတောင်းစားနေတဲ့သူက ချက်ချင်းအော်ခေါ်ပြီး ပေးဖို့ကြိုးစားတာကိုတွေ့ရတယ်။ပိုက်ဆံအိတ်ပိုင်ရှင်က မကြားသလိုလုပ်ပြီး ကိုယ်ဟန်ဖျောက်သွားခဲ့ပါတယ်။

ပိုက်ဆံအိတ်ကောက်ရတဲ့ သူတောင်းစားဟာ ပိုက်ဆံအိတ်ကိုဖွင့်မကြည့်ဘဲ လက်ထဲမှာကိုင်ထားလို့ ပိုင်ရှင်ပြန်လာ အရှာကို တောင်းရင်းစောင့်နေပါတယ်။သူအာရုံမထားခင်မှာ ပိုက်ရှင်ဟာ တစ်ဖက်ကပြန်ပေါ်လာပြီး သူ့ပိုက်ဆံအိတ်ရှာသလိုနဲ့ လုပ်ပါတယ်။သူတောင်းစားဟာ ပိုက်ဆံအိတ်ရှာနေသူကို မဆိုင်းမတွဘဲ ပြန်ပေးခဲ့ပါတယ်။

နေ့စဉ်စားဝတ်နေရေးအတွက် အကြွေအနုတ်လေး နဲနဲပါးပါးရဖို့ တောင်းနေရှာသူ တစ်ယောက်အတွက် ဒီလိုရလာတဲ့ အခွင့်အရေးမှာ မသိချင်ယောင်ဆောင်ပြီး အပိုင်သိမ်းဖို့ အခွင့်အလမ်းရသော်လည်း သူမလုပ်ခဲ့ပါ။ သူရဲ့စိတ်ကပဲ သူ့ရဲ့ရိုးသားမှုကို မှတ်ကျောက်တင်ခဲ့ပါတယ်။

ဒီလိုရိုးသားမှုမှတ်ကျောက် အတင်ခံနိုင်မှုကြောင့်ပဲ ဒီစမ်းသပ်မှုကိုလုပ်ခဲ့ကြတဲ့သူတွေက သူ့ကိုငွေအတော်များများ ဂုဏ်ပြုခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒီလိုပြကွက်လေးတွေကို ကြည့်ရတဲ့သူတွေအနေနဲ့ ကြည်နူးမှုရသတွေနဲ့ မျက်ရည်တို့ ဝဲနေမယ် ဆိုတာလည်း ယုံကြည်နေမိပါတယ်။ ခင်ဗျားတို့၊ကျွန်တော်တို့လည်း ဒီလိုမျိုး အချိုအချောင်ရပေါက်လို့ ပြောကြတဲ့ ကိစ္စတွေမှာ ရိုးသားမှုမှတ်ကျောက်အပေါ်ဘယ်လောက်တင်ခံဝံ့မလဲ။စဉ်းစားဖွယ်ပါပဲ။

ဒီတော့ဗျာ ဘဝတွေဆုတ်ပျက်နေပေမယ့် စာရိတ္တတွေကဘယ်လိုဆိုတာကို “လူနေခြုံကြား စိတ်နေဘုံဖျား” ဆိုတဲ့ စကားလေးအတိုင်း ဒီပြကွက်လေးကသက်သေထူပြုထားပါတော့တယ်။ ။

ရိုးသားမှုကို မှတ်ကျောက်တင်ထားတဲ့ ဗီဒီယိုလေးကို ဒီလင့် https://www.facebook.com/watch/?v=1310835903082717 မှာ ဝင်ကြည့်နိုင်ဖို့ဖော်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရိုးသားမႈတန္ဖိုး......

ႏိုင္ငံရပ္ျခားမွာ လူေတြရဲ႕ စိတ္ဓာတ္နဲ႔ စရိုက္အမွန္ေလးေတြ သိရေအာင္ စမ္းသပ္မႈေတြ လုပ္ျပၾကပါတယ္။ ဒီလိုစမ္းသပ္မႈေတြမွာ လူေတြရဲ႕ ထင္မွတ္မထားတဲ့ စိတ္ဓာတ္စရိုက္ကြဲျပားမႈေတြကို အံ့အားသင့္ေလာက္ေအာင္ ေတြ႔ခဲ့ရပါတယ္။

ဒီလိုစမ္းသပ္မႈေတြေၾကာင့္ “မရွိခိုးႏိုး” ဆိုတဲ့ စကားပုံကို၊ “မရွိမခိုး၊ ရွိခိုးႏိုး” လို႔ေတာင္ ေျပာင္းလဲ ေျပာရေလာက္ေအာင္ စမ္းသပ္မႈျမင္ကြင္းေတြက ပုံေဖာ္ျပေနပါတယ္။

တစ္ခါတစ္ရံမွာ လူေတြဟာ ပိုက္ဆံရွိ ဟိတ္ႀကီးဟန္ႀကီးေတြနဲ႔ေပါ့။ဒါေပမဲ့ အေခ်ာင္ရဖို႔ျဖစ္လာရင္လည္း အေခ်ာင္လိုခ်င္တဲ့ စရိုက္က တားမႏိုင္စီးမႏိုင္ ေပၚေပၚတင္တင္ႀကီးေတြလုပ္ၾကတာကို ေတြ႔ရပါတယ္။

စမ္းသပ္မႈတစ္ခုမွာ လူတစ္ေယာက္က မ်က္မျမင္ပုံစံနဲ႔ တန္ဖိုးရွိတဲ့ ပစၥည္းေတြကို မႏိုင္မနင္းနဲ႔ သယ္လာပါတယ္။ခရီးသြားတစ္ဦးေရွ႕ေရာက္ေတာ့ သူ႔လက္ထဲက ပစၥည္းေတြကို လြတ္က်တဲ့ပုံစံနဲ႔ လႊတ္ခ်လိုက္ပါတယ္။ဒါကိုခရီးသြားက ေကာက္ယူၿပီး မ်က္မျမင္လက္ထဲျပန္ထဲေပးတာေပါ့။ဒီလိုထည့္ေပးရင္း ကိုယ့္အိတ္ကပ္ထဲလည္း တစ္ခုတေလကို ထည့္လိုက္တာေပါ့။ပိုင္ရွင္လည္းရွိပါရက္ကယ္နဲ႔ အေခ်ာင္ရလိုစိတ္က ဘြင္းဘြင္းႀကီးေပၚထင္သြားတာကို ဒီျပကြက္ေတြက သက္ေသခံေနတာကိုေတြ႔ရပါတယ္။

ဒီလိုပဲ အိမ္ရာမဲ့တစ္ဦးဟာ လမ္းေဘးမွာ တစ္ခါသုံးခြက္ေလးနဲ႔ ေတာင္းစားေနတဲ့အခ်ိန္ လူတစ္ေယာက္က သူ႔ေရွ႕ကေန ဖုန္းေျပာရင္းအေရးတစ္ႀကီးပုံစံနဲ႔ ျဖတ္အသြား ပိုက္စံအိတ္ေလးက္ို ပစ္ခ်ခဲ့ပါတယ္။ ဒါကိုေတာင္းစားေနတဲ့သူက ခ်က္ခ်င္းေအာ္ေခၚၿပီး ေပးဖို႔ႀကိဳးစားတာကိုေတြ႔ရတယ္။ပိုက္ဆံအိတ္ပိုင္ရွင္က မၾကားသလိုလုပ္ၿပီး ကိုယ္ဟန္ေဖ်ာက္သြားခဲ့ပါတယ္။

ပိုက္ဆံအိတ္ေကာက္ရတဲ့ သူေတာင္းစားဟာ ပိုက္ဆံအိတ္ကိုဖြင့္မၾကည့္ဘဲ လက္ထဲမွာကိုင္ထားလို႔ ပိုင္ရွင္ျပန္လာ အရွာကို ေတာင္းရင္းေစာင့္ေနပါတယ္။သူအာရုံမထားခင္မွာ ပိုက္ရွင္ဟာ တစ္ဖက္ကျပန္ေပၚလာၿပီး သူ႕ပိုက္ဆံအိတ္ရွာသလိုနဲ႔ လုပ္ပါတယ္။သူေတာင္းစားဟာ ပိုက္ဆံအိတ္ရွာေနသူကို မဆိုင္းမတြဘဲ ျပန္ေပးခဲ့ပါတယ္။

ေန႔စဥ္စားဝတ္ေနေရးအတြက္ အေၾကြအႏုတ္ေလး နဲနဲပါးပါးရဖို႔ ေတာင္းေနရွာသူ တစ္ေယာက္အတြက္ ဒီလိုရလာတဲ့ အခြင့္အေရးမွာ မသိခ်င္ေယာင္ေဆာင္ၿပီး အပိုင္သိမ္းဖို႔ အခြင့္အလမ္းရေသာ္လည္း သူမလုပ္ခဲ့ပါ။ သူရဲ႕စိတ္ကပဲ သူ႔ရဲ႕ရိုးသားမႈကို မွတ္ေက်ာက္တင္ခဲ့ပါတယ္။

ဒီလိုရိုးသားမႈမွတ္ေက်ာက္ အတင္ခံႏိုင္မႈေၾကာင့္ပဲ ဒီစမ္းသပ္မႈကိုလုပ္ခဲ့ၾကတဲ့သူေတြက သူ႔ကိုေငြအေတာ္မ်ားမ်ား ဂုဏ္ျပဳခဲ့တာကိုလည္းေတြ႔ရပါတယ္။

ဒီလိုျပကြက္ေလးေတြကို ၾကည့္ရတဲ့သူေတြအေနနဲ႔ ၾကည္ႏူးမႈရသေတြနဲ႔ မ်က္ရည္တို႔ ဝဲေနမယ္ ဆိုတာလည္း ယုံၾကည္ေနမိပါတယ္။ ခင္ဗ်ားတို႔၊ကၽြန္ေတာ္တို႔လည္း ဒီလိုမ်ိဳး အခ်ိဳအေခ်ာင္ရေပါက္လို႔ ေျပာၾကတဲ့ ကိစၥေတြမွာ ရိုးသားမႈမွတ္ေက်ာက္အေပၚဘယ္ေလာက္တင္ခံဝ့ံမလဲ။စဥ္းစားဖြယ္ပါပဲ။

ဒီေတာ့ဗ်ာ ဘဝေတြဆုတ္ပ်က္ေနေပမယ့္ စာရိတၱေတြကဘယ္လိုဆိုတာကို “လူေနျခဳံၾကား စိတ္ေနဘုံဖ်ား” ဆိုတဲ့ စကားေလးအတိုင္း ဒီျပကြက္ေလးကသက္ေသထူျပဳထားပါေတာ့တယ္။ ။

ရုိးသားမႈကို မွတ္ေက်ာက္တင္ထားတဲ့ ဗီဒီယိုေလးကို ဒီလင့္ https://www.facebook.com/watch/?v=1310835903082717 မွာ ဝင္ၾကည့္ႏိုင္ဖို႔ေဖာ္ျပလိုက္ရပါတယ္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအား ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး တွေ့မြင်ရသည့်မြင်ကွင်းဟာ ရှေးဟ...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်...
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက တရားစွဲမည်ဟုပြော...
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင်
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရေ
အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရေ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service