ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို

ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Nov 2022 11:24 am တွင် တင်ခဲ့သည်
642 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

  နိုင်ဂျီးရီးယားနိုင်ငံတွင် ဆာအစ် ဂျမဲလ်အမည်ရှိ လက်ဘနွန်ဖွား နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးက ဇနီးဖြစ်သူ လီဇာအတွက် နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော်၊ Abuja မှ Asokoro အရပ်တွင် လေယာဉ်ပျံပုံ နေအိမ်ကြီးတစ်လုံး ဆောက်လုပ်ပေးခဲ့သည်။

Asokoro အရပ်သည် အစိုးရထိပ်တန်းပုဂ္ဂိုလ်များနေထိုင်သည့်အရပ်ဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်း အလွန်မြင့်မား သည့်နေရာ ဖြစ်သည်။

ဗဟိုအာဖရိကမှ လူငယ်များနှင့် အမျိုးသမီးများအတွက်ရည်ရွယ်သော BBC Pidgin သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျမဲလ်က ပြောသည်မှာ ခရီးသွားရခြင်းကို နှစ်သက်သော ဇနီးဖြစ်သူ လီဇာကို နေအိမ်တွင် နေထိုင်ရင်းလည်း လေယာဉ်ပေါ်တွင် ရောက်နေသကဲ့သို့ ခံစားစေလိုခဲ့ကြောင်း ပြောသည်။

လေယာဉ်ပျံပုံနေအိမ်ကို ၁၉၉၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ရန် လိုအပ်သေးကြောင်း၊ သို့သော် မိမိနှင့် မိသားစုမှာ လေယာဉ်အိမ်တွင် နေထိုင်လျက်ရှိပြီဖြစ်ကြောင်း ဂျမဲလ်က ရှင်းပြသည်။

ဂျမဲလ်သည် ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး သားသမီး ၆ ဦးရှိကာ အားလုံးမှာ နိုင်ဂျီးရီးယားတွင် မွေးဖွားခြင်း ဖြစ်သည်။

“ကျွန်တော့်မိန်းမက ခရီးသွားရတာကြိုက်တယ်။ ဒီတော့ သူ့ကို ကျွန်တော့်အနားမှာ ထားဖို့အတွက် သူ့အတွက် လေယာဉ်ပျံပုံအိမ်ကို ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီတော့ သူ့အနေနဲ့ လေယာဉ်ပျံပေါ်မှာရှိနေသလို အမြဲတမ်းခံစားရမှာ ဖြစ်ပါတယ်”ဟု ဂျမဲလ်က ဆိုသည်။

(ဆာအစ် ဂျမဲလ်၏ ဇနီး)

“ဒီအဆောက်အအုံကို ကျွန်တော် ၁၉၉၉ ခုနှစ်ကတည်းက စပြီးဆောက်ခဲ့တာပါ။ အခုထိ ဆောက်လုပ်မှုတွေ လုပ်နေရတုန်းပါ။ အပြီးသတ် မပြီးသေးပါဘူး”

သူ၏ လေယာဉ်ပျံပုံအိမ်သည် အချစ်ဇာတ်လမ်းတစ်ခုအဖြစ်သာမက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင် သည့်နေရာတစ်ခုဖြစ်လာရာ တိုင်းပြည်နှင့် မိသားစုအတွက် အမွေအနှစ် ချန်ရစ်ထားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမဲလ်က ပြောသည်။

လေယာဉ်ပျံပုံ အဆောက်အအုံကို နိုင်ဂျီးရီးယားအလံကဲ့သို့ အစိမ်းနှင့် အဖြူရောင်များ ဆေးသုတ်အလှဆင်ထားသည်။

“ကျွန်တော့်ကို လူတွေက လာမေးကြတယ်။ ဒီလိုအဆောက်အအုံမျိုးကို ကိုယ့်တိုင်းပြည်မှာ ကိုယ်မဆောက်ဘဲ ဘာလို့ နိုင်ဂျီးရီးယားမှာ ဆောက်တာလဲလို့ မေးကြပါတယ်။ ကျွန်တော်သူတို့ကို ပြောခဲ့တာက နိုင်ဂျီးရီးယားက ကျွန်တော့်တိုင်းပြည်ပါ။ နိုင်ဂျီးရီးယားကလွဲလို့ ကျွန်တော့်မှာ တခြားနိုင်ငံမရှိဘူးလို့ ဖြေခဲ့ပါတယ်”ဟု ဂျမဲလ်က ပြောသည်။

(ဆာအစ် ဂျမဲလ်)

“ဒီလိုဆောက်လုပ်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်အလွန်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် တချို့နိုင်ဂျီးရီးယားသားတွေက နိုင်ဂျီးရီးယားရဲ့ တန်ဖိုးကို မသိကြဘူး။ ကျွန်တော့်ရဲ့ ဒီလိုဆောက်လုပ်မှုက အချစ်ဇာတ်လမ်းတစ်ပုဒ်မျှသာ မဟုတ်ပါဘူး။ ကျွန်တော့်နိုင်ငံ နိုင်ဂျီးရီးယားအတွက်၊ ကလေးတွေနဲ့ ဇနီးအတွက် အမွေအနှစ်တစ်ခုအဖြစ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်”

ဂျမဲလ်၏ သားတစ်ဦးဖြစ်သူ မိုဟာမက်က သူနှင့် မောင်နှမများသည် ကလေးဘဝက ဤလေယာဉ်အိမ်ကြီး ဆောက်လုပ်ရာတွင် မည်သို့မည်ပုံ ဖခင်အား ကူညီခဲ့ပုံများကို ပြောပြသည်။

မိုဟာမက်က ပြောသည်မှာ ထိုကာလက လေယာဉ်အိမ်ကြီး ဝန်းကျင်တွင် သစ်ပင်များ တူးဆွစိုက်ပျိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ မိုဟာမက်က TheCable သတင်းဌာနသို့ ပြောသည်မှာ အဖိုးဖြစ်သူမှာ နိုင်ဂျီးရီးယား လွတ်လပ်ရေးရခဲ့သော ၁၉၆၀ ပြည့်နှစ် မတိုင်မီကတည်းက နိုင်ဂျီးရီးယားတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း ပြောသည်။

“ဒါက လေယာဉ်ပျံပုံအဆောက်အအုံကြီးတစ်ခုမျှသာမကပဲ ကျွန်တော်တို့ရဲ့ အိမ်လည်းဖြစ်ပါတယ်။ ကျွန်တော်က Jos မြို့မှာ မွေးပြီး အဲဒီမှာ ကြီးပြင်းခဲ့တယ်။ အဖေက ဒီအိမ်ကြီးကိုဆောက်တော့ ကျွန်တော့် အသက် ၁၂ သားပဲ ရှိသေးပါတယ်”ဟု မိုဟာမက်က ပြောသည်။

အဆောက်အအုံနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေရာမှ ယခုကဲ့သို့ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သနည်းဟုမေးရာ မိုဟာမက်က လိုအပ်လာသောကြောင့်ဖြစ်ကြောင်း၊ လေယာဉ်ပုံ အိမ်နှင့်ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေမှုများ ရှိနေသောကြောင့်ဖြစ်ကြောင်း ဖြေကြားသည်။

“ကျွန်တော်က အဖေ့ကို ပြောပါတယ်။ အဖေ ဒီအိမ်ကိုဆောက်နေတာ နှစ် ၂၀ ရှိခဲ့ပြီ။ ဒီတော့ စံချိန်တင်နိုင်အောင် ဆက်လုပ်တာကောင်းတယ်။ ဒီအဆောက်အအုံနဲ့ ပတ်သက်ပြီး ထွက်ပြောပါ။ ဒါဆိုရင် ကမ္ဘာက ဘယ်သူဆောက်တာလဲဆိုတာ သိသွားပါလိမ့်မယ်။ အခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ”ဟု မိုဟာမက်က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: PHOTOS: Man builds ‘aeroplane house’ for wife in Abuja (thecable)

[Zawgyi]

ဇနီးအတြက္ ေလယာဥ္ပ်ံပံုအိမ္ၾကီး ေဆာက္လုပ္ေပးသူ၊ အခ်စ္အတြက္သာမက တိုင္းျပည္အတြက္ပါရည္ရြယ္ ဟုဆို

ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ဆာအစ္ ဂ်မဲလ္အမည္ရွိ လက္ဘႏြန္ဖြား ႏိုင္ဂ်ီးရီးယားႏိုင္ငံသား အမ်ဳိးသားတစ္ဦးက ဇနီးျဖစ္သူ လီဇာအတြက္ ႏိုင္ဂ်ီးရီးယား ႏိုင္ငံ၏ ျမိဳ႕ေတာ္၊ Abuja မွ Asokoro အရပ္တြင္ ေလယာဥ္ပ်ံပံု ေနအိမ္ၾကီးတစ္လံုး ေဆာက္လုပ္ေပးခဲ့သည္။

Asokoro အရပ္သည္ အစိုးရထိပ္တန္းပုဂၢိဳလ္မ်ားေနထုိင္သည့္အရပ္ျဖစ္ျပီး အိမ္ျခံေျမေစ်းႏႈန္း အလြန္ျမင့္မား သည့္ေနရာ ျဖစ္သည္။

ဗဟိုအာဖရိကမွ လူငယ္မ်ားႏွင့္ အမ်ဳိးသမီးမ်ားအတြက္ရည္ရြယ္ေသာ BBC Pidgin သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဂ်မဲလ္က ေျပာသည္မွာ ခရီးသြားရျခင္းကို ႏွစ္သက္ေသာ ဇနီးျဖစ္သူ လီဇာကို ေနအိမ္တြင္ ေနထုိင္ရင္းလည္း ေလယာဥ္ေပၚတြင္ ေရာက္ေနသကဲ့သို႔ ခံစားေစလိုခဲ့ေၾကာင္း ေျပာသည္။

ေလယာဥ္ပ်ံပံုေနအိမ္ကို ၁၉၉၉ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အျပီးသတ္ရန္ လိုအပ္ေသးေၾကာင္း၊ သို႔ေသာ္ မိမိႏွင့္ မိသားစုမွာ ေလယာဥ္အိမ္တြင္ ေနထုိင္လ်က္ရွိျပီျဖစ္ေၾကာင္း ဂ်မဲလ္က ရွင္းျပသည္။

ဂ်မဲလ္သည္ ေဆာက္လုပ္ေရးလုပ္သားတစ္ဦးျဖစ္ျပီး သားသမီး ၆ ဦးရွိကာ အားလံုးမွာ ႏိုင္ဂ်ီးရီးယားတြင္ ေမြးဖြားျခင္း ျဖစ္သည္။

“ကၽြန္ေတာ့္မိန္းမက ခရီးသြားရတာၾကိဳက္တယ္။ ဒီေတာ့ သူ႔ကို ကၽြန္ေတာ့္အနားမွာ ထားဖုိ႔အတြက္ သူ႔အတြက္ ေလယာဥ္ပ်ံပံုအိမ္ကို ေဆာက္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ သူ႔အေနနဲ႔ ေလယာဥ္ပ်ံေပၚမွာရိွေနသလို အျမဲတမ္းခံစားရမွာ ျဖစ္ပါတယ္”ဟု ဂ်မဲလ္က ဆိုသည္။

(ဆာအစ္ ဂ်မဲလ္၏ ဇနီး)

“ဒီအေဆာက္အအံုကို ကၽြန္ေတာ္ ၁၉၉၉ ခုႏွစ္ကတည္းက စျပီးေဆာက္ခဲ့တာပါ။ အခုထိ ေဆာက္လုပ္မႈေတြ လုပ္ေနရတုန္းပါ။ အျပီးသတ္ မျပီးေသးပါဘူး”

သူ၏ ေလယာဥ္ပ်ံပံုအိမ္သည္ အခ်စ္ဇာတ္လမ္းတစ္ခုအျဖစ္သာမက ကမၻာလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္ သည့္ေနရာတစ္ခုျဖစ္လာရာ တိုင္းျပည္ႏွင့္ မိသားစုအတြက္ အေမြအႏွစ္ ခ်န္ရစ္ထားႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း ဂ်မဲလ္က ေျပာသည္။

ေလယာဥ္ပ်ံပံု အေဆာက္အအံုကို ႏိုင္ဂ်ီးရီးယားအလံကဲ့သို႔ အစိမ္းႏွင့္ အျဖဴေရာင္မ်ား ေဆးသုတ္အလွဆင္ထားသည္။

“ကၽြန္ေတာ့္ကို လူေတြက လာေမးၾကတယ္။ ဒီလိုအေဆာက္အအံုမ်ဳိးကို ကိုယ့္တိုင္းျပည္မွာ ကိုယ္မေဆာက္ဘဲ ဘာလို႔ ႏိုင္ဂ်ီးရီးယားမွာ ေဆာက္တာလဲလို႔ ေမးၾကပါတယ္။ ကၽြန္ေတာ္သူတို႔ကို ေျပာခဲ့တာက ႏိုင္ဂ်ီးရီးယားက ကၽြန္ေတာ့္တိုင္းျပည္ပါ။ ႏိုင္ဂ်ီးရီးယားကလြဲလို႔ ကၽြန္ေတာ့္မွာ တျခားႏိုင္ငံမရွိဘူးလို႔ ေျဖခဲ့ပါတယ္”ဟု ဂ်မဲလ္က ေျပာသည္။

(ဆာအစ္ ဂ်မဲလ္)

“ဒီလိုေဆာက္လုပ္ႏိုင္ခဲ့တဲ့အေပၚ ကၽြန္ေတာ္အလြန္ဂုဏ္ယူမိပါတယ္။ ဒါေပမယ့္ တခ်ဳိ႕ႏိုင္ဂ်ီးရီးယားသားေတြက ႏိုင္ဂ်ီးရီးယားရဲ႕ တန္ဖုိးကို မသိၾကဘူး။ ကၽြန္ေတာ့္ရဲ႕ ဒီလိုေဆာက္လုပ္မႈက အခ်စ္ဇာတ္လမ္းတစ္ပုဒ္မွ်သာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ႏိုင္ငံ ႏိုင္ဂ်ီးရီးယားအတြက္၊ ကေလးေတြနဲ႔ ဇနီးအတြက္ အေမြအႏွစ္တစ္ခုအျဖစ္ ေဆာက္လုပ္ခဲ့တာ ျဖစ္ပါတယ္”

ဂ်မဲလ္၏ သားတစ္ဦးျဖစ္သူ မိုဟာမက္က သူႏွင့္ ေမာင္ႏွမမ်ားသည္ ကေလးဘဝက ဤေလယာဥ္အိမ္ၾကီး ေဆာက္လုပ္ရာတြင္ မည္သို႔မည္ပံု ဖခင္အား ကူညီခဲ့ပံုမ်ားကို ေျပာျပသည္။

မိုဟာမက္က ေျပာသည္မွာ ထိုကာလက ေလယာဥ္အိမ္ၾကီး ဝန္းက်င္တြင္ သစ္ပင္မ်ား တူးဆြစိုက္ပ်ဳိးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေျပာသည္။ မိုဟာမက္က TheCable သတင္းဌာနသို႔ ေျပာသည္မွာ အဖိုးျဖစ္သူမွာ ႏိုင္ဂ်ီးရီးယား လြတ္လပ္ေရးရခဲ့ေသာ ၁၉၆၀ ျပည့္ႏွစ္ မတိုင္မီကတည္းက ႏိုင္ဂ်ီးရီးယားတြင္ ေနထုိင္ခဲ့သူျဖစ္ေၾကာင္း ေျပာသည္။

“ဒါက ေလယာဥ္ပ်ံပံုအေဆာက္အအံုၾကီးတစ္ခုမွ်သာမကပဲ ကၽြန္ေတာ္တို႔ရဲ႕ အိမ္လည္းျဖစ္ပါတယ္။ ကၽြန္ေတာ္က Jos ျမိဳ႕မွာ ေမြးျပီး အဲဒီမွာ ၾကီးျပင္းခဲ့တယ္။ အေဖက ဒီအိမ္ၾကီးကိုေဆာက္ေတာ့ ကၽြန္ေတာ့္ အသက္ ၁၂ သားပဲ ရွိေသးပါတယ္”ဟု မိုဟာမက္က ေျပာသည္။

အေဆာက္အအံုႏွင့္ ပတ္သက္ျပီး ႏႈတ္ဆိတ္ေနရာမွ ယခုကဲ့သို႔ သတင္းမီဒီယာမ်ားသို႔ ရွင္းလင္းေျပာၾကားရန္ အဘယ္ေၾကာင့္ ဆံုးျဖတ္ခဲ့သနည္းဟုေမးရာ မိုဟာမက္က လိုအပ္လာေသာေၾကာင့္ျဖစ္ေၾကာင္း၊ ေလယာဥ္ပံု အိမ္ႏွင့္ပတ္သက္ျပီး အမ်ဳိးမ်ဳိး ေျပာဆိုေနမႈမ်ား ရွိေနေသာေၾကာင့္ျဖစ္္ေၾကာင္း ေျဖၾကားသည္။

“ကၽြန္ေတာ္က အေဖ့ကို ေျပာပါတယ္။ အေဖ ဒီအိမ္ကိုေဆာက္ေနတာ ႏွစ္ ၂၀ ရွိခဲ့ျပီ။ ဒီေတာ့ စံခ်ိန္တင္ႏိုင္ေအာင္ ဆက္လုပ္တာေကာင္းတယ္။ ဒီအေဆာက္အအံုနဲ႔ ပတ္သက္ျပီး ထြက္ေျပာပါ။ ဒါဆိုရင္ ကမၻာက ဘယ္သူေဆာက္တာလဲဆိုတာ သိသြားပါလိမ့္မယ္။ အခုဆိုရင္ ကမၻာလွည့္ခရီးသည္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ေနရာတစ္ခု ျဖစ္လာခဲ့ပါျပီ”ဟု မိုဟာမက္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: PHOTOS: Man builds ‘aeroplane house’ for wife in Abuja (thecable)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
ဗြိတိန်၏ အထီးကျန်ဆုံးအိမ် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်း၏ ကြေကွဲဖွယ် အကြောင်းရင်း
ဗြိတိန်၏ အထီးကျန်ဆုံးအိမ် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်း၏ ကြေကွဲဖွယ် အကြောင်းရင်း
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service