အိန္ဒိယ၏ ဒုတိယအချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီ ဒူဘိုင်းမှဈေးအကြီးဆုံးစံအိမ်ကြီးကို ဝယ်ယူ

အိန္ဒိယ၏ ဒုတိယအချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီ ဒူဘိုင်းမှဈေးအကြီးဆုံးစံအိမ်ကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
27 Oct 2022 12:17 pm တွင် တင်ခဲ့သည်
2643 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သည့်အပြင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် အပါအဝင်ဖြစ်သူ မူကက်ရှ် အမ်ဘာနီသည် ဒူဘိုင်း၏ သမိုင်းတွင် ဈေးအကြီးဆုံးဖြစ်သောစံအိမ်ကြီးကို ကန်ဒေါ်လာ ၁၆၃ သန်းဖြင့် ဝယ်ယူလိုက်သည်။

မူကက်ရှ် အမ်ဘာနီသည် အိန္ဒိယနိုင်ငံတွင် ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး ယခုဝယ်ယူလိုက်သော စံအိမ်မှာ ဒူဘိုင်း၏ ဘီလျံနာတန်း (billionaire row) ဟုခေါ်သော ရပ်ကွက်တွင် တည်ရှိသည်။

 

မူကက်ရှ် အမ်ဘာနီသည် Fortune 500 စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော Reliance Industries Ltd ၏ ဥက္ကဌ၊ မန်နေးဂျင်း ဒါရိုက်တာဖြစ်ပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၈၆ ဒသမ ၇ ဘီလီယံ ဖြစ်သည်။

Palm Jumeirah အမည်ရှိ စံအိမ်ကို မူကက်ရှ် အမ်ဘာနီက ကူဝိတ်သူဌေးကြီး Mohammed Alshaya ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင်ကလည်း မူကက်ရှ် အမ်ဘာနီသည် ဒူဘိုင်းတွင် အိပ်ခန်း ၁၀ ခန်းပါ စံအိမ်တစ်လုံးကို အငယ်ဆုံး သားဖြစ်သူ Anant အတွက် ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူထားခဲ့သေးသည်။

ထိုစံအိမ်တွင် သီးသန့် spa ၊ အိမ်တွင်းအိမ်ပြင် ရေကူးကန်များ ပါဝင်သည်။ မူကက်ရှ် အမ်ဘာနီသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်မှ ကန်းထရီးကလပ်တစ်ခုဖြစ်သော Stoke Park ကိုလည်း ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

 

(မူကက်ရှ် အမ်ဘာနီနှင့် အငယ်ဆုံးသား Anant)

“မကြာသေးမီက မူဝါဒအပြောင်းအလဲတွေကြောင့် ဒူဘိုင်းအိမ်ခြံမြေကဏ္ဍမှာ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာခဲ့ပါတယ်”ဟု ပင်လယ်ကွေ့နိုင်ငံများနှင့် အိန္ဒိယအခြေစိုက် ထိပ်တန်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Anarock မှ အမှုဆောင်အရာရှိချုပ် Shajai Jacob က Arabian Business သတင်းဌာနသို့ ပြောသည်။

မူကက်ရှ် အမ်ဘာနီ၏ မွမ်ဘိုင်းမြို့စံအိမ်မှာ Antilia ဟု အမည်ပေးထားပြီး အထပ်ပေါင်း ၂၇ ထပ်ပါဝင်ကာ အမြင့်ပေ ၅၆၈ ပေရှိသည်။

အဆိုပါစံအိမ်ကြီး၏ ဆောက်လုပ်စရိတ်မှာ ကန်ဒေါ်လာ ၂ ဘီလီယံအထိ ကုန်ကျခဲ့ရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ပုဂ္ဂလိကစံအိမ်အဖြစ် စံချိန်တင်ထားသည်။

ယင်းသို့သော စံအိမ်မျိုးတွင် နေထိုင်သူဖြစ်သည့် မူကက်ရှ် အမ်ဘာနီသည် ဒူဘိုင်း၏ အကောင်းဆုံး စံအိမ်ကြီးများရှိရာ ဘီလျံနာတန်းမှ စံအိမ်များမှလွဲပြီး အခြားစံအိမ်များကို စဉ်းစားမည်မဟုတ်သည်မှာ ရှင်းပါသည်။

“Billionaires’Row ဟာ ပြိုင်ဘက်ကင်း အကောင်းဆုံးစံအိမ်ကြီးတွေ စုစည်းတည်ရှိရာနေရာဖြစ်တာကြောင့် တန်ဖိုးကြီးစံအိမ်တွေနဲ့ ပတ်သက်ရင် ဒီနေရာဟာ ဒူဘိုင်းရဲ့ အကောင်းဆုံးနေရာဖြစ်လာပါတယ်”ဟု Alpago Properties ကုမ္ပဏီ တည်ထောင်သူ Murat Ayyildiz က ပြောသည်။

ဒူဘိုင်း၏ Billionaires’ Row မှ စံအိမ်ကြီးများသည် လန်ဒန်နှင့် နယူးယောက်တို့မှ စံအိမ်ကြီးများနှင့် ခမ်းနားမှုချင်း ယှဉ်နိုင်သော်လည်း လန်ဒန်၊ နယူးယောက်တို့အောက် ဈေးနှုန်း နည်းပါးသေးသည်ဟု ဆိုနိုင်သည်။

Belleview Real Estate ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် Conor McKay က ပြောသည်မှာ “လန်ဒန်ရဲ့ Billionaires’Row က ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းဟာ ဒူဘိုင်းငွေနဲ့ဆိုရင် Dh သန်း ၃၉၀ ပျှမ်းမျှပေါက်ပြီး ဒူဘိုင်းမှာက Dh သန်း ၃၀၀ ဟာ အမြင့်ဆုံးဈေး ဖြစ်ပါတယ်”ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mukesh Ambani, one of India’s and the world’s richest person, just bought the most expensive villa in Dubai’s history – The sprawling $163 million property is located on the emirate’s billionaires row (luxurylaunches)

 

 

[Zawgyi]

အိႏိၵယ၏ ဒုတိယအခ်မ္းသာဆံုးသူေဌးၾကီး မူကက္ရွ္ အမ္ဘာနီ ဒူဘုိင္းမွေစ်းအၾကီးဆံုးစံအိမ္ၾကီးကို ဝယ္ယူ

 

အိႏိၵယႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္သည့္အျပင္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ အပါအဝင္ျဖစ္သူ မူကက္ရွ္ အမ္ဘာနီသည္ ဒူဘိုင္း၏ သမိုင္းတြင္ ေစ်းအၾကီးဆံုးျဖစ္ေသာစံအိမ္ၾကီးကို ကန္ေဒၚလာ ၁၆၃ သန္းျဖင့္ ဝယ္ယူလိုက္သည္။

မူကက္ရွ္ အမ္ဘာနီသည္ အိႏိၵယႏိုင္ငံတြင္ ဒုတိယေျမာက္အခ်မ္းသာဆံုးပုဂၢိဳလ္လည္းျဖစ္ျပီး ယခုဝယ္ယူလုိက္ေသာ စံအိမ္မွာ ဒူဘိုင္း၏ ဘီလ်ံနာတန္း (billionaire row) ဟုေခၚေသာ ရပ္ကြက္တြင္ တည္ရွိသည္။

မူကက္ရွ္ အမ္ဘာနီသည္ Fortune 500 စာရင္းဝင္ကုမၸဏီတစ္ခုျဖစ္ေသာ Reliance Industries Ltd ၏ ဥကၠဌ၊ မန္ေနးဂ်င္း ဒါရိုက္တာျဖစ္ျပီး ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၈၆ ဒသမ ၇ ဘီလီယံ ျဖစ္သည္။

Palm Jumeirah အမည္ရွိ စံအိမ္ကို မူကက္ရွ္ အမ္ဘာနီက ကူဝိတ္သူေဌးၾကီး Mohammed Alshaya ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခင္ကလည္း မူကက္ရွ္ အမ္ဘာနီသည္ ဒူဘိုင္းတြင္ အိပ္ခန္း ၁၀ ခန္းပါ စံအိမ္တစ္လံုးကို အငယ္ဆံုး သားျဖစ္သူ Anant အတြက္ ကန္ေဒၚလာ သန္း ၈၀ ျဖင့္ ဝယ္ယူထားခဲ့ေသးသည္။

ထိုစံအိမ္တြင္ သီးသန႔္ spa ၊ အိမ္တြင္းအိမ္ျပင္ ေရကူးကန္မ်ား ပါဝင္သည္။ မူကက္ရွ္ အမ္ဘာနီသည္ ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္အတြင္း ျဗိတိန္မွ ကန္းထရီးကလပ္တစ္ခုျဖစ္ေသာ Stoke Park ကိုလည္း ကန္ေဒၚလာ ၇၉ သန္းျဖင့္ ဝယ္ယူခဲ့သည္။

(မူကက္ရွ္ အမ္ဘာနီႏွင့္ အငယ္ဆံုးသား Anant)

“မၾကာေသးမီက မူဝါဒအေျပာင္းအလဲေတြေၾကာင့္ ဒူဘိုင္းအိမ္ျခံေျမက႑မွာ အိႏိၵယက ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျမင့္တက္လာခဲ့ပါတယ္”ဟု ပင္လယ္ေကြ႔ႏိုင္ငံမ်ားႏွင့္ အိႏိၵယအေျခစိုက္ ထိပ္တန္းအိမ္ျခံေျမအတိုင္ပင္ခံကုမၸဏီ Anarock မွ အမႈေဆာင္အရာရွိခ်ဳပ္ Shajai Jacob က Arabian Business သတင္းဌာနသို႔ ေျပာသည္။

မူကက္ရွ္ အမ္ဘာနီ၏ မြမ္ဘိုင္းျမိဳ႕စံအိမ္မွာ Antilia ဟု အမည္ေပးထားျပီး အထပ္ေပါင္း ၂၇ ထပ္ပါဝင္ကာ အျမင့္ေပ ၅၆၈ ေပရွိသည္။

အဆိုပါစံအိမ္ၾကီး၏ ေဆာက္လုပ္စရိတ္မွာ ကန္ေဒၚလာ ၂ ဘီလီယံအထိ ကုန္က်ခဲ့ရာ ကမၻာေပၚတြင္ ေစ်းအၾကီးဆံုး ပုဂၢလိကစံအိမ္အျဖစ္ စံခ်ိန္တင္ထားသည္။

ယင္းသို႔ေသာ စံအိမ္မ်ဳိးတြင္ ေနထုိင္သူျဖစ္သည့္ မူကက္ရွ္ အမ္ဘာနီသည္ ဒူဘိုင္း၏ အေကာင္းဆံုး စံအိမ္ၾကီးမ်ားရွိရာ ဘီလ်ံနာတန္းမွ စံအိမ္မ်ားမွလြဲျပီး အျခားစံအိမ္မ်ားကို စဥ္းစားမည္မဟုတ္သည္မွာ ရွင္းပါသည္။

“Billionaires’Row ဟာ ျပိဳင္ဘက္ကင္း အေကာင္းဆံုးစံအိမ္ၾကီးေတြ စုစည္းတည္ရွိရာေနရာျဖစ္တာေၾကာင့္ တန္ဖိုးၾကီးစံအိမ္ေတြနဲ႔ ပတ္သက္ရင္ ဒီေနရာဟာ ဒူဘိုင္းရဲ႕ အေကာင္းဆံုးေနရာျဖစ္လာပါတယ္”ဟု Alpago Properties ကုမၸဏီ တည္ေထာင္သူ Murat Ayyildiz က ေျပာသည္။

ဒူဘိုင္း၏ Billionaires’ Row မွ စံအိမ္ၾကီးမ်ားသည္ လန္ဒန္ႏွင့္ နယူးေယာက္တို႔မွ စံအိမ္ၾကီးမ်ားႏွင့္ ခမ္းနားမႈခ်င္း ယွဥ္ႏိုင္ေသာ္လည္း လန္ဒန္၊ နယူးေယာက္တို႔ေအာက္ ေစ်းႏႈန္း နည္းပါးေသးသည္ဟု ဆိုႏိုင္သည္။

Belleview Real Estate ကုမၸဏီမွ အိမ္ျခံေျမအက်ဳိးေဆာင္ Conor McKay က ေျပာသည္မွာ “လန္ဒန္ရဲ႕ Billionaires’Row က ပွ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္းဟာ ဒူဘိုင္းေငြနဲ႔ဆိုရင္ Dh သန္း ၃၉၀ ပွ်မ္းမွ်ေပါက္ျပီး ဒူဘိုင္းမွာက Dh သန္း ၃၀၀ ဟာ အျမင့္ဆံုးေစ်း ျဖစ္ပါတယ္”ဟု ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mukesh Ambani, one of India’s and the world’s richest person, just bought the most expensive villa in Dubai’s history – The sprawling $163 million property is located on the emirate’s billionaires row (luxurylaunches)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service