ရာဖေးနဒဲလ် မျက်ရည်ကျခဲ့သော ရောဂျာ ဖက်ဒရာ တင်းနစ်လောကကျောခိုင်းမှုနှင့် ဖက်ဒရာ၏ ဆွစ်ဇာလန်မှ စံအိမ်

ရာဖေးနဒဲလ် မျက်ရည်ကျခဲ့သော ရောဂျာ ဖက်ဒရာ တင်းနစ်လောကကျောခိုင်းမှုနှင့် ဖက်ဒရာ၏ ဆွစ်ဇာလန်မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
27 Sep 2022 11:18 am တွင် တင်ခဲ့သည်
1288 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တင်းနစ်ကြယ်ပွင့် ရောဂျာ ဖက်ဒရာ (Roger Federer) သည် တင်းနစ်လောက နှုတ်ဆက်ကျောမခိုင်းမီ သူ၏ နောက်ဆုံးပွဲကို ရာဖေးနဒဲလ်နှင့်အတူ ကစားခဲ့ပြီး နှစ်ဦးလုံး မျက်ရည်ကျခဲ့ကြသည်။

 

ရောဂျာ ဖက်ဒရာနှင့် ရာဖေးနဒဲလ်တို့သည် Team Europe အဖွဲ့တွင် အတူတကွ ကစားခဲ့ကြပြီး Team World အသင်းမှ Jack Sock နှင့် Frances Tiafoe တို့နှင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ထိုပွဲစဉ်သည် ဖက်ဒရာ အတွက် တင်းနစ်လောက နောက်ဆုံးပွဲလည်း ဖြစ်သည်။

 

(ရောဂျာ ဖက်ဒရာ၏ ဆွစ်ဇာလန်မှ လှပသော စံအိမ်ကြီး)

ဗြိတိန်သတင်းစာ The Sun ၏ ဖော်ပြချက်အရ ရောဂျာ ဖက်ဒရာ၏ ပရိသတ်များသည် သူ၏ ဒူဘိုင်းမှ အားလပ်ရက်အပန်းဖြေတိုက်ခန်းဓာတ်ပုံများကို The Sun သတင်းဌာနသို့ ပေးပို့ခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် ဆွစ်ဇာလန်မှ လှပသော စံအိမ်၏ ဓာတ်ပုံများလည်း The Sun က ရရှိခဲ့သည်။

ရောဂျာ ဖက်ဒရာ၏ စံအိမ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ Wollerau တွင် တည်ရှိပြီး ကမ္ဘာကျော် ဇူးရစ်ရေကန်ကြီးကို အပေါ်စီးမှ တွေ့မြင်နိုင်သည်။

ရောဂျာ ဖက်ဒရာသည် အဆိုပါစံအိမ်သို့ ၂၀၁၄ ခုနှစ်တွင် မိဘများ၊ ဇနီး၊ သားသမီး ၄ ဦးနှင့်အတူ ပြောင်းရွှေ့ အခြေချခဲ့ခြင်း ဖြစ်သည်။

စံအိမ်ကို ၁ ဒသမ ၅ ဧက ကျယ်ဝန်းသော ခြံဝန်းအတွင်း ဆောက်လုပ်ထားပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းပေါက်ကြီးများရှိရာ အချို့က မှန်သားနန်းတော်ဟု ခေါ်ကြဖွယ်ရှိသည်။

ရောဂျာ ဖက်ဒရာသည် ဤစံအိမ်ကြီးကို လွန်ခဲ့သော ဆယ်စုနှစ် ၁ ခုစာခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပေါင် ၆ ဒသမ ၅ သန်း ကုန်ကျခဲ့သည်။

 

(ရောဂျာ ဖက်ဒရာ၏စံအိမ် ဆောက်လုပ်ဆဲ အခြေအနေကမြင်ကွင်း။ ဓာတ်ပုံ Credit: The Sun)

ဖက်ဒရာမိသားစု၏ စံအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး နေအိမ်ကို သီးခြားနေအိမ် ၂ ခုအဖြစ် ပိုင်းခြား ဆောက်လုပ်ထားသည်။

တစ်ခုမှာ ဖက်ဒရာ၊ ဇနီးနှင့် ကလေးများအတွက်ဖြစ်ပြီး အခြားတစ်ခုမှာ ဖက်ဒရာ၏ မိဘများဖြစ်သော ရောဘတ်နှင့် လင်းနက်တို့ နေထိုင်ရန် ဖြစ်သည်။

အောက်ဖော်ပြပါ ဓာတ်ပုံမှာ စံအိမ်ရှိ လသာဆောင်များအနက် တစ်ခုသော လသာဆောင်မှ တွေ့မြင်ရမည့် မြင်ကွင်းဖြစ်ပြီး အေးချမ်းဆိတ်ငြိမ်သော ဇူးရစ်ရေကန်ကြီးကို အပေါ်စီးမှ တွေ့မြင်ရသည်။

(ရောဂျာ ဖက်ဒရာ၏ စံအိမ်လသာဆောင်။ ဓာတ်ပုံ Credit: The Sun)

ဖက်ဒရာ၏ ၃ ထပ်စံအိမ်တွင် ခမ်းနားထည်ဝါလှသော amenities များစွာပါဝင်သည်။ သူ့ကဲ့သို့ အတန်းအစားရှိသူတစ်ဦး၏ စံအိမ်တွင် ရှိအပ်သည့် အရာအားလုံး ပါဝင်သည်။

ရေကူးကန်များစွာ၊ အဆင့်မြင့် အားကစားလေ့ကျင့်ရေးခန်းမ၊ Spa နှင့် မြေအောက် ကားပါကင် အစရှိသည်တို့ကို ဆိုလိုသည်။

အောက်တွင် ဖော်ပြပါဝင်သည့် ဓာတ်ပုံများမှတဆင့် ရောဂျာ ဖက်ဒရာ၏ စံအိမ်အတွင်းပိုင်းကို တစေ့တစောင်း တွေ့မြင်နိုင်ပါသည်။

ဆွစ်ဇာလန်နိုင်ငံ၊ Wollerau ဒေသသည် ဝင်ငွေခွန်နည်းပါးသည့်နေရာဖြစ်ရာ လူချမ်းသာတို့ အခြေချရရန် အလွန်ဆွဲဆောင်မှု ရှိသည့် နေရာတစ်ခု ဖြစ်လာသည်။

ရောဂျာဖက်ဒရာ၏ စံအိမ်ဝန်းကျင်တွင် ကမ္ဘာကျော်များနေထိုင်လျက်ရှိရာ ဖော်မြူလာဝမ်း ကြယ်ပွင့် Felipe Massa နှင့် Kimi Raikkonen တို့ အပါအဝင် ဖြစ်သည်။

ရောဂျာ ဖက်ဒရာ အပါအဝင် ထိုဒေသတွင် နေထိုင်သူတို့မှာ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းကြားသာ ပေးရသည်။

ယင်းပမာဏမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်၊ ဘေဆဲလ်၊ ဂျီနီဗာတို့မှ ဝင်ငွေခွန်အောက် ထက်ဝက်ခန့် နည်းပါးသော ပမာဏလည်း ဖြစ်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Roger Federer's beautiful house in Switzerland (sportskeeda)

 

 

 

[Zawgyi]

ရာေဖးနဒဲလ္ မ်က္ရည္က်ခဲ့ေသာ ေရာဂ်ာ ဖက္ဒရာ တင္းနစ္ေလာကေက်ာခိုင္းမႈႏွင့္ ဖက္ဒရာ၏ ဆြစ္ဇာလန္မွ စံအိမ္

 

တင္းနစ္ၾကယ္ပြင့္ ေရာဂ်ာ ဖက္ဒရာ (Roger Federer) သည္ တင္းနစ္ေလာက ႏႈတ္ဆက္ေက်ာမခိုင္းမီ သူ၏ ေနာက္ဆံုးပြဲကို ရာေဖးနဒဲလ္ႏွင့္အတူ ကစားခဲ့ျပီး ႏွစ္ဦးလံုး မ်က္ရည္က်ခဲ့ၾကသည္။

ေရာဂ်ာ ဖက္ဒရာႏွင့္ ရာေဖးနဒဲလ္တို႔သည္ Team Europe အဖြဲ႔တြင္ အတူတကြ ကစားခဲ့ၾကျပီး Team World အသင္းမွ Jack Sock ႏွင့္ Frances Tiafoe တို႔ႏွင့္ ယွဥ္ျပိဳင္ကစားခဲ့ၾကျခင္းျဖစ္ျပီး ထိုပြဲစဥ္သည္ ဖက္ဒရာ အတြက္ တင္းနစ္ေလာက ေနာက္ဆံုးပြဲလည္း ျဖစ္သည္။

(ေရာဂ်ာ ဖက္ဒရာ၏ ဆြစ္ဇာလန္မွ လွပေသာ စံအိမ္ၾကီး)

ျဗိတိန္သတင္းစာ The Sun ၏ ေဖာ္ျပခ်က္အရ ေရာဂ်ာ ဖက္ဒရာ၏ ပရိသတ္မ်ားသည္ သူ၏ ဒူဘိုင္းမွ အားလပ္ရက္အပန္းေျဖတိုက္ခန္းဓာတ္ပံုမ်ားကို The Sun သတင္းဌာနသို႔ ေပးပို႔ခဲ့ၾကသည္ဟု ဆိုသည္။ ထို႔အျပင္ ဆြစ္ဇာလန္မွ လွပေသာ စံအိမ္၏ ဓာတ္ပံုမ်ားလည္း The Sun က ရရွိခဲ့သည္။

ေရာဂ်ာ ဖက္ဒရာ၏ စံအိမ္မွာ ဆြစ္ဇာလန္ႏိုင္ငံ၊ Wollerau တြင္ တည္ရွိျပီး ကမၻာေက်ာ္ ဇူးရစ္ေရကန္ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည္။

ေရာဂ်ာ ဖက္ဒရာသည္ အဆိုပါစံအိမ္သို႔ ၂၀၁၄ ခုႏွစ္တြင္ မိဘမ်ား၊ ဇနီး၊ သားသမီး ၄ ဦးႏွင့္အတူ ေျပာင္းေရႊ႕ အေျခခ်ခဲ့ျခင္း ျဖစ္သည္။

စံအိမ္ကို ၁ ဒသမ ၅ ဧက က်ယ္ဝန္းေသာ ျခံဝန္းအတြင္း ေဆာက္လုပ္ထားျပီး ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းေပါက္ၾကီးမ်ားရွိရာ အခ်ဳိ႕က မွန္သားနန္းေတာ္ဟု ေခၚၾကဖြယ္ရွိသည္။

ေရာဂ်ာ ဖက္ဒရာသည္ ဤစံအိမ္ၾကီးကို လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၁ ခုစာခန္႔က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေပါင္ ၆ ဒသမ ၅ သန္း ကုန္က်ခဲ့သည္။

(ေရာဂ်ာ ဖက္ဒရာ၏စံအိမ္ ေဆာက္လုပ္ဆဲ အေျခအေနကျမင္ကြင္း။ ဓာတ္ပံု Credit: The Sun)

ဖက္ဒရာမိသားစု၏ စံအိမ္မွာ ၃ ထပ္အေဆာက္အအံုျဖစ္ျပီး ေနအိမ္ကို သီးျခားေနအိမ္ ၂ ခုအျဖစ္ ပိုင္းျခား ေဆာက္လုပ္ထားသည္။

တစ္ခုမွာ ဖက္ဒရာ၊ ဇနီးႏွင့္ ကေလးမ်ားအတြက္ျဖစ္ျပီး အျခားတစ္ခုမွာ ဖက္ဒရာ၏ မိဘမ်ားျဖစ္ေသာ ေရာဘတ္ႏွင့္ လင္းနက္တို႔ ေနထိုင္ရန္ ျဖစ္သည္။

ေအာက္ေဖာ္ျပပါ ဓာတ္ပံုမွာ စံအိမ္ရိွ လသာေဆာင္မ်ားအနက္ တစ္ခုေသာ လသာေဆာင္မွ ေတြ႔ျမင္ရမည့္ ျမင္ကြင္းျဖစ္ျပီး ေအးခ်မ္းဆိတ္ျငိမ္ေသာ ဇူးရစ္ေရကန္ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ရသည္။

(ေရာဂ်ာ ဖက္ဒရာ၏ စံအိမ္လသာေဆာင္။ ဓာတ္ပံု Credit: The Sun) ဖက္ဒရာ၏ ၃ ထပ္စံအိမ္တြင္ ခမ္းနားထည္ဝါလွေသာ amenities မ်ားစြာပါဝင္သည္။ သူ႔ကဲ့သို႔ အတန္းအစားရွိသူတစ္ဦး၏ စံအိမ္တြင္ ရွိအပ္သည့္ အရာအားလံုး ပါဝင္သည္။

ေရကူးကန္မ်ားစြာ၊ အဆင့္ျမင့္ အားကစားေလ့က်င့္ေရးခန္းမ၊ Spa ႏွင့္ ေျမေအာက္ ကားပါကင္ အစရွိသည္တို႔ကို ဆိုလိုသည္။

ေအာက္တြင္ ေဖာ္ျပပါဝင္သည့္ ဓာတ္ပံုမ်ားမွတဆင့္ ေရာဂ်ာ ဖက္ဒရာ၏ စံအိမ္အတြင္းပိုင္းကို တေစ့တေစာင္း ေတြ႔ျမင္ႏိုင္ပါသည္။

ဆြစ္ဇာလန္ႏိုင္ငံ၊ Wollerau ေဒသသည္ ဝင္ေငြခြန္နည္းပါးသည့္ေနရာျဖစ္ရာ လူခ်မ္းသာတို႔ အေျခခ်ရရန္ အလြန္ဆြဲေဆာင္မႈ ရွိသည့္ ေနရာတစ္ခု ျဖစ္လာသည္။

ေရာဂ်ာဖက္ဒရာ၏ စံအိမ္ဝန္းက်င္တြင္ ကမၻာေက်ာ္မ်ားေနထိုင္လ်က္ရွိရာ ေဖာ္ျမဴလာဝမ္း ၾကယ္ပြင့္ Felipe Massa ႏွင့္ Kimi Raikkonen တို႔ အပါအဝင္ ျဖစ္သည္။

ေရာဂ်ာ ဖက္ဒရာ အပါအဝင္ ထိုေဒသတြင္ ေနထုိင္သူတို႔မွာ ဝင္ေငြခြန္ ၁၀ ရာခိုင္ႏႈန္းမွ ၁၂ ရာခိုင္ႏႈန္းၾကားသာ ေပးရသည္။

ယင္းပမာဏမွာ ဆြစ္ဇာလန္ႏိုင္ငံ၊ ဇူးရစ္၊ ေဘဆဲလ္၊ ဂ်ီနီဗာတို႔မွ ဝင္ေငြခြန္ေအာက္ ထက္ဝက္ခန္႔ နည္းပါးေသာ ပမာဏလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Roger Federer's beautiful house in Switzerland (sportskeeda)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service