နယူးယောက်မှ ကွန်ဒိုခန်း အမေရိကစံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ရောင်းမည်

နယူးယောက်မှ ကွန်ဒိုခန်း အမေရိကစံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
23 Sep 2022 11:06 am တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်ရှိ Central Park Tower အဆောက်အအုံကြီးသည် ယခုနှစ်အစောပိုင်းတွင် အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့သည်။ အမြင့်ပေ ၁၅၅၀ ရှိကာ ကမ္ဘာ့အမြင့်မားဆုံး လူနေကွန်ဒိုအဆောက်အအုံအဖြစ် စံချိန်တင်သွားသည်။

ယခုအခါ အဆိုပါမိုးမျှော်တိုက်ကြီးအတွက် အခြားစံချိန်သစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။

မန်ဟက်တန်ရပ် အနောက် ၅၇ လမ်း၊ အမှတ် ၂၁၇ တွင် တည်ရှိသော အဆောက်အအုံကြီးမှ ၃ ခန်းတွဲ Penthouse ကွန်ဒိုခန်းတစ်ခုကို ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ရောင်းချရန်ရှိနေကြောင်း ယင်းအဆောက်အအုံမှ တာဝန်ရှိသူတို့က ပြောသည်။

ယခုခေါ်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့မည်ဆိုပါက အမေရိကန်ပြည်ထောင်စုတွင် တန်ဖိုးအကြီးဆုံး နေအိမ်အရောင်းအဝယ်ဖြစ်လာမည်ဖြစ်ကြောင်း ဤသတင်းကို ပထမဆုံး ဖော်ပြခဲ့သည့် Wall Street ဂျာနယ်က ရေးသားသည်။

ထို့အပြင် ယခုဈေးနှုန်းဖြင့်သာ ဝယ်ယူမည်ဆိုပါက ဘီလျံနာသူဌေးကြီး Ken Griffin တင်ထားသော အမြင့်မားဆုံး နေအိမ်ဝယ်ယူမှုစံချိန်ကို ဖြတ်ကျော်သွားမည်လည်း ဖြစ်သည်။

ဘီလျံနာ Griffin သည် ယခုလမ်းတွင်ပင်ရှိသော အမှတ် ၂၂၀ Central Park South အဆောက်အအုံမှ အလွှာ ၄ လွှာကို ကန်ဒေါ်လာ ၂၃၈ သန်းသုံးစွဲကာ ဝယ်ယူခဲ့ပြီး အမေရိက၏ ဈေးအကြီးဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်ထားခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၇၃၀ အဆောက်အအုံတွင်လည်း ဈေးနှုန်းအမြင့်မားဆုံး ကွန်ဒိုအရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

အိပ်ခန်း ၄ ခန်းပါ ကွန်ဒိုခန်းတစ်ခန်းအတွက် ကန်ဒေါ်လာ ၅၃ ဒသမ ၃၈ သန်းဖြင့်လည်းကောင်း၊ အခြား အိပ်ခန်း ၄ ခန်းပါ အခန်းတစ်ခန်းမှာ ကန်ဒေါ်လာ ၇၅ ဒသမ ၈၉ သန်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြကြောင်း Marketproof ၏ အချက်အလက်များတွင် ဖော်ပြသည်။

(ဤ ၃ ခန်းတွဲအခန်းသည် နယူးယောက်မြို့တွင် အကြီးမားဆုံးလူနေအိမ်ဟု ယူဆရသည်။ အမြင့်ပေ ၁၅၅၀ ရှိသော မိုးမျှော်တိုက်ကြီး၏ ထိပ်ဆုံးနားတွင်ရှိရာ ကမ္ဘာ့အမြင့်မားဆုံး လူနေအိမ်လည်း ဖြစ်သည်။ ဓာတ်ပုံ- Cody Boone, SERHANT. Studios)

အထပ် ၃ ထပ် ပေါင်းစပ်ထားခြင်းဖြစ်ကာ ၁၂၉ ထပ်မှ ၁၃၁ ထပ်အထိ အခန်းများဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၇၅၀၀ ရှိသည်။

ထို့အပြင် အပြင်ဘက် နားနေဆောင်နေရာမှာ စတုရန်းပေ ၁၄၃၃ ရှိပြီး နယူးယောက်မြို့ကြီး၏ အဝေးဆီအထိ လှမ်းမျှော်ရှုမြင်နိုင်သည့် မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

ကောင်းကင်ထဲက စံအိမ်ဟု အမည်ပေးထားသော ယခုနေအိမ်သည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး သီးသန့်နားနေဆောင်အပြင် ကမ္ဘာ့အမြင့်မားဆုံး သီးသန့် Ballroom တို့ရှိရာနေရာဟု ဆိုနိုင်သည်။

“သိပ်မြင့်မားလွန်းပြီး ဆူညံသံတွေရဲ့အဝေး အပေါ်ဘက်ဆီကို ရောက်နေပါတယ်။ နားနေဆောင်ကို ထွက်လိုက်ရင် ဘာသံမှ ကြားရမှာ မဟုတ်ပါဘူး။ အသံတွေရဲ့ အထက်မှာ ရှိနေပါတယ်။ သိပ်ပြီး ဆိတ်ငြိမ်လွန်းပြီး ပဉ္စလက်ဆန်ပါတယ်။ လေထုထဲ ပေ ၁၄၀၀ မှာရှိပြီး မှန်နံရံကြီးတွေ ဝန်းပတ်ထားတဲ့ ကိုယ်ပိုင်နားနေဆောင်ကို လှမ်းထွက်ကြည့်ရတာမျိုးက ဘာနဲ့မှ မတူပါဘူး”ဟု Serhant က New York Post သတင်းဌာနသို့ ပြောသည်။

(အထပ် ၃ ထပ်ကို ဆက်သွယ်ပေးထားသည့် ခရုပတ်လှေကား။ ဓာတ်ပုံ- Evan Joseph)

“ပရိဘောဂအပြည့်အစုံ ထည့်ပေးထားပြီးသားပါ။ indoor ဒါမှမဟုတ် outdoor ရေကူးကန်ထည့်ချင်တယ်ဆိုလည်း နေရာရှိပါတယ်။ လျှောက်ထားလို့ ခွင့်ပြုချက်ရရင် ထည့်နိုင်ပါတယ်”

ယခုအဆောက်အအုံကြီး၏ Developer ဖြစ်သူ Gary Barnett က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ မိုးမျှော်တိုက်ကြီးရှိ အခြားအခန်းပေါင်း ၁၇၉ ခန်းကို ၂၀၁၈ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ယခု Penthouse ခန်းကိုမူ အဆောက်အအုံပြီးစီးချိန်ထိ မရောင်းသေးဘဲ ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

(စုစုပေါင်းအကျယ်အဝန်းမှာ ၁၇၅၄၅ စတုရန်းပေ ရှိသည်။ ဓာတ်ပုံ- Evan Joseph)

Serhant က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ ချမ်းသာကြွယ်ဝသူတို့သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖြန့်ကျက်ထားရန် နေရာများ ရှာဖွေလာကြောင်း၊ အိမ်ခြံမြေမှာ လူကြိုက်အများဆုံး နယ်ပယ်တစ်ခုဖြစ်လာကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NYC penthouse to list for a record $250M: ‘You are above noise’ (nypost)

[Zawgyi]

နယူးေယာက္မွ ကြန္ဒိုခန္း အေမရိကစံခ်ိန္တင္ေစ်းႏႈန္း ကန္ေဒၚလာ သန္း ၂၅၀ ျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အရပ္ရွိ Central Park Tower အေဆာက္အအံုၾကီးသည္ ယခုႏွစ္အေစာပိုင္းတြင္ အျပီးသတ္ေဆာက္လုပ္ျပီးစီးခဲ့သည္။ အျမင့္ေပ ၁၅၅၀ ရွိကာ ကမၻာ့အျမင့္မားဆံုး လူေနကြန္ဒိုအေဆာက္အအံုအျဖစ္ စံခ်ိန္တင္သြားသည္။

ယခုအခါ အဆိုပါမိုးေမွ်ာ္တိုက္ၾကီးအတြက္ အျခားစံခ်ိန္သစ္တစ္ခု ေပၚေပါက္လာျပန္သည္။

မန္ဟက္တန္ရပ္ အေနာက္ ၅၇ လမ္း၊ အမွတ္ ၂၁၇ တြင္ တည္ရွိေသာ အေဆာက္အအံုၾကီးမွ ၃ ခန္းတြဲ Penthouse ကြန္ဒိုခန္းတစ္ခုကို ကန္ေဒၚလာ သန္း ၂၅၀ ျဖင့္ ေရာင္းခ်ရန္ရွိေနေၾကာင္း ယင္းအေဆာက္အအံုမွ တာဝန္ရွိသူတု႔ိက ေျပာသည္။

ယခုေခၚေစ်းျဖင့္သာ အေရာင္းအဝယ္ျဖစ္ခဲ့မည္ဆိုပါက အေမရိကန္ျပည္ေထာင္စုတြင္ တန္ဖိုးအၾကီးဆံုး ေနအိမ္အေရာင္းအဝယ္ျဖစ္လာမည္ျဖစ္ေၾကာင္း ဤသတင္းကို ပထမဆံုး ေဖာ္ျပခဲ့သည့္ Wall Street ဂ်ာနယ္က ေရးသားသည္။

ထို႔အျပင္ ယခုေစ်းႏႈန္းျဖင့္သာ ဝယ္ယူမည္ဆုိပါက ဘီလ်ံနာသူေဌးၾကီး Ken Griffin တင္ထားေသာ အျမင့္မားဆံုး ေနအိမ္ဝယ္ယူမႈစံခ်ိန္ကို ျဖတ္ေက်ာ္သြားမည္လည္း ျဖစ္သည္။

ဘီလ်ံနာ Griffin သည္ ယခုလမ္းတြင္ပင္ရွိေသာ အမွတ္ ၂၂၀ Central Park South အေဆာက္အအံုမွ အလႊာ ၄ လႊာကို ကန္ေဒၚလာ ၂၃၈ သန္းသံုးစြဲကာ ဝယ္ယူခဲ့ျပီး အေမရိက၏ ေစ်းအၾကီးဆံုး အိမ္ျခံေျမ အေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ထားျခင္း ျဖစ္သည္။

ယခုႏွစ္အတြင္း နယူးေယာက္ျမိဳ႕၊ ပဥၥမရိပ္သာလမ္း၊ အမွတ္ ၇၃၀ အေဆာက္အအံုတြင္လည္း ေစ်းႏႈန္းအျမင့္မားဆံုး ကြန္ဒိုအေရာင္းအဝယ္မ်ား ျဖစ္ေပၚခဲ့သည္။

အိပ္ခန္း ၄ ခန္းပါ ကြန္ဒိုခန္းတစ္ခန္းအတြက္ ကန္ေဒၚလာ ၅၃ ဒသမ ၃၈ သန္းျဖင့္လည္းေကာင္း၊ အျခား အိပ္ခန္း ၄ ခန္းပါ အခန္းတစ္ခန္းမွာ ကန္ေဒၚလာ ၇၅ ဒသမ ၈၉ သန္းျဖင့္လည္းေကာင္း အေရာင္းအဝယ္ျဖစ္ခဲ့ၾကေၾကာင္း Marketproof ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

(ဤ ၃ ခန္းတြဲအခန္းသည္ နယူးေယာက္ျမဳိ႕တြင္ အၾကီးမားဆံုးလူေနအိမ္ဟု ယူဆရသည္။ အျမင့္ေပ ၁၅၅၀ ရွိေသာ မိုးေမွ်ာ္တိုက္ၾကီး၏ ထိပ္ဆံုးနားတြင္ရွိရာ ကမၻာ့အျမင့္မားဆံုး လူေနအိမ္လည္း ျဖစ္သည္။ ဓာတ္ပံု- Cody Boone, SERHANT. Studios)

အထပ္ ၃ ထပ္ ေပါင္းစပ္ထားျခင္းျဖစ္ကာ ၁၂၉ ထပ္မွ ၁၃၁ ထပ္အထိ အခန္းမ်ားျဖစ္ျပီး စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၁၇၅၀၀ ရွိသည္။

ထို႔အျပင္ အျပင္ဘက္ နားေနေဆာင္ေနရာမွာ စတုရန္းေပ ၁၄၃၃ ရွိျပီး နယူးေယာက္ျမိဳ႕ၾကီး၏ အေဝးဆီအထိ လွမ္းေမွ်ာ္ရႈျမင္ႏိုင္သည့္ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

ေကာင္းကင္ထဲက စံအိမ္ဟု အမည္ေပးထားေသာ ယခုေနအိမ္သည္ ကမၻာေပၚတြင္ အျမင့္မားဆံုး သီးသန္႔နားေနေဆာင္အျပင္ ကမၻာ့အျမင့္မားဆံုး သီးသန္႔ Ballroom တို႔ရွိရာေနရာဟု ဆုိႏိုင္သည္။

“သိပ္ျမင့္မားလြန္းျပီး ဆူညံသံေတြရဲ႕အေဝး အေပၚဘက္ဆီကို ေရာက္ေနပါတယ္။ နားေနေဆာင္ကို ထြက္လိုက္ရင္ ဘာသံမွ ၾကားရမွာ မဟုတ္ပါဘူး။ အသံေတြရဲ႕ အထက္မွာ ရွိေနပါတယ္။ သိပ္ျပီး ဆိတ္ျငိမ္လြန္းျပီး ပဥၥလက္ဆန္ပါတယ္။ ေလထုထဲ ေပ ၁၄၀၀ မွာရွိျပီး မွန္နံရံၾကီးေတြ ဝန္းပတ္ထားတဲ့ ကိုယ္ပိုင္နားေနေဆာင္ကို လွမ္းထြက္ၾကည့္ရတာမ်ဳိးက ဘာနဲ႔မွ မတူပါဘူး”ဟု Serhant က New York Post သတင္းဌာနသို႔ ေျပာသည္။

(အထပ္ ၃ ထပ္ကို ဆက္သြယ္ေပးထားသည့္ ခရုပတ္ေလွကား။ ဓာတ္ပံု- Evan Joseph)

“ပရိေဘာဂအျပည့္အစံု ထည့္ေပးထားျပီးသားပါ။ indoor ဒါမွမဟုတ္ outdoor ေရကူးကန္ထည့္ခ်င္တယ္ဆိုလည္း ေနရာရွိပါတယ္။ ေလွ်ာက္ထားလို႔ ခြင့္ျပဳခ်က္ရရင္ ထည့္ႏိုင္ပါတယ္”

ယခုအေဆာက္အအံုၾကီး၏ Developer ျဖစ္သူ Gary Barnett က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္မွာ မိုးေမွ်ာ္တိုက္ၾကီးရွိ အျခားအခန္းေပါင္း ၁၇၉ ခန္းကို ၂၀၁၈ ခုႏွစ္ကတည္းက အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္ေသာ္လည္း ယခု Penthouse ခန္းကိုမူ အေဆာက္အအံုျပီးစီးခ်ိန္ထိ မေရာင္းေသးဘဲ ထားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

(စုစုေပါင္းအက်ယ္အဝန္းမွာ ၁၇၅၄၅ စတုရန္းေပ ရိွသည္။ ဓာတ္ပံု- Evan Joseph)

Serhant က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္မွာ ခ်မ္းသာၾကြယ္ဝသူတို႔သည္ ၎တို႔၏ ပိုင္ဆုိင္မႈမ်ားကို ျဖန္႔က်က္ထားရန္ ေနရာမ်ား ရွာေဖြလာေၾကာင္း၊ အိမ္ျခံေျမမွာ လူၾကိဳက္အမ်ားဆံုး နယ္ပယ္တစ္ခုျဖစ္လာေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: NYC penthouse to list for a record $250M: ‘You are above noise’ (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service