ထိုင်းဘုရင်အဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ယူဘရိုင်းနား၏ စံအိမ်

ထိုင်းဘုရင်အဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ယူဘရိုင်းနား၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
22 Sep 2022 10:41 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

[Unicode]

ယူဘရိုင်းနား (Yul Brynner) သည် ရုရှားနိုင်ငံဖွား ကမာ္ဘကျော် ရုပ်ရှင်မင်းသား ဖြစ်သည်။

ယူဘရိုင်းနားဟုဆိုလျှင် ၁၉၅၆ ခုနှစ်က ရုံတင်ပြသခဲ့သော အော်စကာဆုရ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား The King and I ကို လူတိုင်းသတိရကြမည် ဖြစ်သည်။

အဆိုပါရုပ်ရှင်တွင် ယူဘရိုင်းနားက ထိုင်းဘုရင်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆု ရခဲ့သည်။

မြန်မာနိုင်ငံတွင် ယူဘရိုင်းနားကို ကတုံးမင်းသားဟု လူသိများသည်။

ယူဖရိုင်းနားသည် ၁၉၂၀-ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့တွင် အရှေ့ဖျား သမ္မတနိုင်ငံ၊ ဗလာဒီဗော့စတောမြို့၌ မွေးဖွားခဲ့သည်။

(မှတ်ချက်။ အရှေ့ဖျားသမ္မတနိုင်ငံကို ချီတာသမ္မတနိုင်ငံဟုလည်း တခါတရံခေါ်ကြသည်။ လွတ်လပ်သော နိုင်ငံတစ်ခုအနေဖြင့် ၁၉၂၀ ပြည့်နှစ်၊ ဧပြီလမှ ၁၉၂၂ ခုနှစ် နိုဝင်ဘာလအထိ ရပ်တည်ခဲ့သည်။ တည်နေရာမှာ ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသတွင် တည်ရှိသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရပ်တည်ခဲ့မှုမှာ ၂ နှစ်ကျော်သာ ကြာမြင့်ခဲ့ပြီး ၁ နှစ်လျှင် သမ္မတတစ်ဦးနှုန်းဖြင့် သမ္မတ ၂ ဦးပေါ်ထွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် တပ်နီတော်က ဗလာဒီဗော့စတော့မြို့ကို သိမ်းပိုက်ခဲ့ပြီး ရက်သတ္တ ၃ ပတ်အကြာ ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ပေါင်းစည်းသွားသည်)

သူ၏ဖခင်သည် မွန်ဂိုလီယံလူမျိုးဖြစ်၍ မိခင်မှာ ယူမေးနီးယန်း အဆက်အနွယ်ဖြစ်သည်ဟု ဆိုသည်။ (ဤနေရာတွင် မူကွဲလျက်နေပါသည်။ အချို့ရုပ်ရှင်မဂ္ဂဇင်းများတွင် အဖေမှာ ယူးခန်ဆိုသော ဆွစ္စလူမျိုးဖြစ်၍ မိခင်မှာ အလွန်လှပချောမောသော မာရီယာဆိုသည့် ရုရှားအမျိုးသမီးဖြစ်ကြောင်း တွေ့ရှိရသည်။)

ယူဘရိုင်းနား၏ ငယ်နာမည်မှာ Yuliy Borisovich Briner ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ၁၉၄၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဖြတ်သန်းခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

(အိမ်ထောင်ဖက်များ)

Virginia Gilmore (လက်ထပ်-၁၉၄၄၊ ကွာရှင်း -၁၉၆၀)

Doris Kleiner (လက်ထပ် ၁၉၆၀၊ ကွာရှင်း- ၁၉၆၇)

Jacqueline Thion de la Chaume (လက်ထပ် ၁၉၇၁၊ ကွာရှင်း- ၁၉၈၁)

Kathy Lee (လက်ထပ် ၁၉၈၃ မှ သူကွယ်လွန်ချိန် ၁၉၈၅ အထိ)

ယူဘရိုင်းနားတို့မိသားစုသည် မူလက လက်လုပ်လက်စားများသာဖြစ်သော်လည်း ဖခင်မှာ နောက်ပိုင်းတွင် ဘော်တွင်းပိုင် သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့ရာ စီးပွားရေး တောင့်တင်းသော မိသားစုဖြစ်လာခဲ့သည်။ သို့သော် ယူဘရိုင်းနားတို့ နေထိုင်သောမြို့ကို ဘော်ရှီဗစ်များသိမ်းပိုက်သည့်အခါ ဖခင်၏ ဘော်တွင်းများပါ သိမ်းပိုက်ခြင်းခံလိုက်ရသည်။

ဤတွင် သူတို့မိသားစုသည် တရုတ်ပြည်၊ ပီကင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ဖခင်၏ စီးပွားရေးမှာမူ ယခင်ကလောက် မတောင့်တင်းတော့ပေ။ ထို့ပြင် မကြာခင်မှာပင် မိခင်နှင့် ဖခင်တို့ မသင့်မတင့်ဖြစ်ကာ လင်မယား ကွဲသွားကြသည်။

မိခင်ကို ပိုချစ်သော ယူဘရိုင်းနားသည် မိခင်နှင့် နေထိုင်ခဲ့၏။ သို့သော် မကြာခင်မှာပင် မိခင်ကွယ်လွန်သွားရာ အဖွားဖြစ်သူနှင့် နေထိုင်ခဲ့ရသည်။

(ယူဘရိုင်းနား မွေးဖွားရာ စံအိမ်ကြီး-ဗလာဒီဗော့စတော့မြို့)

ယူဘရိုင်းနားတို့ မိသားစုနေထိုင်ခဲ့သည့် လှပသောစံအိမ်ကြီးသည် ဗလာဒီဗော့စတော့မြို့တွင် တည်ရှိပြီး အာ့ထ် နူးဗိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

ဤစံအိမ်ကြီးတွင် နောင်တချိန်၌ ယူဘရိုင်းနားဟု ကျော်ကြားလာမည့် ယူလီ ဘာရစ်စဗစ်ချ် ဘရီညာ (Yuliy Borisovich Brynner) ကို ၁၉၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် မွေးဖွားခဲ့သည်။

စံအိမ်တည်နေရာ Coordinates: 43°6'51"N 131°52'51"E

(ဂျူးလိယပ်စ် ဘရိုင်းနား စံအိမ်)

စံအိမ်မှာ ၃ ထပ်ဖြစ်ပြီး ဗလာဒီဗော့စတော့မြို့လယ်ကို အလှဆင်ထားသော အလှတစ်ပါးလည်း ဖြစ်၏။

ဗလာဒီဗော့စတော့မြို့၏ အလှပဆုံး အထင်ကရအဆောက်အအုံ ဗိသုကာလက်ရာများတွင် တစ်ခုပါဝင်ကြောင်း သတ်မှတ်ထားကြသည်။

၂၀ ရာစုအစောပိုင်းတွင် ဂျာမန်ဗိသုကာပညာရှင် Georg Yunghendel က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဗိသုကာပညာအစွမ်းဖြင့် ဗလာဒီဗော့စတော့၏ အံ့မခန်းအဆောက်အအုံကြီးများစွာကို မွေးဖွားဖန်တီးပေးခဲ့သည်။

ဤစံအိမ်သည် အရှေ့ဖျားနိုင်ငံ၏ အထင်ရှားဆုံးလုပ်ငန်းရှင်ကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဆွစ်ဂျူးစ်ဘရိုင်းနား (Swiss Jules Bryner) ၏ စံအိမ်ဖြစ်ခဲ့သည်။

ဂျူးစ်ဘရိုင်းနားသည် အသက် ၁၆ နှစ်သားအရွယ်တွင် အိမ်မှထွက်ပြေးပြီး ဂျပန်နိုင်ငံ၊ ယို့ကို့ဟမတွင် အခြေချခဲ့ပြီး ၁၈၈၀ ပြည့်လွန်ကာလများတွင် ဗလာဒီဗော့စတော့သို့ ရွှေ့ပြောင်းခဲ့သည်။

ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုခံရပြီးနောက် သင်္ဘောကုမ္ပဏီကြီးတစ်ခုကို ဝယ်ယူခဲ့သည်။

ယခုစံအိမ်တွင် ဂျူးစ်ဘရိုင်းနား၏ သားဖြစ်သူ ယူဘရိုင်းနားကို မွေးဖွားခဲ့ပြီး ကလေးဘဝတစ်လျှောက်လုံး နေထိုင်သွားသည်။

၁၉၁၇ ခုနှစ်တွင် ရုရှားတော်လှန်ရေးကြီးဖြစ်ပွားရာ ယူဘရိုင်းနားတို့ မိသားစု အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။

ယူဘရိုင်းနားသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် အထင်ရှားဆုံးမှာ အော်စကာဆုရ ဇာတ်ကားများဖြစ်သော The King and I နှင့် The Magnificent Seven တို့ ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဤစံအိမ်မှာ ယူဘရိုင်းနား မွေးဖွားခဲ့ရာနေရာအဖြစ် အမှတ်ရဖွယ် ကမ္ဗည်းမော်ကွန်းပြား တပ်ဆင်ခြင်း ခံရသည်။

(အော်စကာ ၅ ဆုရ ၁၉၅၆ ခုနှစ်က ရုံတင်ခဲ့သော The King and I)

The King and I ရုပ်ရှင်ဇာတ်ကားသည် 20th Century-Fox ကုမ္ပဏီမှ ဒါရိုက်တာ Walter Lang နှင့် ရိုက်ကူးထုတ်လုပ်ခဲ့ကာ ၁၉၅၆ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဇာတ်ကား ဖြစ်သည်။

နာမည်ကျော် ပြဇာတ်တစ်ခုဖြစ်သော The King and I ကို အခြေခံကာ ရိုက်ကူးခဲ့ခြင်း ဖြစ်၏။

အဆိုပါပြဇာတ်မှာလည်း စာရေးဆရာမ Margaret Landon ရေးသားကာ ၁၉၄၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Anna and the King of Siam ဝတ္ထုကို အခြေခံထားခြင်းဖြစ်သည်။

တဖန် အဆိုပါဝတ္ထုသည် ထိုင်းဘုရင် Mongkut ၏ သားတော်သမီးတော်များကို ၁၈၆၀ ပြည့်လွန်ကာလများအတွင်း စာသင်ပေးခဲ့ရသူ ကျောင်းဆရာမ Anna Leonowens ရေးသားခဲ့သော ကိုယ်တွေ့မှတ်တမ်းအပေါ် အခြေခံထားသည်။

The King and I ရုပ်ရှင်တွင် ရုပ်ရှင်မင်းသမီး Deborah Kerr က ကျောင်းဆရာမ Anna အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယူဘရိုင်းနားက ထိုင်းဘုရင်အဖြစ် သရုပ်ဆောင်ခဲ့သည်။

ထိုရုပ်ရှင်သည် အနုပညာအရသာမက စီးပွားရေးအရပါ အောင်မြင်မှုရခဲ့သည်။ အော်စကာဆု ၉ ဆုအတွက် အမည်စာရင်းတင်သွင်းခံရပြီး ၅ ဆုရရှိခဲ့ရာ ယူဘရိုင်းနားမှာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရခဲ့ခြင်းလည်း ဖြစ်သည်။

(ဇာတ်လမ်းမိတ်ဆက်)

မုဆိုးမတစ်ဦးဖြစ်သူ ကျောင်းဆရာမ အင်နာသည် ထိုင်းဘုရင် Mongkut က သူ၏သားတော်သမီးတော်များစွာ ကို စာသင်ကြားပေးရန် ဖိတ်ခေါ်သောကြောင့် ဘန်ကောက်မြို့သို့ သားဖြစ်သူ လူးဝစ်နှင့်အတူ ရောက်လာခဲ့သည်။

အင်နာကို ခေါ်ယူစဉ်က ကိုယ်ပိုင်အိမ်တစ်လုံးပေးအပ်ကာ နေထိုင်ရမည်ဟု ကတိပေးခဲ့သော်လည်း နန်းတော်သို့ ရောက်ချိန်တွင် နန်းတော်ထဲတွင်သာ နေထိုင်ရန် ဘုရင်က အမိန့်ပေးခဲ့သည်။

အင်နာက ကန့်ကွက်သော်လည်း ဘုရင်က လစ်လျူရှုပြီး သူ၏ အဂ္ဂမဟေသီ Thiang နှင့် မိတ်ဆက်ပေးသည်။

ယင်းနောက် အင်နာသည် မြန်မာနိုင်ငံမှ မကြာသေးမီကမှ ရောက်လာသော ထိုင်းဘုရင်၏ ကိုယ်လုပ်တော် မိန်းကလေး Tuptim နှင့် တွေ့ဆုံခွင့်ရသည့်အပြင် စာသင်ပေးရမည့် သားတော်သမီးတော် ၁၅ ဦးနှင့်လည်းတွေ့ဆုံသည်။

စာသင်ပေးရမည့် ဘုရင့်သားတော်များတွင် နောင်အခါ ထိုင်းဘုရင်ဖြစ်လာမည့် မင်းသားလေး ချူလာလောင်ကွန်းလည်း ပါဝင်သည်။

ထိုင်းဘုရင်၏ မိဖုရားများ၊ ကိုယ်လုပ်တော်များနှင့် စကားစမြည်ပြောဆိုကြည့်ရာ မြန်မာကိုယ်လုပ်တော် မိန်းကလေး Tuptim မှာ သူမအား ထိုင်းသို့ ခေါ်ဆောင်ပေးခဲ့သူ Lun Tha ဆိုသူနှင့်် မေတ္တာမျှနေကြောင်း အင်နာ သိလိုက်ရတော့သည်။

ဇာတ်လမ်းအပြည့်အစုံကို ရုပ်ရှင်တွင် ဆက်လက်ရှုစားနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House where was born Yul Brynner (Vladivostok)

 

 

 

[Zawgyi]

ထိုင္းဘုရင္အျဖစ္ သရုပ္ေဆာင္ကာ ေအာ္စကာဆုရခဲ့သူ ယူဘရိုင္းနား၏ စံအိမ္

 

ယူဘ႐ိုင္းနား (Yul Brynner) သည္ ႐ုရွားႏိုင္ငံဖြား ကမာၻေက်ာ္ ႐ုပ္ရွင္မင္းသား ျဖစ္သည္။

ယူဘရိုင္းနားဟုဆိုလွ်င္ ၁၉၅၆ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ ေအာ္စကာဆုရ ကမၻာေက်ာ္ ရုပ္ရွင္ဇာတ္ကား The King and I ကို လူတိုင္းသတိရၾကမည္ ျဖစ္သည္။

အဆိုပါရုပ္ရွင္တြင္ ယူဘရိုင္းနားက ထုိင္းဘုရင္အျဖစ္ ပါဝင္သရုပ္ေဆာင္ကာ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားအျဖစ္ ေအာ္စကာဆု ရခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ယူဘ႐ိုင္းနားကို ကတုံးမင္းသားဟု လူသိမ်ားသည္။

ယူဖ႐ိုင္းနားသည္ ၁၉၂၀-ခုႏွစ္၊ ဇူလိုင္လ (၁၁)ရက္ေန႔တြင္ အေရွ႕ဖ်ား သမၼတႏိုင္ငံ၊ ဗလာဒီေဗာ့စေတာျမိဳ႕၌ ေမြးဖြားခဲ့သည္။

(မွတ္ခ်က္။ အေရွ႕ဖ်ားသမၼတႏိုင္ငံကို ခ်ီတာသမၼတႏိုင္ငံဟုလည္း တခါတရံေခၚၾကသည္။ လြတ္လပ္ေသာ ႏိုင္ငံတစ္ခုအေနျဖင့္ ၁၉၂၀ ျပည့္ႏွစ္၊ ဧျပီလမွ ၁၉၂၂ ခုႏွစ္ ႏိုဝင္ဘာလအထိ ရပ္တည္ခဲ့သည္။ တည္ေနရာမွာ ရုရွားႏိုင္ငံ၏ အေရွ႕ဖ်ားေဒသတြင္ တည္ရွိသည္။ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ရပ္တည္ခဲ့မႈမွာ ၂ ႏွစ္ေက်ာ္သာ ၾကာျမင့္ခဲ့ျပီး ၁ ႏွစ္လွ်င္ သမၼတတစ္ဦးႏႈန္းျဖင့္ သမၼတ ၂ ဦးေပၚထြက္ခဲ့သည္။ ၁၉၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္တြင္ တပ္နီေတာ္က ဗလာဒီေဗာ့စေတာ့ျမိဳ႕ကို သိမ္းပိုက္ခဲ့ျပီး ရက္သတၱ ၃ ပတ္အၾကာ ၁၉၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၅ ရက္တြင္ ဆိုဗီယက္ျပည္ေထာင္စုႏွင့္ ေပါင္းစည္းသြားသည္)

သူ၏ဖခင္သည္ မြန္ဂိုလီယံလူမ်ိဳးျဖစ္၍ မိခင္မွာ ယူေမးနီးယန္း အဆက္အႏြယ္ျဖစ္သည္ဟု ဆိုသည္။ (ဤေနရာတြင္ မူကြဲလ်က္ေနပါသည္။ အခ်ိဳ႕႐ုပ္ရွင္မဂၢဇင္းမ်ားတြင္ အေဖမွာ ယူးခန္ဆိုေသာ ဆြစၥလူမ်ိဳးျဖစ္၍ မိခင္မွာ အလြန္လွပေခ်ာေမာေသာ မာရီယာဆိုသည့္ ႐ုရွားအမ်ိဳးသမီးျဖစ္ေၾကာင္း ေတြ႕ရွိရသည္။)

ယူဘရိုင္းနား၏ ငယ္နာမည္မွာ Yuliy Borisovich Briner ျဖစ္သည္။ ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ ၁၉၄၁ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ ျဖတ္သန္းခဲ့ျပီး အသက္ ၆၅ ႏွစ္အရြယ္ ၁၉၈၅ ခုႏွစ္ ေအာက္တိုဘာလ ၁၀ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၌ အဆုတ္ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။

(အိမ္ေထာင္ဖက္မ်ား)

Virginia Gilmore (လက္ထပ္-၁၉၄၄၊ ကြာရွင္း -၁၉၆၀)

Doris Kleiner (လက္ထပ္ ၁၉၆၀၊ ကြာရွင္း- ၁၉၆၇)

Jacqueline Thion de la Chaume (လက္ထပ္ ၁၉၇၁၊ ကြာရွင္း- ၁၉၈၁)

Kathy Lee (လက္ထပ္ ၁၉၈၃ မွ သူကြယ္လြန္ခ်ိန္ ၁၉၈၅ အထိ)

ယူဘရိုင္းနားတို႔မိသားစုသည္ မူလက လက္လုပ္လက္စားမ်ားသာျဖစ္ေသာ္လည္း ဖခင္မွာ ေနာက္ပိုင္းတြင္ ေဘာ္တြင္းပိုင္ သူေ႒းတစ္ဦး ျဖစ္လာခဲ့ရာ စီးပြားေရး ေတာင့္တင္းေသာ မိသားစုျဖစ္လာခဲ့သည္။ သို႔ေသာ္ ယူဘရိုင္းနားတို႔ ေနထုိင္ေသာၿမိဳ႕ကို ေဘာ္ရွီဗစ္မ်ားသိမ္းပိုက္သည့္အခါ ဖခင္၏ ေဘာ္တြင္းမ်ားပါ သိမ္းပိုက္ျခင္းခံလိုက္ရသည္။

ဤတြင္ သူတို႔မိသားစုသည္ တ႐ုတ္ျပည္၊ ပီကင္းၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့သည္။

ဖခင္၏ စီးပြားေရးမွာမူ ယခင္ကေလာက္ မေတာင့္တင္းေတာ့ေပ။ ထို႔ျပင္ မၾကာခင္မွာပင္ မိခင္ႏွင့္ ဖခင္တို႔ မသင့္မတင့္ျဖစ္ကာ လင္မယား ကြဲသြားၾကသည္။

မိခင္ကို ပိုခ်စ္ေသာ ယူဘ႐ိုင္းနားသည္ မိခင္ႏွင့္ ေနထိုင္ခဲ့၏။ သို႔ေသာ္ မၾကာခင္မွာပင္ မိခင္ကြယ္လြန္သြားရာ အဖြားျဖစ္သူႏွင့္ ေနထိုင္ခဲ့ရသည္။

(ယူဘရိုင္းနား ေမြးဖြားရာ စံအိမ္ၾကီး-ဗလာဒီေဗာ့စေတာ့ျမိဳ႕)

ယူဘရိုင္းနားတို႔ မိသားစုေနထိုင္ခဲ့သည့္ လွပေသာစံအိမ္ၾကီးသည္ ဗလာဒီေဗာ့စေတာ့ျမဳိ႕တြင္ တည္ရွိျပီး အာ့ထ္ ႏူးဗိုဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည္။

ဤစံအိမ္ၾကီးတြင္ ေနာင္တခ်ိန္၌ ယူဘရိုင္းနားဟု ေက်ာ္ၾကားလာမည့္ ယူလီ ဘာရစ္စဗစ္ခ်္ ဘရီညာ (Yuliy Borisovich Brynner) ကို ၁၉၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၁၁ ရက္တြင္ ေမြးဖြားခဲ့သည္။

စံအိမ္တည္ေနရာ Coordinates: 43°6'51"N 131°52'51"E

(ဂ်ဴးလိယပ္စ္ ဘရိုင္းနား စံအိမ္)

စံအိမ္မွာ ၃ ထပ္ျဖစ္ျပီး ဗလာဒီေဗာ့စေတာ့ျမိဳ႕လယ္ကို အလွဆင္ထားေသာ အလွတစ္ပါးလည္း ျဖစ္၏။

ဗလာဒီေဗာ့စေတာ့ျမိဳ႕၏ အလွပဆံုး အထင္ကရအေဆာက္အအံု ဗိသုကာလက္ရာမ်ားတြင္ တစ္ခုပါဝင္ေၾကာင္း သတ္မွတ္ထားၾကသည္။

၂၀ ရာစုအေစာပိုင္းတြင္ ဂ်ာမန္ဗိသုကာပညာရွင္ Georg Yunghendel က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

သူ၏ ဗိသုကာပညာအစြမ္းျဖင့္ ဗလာဒီေဗာ့စေတာ့၏ အံ့မခန္းအေဆာက္အအံုၾကီးမ်ားစြာကို ေမြးဖြားဖန္တီးေပးခဲ့သည္။

ဤစံအိမ္သည္ အေရွ႕ဖ်ားႏိုင္ငံ၏ အထင္ရွားဆံုးလုပ္ငန္းရွင္ၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ဆြစ္ဂ်ဴးစ္ဘရိုင္းနား (Swiss Jules Bryner) ၏ စံအိမ္ျဖစ္ခဲ့သည္။

ဂ်ဴးစ္ဘရိုင္းနားသည္ အသက္ ၁၆ ႏွစ္သားအရြယ္တြင္ အိမ္မွထြက္ေျပးျပီး ဂ်ပန္ႏိုင္ငံ၊ ယို႔ကို႔ဟမတြင္ အေျခခ်ခဲ့ျပီး ၁၈၈၀ ျပည့္လြန္ကာလမ်ားတြင္ ဗလာဒီေဗာ့စေတာ့သို႔ ေရႊ႕ေျပာင္းခဲ့သည္။

ရုရွားႏိုင္ငံသားအျဖစ္ ခြင့္ျပဳခံရျပီးေနာက္ သေဘၤာကုမၸဏီၾကီးတစ္ခုကို ဝယ္ယူခဲ့သည္။

ယခုစံအိမ္တြင္ ဂ်ဴးစ္ဘရိုင္းနား၏ သားျဖစ္သူ ယူဘရိုင္းနားကို ေမြးဖြားခဲ့ျပီး ကေလးဘဝတစ္ေလွ်ာက္လံုး ေနထုိင္သြားသည္။

၁၉၁၇ ခုႏွစ္တြင္ ရုရွားေတာ္လွန္ေရးၾကီးျဖစ္ပြားရာ ယူဘရိုင္းနားတို႔ မိသားစု အေမရိကန္ျပည္ေထာင္စုသို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့ၾကသည္။

ယူဘရိုင္းနားသည္ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ အထင္ရွားဆံုးမွာ ေအာ္စကာဆုရ ဇာတ္ကားမ်ားျဖစ္ေသာ The King and I ႏွင့္ The Magnificent Seven တို႔ ျဖစ္သည္။

၂၀၀၅ ခုႏွစ္တြင္ ဤစံအိမ္မွာ ယူဘရိုင္းနား ေမြးဖြားခဲ့ရာေနရာအျဖစ္ အမွတ္ရဖြယ္ ကမၺည္းေမာ္ကြန္းျပား တပ္ဆင္ျခင္း ခံရသည္။

(ေအာ္စကာ ၅ ဆုရ ၁၉၅၆ ခုႏွစ္က ရုံတင္ခဲ့ေသာ The King and I)

The King and I ရုပ္ရွင္ဇာတ္ကားသည္ 20th Century-Fox ကုမၸဏီမွ ဒါရိုက္တာ Walter Lang ႏွင့္ ရိုက္ကူးထုတ္လုပ္ခဲ့ကာ ၁၉၅၆ ခုႏွစ္တြင္ ရံုတင္ျပသခဲ့ေသာ ဇာတ္ကား ျဖစ္သည္။

နာမည္ေက်ာ္ ျပဇာတ္တစ္ခုျဖစ္ေသာ The King and I ကို အေျခခံကာ ရိုက္ကူးခဲ့ျခင္း ျဖစ္၏။

အဆိုပါျပဇာတ္မွာလည္း စာေရးဆရာမ Margaret Landon ေရးသားကာ ၁၉၄၄ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည့္ Anna and the King of Siam ဝတၳဳကို အေျခခံထားျခင္းျဖစ္သည္။

တဖန္ အဆိုပါဝတၳဳသည္ ထိုင္းဘုရင္ Mongkut ၏ သားေတာ္သမီးေတာ္မ်ားကို ၁၈၆၀ ျပည့္လြန္ကာလမ်ားအတြင္း စာသင္ေပးခဲ့ရသူ ေက်ာင္းဆရာမ Anna Leonowens ေရးသားခဲ့ေသာ ကိုယ္ေတြ႔မွတ္တမ္းအေပၚ အေျခခံထားသည္။

The King and I ရုပ္ရွင္တြင္ ရုပ္ရွင္မင္းသမီး Deborah Kerr က ေက်ာင္းဆရာမ Anna အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ယူဘရိုင္းနားက ထုိင္းဘုရင္အျဖစ္ သရုပ္ေဆာင္ခဲ့သည္။

ထိုရုပ္ရွင္သည္ အႏုပညာအရသာမက စီးပြားေရးအရပါ ေအာင္ျမင္မႈရခဲ့သည္။ ေအာ္စကာဆု ၉ ဆုအတြက္ အမည္စာရင္းတင္သြင္းခံရျပီး ၅ ဆုရရွိခဲ့ရာ ယူဘရိုင္းနားမွာ အေကာင္းဆံုးဇာတ္ေဆာင္မင္းသားဆု ရခဲ့ျခင္းလည္း ျဖစ္သည္။

(ဇာတ္လမ္းမိတ္ဆက္)

မုဆိုးမတစ္ဦးျဖစ္သူ ေက်ာင္းဆရာမ အင္နာသည္ ထိုင္းဘုရင္ Mongkut က သူ၏သားေတာ္သမီးေတာ္မ်ားစြာ ကို စာသင္ၾကားေပးရန္ ဖိတ္ေခၚေသာေၾကာင့္ ဘန္ေကာက္ျမဳိ႕သို႔ သားျဖစ္သူ လူးဝစ္ႏွင့္အတူ ေရာက္လာခဲ့သည္။

အင္နာကို ေခၚယူစဥ္က ကိုယ္ပိုင္အိမ္တစ္လံုးေပးအပ္ကာ ေနထိုင္ရမည္ဟု ကတိေပးခဲ့ေသာ္လည္း နန္းေတာ္သို႔ ေရာက္ခ်ိန္တြင္ နန္းေတာ္ထဲတြင္သာ ေနထုိင္ရန္ ဘုရင္က အမိန္႔ေပးခဲ့သည္။

အင္နာက ကန္႔ကြက္ေသာ္လည္း ဘုရင္က လစ္လ်ဴရႈျပီး သူ၏ အဂၢမေဟသီ Thiang ႏွင့္ မိတ္ဆက္ေပးသည္။

ယင္းေနာက္ အင္နာသည္ ျမန္မာႏိုင္ငံမွ မၾကာေသးမီကမွ ေရာက္လာေသာ ထိုင္းဘုရင္၏ ကိုယ္လုပ္ေတာ္ မိန္းကေလး Tuptim ႏွင့္ ေတြ႔ဆံုခြင့္ရသည့္အျပင္ စာသင္ေပးရမည့္ သားေတာ္သမီးေတာ္ ၁၅ ဦးႏွင့္လည္းေတြ႔ဆံုသည္။

စာသင္ေပးရမည့္ ဘုရင့္သားေတာ္မ်ားတြင္ ေနာင္အခါ ထုိင္းဘုရင္ျဖစ္လာမည့္ မင္းသားေလး ခ်ဴလာေလာင္ကြန္းလည္း ပါဝင္သည္။

ထိုင္းဘုရင္၏ မိဖုရားမ်ား၊ ကိုယ္လုပ္ေတာ္မ်ားႏွင့္ စကားစျမည္ေျပာဆိုၾကည့္ရာ ျမန္မာကိုယ္လုပ္ေတာ္ မိန္းကေလး Tuptim မွာ သူမအား ထိုင္းသို႔ ေခၚေဆာင္ေပးခဲ့သူ Lun Tha ဆိုသူႏွင့္္ ေမတၱာမွ်ေနေၾကာင္း အင္နာ သိလုိက္ရေတာ့သည္။

ဇာတ္လမ္းအျပည့္အစံုကို ရုပ္ရွင္တြင္ ဆက္လက္ရႈစားႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: House where was born Yul Brynner (Vladivostok)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံ ပို့ဆောင်ပေးခဲ့သည့်အပြင် ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Maroon 5 ၊ ကမ္ဘာကျော် DJ ဖြစ်သူ Calvin Harris တို့ကို င...
ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံ ပို့ဆောင်ပေးခဲ့သည့်အပြင် ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Maroon 5 ၊ ကမ္ဘာကျော် DJ ဖြစ်သူ Calvin Harris တို့ကို င...
ဝန်ထမ်းပေါင်း ၃၈၃၀၀၀ ရှိသော Berkshire Hathaway ၏ ပိုင်ရှင် ၊ ကန်ဒေါ်လာ ၁၂၀ ဘီလီယံ ချမ်းသာကြွယ်ဝသူ Warren Buffett က သူ၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကျော်ကို လှူဒါန်းခဲ့မည်ဟု သေတမ်းစာတွင် ရေးသား...
ဝန်ထမ်းပေါင်း ၃၈၃၀၀၀ ရှိသော Berkshire Hathaway ၏ ပိုင်ရှင် ၊ ကန်ဒေါ်လာ ၁၂၀ ဘီလီယံ ချမ်းသာကြွယ်ဝသူ Warren Buffett က သူ၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကျော်ကို လှူဒါန်းခဲ့မည်ဟု သေတမ်းစာတွင် ရေးသား...
ဆော်ဒီအာရေးဘီးယားတွင် အလျား ၇၅ မိုင်ရှိကာ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမည့် မိုးမျှော်တိုက်တန်း ကြီး စတင်ဆောက်လုပ်...
ဆော်ဒီအာရေးဘီးယားတွင် အလျား ၇၅ မိုင်ရှိကာ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမည့် မိုးမျှော်တိုက်တန်း ကြီး စတင်ဆောက်လုပ်...
အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်လည်း အချိန်တိုအတွင်း ရောင်းထွက်သွား...
အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်လည်း အချိန်တိုအတွင်း ရောင်းထွက်သွား...
မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လေဆိပ်ပိုင်ရှင်သူဌေးကြီးက နယူးယောက်မှ ကွန်ဒိုခန်းကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်...
မြေးမလေး၏ မင်္ဂလာဆောင်တွင် Mariah Carey နှင့် Elton John တို့ကို ဒေါ်လာ ၄ သန်းဖြင့် ငှားရမ်း ဖျော်ဖြေ စေခဲ့သူ ရုရှားမှ လေဆိပ်ပိုင်ရှင်သူဌေးကြီးက နယူးယောက်မှ ကွန်ဒိုခန်းကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်...
Spider-Man ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူ Willem Dafoe သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင်...
Spider-Man ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူ Willem Dafoe သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင်...
ဝါရှင်တန်တွင် အောက်တိုဘာလအတွင်း ရောင်းထွက်ခဲ့သော ဈေးအကြီးဆုံးအိမ်များ
ဝါရှင်တန်တွင် အောက်တိုဘာလအတွင်း ရောင်းထွက်ခဲ့သော ဈေးအကြီးဆုံးအိမ်များ
အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း
အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း
(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား
(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား
ကမ္ဘာကျော်သူဌေးကြီး ရစ်ချတ်ဘရန်ဆန်း၏ ကာရစ်ဘီယံမှ ကိုယ်ပိုင်ကျွန်းတွင် ဆောင်းရာသီ အားလပ်ရက် ကာလ၌ တစ်ညလျှင် ကန်ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင်...
ကမ္ဘာကျော်သူဌေးကြီး ရစ်ချတ်ဘရန်ဆန်း၏ ကာရစ်ဘီယံမှ ကိုယ်ပိုင်ကျွန်းတွင် ဆောင်းရာသီ အားလပ်ရက် ကာလ၌ တစ်ညလျှင် ကန်ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုဝင်ဘာလရဲ့ အလှပဆုံး ပန်းဝါဝါများဖူးပွင့်ရာ ဘူဝါတောင်အလှ
နိုဝင်ဘာလရဲ့ အလှပဆုံး ပန်းဝါဝါများဖူးပွင့်ရာ ဘူဝါတောင်အလှ
ဘောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်မင်းသမီးကြီး ပရီသီး ဇင်တာ မွန်ဘိုင်းမြို့ လူနေခန်းကို ရူပီး ၁၇ ကုဋေကျော် ဖြင့် ဝယ်ယူ
ဘောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်မင်းသမီးကြီး ပရီသီး ဇင်တာ မွန်ဘိုင်းမြို့ လူနေခန်းကို ရူပီး ၁၇ ကုဋေကျော် ဖြင့် ဝယ်ယူ
ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ
ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ
အင်္ဂလန်တွင် ပီဇာဆိုင်ဟောင်းကို ၃ ထပ်လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်လိုမှုကို မြို့ကောင်စီက ခွင့်မပြု သောကြောင့် ဆောက်လ
အင်္ဂလန်တွင် ပီဇာဆိုင်ဟောင်းကို ၃ ထပ်လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်လိုမှုကို မြို့ကောင်စီက ခွင့်မပြု သောကြောင့် ဆောက်လ
စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ
စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ
ဆူရှီမြေရဲ့ သင်္ကေတ ဖူဂျီတောင်ရဲ့ မှင်သက်ဖွယ်အလှ
ဆူရှီမြေရဲ့ သင်္ကေတ ဖူဂျီတောင်ရဲ့ မှင်သက်ဖွယ်အလှ
တိုက်ခန်းအဝယ်မှား၊ လက်လွတ်ဆုံးရှုံးရတော့မလား
တိုက်ခန်းအဝယ်မှား၊ လက်လွတ်ဆုံးရှုံးရတော့မလား
နယူးယောက်ရှိ လူနေခန်းတစ်ခန်း တစ်လလျှင် ဒေါ်လာ ၁၈၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ ၊ ငှားရမ်းမည့်သူများအနေဖြင့် ညစ်ညမ်းကားများ
နယူးယောက်ရှိ လူနေခန်းတစ်ခန်း တစ်လလျှင် ဒေါ်လာ ၁၈၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ ၊ ငှားရမ်းမည့်သူများအနေဖြင့် ညစ်ညမ်းကားများ
မြေငှားဂရန်၊ မြေငှားရမ်းခ အကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတ ရေးသားဖော်ပြလိုက်ပါတယ်။
မြေငှားဂရန်၊ မြေငှားရမ်းခ အကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတ ရေးသားဖော်ပြလိုက်ပါတယ်။
ဘာလီကျွန်းရှိ ဟိုတယ်လုပ်ငန်းနယ်ကို ကျောခိုင်းကာ ထိုင်းနိုင်ငံမှ ရွာကလေးတစ်ရွာတွင် ကိုယ်တိုင်စိုက်ပျိုးသည့် စိုက်ခင်းလေးမ
ဘာလီကျွန်းရှိ ဟိုတယ်လုပ်ငန်းနယ်ကို ကျောခိုင်းကာ ထိုင်းနိုင်ငံမှ ရွာကလေးတစ်ရွာတွင် ကိုယ်တိုင်စိုက်ပျိုးသည့် စိုက်ခင်းလေးမ
taunggyi-garden-city
mann-yadanar-luxury-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service