ပိုင်ဆိုင်မှုအားလုံး လှူဒါန်းမည့် ဘီလ်ဂိတ်၏ အိမ်ခြံမြေနှင့်အခြားပိုင်ဆိုင်မှုများ

ပိုင်ဆိုင်မှုအားလုံး လှူဒါန်းမည့် ဘီလ်ဂိတ်၏ အိမ်ခြံမြေနှင့်အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
15 Aug 2022 11:06 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က သူ၏ ပိုင်ဆိုင်မှု အားလုံးနီးပါးကို သူတည်ထောင်ထားသော ပရဟိတအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ပိုင်ဆိုင်မှုများကို လှူဒါန်းကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှ အပြီးတိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Bloomberg ၏ ဖော်ပြချက်အရ ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁၄ ဘီလီယံရှိသည်။ ကမ္ဘာပေါ်တွင် ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထက်ချမ်းသာသူ ၈ ဦးသာရှိသည်။

မိမိတို့အလွန်အမင်းချမ်းသာနေခြင်းမှာ မျှတမှုမရှိကြောင်း ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ ပြောခဲ့ဖူးသည်။

ဘီလျံနှင့်ချီသောငွေများကို ၎င်းတို့ဇနီးမောင်နှံက ကိုယ်ကျိုးအတွက်မသုံးစွဲဘဲ ၎င်းတို့တည်ထောင်ထားသော ဘီလ် & မီလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းမှတဆင့် လှူဒါန်းပေးလျက်ရှိသည်။

(၂၀၁၄ ခုနှစ်အတွင်း ဝါရှင်တန်တွင်ကျင်းပသော အခမ်းအနားတစ်ခု၌ ဘီလ်ဂိတ်ကို တွေ့ရပုံ)

ဘီလ်ဂိတ်သည် ကမ္ဘာ့ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ကာလကြာရှည်ရပ်တည်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်မူ Elon Musk က ဖြတ်ကျော်သွားသည်။

ဘီလ်ဂိတ်သည် အသက် ၃၁ နှစ်အရွယ်တွင် ဘီလျံနာဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ကမ္ဘာ့သမိုင်းတွင် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် ရပ်တည်ခဲ့သည်။

 

(သတင်းများအရ ဘီလ်ဂိတ်သည် Bombardier BD-700 Global Express အမျိုးအစားလေယာဉ်ကြီးတစ်စင်း ပိုင်ဆိုင်ထားပြီး တန်ကြေး ကန်ဒေါ်လာ သန်း ၄၀ ရှိကာ လူ ၁၉ ဦးအထက် စီးနင်းနိုင်သည်ဟု ဆိုသည်။)

 

(ဝါရှင်တန်ပြည်နယ်၊ Medina ရှိ ဘီလ်ဂိတ်၏ စံအိမ်ဖြစ်ပြီး Xanadu 2.0 ဟု အမည်ပေးထားသည်။ အဆိုပါစံအိမ်ကြီးကို ၄ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရပြီး ကန်ဒေါ်လာ ၆၃ သန်း ကုန်ကျခဲ့သည်။ ဘီလ်ဂိတ်က ယခုခြံဝန်းမြေနေရာကို ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ Xanadu 2.0 စံအိမ်ကြီး၏ ကောင်းကင်ဓာတ်ပုံ- ရိုက်တာသတင်းဌာန)

 

(အကျယ်အဝန်း ၆၆၀၀၀ စတုရန်းပေရှိသော Xanadu 2.0 စံအိမ်ကြီး၏ ကာလတန်ကြေးမှာ ကန်ဒေါ်လာ ၁၂၅ သန်းခန့် ရှိသည်။)

 

(မှတ်တမ်းများအရ ဘီလ်ဂိတ်သည် ၂၀၁၇ ခုနှစ်တွင် Xanadu 2.0 စံအိမ်ကြီးအတွက် အိမ်ခွန် ကန်ဒေါ်လာ ၁၀၄၁၂၉၂ ဒသမ ၅၅ ဒေါ်လာ ပေးဆောင်ခဲ့ရသည်။ ဘီလ်ဂိတ်၏ ခြံဝန်းတွင်း တစ်နေရာကို ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် အေပီသတင်းဌာနမှ ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။)

 

(Xanadu 2.0 စံအိမ်ကြီးအတွင်း တပ်ဆင်ထားသော ကွန်ပြူတာမျက်နှာပြင်တို့၏ တန်ကြေးမှာ ကန်ဒေါ်လာ ၈၀၀၀၀ ခန့်ရှိသည်။)

 

(စံအိမ်တွင်း တပ်ဆင်ထားသော ဓာတ်ပုံစက်တို့မှာ ကန်ဒေါ်လာ ၁၅၀၀၀၀ တန်ကြေးရှိပြီး လက်ဖြင့်တစ်ချက်ထိရုံမျှဖြင့် ပန်းချီကားအမျိုးမျိုးနှင့် ဓာတ်ပုံများကို ကြည့်ရှုနိုင်သည်။ စံအိမ်အတွင်း နံရံများတွင် ပန်းချီကားအစစ်များလည်း ချိတ်ဆွဲထားရှိရာ ပန်းချီကျော် ဝင်စလို ဟိုးမား၏ ပန်းချီကားတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ထိုပန်းချီကားကို ဘီလ်ဂိတ်က ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ ၃၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

 

(ခြံဝန်းအတွင်း စတုရန်းပေ ၃၉၀၀ ရှိ သီးခြားအဆောက်အအုံနှင့် အလျားပေ ၆၀ ရှိသော ရေကူးကန်တစ်ခုလည်း ရှိသည်)

 

(စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းသော စာကြည့်တိုက်အတွင်းတွင် ၁၆ ရာစုနှစ် စွယ်စုံပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီ၏ လက်ရေးမူစာအုပ်ကို ထားရှိသည်။ အဆိုပါလက်ရေးမူစာအုပ်ကို ဘီလ်ဂိတ်က ၁၉၉၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေလံပွဲတစ်ခု၌ ကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

 

ဘီလ်ဂိတ်၏ နေအိမ်ဝန်းကျင်တွင် ခင်းကျင်းထားသော သဲများမှာ ကာရစ်ဘီယံဒေသ စိန့် လူစီယာကျွန်းမှ အထူးမှာယူ တင်သွင်းခဲ့သော သဲများဖြစ်သည်။

(Xanadu 2.0 စံအိမ်ကြီးအတွင်း ဧည့်သည် ၂၀ ဆန့် အိမ်တွင်းရုပ်ရှင်ရုံ၊ မီးဖိုဆောင် ၆ ခု၊ ရေချိုးခန်း ၂၄ ခန်းနှင့် ကား ၂၃ စီးစာအတွက် ကားဂိုဒေါင်များလည်း ရှိသည်။)

 

(ဘီလ်ဂိတ်သည် တန်ဖိုးကြီးကားများ စုဆောင်းတတ်သူတစ်ဦးဖြစ်ပြီး မိုက္ကရိုဆော့ဖ်ကို တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး ဝယ်ယူခဲ့သည်မှာ Porsche 911 စူပါကား ဖြစ်သည်။)

 

(ဘီလ်ဂိတ်ဝယ်ယူထားသော ကားများတွင် Porsche 959 လည်း ပါဝင်သည်။)

 

(Xanadu 2.0 စံအိမ်အပြင် ဘီလ်ဂိတ်သည် ဖလော်ရီဒါပြည်နယ်၊ Wellington တွင်လည်း ၄ ဒသမ ၅ ဧက ကျယ်ဝန်းသော မွေးမြူရေးခြံကြီးတစ်ခု ပိုင်ဆိုင်ထားပြီး ခြံဝန်းအတွင်း စတုရန်းပေ ၁၂၈၆၄ ကျယ်ဝန်းသည့် စံအိမ်တစ်လုံး ပါသည်။)

 

(သမီးဖြစ်သူ ဂျနီဖာမှာ မြင်းစီးတဖက်ကမ်းခတ်သူဖြစ်ရာ သမီး၏ ဝါသနာကို မြေတောင်မြှောက်ပေးရန် ယခုခြံကြီးကို ဝယ်ခဲ့ခြင်းလည်း ဖြစ်သည်။)

 

(ကယ်လီဖိုးနီးယားပြည်နယ်တွင်လည်း ၂၂၈ ဧကကျယ်သော Rancho Paseana အမည်ရှိ ခြံကြီး ပိုင်ဆိုင်ထားပြီး ဘီလ်ဂိတ်က ဒေါ်လာ ၁၈ သန်းဖြင့် ဝယ်ခဲ့ခြင်းဖြစ်ကာ မြင်းပြေးလမ်း၊ သစ်ခွခြံနှင့် စပါးကျီ ၅ ခုပါသည်။)

(၂၀၂၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်တွင်ပင် ပင်လယ်ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် ဝယ်ယူခဲ့သည်။ စံအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ လူ ၁၀ ဦးဆန့် Jacuzzi နှင့် ရေကူးကန်တစ်ခုတို့ ရှိသည်)

 

(ဘီလ်ဂိတ်သည် ဝိုင်ယောမင်းပြည်နယ်တွင်လည်း ၄၉၂ ဧကကျယ်သော မွေးမြူရေးခြံကြီးတစ်ခု ဝယ်ယူခဲ့သည်ဟု ဆိုသည်။)

သူ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Cascade မှတဆင့် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ခဲ့ရာ မက်ဆာချူးဆက်ပြည်နယ်၊ Cambridge ရှိ Charles ဟိုတယ်ကို တစိတ်တပိုင်း ပိုင်ဆိုင်မှုလည်း ပါဝင်သည်။ ဘီလ်ဂိတ်သည် အတ္တလန္တာနှင့် ဟတ်စ်တန်တို့ရှိ ဟိုတယ်များအပါအဝင် Four Season Holdings ၏ ဟိုတယ်အုပ်စုမှ ထက်ဝက်နီးပါး ပိုင်ဆိုင်ထားကြောင်း သတင်းများရှိသည်။

ဘီလ်ဂိတ်နှင့် အမည်မသိရသည့် ဝယ်လက်တို့က ၂၀၁၃ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုရှိ Ritz-Carlton ဟိုတယ်ကို ဒေါ်လာ ၁၆၁ သန်းဖြင့် ဝယ်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် အဆိုပါဟိုတယ်သည် ကန်ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိခဲ့သည်။

(လှူဒါန်းမှုများ)

-ဘီလ်ဂိတ်တို့ ဇနီးမောင်နှံသည် Bill & Melinda Gates ဖောင်ဒေးရှင်းမှတဆင့် ကန်ဒေါ်လာ ၃၆ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

-ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၂ ဘီလီယံလှူဒါန်းရန် ကတိပြုထားသည်။ -အီဘိုလာ တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၅၀ ကျော်လှူထားသည်။

-တန်ဖိုးသက်သာသည့် ပိုလီယိုကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ဂျပန်ကုမ္ပဏီတစ်ခုအား ဒေါ်လာ ၃၈ သန်း လှူဒါန်းရန် ကတိပြုထားသည်။

-ဆင်းရဲသောနိုင်ငံများအား ကာကွယ်ဆေးများ ရရှိစေရေး လုပ်ဆောင်နေသည့် GAVI Alliance ကို ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ထောက်ပံ့မည်ဟု ကတိပေးထားသည်။

-ပညာရေးအတွက် ပညာတော်သင်ဆုများပေးသည့် Gates Millennium Scholars Program အတွက်လည်း ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံလှူဒါန်းထားသည်။

-နိုင်ဂျီးရီးယားတွင် အာဟာရမပြည့်ဝမှုများ ကုစားရန်အတွက် ဒေါ်လာ သန်း ၁၀၀ လှူထားသည်။

-Covid-19 တိုက်ဖျက်ရေးအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းထားသည်။

-သူ၏ ပိုင်ဆိုင်မှုအားလုံးနီးပါးကို လှူဒါန်းကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဘီလ်ဂိတ်က ထပ်မံကြေညာသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates says he'll eventually give all his wealth to his charity foundation. Here's how the Microsoft cofounder spends his $114 billion fortune, from a luxury-car collection to incredible real estate (businessinsider)

 

 

[Zawgyi]

ပိုင္ဆိုင္မႈအားလံုး လွဴဒါန္းမည့္ ဘီလ္ဂိတ္၏ အိမ္ျခံေျမႏွင့္အျခားပိုင္ဆိုင္မႈမ်ား

 

ကမၻာေပၚတြင္ စတုတၳေျမာက္အခ်မ္းသာဆံုးပုဂၢိဳလ္ မိုကၠရိုေဆာ့ဖ္တည္ေထာင္သူ ဘီလ္ဂိတ္က သူ၏ ပိုင္ဆိုင္မႈ အားလံုးနီးပါးကို သူတည္ေထာင္ထားေသာ ပရဟိတအဖြဲ႔သို႔ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကား သည္။

ပိုင္ဆိုင္မႈမ်ားကို လွဴဒါန္းကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းမွ အျပီးတိုင္ႏႈတ္ထြက္သြားမည္ျဖစ္ေၾကာင္း ဘီလ္ဂိတ္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

Bloomberg ၏ ေဖာ္ျပခ်က္အရ ဘီလ္ဂိတ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၁၄ ဘီလီယံရွိသည္။ ကမၻာေပၚတြင္ ကန္ေဒၚလာ ၁၀၀ ဘီလီယံအထက္ခ်မ္းသာသူ ၈ ဦးသာရွိသည္။

မိမိတို႔အလြန္အမင္းခ်မ္းသာေနျခင္းမွာ မွ်တမႈမရွိေၾကာင္း ဘီလ္ဂိတ္တို႔ ဇနီးေမာင္ႏွံ ေျပာခဲ့ဖူးသည္။

ဘီလ်ံႏွင့္ခ်ီေသာေငြမ်ားကို ၎တို႔ဇနီးေမာင္ႏွံက ကိုယ္က်ဳိးအတြက္မသံုးစြဲဘဲ ၎တို႔တည္ေထာင္ထားေသာ ဘီလ္ & မီလင္ဒါဂိတ္စ္ ေဖာင္ေဒးရွင္းမွတဆင့္ လွဴဒါန္းေပးလ်က္ရွိသည္။

(၂၀၁၄ ခုႏွစ္အတြင္း ဝါရွင္တန္တြင္က်င္းပေသာ အခမ္းအနားတစ္ခု၌ ဘီလ္ဂိတ္ကို ေတြ႔ရပံု) ဘီလ္ဂိတ္သည္ ကမၻာ့ဒုတိယေျမာက္အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ ကာလၾကာရွည္ရပ္တည္ခဲ့ျပီး ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္မူ Elon Musk က ျဖတ္ေက်ာ္သြားသည္။

ဘီလ္ဂိတ္သည္ အသက္ ၃၁ ႏွစ္အရြယ္တြင္ ဘီလ်ံနာျဖစ္ခဲ့ျခင္းျဖစ္ျပီး ထိုအခ်ိန္က ကမၻာ့သမိုင္းတြင္ အသက္အငယ္ဆံုး ဘီလ်ံနာအျဖစ္ ရပ္တည္ခဲ့သည္။

(သတင္းမ်ားအရ ဘီလ္ဂိတ္သည္ Bombardier BD-700 Global Express အမ်ဳိးအစားေလယာဥ္ၾကီးတစ္စင္း ပိုင္ဆိုင္ထားျပီး တန္ေၾကး ကန္ေဒၚလာ သန္း ၄၀ ရွိကာ လူ ၁၉ ဦးအထက္ စီးနင္းႏိုင္သည္ဟု ဆိုသည္။

(ဝါရွင္တန္ျပည္နယ္၊ Medina ရွိ ဘီလ္ဂိတ္၏ စံအိမ္ျဖစ္ျပီး Xanadu 2.0 ဟု အမည္ေပးထားသည္။ အဆိုပါစံအိမ္ၾကီးကို ၄ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရျပီး ကန္ေဒၚလာ ၆၃ သန္း ကုန္က်ခဲ့သည္။ ဘီလ္ဂိတ္က ယခုျခံဝန္းေျမေနရာကို ၁၉၈၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ Xanadu 2.0 စံအိမ္ၾကီး၏ ေကာင္းကင္ဓာတ္ပံု- ရိုက္တာသတင္းဌာန)

(အက်ယ္အဝန္း ၆၆၀၀၀ စတုရန္းေပရွိေသာ Xanadu 2.0 စံအိမ္ၾကီး၏ ကာလတန္ေၾကးမွာ ကန္ေဒၚလာ ၁၂၅ သန္းခန္႔ ရွိသည္။)

(မွတ္တမ္းမ်ားအရ ဘီလ္ဂိတ္သည္ ၂၀၁၇ ခုႏွစ္တြင္ Xanadu 2.0 စံအိမ္ၾကီးအတြက္ အိမ္ခြန္ ကန္ေဒၚလာ ၁၀၄၁၂၉၂ ဒသမ ၅၅ ေဒၚလာ ေပးေဆာင္ခဲ့ရသည္။ ဘီလ္ဂိတ္၏ ျခံဝန္းတြင္း တစ္ေနရာကို ၂၀၀၆ ခုႏွစ္၊ ဧျပီလ ၁၈ ရက္တြင္ ေအပီသတင္းဌာနမွ ရိုက္ကူးခဲ့ေသာ ဓာတ္ပံု ျဖစ္သည္။)

(Xanadu 2.0 စံအိမ္ၾကီးအတြင္း တပ္ဆင္ထားေသာ ကြန္ျပဴတာမ်က္ႏွာျပင္တို႔၏ တန္ေၾကးမွာ ကန္ေဒၚလာ ၈၀၀၀၀ ခန္႔ရွိသည္။)

(စံအိမ္တြင္း တပ္ဆင္ထားေသာ ဓာတ္ပံုစက္တို႔မွာ ကန္ေဒၚလာ ၁၅၀၀၀၀ တန္ေၾကးရွိျပီး လက္ျဖင့္တစ္ခ်က္ထိရံုမွ်ျဖင့္ ပန္းခ်ီကားအမ်ဳိးမ်ဳိးႏွင့္ ဓာတ္ပံုမ်ားကို ၾကည့္ရႈႏိုင္သည္။ စံအိမ္အတြင္း နံရံမ်ားတြင္ ပန္းခ်ီကားအစစ္မ်ားလည္း ခ်ိတ္ဆြဲထားရွိရာ ပန္းခ်ီေက်ာ္ ဝင္စလို ဟိုးမား၏ ပန္းခ်ီကားတစ္ခုလည္း အပါအဝင္ျဖစ္သည္။ ထိုပန္းခ်ီကားကို ဘီလ္ဂိတ္က ၁၉၈၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၃၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(ျခံဝန္းအတြင္း စတုရန္းေပ ၃၉၀၀ ရွိ သီးျခားအေဆာက္အအံုႏွင့္ အလ်ားေပ ၆၀ ရွိေသာ ေရကူးကန္တစ္ခုလည္း ရွိသည္)

(စတုရန္းေပ ၂၁၀၀ က်ယ္ဝန္းေသာ စာၾကည့္တိုက္အတြင္းတြင္ ၁၆ ရာစုႏွစ္ စြယ္စံုပညာရွင္ၾကီး လီယိုနာဒို ဒါဗင္ခ်ီ၏ လက္ေရးမူစာအုပ္ကို ထားရွိသည္။ အဆိုပါလက္ေရးမူစာအုပ္ကို ဘီလ္ဂိတ္က ၁၉၉၄ ခုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ ေလလံပြဲတစ္ခု၌ ကန္ေဒၚလာ သန္း ၃၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

ဘီလ္ဂိတ္၏ ေနအိမ္ဝန္းက်င္တြင္ ခင္းက်င္းထားေသာ သဲမ်ားမွာ ကာရစ္ဘီယံေဒသ စိန္႔ လူစီယာကၽြန္းမွ အထူးမွာယူ တင္သြင္းခဲ့ေသာ သဲမ်ားျဖစ္သည္။

(Xanadu 2.0 စံအိမ္ၾကီးအတြင္း ဧည့္သည္ ၂၀ ဆန္႔ အိမ္တြင္းရုပ္ရွင္ရံု၊ မီးဖိုေဆာင္ ၆ ခု၊ ေရခ်ဳိးခန္း ၂၄ ခန္းႏွင့္ ကား ၂၃ စီးစာအတြက္ ကားဂိုေဒါင္မ်ားလည္း ရွိသည္။)

(ဘီလ္ဂိတ္သည္ တန္ဖိုးၾကီးကားမ်ား စုေဆာင္းတတ္သူတစ္ဦးျဖစ္ျပီး မိုကၠရိုေဆာ့ဖ္ကို တည္ေထာင္ျပီးေနာက္ပိုင္း ပထမဆံုး ဝယ္ယူခဲ့သည္မွာ Porsche 911 စူပါကား ျဖစ္သည္။)

(ဘီလ္ဂိတ္ဝယ္ယူထားေသာ ကားမ်ားတြင္ Porsche 959 လည္း ပါဝင္သည္။)

(Xanadu 2.0 စံအိမ္အျပင္ ဘီလ္ဂိတ္သည္ ဖေလာ္ရီဒါျပည္နယ္၊ Wellington တြင္လည္း ၄ ဒသမ ၅ ဧက က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီးတစ္ခု ပိုင္ဆိုင္ထားျပီး ျခံဝန္းအတြင္း စတုရန္းေပ ၁၂၈၆၄ က်ယ္ဝန္းသည့္ စံအိမ္တစ္လံုး ပါသည္။)

(သမီးျဖစ္သူ ဂ်နီဖာမွာ ျမင္းစီးတဖက္ကမ္းခတ္သူျဖစ္ရာ သမီး၏ ဝါသနာကို ေျမေတာင္ေျမွာက္ေပးရန္ ယခုျခံၾကီးကို ဝယ္ခဲ့ျခင္းလည္း ျဖစ္သည္။)

(ကယ္လီဖုိးနီးယားျပည္နယ္တြင္လည္း ၂၂၈ ဧကက်ယ္ေသာ Rancho Paseana အမည္ရွိ ျခံၾကီး ပိုင္ဆိုင္ထားျပီး ဘီလ္ဂိတ္က ေဒၚလာ ၁၈ သန္းျဖင့္ ဝယ္ခဲ့ျခင္းျဖစ္ကာ ျမင္းေျပးလမ္း၊ သစ္ခြျခံႏွင့္ စပါးက်ီ ၅ ခုပါသည္။)

(၂၀၂၀ ျပည့္ႏွစ္တြင္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ပင္ ပင္လယ္ကမ္းေျခစံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၄၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။ စံအိမ္အတြင္း အိပ္ခန္း ၆ ခန္း၊ လူ ၁၀ ဦးဆန္႔ Jacuzzi ႏွင့္ ေရကူးကန္တစ္ခုတို႔ ရွိသည္)

(ဘီလ္ဂိတ္သည္ ဝိုင္ေယာမင္းျပည္နယ္တြင္လည္း ၄၉၂ ဧကက်ယ္ေသာ ေမြးျမဴေရးျခံၾကီးတစ္ခု ဝယ္ယူခဲ့သည္ဟု ဆိုသည္။)

သူ၏ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ Cascade မွတဆင့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားစြာျပဳလုပ္ခဲ့ရာ မက္ဆာခ်ဴးဆက္ျပည္နယ္၊ Cambridge ရွိ Charles ဟိုတယ္ကို တစိတ္တပိုင္း ပိုင္ဆိုင္မႈလည္း ပါဝင္သည္။

ဘီလ္ဂိတ္သည္ အတၱလႏၱာႏွင့္ ဟတ္စ္တန္တို႔ရွိ ဟိုတယ္မ်ားအပါအဝင္ Four Season Holdings ၏ ဟိုတယ္အုပ္စုမွ ထက္ဝက္နီးပါး ပိုင္ဆိုင္ထားေၾကာင္း သတင္းမ်ားရွိသည္။

ဘီလ္ဂိတ္ႏွင့္ အမည္မသိရသည့္ ဝယ္လက္တို႔က ၂၀၁၃ ခုႏွစ္တြင္ ဆန္ဖရန္စစၥကိုရွိ Ritz-Carlton ဟိုတယ္ကို ေဒၚလာ ၁၆၁ သန္းျဖင့္ ဝယ္ခဲ့ၾကသည္။ ၂၀၁၄ ခုႏွစ္တြင္ အဆိုပါဟိုတယ္သည္ ကန္ေဒၚလာ သန္း ၂၀၀ တန္ေၾကးရွိခဲ့သည္။

(လွဴဒါန္းမႈမ်ား)

-ဘီလ္ဂိတ္တို႔ ဇနီးေမာင္ႏွံသည္ Bill & Melinda Gates ေဖာင္ေဒးရွင္းမွတဆင့္ ကန္ေဒၚလာ ၃၆ ဘီလီယံေက်ာ္ လွဴဒါန္းခဲ့ျပီး ျဖစ္သည္။

-ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရးအတြက္ ကန္ေဒၚလာ ၂ ဘီလီယံလွဴဒါန္းရန္ ကတိျပဳထားသည္။ -အီဘိုလာ တိုက္ဖ်က္ေရးအတြက္ ေဒၚလာ သန္း ၅၀ ေက်ာ္လွဴထားသည္။

-တန္ဖိုးသက္သာသည့္ ပိုလီယိုကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ ဂ်ပန္ကုမၸဏီတစ္ခုအား ေဒၚလာ ၃၈ သန္း လွဴဒါန္းရန္ ကတိျပဳထားသည္။

-ဆင္းရဲေသာႏိုင္ငံမ်ားအား ကာကြယ္ေဆးမ်ား ရရွိေစေရး လုပ္ေဆာင္ေနသည့္ GAVI Alliance ကို ကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံ ေထာက္ပံ့မည္ဟု ကတိေပးထားသည္။

-ပညာေရးအတြက္ ပညာေတာ္သင္ဆုမ်ားေပးသည့္ Gates Millennium Scholars Program အတြက္လည္း ကန္ေဒၚလာ ၁ ဒသမ ၆ ဘီလီယံလွဴဒါန္းထားသည္။

-ႏိုင္ဂ်ီးရီးယားတြင္ အာဟာရမျပည့္ဝမႈမ်ား ကုစားရန္အတြက္ ေဒၚလာ သန္း ၁၀၀ လွဴထားသည္။

-Covid-19 တိုက္ဖ်က္ေရးအတြက္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ကန္ေဒၚလာ သန္း ၁၀၀ လွဴဒါန္းထားသည္။

-သူ၏ ပိုင္ဆိုင္မႈအားလံုးနီးပါးကို လွဴဒါန္းကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းမွ ႏႈတ္ထြက္သြားမည္ျဖစ္ေၾကာင္း ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လတြင္ ဘီလ္ဂိတ္က ထပ္မံေၾကညာသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bill Gates says he'll eventually give all his wealth to his charity foundation. Here's how the Microsoft cofounder spends his $114 billion fortune, from a luxury-car collection to incredible real estate (businessinsider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service