မင်းဂွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မင်းဂွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
21 May 2022 1:06 pm တွင် တင်ခဲ့သည်
891 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မင်းဂွတ် (mangosteen)

မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမြင်ဖူးကြတာများပါလိမ့်မယ်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရတာဖြစ်ပါတယ်။ မင်းဂွတ်ပင်က ဘယ်ဒေသကမျိုးရင်းပင်လဲဆိုတာကိုတော့သေသေချာချာမသိရှိကြသေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံးစိုက်ပျိုးခဲ့ကြတာလို့တော့ သိရပါတယ်။ ထိုင်း၊မြန်မာ၊အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပါင်းများစွာကတည်းကစိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုပါနိုင်ငံတွေအပြင် အာရှနိုင်ငံတော်တော်များများနဲ့ အာဖရိကနိုင်ငံတွေမှာပါစိုက်ပျိုးလာခဲ့ကြပါတယ်။ အရမ်းမြင့်တဲ့ဒေသတွေမှာတော့ မင်းဂွတ်ပင်ကမပေါက်ရောက်ပါဘူး။ မင်းဂွတ်သီးကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကာလတွေကတည်းက အရှေ့တောင်အာရှနိုင်ငံဒေသခံတွေကသိရှိခဲ့ကြပါတယ်။

မင်းဂွတ်ရဲ့ အာဟာရတန်ဖိုးများ

မင်းဂွတ်သီးမှာရေ၊စွမ်းအင်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ပိုတက်ဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိလိုမျိုး အာဟာရဓါတ်တွေလည်းကြွယ်ဝစွာပါရှိပါတယ်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ မင်းဂွတ်သီးမှာthiamin၊ riboflavin၊ niacin၊ pantothenic acid၊ ဖောလိတ်၊ ဖောလစ်အက်ဆစ်၊ ကာရိုတင်းနဲ့ cryptoxanthin တို့လိုမျိုး ဗီတာမင်တွေလည်းပါဝင်နေပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်ဆာတိုက်ဖျက်နိုင်ခြင်း

မင်းဂွတ်သီးမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ မင်းဂွတ်သီးအခွံမှာ ကင်ဆာ၊ရောင်ရမ်းတာနဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ xanthones ပါယင်နေပါတယ်။ xanthones ကအူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်တယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ မင်းဂွတ်သီးက ကင်ဆာတိုက်ဖျက်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မင်းဂွတ်သီးကို အရှ့တောင်အာရှဒေသမှာရောင်ရမ်းမှုကိုသက်သာစေတဲ့ဆေးဖက်ယင်အသီးအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မင်းဂွတ်သီးအနှစ်က ဓါတ်မတည့်မှုကို သက်သာစေပြီးရောင်ရမ်းမငကိုလည်းသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

အရေပြားကျန်းမာစေခြင်း

အရေပြားကိုကျန်းမာစေပါတယ်။ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်သလို ဘက်တီးဂီးယားတွေ၊မှိုပိုးတွေကိုလည်းသေစေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ယစွာပါဝင်တာကြောင့် အရေပြားဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျေ့ပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ မင်းဂွတ်သီးမှာ အရေပြားကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ခြင်း

မင်းဂွတ်သီးမှာ အာဟာရဓါတ်တွေ၊သတ္တုဓါတ်တွေ၊ဗီတာမင်တွေနဲ့xanthone တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုတိုးမြှင့်ပေးပါတယ်။ ဒီဓါတ်တွေက ကိုယ်ခ့အားနည်းတာကြောင့်ရောဂါဝင်ရောက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဓါတ်တိုးဆန့်ကျင်မှုအစွမ်းသတ္တိရှိခြင်း

မင်းဂွတ်သီးမှာကိုယ်ခံအားစနစ်နဲ့ခန္ဓါကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။ မင်းဂွတ်သီးကအနာကျက်စေနိုင်သလို အမျိုးသားရောဂါတော်တောများများကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း

မင်းဂွတ်သီးက ဝမ်းဗိုက်ဆိုင်ရာရောဂါတွေကို သက်သာစေပါတယ်။ မင်းဂွတ်သီးက ဝမ်းလျှောတာနဲ့ ဝမ်းကိုက်ဝေဒနာတွေကို သိသိသာသာ သက်သာစေနိုင်စွမ်းရှိပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

မင်းဂွတ်သီးကလေဖြတ်တာ နဲ့ နှလုံးကြွက်သားသေဆုံးတာမျိုးတွေဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ မင်းဂွတ်သီးမှာ နှလုံးဆိုင်ရာရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အာနိသင်တွေရှိနေပါတယ်။

ဆီးချိုကို ထိန်းညှိပေးနိုင်ခြင်း

ယနေပခေတ်မှာ ဆီးချိုဝေဒနာသည်တေါကတော်တော်လေးကိုများလာနေပါတယ်။ ဆီးချိုကဆေးမှန်မှန်သောက်ရင် သာမန်လူလိုမျိုးပဲနေနိုင်တယ်ဆိုပေမယ့် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေမရှိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ မင်းဂွတ်သီးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်သဘာဝအာနိသင်တွေပါဝင်နေပြီး ဆဆိချိုသားတေါအတွက် သင့်တော်ပါတယ်။

 

ကိုယ်အလေးချိန်ကျဆင်းစေနိုင်ခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာမင်းဂွတ်သီးကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေမှာဖြစ်ပါတယ်။ မင်းဂွတ်သီးမှာပါတဲ့ အာဟာရဓါတ်တွေက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ဘေးထွက်ဆိုးကျိုးများ

မင်းဂွတ်သီးကေဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်သင့်တော်ရဲ့လားဆိုတာကိုသေသေချာချာမသိရသေးတာကြောင့် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့မင်းဂွတ်သီးကို မစားသုံးတာက ပိုပြီးဘေးကင်းပါတယ်။

မင်းဂွတ်သီးကသွေးခဲတာကို ကြာစေနိုင်ပါတယ်။ မင်းဂွတ်သီးက ခွဲစိတ်ကုသမှုခံယူနေစဉ် နဲ့ ခွဲစိတ်ကုသမှုခံယူပြီးချိန်တွေမှာသွေးမတိတ်တာနဲ့သွေးထွက်လွန်တာတွေကိုဖြစ်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်မှုမခံယူခင် ၂ ပတ်လောက်အလိုကတည်းက မင်းဂွတ်သီးကိုမစားသုံးဘဲနေသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

မင္းဂြတ္သီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

 

မင္းဂြတ္ (mangosteen)

မင္းဂြတ္ဆိုတဲ့ေနရာမွာ အပင္ေတြအကိုင္းေတြထက္ မင္းဂြတ္သီးကိုပဲျမင္ဖူးၾကတာမ်ားပါလိမ့္မယ္။ မင္းဂြတ္သီးရဲ႕အေရာင္က အညိဳဘက္သန္းတဲ့ အနီေရာင္ရင့္ရင့္ပါ။ အခြံကိုႏႊာၿပီးမွာ အထဲက အျဖဴေရာင္ အသားဆံေတြကိုစားသုံးရတာျဖစ္ပါတယ္။ မင္းဂြတ္ပင္က ဘယ္ေဒသကမ်ိဳးရင္းပင္လဲဆိုတာကိုေတာ့ေသေသခ်ာခ်ာမသိ႐ွိၾကေသးပါဘူး။ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြက အရင္ဆုံးစိုက္ပ်ိဳးခဲ့ၾကတာလို႔ေတာ့ သိရပါတယ္။ ထိုင္း၊ျမန္မာ၊အိႏၵိယနဲ႔ဗီယက္နမ္ႏိုင္ငံေတြမွာေတာ့ လြန္ခဲ့တဲ့ႏွစ္ပါင္းမ်ားစြာကတည္းကစိုက္ပ်ိဳးလာခဲ့ၾကတာျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ အဆိုပါႏိုင္ငံေတြအျပင္ အာ႐ွႏိုင္ငံေတာ္ေတာ္မ်ားမ်ားနဲ႔ အာဖရိကႏိုင္ငံေတြမွာပါစိုက္ပ်ိဳးလာခဲ့ၾကပါတယ္။ အရမ္းျမင့္တဲ့ေဒသေတြမွာေတာ့ မင္းဂြတ္ပင္ကမေပါက္ေရာက္ပါဘူး။ မင္းဂြတ္သီးကေဆးဖက္ဝင္တယ္ဆိုတာကို လြန္ခဲ့တဲ့ႏွစ္ေပါင္းအေတာ္ၾကာကာလေတြကတည္းက အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေဒသခံေတြကသိ႐ွိခဲ့ၾကပါတယ္။

မင္းဂြတ္ရဲ႕ အာဟာရတန္ဖိုးမ်ား

မင္းဂြတ္သီးမွာေရ၊စြမ္းအင္၊ပ႐ိုတင္း၊ကာဗိုဟိုက္ဒရိတ္ နဲ႔အမွ်င္ဓါတ္ေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ခႏၶါကိုယ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ ကယ္လ္ဆီယမ္၊ သံဓါတ္၊ ေဖ့ဖရိတ္၊ပိုတက္ဆီယမ္၊ဇင့္၊ ေကာ့ပါးနဲ႔ မဂၢနိလိုမ်ိဳး အာဟာရဓါတ္ေတြလည္းႂကြယ္ဝစြာပါ႐ွိပါတယ္။ မင္းဂြတ္သီးမွာ ဗီတာမင္ C၊ B6၊ B12၊ A တို႔ပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ေကာင္းမြန္ပါတယ္။ မင္းဂြတ္သီးမွာthiamin၊ riboflavin၊ niacin၊ pantothenic acid၊ ေဖာလိတ္၊ ေဖာလစ္အက္ဆစ္၊ ကာ႐ိုတင္းနဲ႔ cryptoxanthin တို႔လိုမ်ိဳး ဗီတာမင္ေတြလည္းပါဝင္ေနပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ကင္ဆာတိုက္ဖ်က္ႏိုင္ျခင္း

မင္းဂြတ္သီးမွာ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ေတြပါဝင္ေနပါတယ္။ မင္းဂြတ္သီးအခြံမွာ ကင္ဆာ၊ေရာင္ရမ္းတာနဲ႔ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ xanthones ပါယင္ေနပါတယ္။ xanthones ကအူမႀကီးကင္ဆာဆဲလ္ေတြႀကီးထြားမႈကို ဟန္႔တားႏိုင္တယ္လို႔ေလ့လာမႈေတြအရသိ႐ွိရပါတယ္။ မင္းဂြတ္သီးက ကင္ဆာတိုက္ဖ်က္ရာမွာ အေထာက္အကူျပဳေပးႏိုင္ပါတယ္။

ေရာင္ရမ္းမႈကိုတိုက္ဖ်က္ေပးႏိုင္ျခင္း

လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက မင္းဂြတ္သီးကို အ႐ွ႕ေတာင္အာ႐ွေဒသမွာေရာင္ရမ္းမႈကိုသက္သာေစတဲ့ေဆးဖက္ယင္အသီးအျဖစ္အသုံးျပဳခဲ့ၾကတာျဖစ္ပါတယ္။ မင္းဂြတ္သီးအႏွစ္က ဓါတ္မတည့္မႈကို သက္သာေစၿပီးေရာင္ရမ္းမငကိုလည္းသက္သာေစႏိုင္တဲ့အာနိသင္႐ွိပါတယ္။

အေရျပားက်န္းမာေစျခင္း

အေရျပားကိုက်န္းမာေစပါတယ္။ေရာင္ရမ္းမႈကိုတိုက္ဖ်က္ေပးႏိုင္သလို ဘက္တီးဂီးယားေတြ၊မိႈပိုးေတြကိုလည္းေသေစႏိုင္တဲ့အာနိသင္႐ွိတဲ့အျပင္ ဓါတ္တိုးဆန္႔က်င္ပစၥည္းႂကြယ္ယစြာပါဝင္တာေၾကာင့္ အေရျပားဓါတ္မတည့္မႈေၾကာင့္ျဖစ္တဲ့ေရာင္ရမ္းမႈေတြကိုေလ်႕ပါးသက္သာေစႏိုင္တဲ့အာနိသင္႐ွိပါတယ္။ မင္းဂြတ္သီးမွာ အေရျပားကင္ဆာကိုတိုက္ဖ်က္ေပးႏိုင္တဲ့အာနိသင္လည္း႐ွိပါတယ္။

ကိုယ္ခံအားကိုျမႇင့္တင္ေပးႏိုင္ျခင္း

မင္းဂြတ္သီးမွာ အာဟာရဓါတ္ေတြ၊သတၱဳဓါတ္ေတြ၊ဗီတာမင္ေတြနဲ႔xanthone တို႔ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္ခ့အားစနစ္ကိုတိုးျမႇင့္ေပးပါတယ္။ ဒီဓါတ္ေတြက ကိုယ္ခ့အားနည္းတာေၾကာင့္ေရာဂါဝင္ေရာက္တာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

ဓါတ္တိုးဆန္႔က်င္မႈအစြမ္းသတၱိ႐ွိျခင္း

မင္းဂြတ္သီးမွာကိုယ္ခံအားစနစ္နဲ႔ခႏၶါကိုယ္တစ္ခုလုံးအတြက္ လိုအပ္တဲ့ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ မင္းဂြတ္သီးကအနာက်က္ေစႏိုင္သလို အမ်ိဳးသားေရာဂါေတာ္ေတာမ်ားမ်ားကိုလည္း သက္သာေစႏိုင္တဲ့အာနိသင္႐ွိပါတယ္။

ဝမ္းကိုက္ေရာဂါကို သက္သာေစႏိုင္ျခင္း

မင္းဂြတ္သီးက ဝမ္းဗိုက္ဆိုင္ရာေရာဂါေတြကို သက္သာေစပါတယ္။ မင္းဂြတ္သီးက ဝမ္းေလွ်ာတာနဲ႔ ဝမ္းကိုက္ေဝဒနာေတြကို သိသိသာသာ သက္သာေစႏိုင္စြမ္း႐ွိပါတယ္။

ႏွလုံးေရာဂါကို ကာကြယ္ေပးႏိုင္စြမ္း႐ွိျခင္း

မင္းဂြတ္သီးကေလျဖတ္တာ နဲ႔ ႏွလုံးႂကြက္သားေသဆုံးတာမ်ိဳးေတြျဖစ္ႏိုင္ေျခကိုေလ်ာ့က်ေစပါတယ္။ မင္းဂြတ္သီးမွာ ႏွလုံးဆိုင္ရာေရာဂါေတြကိုကာကြယ္ေပးႏိုင္တဲ့အာနိသင္ေတြ႐ွိေနပါတယ္။

ဆီးခ်ိဳကို ထိန္းညႇိေပးႏိုင္ျခင္း

ယေနပေခတ္မွာ ဆီးခ်ိဳေဝဒနာသည္ေတါကေတာ္ေတာ္ေလးကိုမ်ားလာေနပါတယ္။ ဆီးခ်ိဳကေဆးမွန္မွန္ေသာက္ရင္ သာမန္လူလိုမ်ိဳးပဲေနႏိုင္တယ္ဆိုေပမယ့္ လုံေလာက္တဲ့ႀကိဳတင္ကာကြယ္မႈေတြမ႐ွိဘူးဆိုရင္ေတာ့ အႏၲရာယ္႐ွိႏိုင္ပါတယ္။ မင္းဂြတ္သီးမွာ ခႏၶါကိုယ္ရဲ႕ေသြးတြင္းသၾကားဓါတ္ပမာဏကို ထိန္းညႇိေပးႏိုင္သဘာဝအာနိသင္ေတြပါဝင္ေနၿပီး ဆဆိခ်ိဳသားေတါအတြက္ သင့္ေတာ္ပါတယ္။

ကိုယ္အေလးခ်ိန္က်ဆင္းေစႏိုင္ျခင္း

ေန႔စဥ္စားသုံးတဲ့အစားအေသာက္ေတြထဲမွာမင္းဂြတ္သီးကိုထည့္သြင္းစားသုံးေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစမွာျဖစ္ပါတယ္။ မင္းဂြတ္သီးမွာပါတဲ့ အာဟာရဓါတ္ေတြက က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။

ေဘးထြက္ဆိုးက်ိဳးမ်ား

မင္းဂြတ္သီးေကေဆးဖက္ဝင္တယ္ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြအတြက္သင့္ေတာ္ရဲ႕လားဆိုတာကိုေသေသခ်ာခ်ာမသိရေသးတာေၾကာင့္ ကိုယ္ဝန္ေဆာင္နဲ႔ႏို႔တိုက္မိခင္ေတြအေနနဲ႔မင္းဂြတ္သီးကို မစားသုံးတာက ပိုၿပီးေဘးကင္းပါတယ္။

မင္းဂြတ္သီးကေသြးခဲတာကို ၾကာေစႏိုင္ပါတယ္။ မင္းဂြတ္သီးက ခြဲစိတ္ကုသမႈခံယူေနစဥ္ နဲ႔ ခြဲစိတ္ကုသမႈခံယူၿပီးခ်ိန္ေတြမွာေသြးမတိတ္တာနဲ႔ေသြးထြက္လြန္တာေတြကိုျဖစ္ေစႏိုင္တာေၾကာင့္ ခြဲစိတ္ကုသမႈခံယူမယ့္သူေတြအေနနဲ႔ ခြဲစိတ္မႈမခံယူခင္ ၂ ပတ္ေလာက္အလိုကတည္းက မင္းဂြတ္သီးကိုမစားသုံးဘဲေနသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service