Take That အဖွဲ့၏ အဆိုတော် Robbie Williams အင်္ဂလန်ကျေးလက်နေအိမ်ကို ရောင်းမည်

Take That အဖွဲ့၏ အဆိုတော် Robbie Williams အင်္ဂလန်ကျေးလက်နေအိမ်ကို ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
16 Feb 2022 10:57 am တွင် တင်ခဲ့သည်
1135 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပေါ့ပ်ဂီတနတ်ဖုရား Robbie Williams သည် တစထက်တစ ခေါင်းမွေးများ ကျွတ်လာနေဟန်ရသည်။ သို့သော် ဗြိတိန်မှ ခမ်းနားထည်ဝါလှသော သူ၏စံအိမ်ရောင်းမထွက်သောကြောင့် ခေါင်းမွေးပြောင်လာခြင်းကား မဖြစ်နိုင်။

လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက အင်္ဂလန်မှ ကျေးလက်စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ခုဖြစ်ခဲ့ဖူးသည်။

ထိုသို့ဈေးကွက်တင်ခဲ့အပြီး ၅ လပင် မရှိသေးချိန် ယခုအခါတွင် ရော့ဘီ ဝီလျံစ်သည် ခန့်ညားထည်ဝါသော စံအိမ်ကြီးအတွက် ဝယ်လက်တစ်ဦး တွေ့ခဲ့ဟန်ရသည်။

လန်ဒန်မြို့၏စီးပွားရေးအချက်အခြာဒေသ CBD မှ ကီလိုမီတာ ၁၇၀ ခန့်ဝေးကွာသော တိတ်ဆိတ်လှသည့် Compton Bassett အမည်ရှိ ကျေးရွာကလေးတွင် ရော့ဘီ ဝီလျံစ်၏ မဟာဆန်လှသော စံအိမ်ကြီး တည်ရှိသည်။

၂၈ ဒသမ ၃ ဟက်တာ (၆၉ ဒသမ ၉ ဧက) ခန့် ကျယ်ဝန်းသော ခြံကြီးတွင် လှပစွာ ရိတ်ဖြတ်မွမ်းမံထားသော ခြံဝန်းနှင့် စိမ်းလန်းကျယ်ပြောသောကွင်းပြင်များရှိသည်။ စံအိမ်အတွင်း အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၈ ခန်းအထိ ပါဝင်ကာ လူနေကြမ်းခင်းဧရိယာ ၁၈၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းသော အံ့ဖွယ်ကြီးမားသည့် စံအိမ်ကြီး ဖြစ်သည်။

ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၄၁၀ ခန့် ကြွယ်ဝသူတစ်ဦး ပိုင်ဆိုင်သည့် စံအိမ်တစ်လုံးတွင် ပါဝင်နိုင်သည်ဟု သင်မျှော်လင့်ယူဆထားသည့်အရာ အားလုံးနီးပါး ပါဝင်လေသည်။

ပုံမှန်အရာများဖြစ်သော စားဖိုမှူးအဆင့် မီးဖိုဆောင်၊ ထုတ်တန်းဖော် မျက်နှာကြက်များ၊ မီးဆိုင်းများ အစရှိသည်တို့အပြင် အပန်းဖြေနားနေဆောင်ဟုခေါ်သည့်နေရာတစ်ခုလည်း ပါဝင်သည်။

အဆိုပါနေရာသည် စံအိမ်၏ အောက်ထပ်တစ်ခုလုံး နေရာယူထားပြီး အားကစားလေ့ကျင့်ရေးခန်းမ၊ Sauna၊ ရေနွေးငွေ့ခန်း၊ အလျား ၂၂ မီတာခန့်ရှည်လျားသော ရေကန်နှင့် Spa တို့ ပါဝင်သည်။ ဤအရာများမှာ စံအိမ်ကြီးအတွင်းရှိ အချို့အရာများကိုသာ ဖော်ပြထားခြင်းရှိသေးသည်။

ကြီးမားလှသော ဝိုင်သိုလှောင်ခန်း၊ နွေရာသီစံအိမ်ပါဝင်သော တင်းနစ်ကွင်း၊ စံမှီအကျယ်အဝန်းရှိ ဘောလုံးကွင်း၊ လေးဘီးဆိုင်ကယ်စီးလမ်း၊ တမူထူးသော ဧည့်ဂေဟာအိမ်နှင့် ဝန်ထမ်းများအတွက် အိပ်ခန်း ၁ ခန်းပါ လူနေခန်းတို့လည်း ပါဝင်သည်။

ထိုမျှမကသေး ရဟတ်ယာဉ်ကွင်းတစ်ခုနှင့် မစ္စတာဝီလျံစ်၏ ရဟတ်ယာဉ်ထားသိုရန် ဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။

ယခုစံအိမ်ကြီးသည် ရှေးဟောင်းသမိုင်းဝင်စံအိမ်ကြီးလည်းဖြစ်ပြီး စံအိမ်ကြီး၏ အစိတ်အပိုင်းများစွာသည် ၁၆၅၉ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်၏။

စံအိမ်ကြီးကို ရှေးယခင်က ပိုင်ဆိုင်ခဲ့သူမှာ ဗိသုကာပညာ၏ မီးရှုးတန်ဆောင်ပုဂ္ဂိုလ်ကြီးဖြစ်သော ဆာ နော်မန် ဖော့စ်တာဖြစ်သည်။ သူ၏ လက်ရာများအနက် ထင်ရှားသည်များမျာ ဂျာမနီမှ Reichstag အဆောက်အအုံ၊ လန်ဒန်မှ 30 St Mary Axe အဆောက်အအုံနှင့် မက္ကလာရင်၏ Technology Centre တို့ ပါဝင်သည်။

စံအိမ်ကြီး၏ ဈေးနှုန်း ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်းမှာ များလှသည်ဟုဆိုနိုင်သော်လည်း ဝီလျံစ်အတွက်မူ များစွာအရှုံးပေါ်ခဲ့၏။ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူစဉ်က ပေးခဲ့ရသည်မှာ ယခုရောင်းချနေသည့်ဈေးထက် ကန်ဒေါ်လာ ၂ သန်း ပိုမိုများပြားသည်။

ရော့ဘီ ဝီလျံစ်၏ သီချင်းများမှာ မြန်မာပရိသတ်နှင့် ထိတွေ့မှုရှိပြီးဖြစ်ရာ သူ၏ Back for good အမည်ရှိသီချင်းကို R ဇာနည်က ပြန်လာခဲ့၊ ရော့ဘီ ဝီလျံစ်နှင့် နစ်ကိုး ကစ်မင်းတို့ ပူးတွဲသီဆိုထားသော something stupid ကို ဖြူသီက လမ်းပြကြယ်၊ Eternity ကို စည်သူလွင်က ပိုကောင်းမယ့် မနက်ဖြန်၊ betterman ကို ထွဏ်းထွဏ်းက ဘုရားပေးတဲ့ဆု အစရှိသဖြင့် ပြန်လည်သီဆိုထားသည်။

ရော့ဘီ ဝီလျံစ်၏ Angel အမည်ရှိသီချင်းမှာ Youtube တွင် ကြည့်ရှုသူ သန်း ၁၈၀ အထိရှိကာ များစွာအောင်မြင်သော သီချင်းလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pop god Robbie Williams is selling his massive country estate for $12.7 million (nine)

[Zawgyi]

Take That အဖြဲ႔၏ အဆိုေတာ္ Robbie Williams အဂၤလန္ေက်းလက္ေနအိမ္ကို ေရာင္းမည္

ေပါ့ပ္ဂီတနတ္ဖုရား Robbie Williams သည္ တစထက္တစ ေခါင္းေမြးမ်ား ကၽြတ္လာေနဟန္ရသည္။ သို႔ေသာ္ ျဗိတိန္မွ ခမ္းနားထည္ဝါလွေသာ သူ၏စံအိမ္ေရာင္းမထြက္ေသာေၾကာင့္ ေခါင္းေမြးေျပာင္လာျခင္းကား မျဖစ္ႏိုင္။

လြန္ခဲ့ေသာ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလအတြင္းက အဂၤလန္မွ ေက်းလက္စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၂ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့မႈမွာ ထိပ္တန္းသတင္းတစ္ခုျဖစ္ခဲ့ဖူးသည္။

ထိုသို႔ေစ်းကြက္တင္ခဲ့အျပီး ၅ လပင္ မရွိေသးခ်ိန္ ယခုအခါတြင္ ေရာ့ဘီ ဝီလ်ံစ္သည္ ခန္႔ညားထည္ဝါေသာ စံအိမ္ၾကီးအတြက္ ဝယ္လက္တစ္ဦး ေတြ႔ခဲ့ဟန္ရသည္။

လန္ဒန္ျမိဳ႕၏စီးပြားေရးအခ်က္အျခာေဒသ CBD မွ ကီလိုမီတာ ၁၇၀ ခန္႔ေဝးကြာေသာ တိတ္ဆိတ္လွသည့္ Compton Bassett အမည္ရွိ ေက်းရြာကေလးတြင္ ေရာ့ဘီ ဝီလ်ံစ္၏ မဟာဆန္လွေသာ စံအိမ္ၾကီး တည္ရွိသည္။

၂၈ ဒသမ ၃ ဟက္တာ (၆၉ ဒသမ ၉ ဧက) ခန္႔ က်ယ္ဝန္းေသာ ျခံၾကီးတြင္ လွပစြာ ရိတ္ျဖတ္မြမ္းမံထားေသာ ျခံဝန္းႏွင့္ စိမ္းလန္းက်ယ္ေျပာေသာကြင္းျပင္မ်ားရွိသည္။ စံအိမ္အတြင္း အိပ္ခန္း ၇ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းအထိ ပါဝင္ကာ လူေနၾကမ္းခင္းဧရိယာ ၁၈၀၀ စတုရန္းမီတာေက်ာ္ က်ယ္ဝန္းေသာ အံ့ဖြယ္ၾကီးမားသည့္ စံအိမ္ၾကီး ျဖစ္သည္။

ခန္႔မွန္းေျခ ကန္ေဒၚလာ သန္း ၄၁၀ ခန္႔ ၾကြယ္ဝသူတစ္ဦး ပိုင္ဆိုင္သည့္ စံအိမ္တစ္လံုးတြင္ ပါဝင္ႏိုင္သည္ဟု သင္ေမွ်ာ္လင့္ယူဆထားသည့္အရာ အားလံုးနီးပါး ပါဝင္ေလသည္။

ပံုမွန္အရာမ်ားျဖစ္ေသာ စားဖိုမွဴးအဆင့္ မီးဖိုေဆာင္၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ မီးဆိုင္းမ်ား အစရွိသည္တို႔အျပင္ အပန္းေျဖနားေနေဆာင္ဟုေခၚသည့္ေနရာတစ္ခုလည္း ပါဝင္သည္။

အဆိုပါေနရာသည္ စံအိမ္၏ ေအာက္ထပ္တစ္ခုလံုး ေနရာယူထားျပီး အားကစားေလ့က်င့္ေရးခန္းမ၊ Sauna၊ ေရေႏြးေငြ႔ခန္း၊ အလ်ား ၂၂ မီတာခန္႔ရွည္လ်ားေသာ ေရကန္ႏွင့္ Spa တို႔ ပါဝင္သည္။ ဤအရာမ်ားမွာ စံအိမ္ၾကီးအတြင္းရွိ အခ်ဳိ႕အရာမ်ားကိုသာ ေဖာ္ျပထားျခင္းရွိေသးသည္။

ၾကီးမားလွေသာ ဝိုင္သိုေလွာင္ခန္း၊ ေႏြရာသီစံအိမ္ပါဝင္ေသာ တင္းနစ္ကြင္း၊ စံမွီအက်ယ္အဝန္းရွိ ေဘာလံုးကြင္း၊ ေလးဘီးဆိုင္ကယ္စီးလမ္း၊ တမူထူးေသာ ဧည့္ေဂဟာအိမ္ႏွင့္ ဝန္ထမ္းမ်ားအတြက္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းတို႔လည္း ပါဝင္သည္။

ထိုမွ်မကေသး ရဟတ္ယာဥ္ကြင္းတစ္ခုႏွင့္ မစၥတာဝီလ်ံစ္၏ ရဟတ္ယာဥ္ထားသိုရန္ ဂိုေဒါင္တစ္ခုလည္း ပါဝင္သည္။

ယခုစံအိမ္ၾကီးသည္ ေရွးေဟာင္းသမိုင္းဝင္စံအိမ္ၾကီးလည္းျဖစ္ျပီး စံအိမ္ၾကီး၏ အစိတ္အပိုင္းမ်ားစြာသည္ ၁၆၅၉ ခုႏွစ္ကတည္းက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္၏။

စံအိမ္ၾကီးကို ေရွးယခင္က ပိုင္ဆိုင္ခဲ့သူမွာ ဗိသုကာပညာ၏ မီးရႈးတန္ေဆာင္ပုဂၢိဳလ္ၾကီးျဖစ္ေသာ ဆာ ေနာ္မန္ ေဖာ့စ္တာျဖစ္သည္။ သူ၏ လက္ရာမ်ားအနက္ ထင္ရွားသည္မ်ားမ်ာ ဂ်ာမနီမွ Reichstag အေဆာက္အအံု၊ လန္ဒန္မွ 30 St Mary Axe အေဆာက္အအံုႏွင့္ မကၠလာရင္၏ Technology Centre တို႔ ပါဝင္သည္။

စံအိမ္ၾကီး၏ ေစ်းႏႈန္း ကန္ေဒၚလာ ၁၂ ဒသမ ၇ သန္းမွာ မ်ားလွသည္ဟုဆိုႏိုင္ေသာ္လည္း ဝီလ်ံစ္အတြက္မူ မ်ားစြာအရံႈးေပၚခဲ့၏။ ၂၀၀၈ ခုႏွစ္တြင္ ဝယ္ယူစဥ္က ေပးခဲ့ရသည္မွာ ယခုေရာင္းခ်ေနသည့္ေစ်းထက္ ကန္ေဒၚလာ ၂ သန္း ပိုမိုမ်ားျပားသည္။

ေရာ့ဘီ ဝီလ်ံစ္၏ သီခ်င္းမ်ားမွာ ျမန္မာပရိသတ္ႏွင့္ ထိေတြ႔မႈရွိျပီးျဖစ္ရာ သူ၏ Back for good အမည္ရွိသီခ်င္းကို R ဇာနည္က ျပန္လာခဲ့၊ ေရာ့ဘီ ဝီလ်ံစ္ႏွင့္ နစ္ကိုး ကစ္မင္းတို႔ ပူးတြဲသီဆုိထားေသာ something stupid ကို ျဖဴသီက လမ္းျပၾကယ္၊ Eternity ကို စည္သူလြင္က ပိုေကာင္းမယ့္ မနက္ျဖန္၊ betterman ကို ထြဏ္းထြဏ္းက ဘုရားေပးတဲ့ဆု အစရွိသျဖင့္ ျပန္လည္သီဆိုထားသည္။

ေရာ့ဘီ ဝီလ်ံစ္၏ Angel အမည္ရွိသီခ်င္းမွာ Youtube တြင္ ၾကည့္ရႈသူ သန္း ၁၈၀ အထိရွိကာ မ်ားစြာေအာင္ျမင္ေသာ သီခ်င္းလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pop god Robbie Williams is selling his massive country estate for $12.7 million (nine)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service