Mandalay Yatanar Mall

Mandalay Yatanar Mall

  Contact Number  Share on Facebook

 
  • Mandalay Yatanar Mall နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးကြီးသည် (၇၈ လမ်း x ၃၄ လမ်း) ထောင့် ရတနာပုံစူပါစင်တာ ဒုတိယထပ်တွင်တည်ရှိသည်။
  • ဆိုင်ခန်းပေါင်း ၃၈၄ ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး Sqft 40 ကျော်မှ Sqft 800 ကျော်အထိကျယ်ဝန်းသော ရတနာဆိုင်ခန်းများကိုဝယ်ယူနိုင်မည်။
  • စည်ပင် owner book ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။
  • ရင်းနှီးမြုပ်နှံချင်သူများနှင့် ရတနာဆိုင်များဖွင့်လိုသူများအတွက် အထူးအခွင့်အရေးဖြစ်ပြီး ၁၂ လအတိုးမဲ့အရစ်ကျဖြင့်ဝယ်ယူနိုင်မည့်အပြင် bank နဲ့ချိတ်ဆက်ပြီး ၁၀ နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မည်။
  • ရောင်းဝယ်ဖောက်ကားရာတွင် ငွေကြေးလည်ပတ်စီးဆင်းမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုစနစ်များ အဆင်ပြေလွယ်ကူစေရန် Mall အတွင်း ဘဏ်များပါဝင်ဖွဲ့စည်းထားခြင်း၊ ဆိုင်ခန်းများတွင် နိုင်ငံတကာမှ ATM ကဒ်များဖြင့် ဝယ်ယူနိုင်မည့် Pos(Point of Sale) စက်များထားရှိ ချိတ်ဆက်ပေးထားခြင်း၊ Mall ပတ်လည် အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံရှိ အထင်ကရဘဏ်များ တည်ရှိခြင်းတို့ကြောင့် ငွေကြေးကဏ္ဍတွင်လည်းများစွာအဆင်ပြေစေသည်။
  • Mall အတွင်း ကျောက်မျက်ဓါတ်ခွဲခန်းများ ၊ ကျောက်သွေးဖြတ်လုပ်ငန်းများ ၊ အရောင်တင်ပန်းထိမ် လုပ်ငန်းများ၊ ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ တုနှိုင်းမဲ့ရတနာပြခန်းများ၊ Locker ခန်းများ၊ CCTV Control Room များ၊ အုပ်ချုပ်မှုရုံးခန်းများ၊ ကျောက်မျက်သင်တန်းခန်းမနှင့် Promotion Area များ ဖွဲ့စည်းပါရှိသည့်အတွက် ကျောက်မျက်ရောင်းဝယ်ခြင်းလုပ်ငန်းများတွင် One Stop Service ဝန်ဆောင်မှု အပြည့်ရှိစေရန်စီစဉ်ဆောင်ရွက်ပေးထားသည်။

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

 

Mandalay Yatanar Mall နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးကြီးမှာ ဘာကြောင့်ဆိုင်ဖွင့်သင့်သလဲ?
• မြန်မာနိုင်ငံမှထွက်ရှိသော သဘာဝတွင်းထွက် ကျောက်မျက်ရတနာမျိုးစုံကို One Stop Service ဝန်ဆောင်မှုများနှင့်အတူ တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးကြီးဖြစ်ပြီး ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်နေသည့် မန္တလေးမြို့၏ အထင်ကရ (Landmark) နေရာတစ်ခုဖြစ်ခြင်း။
• ကျောက်မျက်နှင့် လက်ဝတ်ရတနာဒီဇိုင်းမျိုးစုံ ရောင်းချသော ဆိုင်ခန်းပေါင်း (၂၀၀)ကျော် နေ့စဉ်ဖွင့်လှစ်ရောင်းချနေသဖြင့် ကျောက်မျက်ရတနာကုန်သည်များ စုဝေးရာ နေရာတစ်ခုဖြစ်သည့် အတွက် ချိတ်ဆက်မှုအားကောင်းစွာဖြင့် Network ကျယ်ပြန့်စွာ ရောင်းဝယ်ဖောက်ကားနိုင်သည့် ရတနာဈေးကွက်တစ်ခုဖြစ်ခြင်း။
• နိုင်ငံတကာကျောက်မျက်ရတနာကုန်သည်များ ကြားတွင် လူသိများသော ရတနာဈေးကွက်တစ်ခုဖြစ်ခြင်း။
• ကျောက်စိမ်းကျောက်မျက်ကဏ္ဍတွင် Online Sale ရောင်းချခြင်း၌ မဟာအောင်မြေ ကျောက်ဝိုင်းပြီးလျှင် Mandalay Yatanar Mall (ညကျောက်ဝိုင်း) အဖြစ် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များကြား လူသိများကျော်ကြားသော ကျောက်မျက်ရတနာဈေးကွက်တစ်ခုဖြစ်ခြင်း။
• အပူပိုင်းရာသီဥတုဒေသဖြစ်သော မန္တလေးမြို့တွင် Mall တစ်ခုလုံးအေးစိမ့်နေအောင် စီစဉ်ပေးထားသည့်အတွက် ရောင်းဝယ်သူများအား အေးချမ်းသာယာစွာ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း။
• “လုံခြုံစိတ်ချ အမြဲပထမ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရောင်းသူဝယ်သူများ၏ လုံခြုံရေးကိစ္စရပ်များကို အထူးကြပ်မတ် ဆောင်ရွက်ပေးထားပြီး CCTV စောင့်ကြည့်ကင်မရာအလုံးပေါင်း (၂၀၀)ကျော်ဖြင့် နေရာမလပ် တပ်ဆင်ပေးထားခြင်းဖြင့် လူပုဂ္ဂိုလ်/ပစ္စည်း လုံခြုံရေးကိစ္စရပ်များ၊ ရောင်းမှား/ဝယ်မှား ကိစ္စရပ်များ၊ အပျောက်အရှကိစ္စရပ်များကို ကာကွယ်စောင့်ရှောက် ကြပ်မတ်ပေးနိုင်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း။
• မန္တလေးမြို့လယ် (Down Town) နေရာတွင်တည်ရှိပြီး ကားပါကင်နှင့် အဝင်အထွက်လမ်းများ၊ Walkway ဧရိယာများကျယ်ပြန့်ခြင်း၊ ဓာတ်လှေကား/ အများသုံးစက်လှေကားများအပြင် ကိုယ်ပိုင်ဓာတ်လှေကား တပ်ဆင်ပေးထားခြင်း စသည့်အားသာချက်များစွာပါရှိသောကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများ အဆင်ပြေချောမွေ့စွာ ဝင်/ ထွက် သွားလာနိုင်ခြင်း။
• လာရောက်ရောင်းချသော ကျောက်မျက်ရတနာ ကုန်သည်ကြီးများအတွက် ရောင်းချသည့်ပစ္စည်း ပါလာရုံဖြင့် ခမ်းနားထည်ဝါစွာ လက်တင်အသင့်ရောင်းချနိုင်ပြီး လုပ်ငန်းလိုင်စင်ကိစ္စရပ်များ၊ ရေ၊ မီး၊ သန့်ရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ ကြော်ငြာကဏ္ဍများ၊ Promotion ပွဲများ၊ အင်တာနက်ချိတ်ဆက်မှုများ၊ သာရေး/နာရေး ကိစ္စရပ်များနှင့် အခြားသော ဝန်ဆောင်မှုများစွာတို့ကို စီစဉ်ဆောင်ရွက်ပေးသည့်အတွက် အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း။

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

Mandalay Yatanar Mall

 

စီမံကိန်းတည်နေရာ

Mandalay Yatanar Mall

Developer Company

ဆက်သွယ်ရန် ဖုန်းနံပါတ်

Other Projects By Yadanar Bon Real Estate

Enquire

Fill the form below to enquire.

Yadanar Bon Real Estate

Address
၄၇ လမ်းနှင့် ၄၈ လမ်းကြား ၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။