စံပယ်ပန်းကရရှိနိုင်တဲ့ အသားအရေအလှအပ နှင့် စံပယ်ပင် စိုက်ပျိုးနည်း
စံပယ်ပန်းကရရှိနိုင်တဲ့ အသားအရေအလှအပ နှင့် စံပယ်ပင် စိုက်ပျိုးနည်း - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2020 11:14 am တွင် တင်ခဲ့သည်
9317 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဖြူဖွေးပြီး အနံ့မွှေးတဲ့ စံပယ်ပန်းပွင့်လေးတွေက သူ့ဘာသာလည်း လှနိုင်သလို ပျိုမေတို့ရဲ့ အသားအရေလှပမှုအတွက်လည်း အလွန်အသုံးဝင်ပါတယ်။
စံပယ်ပန်းလို့ ပြောလိုက်တာနဲ့ အလှကြည့်တာ၊ ဘုရားပန်းအနေနဲ့ လှူတာ စိတ်ကို ကြည်လင်စေအောင် ကားခေါင်းခန်းတွေထဲမှာ ချိတ်ဆွဲတာတွေပဲလုပ်လို့ရတယ်လို့ ထင်ခဲ့တယ်မဟုတ်လား။
အဲ့ဒါတွေအပြင် ပျိုမေတို့ရဲ့ အရေပြားအလှအပအတွက်လည်း အလွန်ပဲ အသုံးဝင်ကြောင်း နဲ့ သုံးစွဲနည်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အသားရောင်မညီတာကို သက်သာစေတယ်
မိမိအသားအရေက တစ်နေရာမှာဖြူပြီး တစ်နေရာမှာ မဲနေ၊ အရောင်မညီနေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ စံပယ်ပန်းကို အသုံးပြုပြီး အသားရေမညီတာကို ကုသလို့ ရပါပြီနော်။
ကုသနည်း
စံပယ်အရွက်ကို ကြိတ်ပြီး ရလာတဲ့အရည်ကို အုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့အရည်ကို မညီတဲ့ အသားအရေပေါ်ကို လိမ်းပြီး အိပ်ပါ။ အိပ်ရာနိုးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ ၇ ရက်မှ ၁၀ ရက်အတွင်း ပုံမှန်လုပ်ပေးပါက မညီညာတဲ့ အသားအရေကို ညီညာလှပစေပါတယ်။
အရေးအကြောင်းတွေကို သက်သာစေတယ်
မိမိရဲ့ အသက်ထက် ပိုရင့်တယ်လို့ ထင်ရတဲ့ အရေးအကြောင်းတွေကို စံပယ်ပန်းနဲ့ ကုသလို့ရနေပါပြီ။ စံပယ်ပန်းကရရှိတဲ့ အဆီကို လိမ်းပေးရုံနဲ့ အမဲစက် နဲ့ အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ချွေးပေါက်တွေကို သန့်စင်ပေးတယ်
ချွေးပေါက်ပိတ်ဆို့ခြင်းကြောင်ဖြစ်တဲ့ ဆားဝက်ခြံတွေကို သက်သာစေဖို့ စံပယ်ပန်းလေးတွေနဲ့ ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်း
စံပယ်ပန်းကို ဆူပွက်နေတဲ့ ရေနွေးထဲသို့ထည့်ပါ။ ရလာတဲ့ အရည်ကို ဂွမ်းစလေးနဲ့ မျက်နှာကို လိမ်းပါ။
ဝက်ခြံတွေကို သက်သာစေနိုင်တယ်
ပျိုမေတို့ အလှအပတွေကို အနှောက်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းအောင် ကုသလို့ရပါတယ်။
ကုသနည်း
စံပယ်အရွက်ကို ကြိတ်ခြွေပြီး သံပုရာရည်ထည့်ပြီး ဝက်ခြံရှိတဲ့နေရာကို လိမ်းပါ။
ခြောက်သွားရင် ရေနွေးနဲ့ ဆေးချပါ။ လိမ်းပြီး ညမအိပ်နဲ့နော်။
ကဲ...ခုဆိုရင် အချင်းရော အဆင်းနဲ့ပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးကို စိုက်ပျိုးချင်တယ်ဆိုရင်တော့.....
စံပယ်ဟာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကို ⁠ကြိုက်⁠နှစ်သက်ပါတယ်။ စံပယ်ပင်ဟာ ချုံပင်အမျိုးအစား⁠ဖြစ်ပြီး ⁠နှစ်ရှည်ခံပင်⁠ဖြစ်သည်။ မည်သည့်မြေအမျိုးအစားမျိုးပေါ်မှာမဆို စိုက်ပျိုးနိုင်ပါတယ်။
စံပယ်ပင်ကို အကိုင်း⁠မြေမြှုပ် မျိုးပွား၍ လည်း ⁠ကောင်း၊ ပင်ပွားတူစိုက်၍ လည်း⁠ကောင်း၊ ကိုင်း⁠ဖြတ်၍ လည်း⁠ကောင်း စိုက်ပျိုး⁠ကြပါတယ်။ ကိုင်း⁠ပျော့ကို ⁠မြေကြီးထဲ ⁠မြှုပ်ထားပြီး ရက် ၃၀ လောက် မှာ အ⁠မြစ်များ ထွက်လာပါလိမ့်မယ်။ အဲ့ဒီအခါ အကိုင်းရင်းမှ ဖြတ်ပြီး စိုက်ပျိုးပါ။
စိုက်⁠ပြီး⁠နောက် အပင်အရင်းကို နာနာဖိ⁠ပေးကာ ⁠ရေ⁠လောင်း⁠ပေးရပါမယ်။ စံပယ်ပန်းတွေက အကိုင်း⁠နုများမှ ပွင်ပါတယ်။ ⁠ဆောင်းဦး၊ (ပန်းတုံးချိန်တွင်) ⁠ဘေးသို့⁠နွယ်ကျ⁠နေတဲ့ အကိုင်းတွေကို ကိုင်းဖျား⁠ဖြတ်⁠ပေးရပါမယ်။ အဲ့ဒီအခါမှသာ အညွန့်သစ်အကိုင်း သစ်များထွက်⁠ပေါ်လာမှာဖြစ်ပြီး ကိုင်းရှုပ်များ၊ ⁠ခြောက်⁠နေ⁠သော ကိုင်းများ၊ ⁠ရောဂါရ ကိုင်းများ၊ မသန်စွမ်းဘဲ ⁠ကြုံလှီ⁠သော ကိုင်းများကို ⁠ဖြတ်⁠တောက် ရှင်းလင်းပစ်ရပါမယ်။
ဒီနည်းဖြင့် စံပယ်ပန်းလေးတွေကို မိမိအိမ်မှာ စိုက်ပျိုးထားနိုင်ပြီး ရလာတဲ့ ပန်းလေးတွေကို ဘုရားပန်းလှူပြီး ကုသိုလ်ပြုနိုင်သလို မိမိရဲ့ အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ မိမိခြံ၊ အိမ်ထဲ စံပယ်ပန်းပင်လေးတွေရှိနေရင် မိမိရဲ့ စိတ်ကိုလည်း လန်းဆန်းစေမှာအမှန်ပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ကုသနည်း
ပြုလုပ်နည်း
ကုသနည်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service