ကိုရီးယားစက်မှုဥယျာဉ်မြို့​တော်၏အ​ခြေခံအ​​ဆောက်အဦးများတည်​ဆောက်​ရေးအတွက် ​​မြေယာလျော်ကြေး​ပေးမည့်အကျုံးဝင်သည့်ရက်​ ထုတ်ပြန်

ကိုရီးယားစက်မှုဥယျာဉ်မြို့​တော်၏အ​ခြေခံအ​​ဆောက်အဦးများတည်​ဆောက်​ရေးအတွက် ​​မြေယာလျော်ကြေး​ပေးမည့်အကျုံးဝင်သည့်ရက်​ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 10:58 am တွင် တင်ခဲ့သည်
1615 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့​တော် KMIC အတွက် ပြင်ပအခြေခံအဆောက်အဦးများ ဆောင်ရွက်ရန်မြေယာလျှော်ပေးမည့် အကြုံးဝင်သည့်နောက်ဆုံးရက်ကို ဩဂုတ် ၁၂ ရက်အဖြစ်သတ်မှတ်လိုက်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေငြာလိုက်သည်။

ထိုနေ့နောက်ပိုင်းတွင် သတ်မှတ်ထားသည့် စီမံကိန်းဧရိယာအတွင်း တည်ရှိသည့် မြေနှင့် အဆောက်အဦးများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း.၊ အသစ်တည်ဆောက်ခြင်းနှင့် ကျုးကျော်ဆောက်လုပ်ခြင်းများ မပြုလုပ်ရဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါအကြုံးဝင်သည့်နေ့-Cutt off date ကို ထို့နေ့သတ်မှတ်ရခြင်းမှာ စီမံကိန်းအတွင် ပြင်ပ အခြေခံအဆောက်အဦးများအတွက် စီမံကိန်းမြေဧရိယာအတွင်း မြေအသုံးချမူ ကန့်သတ်ခြင်းနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များအတွက် စစ်တမ်းကောက်ယူမူပြီးစီးသည့်နေဖြစ်သည်ဟုဆိုသည်။

ထိုပြင်ပအခြေခံအဆောက်အဦး စီမံကိန်းများအတွက် ကုန်ကျငွေကို ကိုရီးယား KExim ဘဏ်မှာ ချေးငွေထုတ်ပေးမည်ဖြစ်သည်။

KMIC အတွက် ပြင်ပအခြေခံအဆောက်အဦးများ သက်ရောက်သည့်နေရာသည် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင်တည်ရှိသည်။ ထိုမြို့နယ်များတ လမ်းအဆင့်မြှင့်တင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းတို့ ပါဝင်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

လမ်းအဆင့်မြှင့်တင်ခြင်းကို အမှတ် ၃ လမ်းဆုံမှ ငါးဆူတောင်လမ်းအတိုင်း KMIC စက်မှုဇုန်အထိ ၆ မိုင်နီးပါး ဖြစ်သည်။ ရေပိုက်သွယ်တန်းခြင်းကို ကလီထော်ဆည်မှ ရေသွယ်မြောင်းတစ်လျှောက် စက်မူဇုန်အထိ ၁၁မိုင်ကျော်နှင့် လျှပ်စစ်လိုင်းသွယ်တန်းခြင်းကို မြောင်းတကာနှင့် ကမာနက် ဓာတ်အားလိုင်းမှာ စက်မှုဇုန်အထိ ၅မိုင်ဖြစ်သည်။

KMIC စီမံကိန်းကို ယခုနှစ်ကုန်တွင် မြေပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်နေကြောင်း ကိုရီးယားဘက်ကဆိုထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမူလုပ်ငန်းများလျော့ကျလာခြင်းကြောင့် အလုပ်အကိုင်အခွင့်အလန်းရှားပါးမူကို ကုစားရန်အတွက် ထိုစီမံကိန်းကို အလျှင်အမြန်စတင်စေလိုသည်ဟုဆိုထားသည်။

လှည်းကူးစက်မှုဇုန်ဥယျာဉ် စီမံကိန်းကို မြေဧက ၁,၅၀၀ ခန့် တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ဇူလိုင် ၃၁ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်း ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရပိုင် မြေနေရာတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။ထိုစီမံကိန်းတွင် အစားအသောက်နှင့်ပတ်သတ်သည့်စက်ရုံများအပြင် သယ်ယူထောက်ပံ့ရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါစီမံကိန်းသည် ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်း၏ ပြည်ပနိုင်ငံများတွင် Smart City အဖြစ် တာဝန်ယူတည်ဆောက်နေသည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service