ကော့မှူးမြို့နယ်တွင် အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဆင့်ကိုရောက်ရှိနေပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
791 Views

ကော့မှူးမြို့နယ်တွင် အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဆင့်ကိုရောက်ရှိနေပြီဖြစ်

[Unicode]

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ အထူးစီးပွားရေးဇုန်ဖော်ဆောင်ဖို့အတွက် ပြည်ထောင်စုအစိုးရကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြထားတယ်လို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကပြောပါတယ်။

“မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်အနေနဲ့ သုံးခုရှိတယ်။ ကျောက်ဖြူမှာတစ်ခုရှိတယ်။ ရန်ကုန်သီလဝါမှာ တစ်ခုရှိတယ်။ ကျွန်တော်တို့ ထားဝယ်မှာတစ်ခုရှိတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ထပ်ပြီးတော့ ရန်ကုန်မှာ အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်သင့်တယ်။ တည်ဆောက်ဖို့နေရာလည်း ရှိတယ်။ တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းလည်းရှိတယ် ဆိုပြီးတော့ ကျွန်တော်တို့ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ တင်ပြထားတာရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူတယ်ဆိုရင် ရန်ကုန်မှာနောက်ထပ် အထူးစီးပွားရေးဇုန်တစ်ခု ပေါ်လာပါလိမ့်မယ်”လို့ ဦးရဲမင်းဦးက ပြောပါတယ်။

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့က စီမံခန့်ခွဲတာဖြစ်တဲ့အတွက် အခု အကောင်အထည်ဖော်ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုအစိုးရထံ အပ်နှံလိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ လေ့လာဆန်းစစ်မှုတွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ စက်မှုဇုန်သစ်အနေနဲ့လည်း ကိုးရီးယားနိုင်ငံက မှော်ဘီ ညောင်နှစ်ပင်မှာ စက်မှုဇုန်စီမံကိန်းကို လုပ်ဆောင်နေပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံက Amata Group နဲ့လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ စက်မှုဇုန်ပါဝင်တဲ့ မြို့သစ်စီမံကိန်းတစ်ခုကို လုပ်ဆောင်နေတာတွေရှိတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က video conference စနစ်နဲ့ ပြုလုပ်တဲ့ မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကတော့ ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေးစီမံကိန်းသစ်နဲ့ မွန်ပြည်နယ်မှာ အကာင်အထည်ဖော်ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန်သစ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေကာ့မႉးၿမိဳ႕နယ္တြင္ အထူးစီးပြားေရးဇုန္ေဖာ္ေဆာင္ရန္ ျပည္ေထာင္စုအစိုးရအဆင့္ကိုေရာက္႐ွိေနၿပီျဖစ္

ရန္ကုန္တိုင္းေဒသႀကီး ေကာ့မႉးၿမိဳ႕နယ္မွာ အထူးစီးပြားေရးဇုန္ေဖာ္ေဆာင္ဖို႔အတြက္ ျပည္ေထာင္စုအစိုးရကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က တင္ျပထားတယ္လို႔ တိုင္းေဒသႀကီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးရဲမင္းဦးကေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ အထူးစီးပြားေရးဇုန္အေနနဲ႔ သုံးခု႐ွိတယ္။ ေက်ာက္ျဖဴမွာတစ္ခု႐ွိတယ္။ ရန္ကုန္သီလဝါမွာ တစ္ခု႐ွိတယ္။ ကြၽန္ေတာ္တို႔ ထားဝယ္မွာတစ္ခု႐ွိတယ္။ အခုေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ထပ္ၿပီးေတာ့ ရန္ကုန္မွာ အထူးစီးပြားေရးဇုန္တစ္ခုတည္ေဆာက္သင့္တယ္။ တည္ေဆာက္ဖို႔ေနရာလည္း႐ွိတယ္။ တည္ေဆာက္ႏိုင္တဲ့ အခြင့္အလမ္းလည္း႐ွိတယ္ ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ကေန ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေန တင္ျပထားတာ႐ွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေန တင္ျပခ်က္ကို ျပည္ေထာင္စုအစိုးရအဖြဲ႕က သေဘာတူတယ္ဆိုရင္ ရန္ကုန္မွာေနာက္ထပ္ အထူးစီးပြားေရးဇုန္တစ္ခု ေပၚလာပါလိမ့္မယ္”လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။

အထူးစီးပြားေရးဇုန္ေတြ ေဖာ္ေဆာင္တဲ့ေနရာမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕က စီမံခန္႔ခြဲတာျဖစ္တဲ့အတြက္ အခု အေကာင္အထည္ေဖာ္ေဆာင္႐ြက္မယ့္ အထူးစီးပြားေရးဇုန္ကို ျပည္ေထာင္စုအစိုးရထံ အပ္ႏွံလိုက္တာျဖစ္ပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕အေနနဲ႔ ေလ့လာဆန္းစစ္မႈေတြ၊ ပညာ႐ွင္ေတြနဲ႔ ေဆြးေႏြးမႈေတြဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ စက္မႈဇုန္သစ္အေနနဲ႔လည္း ကိုးရီးယားႏိုင္ငံက ေမွာ္ဘီ ေညာင္ႏွစ္ပင္မွာ စက္မႈဇုန္စီမံကိန္းကို လုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ ထိုင္းႏိုင္ငံက Amata Group နဲ႔လည္း ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္းမွာ စက္မႈဇုန္ပါဝင္တဲ့ ၿမိဳ႕သစ္စီမံကိန္းတစ္ခုကို လုပ္ေဆာင္ေနတာေတြ႐ွိတယ္လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၉ ရက္က video conference စနစ္နဲ႔ ျပဳလုပ္တဲ့ ျမန္မာ-ဂ်ပန္ ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေတာ့ ရန္ကုန္အေနာက္ပိုင္းစက္မႈဇုန္ တည္ေဆာက္ေရးစီမံကိန္းသစ္နဲ႔ မြန္ျပည္နယ္မွာ အကာင္အထည္ေဖာ္ေဆာင္႐ြက္မယ့္ အထူးစီးပြားေရးဇုန္သစ္ေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔႐ွိတယ္လို႔ ေျပာၾကားထားပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service