အငှါးအိမ်ရာစီမံကိန်း မြို့ကြီးသုံးမြို့တွင် အိမ်ရာအခန်းပေါင်း တစ်သောင်းခန့်ထိ ဆောက်လုပ်ရန် လျာထား - Property News in Myanmar from iMyanmarHouse.com
734 Views

အငှါးအိမ်ရာစီမံကိန်း မြို့ကြီးသုံးမြို့တွင် အိမ်ရာအခန်းပေါင်း တစ်သောင်းခန့်ထိ ဆောက်လုပ်ရန် လျာထား

[Unicode]

ပြည်သူများအတွက်အငှါးအိမ်ရာစီမံကိန်းအားမြို့ကြီးသုံးမြို့တွင်အိမ်ရာအခန်းပေါင်းတစ်သာင်းခန့်ထိ ဆောက်လုပ်ရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF) မှ သိရသည်။

ကနဦးအရ ရန်ကုန်တိုင်းဒေသကြီးတွင် အငှါးအိမ်ရာ အခန်းပေါင်း ခြောက်ထောင်ကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် အခန်းပေါင်း သုံးထောင်၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ခန့် တည်ဆောက်ရန်လျာထားကြောင်း သိရသည်။

“အငှါးအိမ်ရာစီမံကိန်းကို မြို့ကြီးသုံးမြို့ပေါ့ ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပေါ့ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်၊ ရန်ကုန်တိုင်းအတွက် လျာထားတဲ့ အခန်း ၆၃၀၀ ပြည့်အောင်တည်ဆောက်သွားမှာဖြစ်ပါတယ်၊ နေပြည်တော်မှာတော့ အခန်း ၇၀၀ ၊ မန္တလေးမှာတော့ အခန်း သုံးထောင်ပေါ့ လျာထားပါတယ်၊ ဒီအခန်းတွေကို တည်ဆောက်ပေးရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့ဌာနမှ အရောင်းအိမ်ရာတွေ စခဲ့ပါတယ်၊ အရောင်းအိမ်ရာတွေကို ဝယ်နိုင်စွမ်းမရှိတဲ့ ပြည်သူတွေ တွေ့လာတဲ့အခါမှာ ဘဏ်နဲ့ချိတ်ဆက်တဲ့စနစ် လည်း လုပ်ပေး ခဲ့ပါတယ်၊ အဲဒါတွေကို တင်ပြလိုက်တော့အခါမှယ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုနဲ့အတူ အငှါးအိမ်ရာစီမံကိန်းတွေကို လုပ်ပေးတာဖြစ်ပါတယ်၊ကိုဗစ်ကာလ အလုပ်အကိုင်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ် ”မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မူဝါဒနှင့် စီမံကိန်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ပြောသည်။

“ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အငှါးအိမ်ရာ ယူနစ်ပေါင်း သိန်းနဲ့ချီပြီး အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက်နဲ့တည်ဆောက်ပေးသလိုပဲ နိုင်ငံတော်က သတ်မှတ်ထားတဲ့မြေတွေပေါ်မှာလည်း အငှါးအိမ်ရာ စီမံကိန်း တွေကို အဆက်မပြတ်ဖော်ထုတ်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုချင်းဖြစ်စေ၊ အသင်းဝင်များစုပေါင်း၍ ဖြစ်စေ၊ အများပိုင်ကုမ္ပဏီများဖြစ်စေ ရင်းနှီးမြုပ်နှံမှုပြုပြီးတော့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) ဥက္ကဌ ဦးရှိန်ဝင်းက ပြောဆိုသည်။

ယင်း အငှါးအိမ်ရာစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့်အတူ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF) မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) Myanmar Developer Association (MDA) တို့မှ ပူးပေါင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


ပြည်သူများအတွက်အငှါးးအိမ်ရာစီမံကိန်းအားမြို့ကြီးသုံးမြို့တွင်အိမ်ရာအခန်းပေါင်းတစ်သာင်းခန့်ထိ ဆောက်လုပ်ရန်လျာထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF) မှ သိရသည်။







 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service