အိမ်ခြံမြေလောကမှာ Covid-19 ဈေးဟုဆိုကာပုံစံသစ်နဲ့အရောင်းအဝယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
988 Views

အိမ်ခြံမြေလောကမှာ Covid-19 ဈေးဟုဆိုကာပုံစံသစ်နဲ့အရောင်းအဝယ်ဖြစ်နေ

[Unicode]

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် COVID-19 ဈေးနှုန်းဟုဆိုကာ ပုံစံသစ်တစ်မျိူးနဲ့အရောင်းအဝယ်ဖြစ်လာတယ်လို့အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြောသည်။

စီးပွားရေး အကျပ်အတည်းများကြောင့် ငွေဖော်လိုသူများပြီး အိမ်မြေရောင်းလိုသူများခြင်းကြောင့် ဈေးနှိမ်ဝယ်ယူလိုသူများကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးသန်းဦးက ပြောသည်။

‘‘တော်တော်ဈေးနှိမ်ကြတယ်။ ခေါ်ဈေးထက် ထက်ဝက်လောက်ကို ဈေးစစ်ဝယ်ကြတာမျိုးလည်း ရှိတယ်’’ဟု ဦးသန်းဦး က ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် ကျပ်သိန်း ၁,၀၀၀ တန် ခြံမြေကွက်ကို ကျပ်သိန်း ၅၀၀ အထိ ဈေးနှိမ်ဝယ်ယူမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။ ပြည်တွင်း စီးပွားရေးအခြေအနေအရ ငွေလိုအပ်သူများလည်း ယခုကာလအတွင်း ပြန်လည်ရောင်းချမှုများရှိသည်ဟုလည်း ဦးသန်းဦးက ပြောသည်။

ထို့အပြင် တိုက်ခန်းဈေးနှုန်းများသည်လည်း ကပ်ရောဂါကာလအတွင်း ၁၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းကျဆင်းသည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

ဒေါပုံ၊ သာကေတမြို့နယ်များတွင် ယခင် ကျပ်သိန်း ၂၅၀ ခန့်ဈေးခေါ်သည့် တိုက်ခန်းများက လက်ရှိအချိန်တွင် ကျပ်သိန်း ၂၂၀ ဝန်းကျင်သို့ ဈေးနှုန်းလျော့ပြီး ဈေးဖွင့်သည်ဟု ဆိုသည်။

‘‘COVID ကာလမှာ အိမ်ခြံမြေနဲ့ တိုက်ခန်းအရောင်းအဝယ်လောက်က ရပ်ဆိုင်းလုနီးပါးဖြစ်သွားတယ် ဒါပေမယ့် အခုတော ပုံမှန်အခြေအနေကိုပြန်ရောက်လာတော့မှာဖြစ်ပါတယ် အရောင်းအဝယ်တချို့လဲပြန်လိုက်လာတယ်’’ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အုပ်ချုပ်မှု ဒါရိုက်တာဦးနေမင်းသူက ပြောသည်။

လက်ရှိ ပြည်တွင်း၌ COVID-19 ရောဂါ အနည်းငယ်တည်ငြိမ်လာခြင်းကြောင့် မေလကုန်ပိုင်းမှ စတင်ပြီး အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ်အနည်းငယ် ပြန်လည်ဖြစ်လာသည်ဟု ဆိုသည်။ အိမ်ငှားဈေးကွက်တွင်လည်း ဈေးလျှော့ငှားရမ်းမှုများ ရှိလာသည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကလည်း၎င်းတို့တည်ဆောက်ထားတဲ့ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချဖို့ပြည်တွင်းဈေးကွက်ကိုသာမှီခိုနေရဆဲဖြစ်ပါတယ်။

အမြန်ဆုံးကွန်ဒိုဥပဒေ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံခြားသားဈေးကွက်ကို ရောင်းချနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

COVID ကာလအတွင်းရုံးခန်းငှါးရမ်းတဲ့ဧရိယာတွေ၊ ဆိုင်ခန်းတွေ ၊ ကွန်ဒိုတွေက သိသာစွာအရောင်းအဝယ်တွေကျဆင်းခဲ့ပေမယ့် အခုကာလမှာတော့ ပြန်လည် ပြီး အရောင်းအဝယ်ဖြစ်နေတာပါ။

New Normal ကာလအဖြစ်အိမ်ခြံမြေ အရောင်းအဝယ်တွေဟာလည်း အွန်လိုင်းကနေ ပိုမိုပြီး အလုပ်ဖြစ်နေတယ်လို့အကျိူးဆောင်တွေကဆိုပါတယ်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ၿခံေျမေလာကမွာ Covid-19 ေစ်းဟုဆိုကာပုံစံသစ္နဲ႕အေရာင္းအဝယ္ျဖစ္ေန

ကမၻာ႕ကပ္ေရာဂါကာလအတြင္း ျပည္တြင္းအိမ္ၿခံေျမေဈးကြက္တြင္ COVID-19 ေဈးႏႈန္းဟုဆိုကာ ပုံစံသစ္တစ္မ်ိဴးနဲ႔အေရာင္းအဝယ္ျဖစ္လာတယ္လို ့အိမ္ၿခံေျမ အက်ိဳးေဆာင္အခ်ိဳ႕က ေျပာသည္။

စီးပြားေရး အက်ပ္အတည္းမ်ားေၾကာင့္ ေငြေဖာ္လိုသူမ်ားၿပီး အိမ္ေျမေရာင္းလိုသူမ်ားျခင္းေၾကာင့္ ေဈးႏွိမ္ဝယ္ယူလိုသူမ်ားေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း ဒုတိယဥကၠ႒ဦးသန္းဦးက ေျပာသည္။

‘‘ေတာ္ေတာ္ေဈးႏွိမ္ၾကတယ္။ ေခၚေဈးထက္ ထက္ဝက္ေလာက္ကို ေဈးစစ္ဝယ္ၾကတာမ်ိဳးလည္း ရွိတယ္’’ဟု ဦးသန္းဦး က ေျပာသည္။

အိမ္ၿခံေျမ အေရာင္းအဝယ္ေဈးကြက္တြင္ က်ပ္သိန္း ၁,၀၀၀ တန္ ၿခံေျမကြက္ကို က်ပ္သိန္း ၅၀၀ အထိ ေဈးႏွိမ္ဝယ္ယူမႈမ်ားရွိေနသည္ဟု ၎က ဆိုသည္။ ျပည္တြင္း စီးပြားေရးအေျခအေနအရ ေငြလိုအပ္သူမ်ားလည္း ယခုကာလအတြင္း ျပန္လည္ေရာင္းခ်မႈမ်ားရွိသည္ဟုလည္း ဦးသန္းဦးက ေျပာသည္။

ထို႔အျပင္ တိုက္ခန္းေဈးႏႈန္းမ်ားသည္လည္း ကပ္ေရာဂါကာလအတြင္း ၁၀ ရာခိုင္ႏႈန္းေက်ာ္ ေဈးႏႈန္းက်ဆင္းသည္ဟု အိမ္ျခံေျမအက်ိဳးေဆာင္အခ်ိဳ႕က ေျပာသည္။

ေဒါပုံ၊ သာေကတၿမိဳ႕နယ္မ်ားတြင္ ယခင္ က်ပ္သိန္း ၂၅၀ ခန႔္ေဈးေခၚသည့္ တိုက္ခန္းမ်ားက လက္ရွိအခ်ိန္တြင္ က်ပ္သိန္း ၂၂၀ ဝန္းက်င္သို႔ ေဈးႏႈန္းေလ်ာ့ျပီး ေဈးဖြင့္သည္ဟု ဆိုသည္။

‘‘COVID ကာလမွာ အိမ္ၿခံေျမနဲ႔ တိုက္ခန္းအေရာင္းအဝယ္ေလာက္က ရပ္ဆိုင္းလုနီးပါးျဖစ္သြားတယ္ ဒါေပမယ့္ အခုေတာ ပုံမွန္အေျခအေနကိုျပန္ေရာက္လာေတာ့မွာျဖစ္ပါတယ္ အေရာင္းအဝယ္တခ်ိဳ႕လဲျပန္လိုက္လာတယ္’’ဟု iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာဦးေနမင္းသူက ေျပာသည္။

လက္ရွိ ျပည္တြင္း၌ COVID-19 ေရာဂါ အနည္းငယ္တည္ၿငိမ္လာျခင္းေၾကာင့္ ေမလကုန္ပိုင္းမွ စတင္ၿပီး အိမ္ၿခံေျမေဈးကြက္၌ အေရာင္းအဝယ္အနည္းငယ္ ျပန္လည္ျဖစ္လာသည္ဟု ဆိုသည္။ အိမ္ငွားေဈးကြက္တြင္လည္း ေဈးေလွ်ာ့ငွားရမ္းမႈမ်ား ရွိလာသည္ဟု အိမ္ၿခံေျမအက်ိဳးေဆာင္အခ်ိဳ႕က ေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္အခ်ိဳ႕ကလည္း၎တို႔တည္ေဆာက္ထားတဲ့ကြန္ဒိုတိုက္ခန္းေတြကို ေရာင္းခ်ဖို႔ျပည္တြင္းေစ်းကြက္ကိုသာမွီခိုေနရဆဲျဖစ္ပါတယ္။

အျမန္ဆုံးကြန္ဒိုဥပေဒ အေကာင္အထည္ေဖာ္ႏိုင္ပါက ႏိုင္ငံျခားသားေစ်းကြက္ကို ေရာင္းခ်ႏိုင္ဖို႔ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

COVID ကာလအတြင္း႐ုံးခန္းငွါးရမ္းတဲ့ဧရိယာေတြ၊ ဆိုင္ခန္းေတြ ၊ ကြန္ဒိုေတြက သိသာစြာအေရာင္းအဝယ္ေတြက်ဆင္းခဲ့ေပမယ့္ အခုကာလမွာေတာ့ ျပန္လည္ ၿပီး အေရာင္းအဝယ္ျဖစ္ေနတာပါ။

New Normal ကာလအျဖစ္အိမ္ၿခံေျမ အေရာင္းအဝယ္ေတြဟာလည္း အြန္လိုင္းကေန ပိုမိုၿပီး အလုပ္ျဖစ္ေနတယ္လို႔အက်ိဴးေဆာင္ေတြကဆိုပါတယ္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service