COVID-19 တိုက်ဖျက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာကို ဒေါ်လာ ၆ သန်းကျော်ဖိုး ဆေးဝါးပစ္စည်းများ ကူညီမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
629 Views

COVID-19 တိုက်ဖျက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာကို ဒေါ်လာ ၆ သန်းကျော်ဖိုး ဆေးဝါးပစ္စည်းများ ကူညီမည်ဟုဆို

[Unicode]

မြန်မာနိုင်ငံကို COVID-19 တိုက်ဖျက်ရန်အတွက် ဒေါ်လာ ၆ ဒသမ ၆ သန်းတန်ဖိုးရှိ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်သည်။

ယင်းအထောက်အပံ့သည် အာရှဖွံ့ဖြိုးရေးဘဏ်၏ မဲခေါင် ဒေသလုံခြုံသော ကျန်းမာရေးစီမံ ကိန်း ချေးငွေမှထုတ်ယူသုံးစွဲခြင်း ဖြစ်သည်။

မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းကို ၂၀၁၆ တွင် စတင် အကောင်အထည်ဖော်သည်။ ၎င်းတွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်နှင့် မြန်မာနိုင်ငံတို့အတွက် ချေးငွေဒေါ်လာ ၁၁၇ သန်းနှင့် လာအိုနိုင်ငံသို့ ထောက်ပံ့ ငွေ ရှစ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

COVID-19 ရောဂါတိုက်ဖျက်ရေး ADB က သီရီလင်္ကာနိုင်ငံကို ဒေါ်လာ ၂၅ သန်းချေးငွေပေးရန် အာမခံပေးခဲ့သည်ဟုလည်းထုတ်ပြန်သည်။ ၎င်းသည် COVID-19 တိုက်ဖျက်ရေးအတွက် ဆေးဝါးများအတွက်ဖြစ်သည်ဟုဆိုသည်။

ထိုအတူ ADB က COVID-19 တုန့်ပြန်ရေးအတွက် ဘူတန်နိုင်ငံကို ဒေါ်လာ သန်း ၂၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သန်း ၁၀၀ ၊ ဖိလိပိုင် နှင့် အိန္ဒိယနိုင်ငံတို့ကို သန်း ၁၅၀၀ စီ ကူညီပေးမည်ဟုထုတ်ပြန်ထားသည်။

COVID-19 ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကထုတ်ပေးသည့် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ချေးငွေကို ရရှိထားသည်။

ထိုအကူအညီသည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို အားဖြည့်သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံာဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စရီယမ်ရှာ မန်က ပြောသည်။

ထိုငွေကြေးသည် ကမ္ဘာ့ဘဏ်၏ တစ်ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလျင်အမြန်ချမှတ် ပေးသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 တိုက္ဖ်က္ရန္ အာရွဖြံ႕ၿဖိဳးေရးဘဏ္က ျမန္မာကို ေဒၚလာ ၆ သန္းေက်ာ္ဖိုး ေဆးဝါးပစၥည္းမ်ား ကူညီမည္ဟုဆို

ျမန္မာႏိုင္ငံကို COVID-19 တိုက္ဖ်က္ရန္အတြက္ ေဒၚလာ ၆ ဒသမ ၆ သန္းတန္ဖိုးရွိ က်န္းမာေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေထာက္ပံ့ေပးမည္ဟု အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က ထုတ္ျပန္သည္။

ယင္းအေထာက္အပံ့သည္ အာရွဖြံ႕ၿဖိဳးေရးဘဏ္၏ မဲေခါင္ ေဒသလုံၿခဳံေသာ က်န္းမာေရးစီမံ ကိန္း ေခ်းေငြမွထုတ္ယူသုံးစြဲျခင္း ျဖစ္သည္။

မဲေခါင္ျမစ္ဝွမ္းေဒသ လုံၿခဳံေသာ က်န္းမာေရးေစာင့္ေရွာက္မႈစီမံကိန္းကို ၂၀၁၆ တြင္ စတင္ အေကာင္အထည္ေဖာ္သည္။ ၎တြင္ ကေမာၻဒီးယား၊ လာအို၊ ဗီယက္ နမ္ႏွင့္ ျမန္မာႏိုင္ငံတို႔အတြက္ ေခ်းေငြေဒၚလာ ၁၁၇ သန္းႏွင့္ လာအိုႏိုင္ငံသို႔ ေထာက္ပံ့ ေငြ ရွစ္သန္းျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္သည္။

COVID-19 ေရာဂါတိုက္ဖ်က္ေရး ADB က သီရီလကၤာႏိုင္ငံကို ေဒၚလာ ၂၅ သန္းေခ်းေငြေပးရန္ အာမခံေပးခဲ့သည္ဟုလည္းထုတ္ျပန္သည္။ ၎သည္ COVID-19 တိုက္ဖ်က္ေရးအတြက္ ေဆးဝါးမ်ားအတြက္ျဖစ္သည္ဟုဆိုသည္။

ထိုအတူ ADB က COVID-19 တုန႔္ျပန္ေရးအတြက္ ဘူတန္ႏိုင္ငံကို ေဒၚလာ သန္း ၂၀၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို သန္း ၁၀၀ ၊ ဖိလိပိုင္ ႏွင့္ အိႏၵိယႏိုင္ငံတို႔ကို သန္း ၁၅၀၀ စီ ကူညီေပးမည္ဟုထုတ္ျပန္ထားသည္။

COVID-19 ေရာဂါ တုံ႔ျပန္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံက ကမာၻ႔ဘဏ္ကထုတ္ေပးသည့္ အေရးေပၚ ရန္ပုံေငြ ေဒၚလာ သန္း ၅၀ ေခ်းေငြကို ရရွိထားသည္။

ထိုအကူအညီသည္ ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါႀကိဳတင္ျပင္ဆင္စီမံေဆာင္႐ြက္ႏိုင္ေရး လုပ္ငန္းမ်ားကို အားျဖည့္သြားမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ ေရာဂါျပန႔္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္မည္ဟု ကမာၻ႔ဘဏ္၏ ျမန္မာ၊ကေမာၻဒီးယားႏွင့္ လာအိုႏိုင္ငံာဆိုင္ရာ ၫႊန္ၾကားေရးမႉး မစၥရီယမ္ရွာ မန္က ေျပာသည္။

ထိုေငြေၾကးသည္ ကမာၻ႔ဘဏ္၏ တစ္ကမာၻလုံးဆိုင္ရာ COVID-19 ေရာဂါ အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ အလ်င္အျမန္ခ်မွတ္ ေပးသည့္ အစီအစဥ္၏ အစိတ္အပိုင္းတစ္ခုျဖစ္သည္ဟု ကမာၻ႔ဘဏ္က ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service