ဗဟိုဘဏ်က ပြင်ပဈေးကွက်သို့ ဒေါ်လာ ၂ ဒသမ ၇ သန်းကို အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချပြီးနောက် ဒေါ်လာဈေးတက် - Property News in Myanmar from iMyanmarHouse.com
1628 Views

ဗဟိုဘဏ်က ပြင်ပဈေးကွက်သို့ ဒေါ်လာ ၂ ဒသမ ၇ သန်းကို အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချပြီးနောက် ဒေါ်လာဈေးတက်

### Unicode Version ###

ရန်ကုန်- ဗဟိုဘဏ်က ပြည်ပဈေးကွက်သို တစ်ဒေါ်လာ ၁၄၄၈.၁ ကျပ်ဖြင့် ဒေါ်လာ ၂ ဒသမ ၇ သန်းရောင်းချပြီးနောက် ပြည်တွင်းငွေဈေးကွက်အတွင်း တစ်ဒေါ်လာ ၁၄၅၀ ဝန်းကျင်ကို ပြန်လည်မြှင့်တက်လာသည်။

COVID-19ကြောင့် ဈေးကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးကွက်တွင် ဧပြီ ၇ ၇က်က ဗဟိုဘဏ်က ထုတ်ရောင်းခဲ့ပြီးနောက်မှာ ယခုကဲ့သို့ ပြန်လည်မြှင့်တက်လာခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် ၁၄၀၀ ဝန်းကျင်မှ ဗဟိုဘဏ်က ရောင်းချပြီးနောက် ၁၄၅၀ သို့ ပြန်လည်မြှင့်တက်လာခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၁,၂၉၀ ကျပ်အထိ ကျဆင်းပြီးနောက် မတ်လ ၁၀ ရက်တွင် ဗဟိုဘဏ်က ဈေးကွက်ထဲမှ ဒေါ်လာ ကိုးသန်းကို နှစ်ကြိမ်ခွဲဝယ်ယူခဲ့သည်။ တစ်ဒေါ်လာလျှင် ၁,၃ ၈၈ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုနောက် ပြင်ပငွေလဲနှုန်းတွင် ကန်တစ်ဒေါ်လာ ကျပ် ၁,၄၀၀ အောက် ပြန်လည်ကျဆင်းပြီးနောက် ဗဟို ဘဏ်က ဈေးကွက်အတွင်းမှ လေလံစနစ်ဖြင့် ဒေါ်လာ သုံးသန်းကို မတ်၂၆ရက်တွင် ထပ်မံဝယ်ယူခဲ့သည်။  ဗဟိုဘဏ်က မတ်လအတွင်း ဈေးကွက်ထဲမှ ဒေါ်လာ ၂၄ သန်းကျော်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီအတွင်း လက်ရှိ အချိန်ထိ ဗဟိုဘဏ်သည် အလုပ် လုပ်ရက် ၁၆ ရက်ရှိခဲ့သည်။ ထို ရက်များအတွင်း ဘဏ်များထံမှ ဒေါ်လာ ၂၄ သန်း ဝယ်ယူပြီး ဒေါ်လာဝယ်ယူမှုကို ခုနစ်ရက် ရပ်တန့်ခဲ့ကြောင်း ဗဟိုဘဏ် ၏ စာရင်းများတွင် ဖော်ပြထား သည်။

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် ယခုဘဏ္ဍာနှစ် ခြောက်လ အတွင်း ကိုးရာခိုင်နှုန်းခန့် ကျ ဆင်းကြောင်း ကမ္ဘာ့ဘဏ်၏ ဒေ သဆိုင်ရာ စီးပွားရေးစောင့်ကြည့်  အစီရင်ခံစာတွင် ဖော်ပြထား သည်။

အမေရိကန် ဗဟိုဘဏ်  အတိုးနှုန်းလျှော့ချမှုနှင့် ပြည်တွင်း ငွေကြေးဈေးကွက် အခြေအနေ ကြောင့် ဒေါ်လာတန်ဖိုး ကျဆင်း ခြင်းဟု ကမ္ဘာ့ဘဏ်က ဆိုထား သည်။ ၂၀၁၉ အောက်တိုဘာက  တစ်ဒေါ်လာလျှင် ၁,၅၅၀ ကျပ် ဝန်းကျင် ရှိခဲ့သော်လည်း ၂၀၂၀  မတ်လကုန်တွင် တစ်ဒေါ်လာ  ကျပ် ၁,၄၀၀ အောက်သို့ ဈေးကျ ဆင်းသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###



COVID-19ကြောင့် ဈေးကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးကွက်တွင် ဧပြီ ၇ ရက်က ဗဟိုဘဏ်က ထုတ်ရောင်းခဲ့ပြီးနောက်မှာ ယခုကဲ့သို့ ပြန်လည်မြှင့်တက်လာခြင်းဖြစ်သည်။












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service