COVID-19 နှင့် ပက်သက်၍ နောက်ဆုံးရ နိုင်ငံတကာသတင်းများ - Property News in Myanmar from iMyanmarHouse.com
2248 Views

COVID-19 နှင့် ပက်သက်၍ နောက်ဆုံးရ နိုင်ငံတကာသတင်းများ

### Unicode Version ###

အီတလီတွင် ဆရာဝန် ၃၇ ဦး ကိုရိုနာဗိုင်းရပ်စ်ဖြင့် ကွယ်လွန်ခဲ့ရကြောင်း အီတလီ အမျိုးသားခွဲစိတ်ဆရာဝန်များနှင့် သွားဆရာဝန်များအသင်း (FNOMCeO) က ထုတ်ပြန်ကြေညာသည်။

သေဆုံးခဲ့ရသူများတွင် အထွေထွေရောဂါကု ဆရာဝန်များ၊ ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ဦး၊ အငြိမ်းစားဆရာဝန်တစ်ဦး၊ ကလေးအထူးကုဆရာဝန်တစ်ဦးနှင့် အခြားအထူးကု ဆရာဝန်များ ပါဝင်သည်။

- အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် စီးပွားရေး၏ ကြီးမားသည့်ကဏ္ဍများစွာ ပိတ်သိမ်းလိုက်ရရာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ ၃ သန်းအထိ သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်ခဲ့သည်။

ထိုကာလ၏အထက် ရက်သတ္တပတ်က အလုပ်လက်မဲ့ ၂၈၁၀၀၀ ရှိခဲ့ရာမှ ပြီးခဲ့သော ရက်သတ္တပတ်အတွင်းတွင်မူ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားလာသည့် ဝန်ထမ်းများဦးရေ ၃ ဒသမ ၂၈ သန်းအထိ ရှိလာကြောင်း အလုပ်သမားရေးရာဦးစီးဌာနက ဆိုသည်။

ယခင်က အလုပ်လက်မဲ့အမြင့်မားဆုံးအဖြစ် စံချိန်တင်ခဲ့ဖူးသော ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် အလုပ်လက်မဲ့နှုန်းဖြစ်သည့် ၆၉၅၀၀၀ ဦးထက် စံချိန်တင်ဖြတ်ကျော်သွားသည်။

- အမေရိကန်ပြည်ထောင်စု၊ အမျိုးသားကူးစက်ရောဂါနှင့် ဓာတ်မတည့်မှုဆိုင်ရာသိပ္ပံမှ ဒေါက်တာ Anthony Fauci က အိမ်ဖြူတော်တွင် ပြောကြားခဲ့ရာ၌ ကိုရိုနာဗိုင်းရပ်စ်သည် နှစ်စဉ်ပေါ်ပေါက်လာနိုင်ပြီး ရာသီတုပ်ကွေးသဖွယ်ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

- အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၃၅၅၃ ဦးအထိ ရှိလာပြီး ကမ္ဘာပေါ်တွင် အများဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်လာသည်။

- အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဟန်နိုဗာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ကိတ်မုန့်၊ အသားငါးနှင့် အစားအသောက်များအပေါ် လိုက်လံချောင်းဆိုးခဲ့သော အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး။ အဆိုပါအစားအသောက်များကို လွှင့်ပစ်ခဲ့ရပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၃၅၀၀၀ (မြန်မာငွေ သိန်း ၅၀၀) တန်ကြေးရှိသည်ဟု သိရသည်။

- ဗြိတိန်ဆေးဝါးကုမ္ပဏီ Mologic သည် ကိုရိုနာဗိုင်းရပ်စ်ကို ၁၀ မိနစ်အတွင်း စစ်ဆေးနိုင်ပြီး ၁ ဒေါ်လာခန့်သာ ကျသင့်မည့် စမ်းသပ်ကိရိယာကို ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရန် ဆေးဝါးဌာနထံ ပေးပို့ကာ စစ်ဆေးမှုခံယူထားသည်။

- တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅၀၀၀၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။

- တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ၁၄ ရာခိုင်နှုန်းမှာ ရောဂါပြန်လည်ဖြစ်ပွားလျက်ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

COVID-19 ႏွင့္ ပက္သက္၍ ေနာက္ဆုံးရ ႏိုင္ငံတကာသတင္းမ်ား

အီတလီတြင္ ဆရာဝန္ ၃၇ ဦး ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ကြယ္လြန္ခဲ့ရေၾကာင္း အီတလီ အမ်ဳိးသားခြဲစိတ္ဆရာဝန္မ်ားႏွင့္ သြားဆရာဝန္မ်ားအသင္း (FNOMCeO) က ထုတ္ျပန္ေၾကညာသည္။

ေသဆံုးခဲ့ရသူမ်ားတြင္ အေထြေထြေရာဂါကု ဆရာဝန္မ်ား၊ ကူးစက္ေရာဂါအထူးကုဆရာဝန္တစ္ဦး၊ အျငိမ္းစားဆရာဝန္တစ္ဦး၊ ကေလးအထူးကုဆရာဝန္တစ္ဦးႏွင့္ အျခားအထူးကု ဆရာဝန္မ်ား ပါဝင္သည္။

- အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ Covid-19 ေၾကာင့္ စီးပြားေရး၏ ၾကီးမားသည့္က႑မ်ားစြာ ပိတ္သိမ္းလိုက္ရရာ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အလုပ္လက္မဲ့ႏႈန္းမွာ ၃ ဒသမ ၃ သန္းအထိ သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ ျမင့္တက္ခဲ့သည္။

ထိုကာလ၏အထက္ ရက္သတၱပတ္က အလုပ္လက္မဲ့ ၂၈၁၀၀၀ ရွိခဲ့ရာမွ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းတြင္မူ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားလာသည့္ ဝန္ထမ္းမ်ားဦးေရ ၃ ဒသမ ၂၈ သန္းအထိ ရွိလာေၾကာင္း အလုပ္သမားေရးရာဦးစီးဌာနက ဆိုသည္။

ယခင္က အလုပ္လက္မဲ့အျမင့္မားဆံုးအျဖစ္ စံခ်ိန္တင္ခဲ့ဖူးေသာ ၁၉၈၂ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္ အလုပ္လက္မဲ့ႏႈန္းျဖစ္သည့္ ၆၉၅၀၀၀ ဦးထက္ စံခ်ိန္တင္ျဖတ္ေက်ာ္သြားသည္။

- အေမရိကန္ျပည္ေထာင္စု၊ အမ်ဳိးသားကူးစက္ေရာဂါႏွင့္ ဓာတ္မတည့္မႈဆိုင္ရာသိပၸံမွ ေဒါက္တာ Anthony Fauci က အိမ္ျဖဴေတာ္တြင္ ေျပာၾကားခဲ့ရာ၌ ကိုရိုနာဗိုင္းရပ္စ္သည္ ႏွစ္စဥ္ေပၚေပါက္လာႏိုင္ျပီး ရာသီတုပ္ေကြးသဖြယ္ျဖစ္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

- အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၃၅၅၃ ဦးအထိ ရွိလာျပီး ကမၻာေပၚတြင္ အမ်ားဆံုးကူးစက္ခံရသည့္ ႏိုင္ငံျဖစ္လာသည္။

- အေမရိကန္ျပည္ေထာင္စု၊ ပန္ဆယ္ေဗးနီးယားျပည္နယ္၊ ဟန္ႏိုဗာျမိဳ ႔ရွိ ေစ်းဝယ္စင္တာတစ္ခုတြင္ ကိတ္မုန္႔၊ အသားငါးႏွင့္ အစားအေသာက္မ်ားအေပၚ လိုက္လံေခ်ာင္းဆိုးခဲ့ေသာ အမ်ဳိးသမီးတစ္ဦးကို ရဲတပ္ဖြဲ႔ကဖမ္းဆီး။ အဆိုပါအစားအေသာက္မ်ားကို လႊင့္ပစ္ခဲ့ရျပီး တန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၃၅၀၀၀ (ျမန္မာေငြ သိန္း ၅၀၀) တန္ေၾကးရွိသည္ဟု သိရသည္။

- ျဗိတိန္ေဆးဝါးကုမၸဏီ Mologic သည္ ကိုရိုနာဗိုင္းရပ္စ္ကို ၁၀ မိနစ္အတြင္း စစ္ေဆးႏိုင္ျပီး ၁ ေဒၚလာခန္႔သာ က်သင့္မည့္ စမ္းသပ္ကိရိယာကို ေစ်းကြက္အတြင္း ျဖန္႔ခ်ိႏိုင္ရန္ ေဆးဝါးဌာနထံ ေပးပို႔ကာ စစ္ေဆးမႈခံယူထားသည္။ - တစ္ကမၻာလံုးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၅၀၀၀၀၀ ေက်ာ္ရွိသြားျပီ ျဖစ္သည္။

- တရုတ္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရျပီးေနာက္ ျပန္လည္က်န္းမာလာသူမ်ား၏ ၁၄ ရာခိုင္ႏႈန္းမွာ ေရာဂါျပန္လည္ျဖစ္ပြားလ်က္ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service