တောင်ဒဂုံကျူးကျော်အိမ်ရာသစ်တွင် မတ်လ (၁)ရက်မှ စတင်နေထိုင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
973 Views

တောင်ဒဂုံကျူးကျော်အိမ်ရာသစ်တွင် မတ်လ (၁)ရက်မှ စတင်နေထိုင်ခွင့်ပြုမည်

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တည်ဆောက်ထားသော လူနေအိမ် ၁၅ဝ ခန့်ရှိသည့် ကျူးကျော်အိမ်ရာ အပိုင်း(၂)တွင် မတ်လ ၁ ရက်မှ စတင်၍ လူနေထိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း ပျိုမေ့အိမ်အဖွဲ့ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။

အဆိုပါ ကျူးကျော်အိမ်ရာ အပိုင်း(၂)ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၄၆ ရပ်ကွက် လှော်ကားလမ်းမရှိမြေငါးဧကပေါ် တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး လက်ရှိ၌ ရာခိုင်နှုန်း ၇ဝ ခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အိမ်ရာများအတွက်တိုင်းဒေသကြီးအစိုးရက မြေနေရာနှင့် ရေ၊ လျှပ်စစ် ၊ လမ်းများ ပံ့ပိုးပေးကာ နေထိုင်သူများကမူမိမိနေထိုင်သည့် အိမ်တည်ဆောက်စရိတ်ကို ကောက်ခံရမည်ဖြစ်ကြောင်း ဒေါ်ဗန်လီဇာအောင်က ပြောသည်။

အိမ်ထောင်စုတစ်စုလျှင် ၂၂ ပေ x ပေ ၃ဝ မြေကွက်ပေါ်တွင် ၁၂ ပေ x ၁၅ ပေ အကျယ်၊ သစ်သားတိုင်၊ Smart Board ၊ PVC တံခါးနှင့်ရေလောင်းအိမ်သာပါဝင်သည့်နေအိမ်တစ်လုံးတည်ဆောက် စရိတ်ကျပ်သိန်း ၃ဝ ခန့် ကျသင့်မည်ဖြစ်သည်။

ယင်း အိမ်ရာများကို နေထိုင်မည့်သူများ၏ ပေးဆပ်နိုင်မည့်ဝင် ငွေ အေနအထားအရ ငွေကျပ် သိန်း ၃ဝ တန်နှင့် ငွေကျပ် ၂၅ သိန်းတန်အိမ်အမျိုးအစားနှစ်မျိုးကို တည်ဆောက်နေခြင်းဖြစ်ပြီးယင်း အိမ်ရာများတွင် နေထိုင်ကြမည့်သူများ၏ဝင်ငွေမတူညီသည့်အတွက် နေအိမ်ဒီဇိုင်းများလည်း မတူညီကြကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

ငွေကျပ်သိန်း ၃ဝ တန်တွင် နေထိုင်သည့် အိမ်ထောင်စုအတွက် တစ်လလျှင် ငွေကျပ် ၇၉၅ဝဝ ကို လစဉ်ပေးသွင်း ရမည်ဖြစ်ပြီး ငွေ ကျပ်၂၅သိန်းတန်အိမ်တွင် နေထိုင်မည့် အိမ်ထောင်စုများအတွက် တစ်လလျှင်ငွေကျပ် ၆ဝဝဝဝ လစဉ် ပေးသွင်းရမည်ဖြစ်ကာ ယင်းမှာ နေထိုင်သူများ၏ ဝင်ငွေနှင့် ချိန်ဆတွက်ချက်၍ ပေးသွင်းနိုင်မည့် ငွေ ပမာဏကိုပေးချေနိုင်ကြောင်းသိရသည်။

ကျူးကျော်အိမ်ရာ အပိုင်း (၁) သည် ရွှေပြည်သာမြို့နယ်တိုးချဲ့၁၉ ရပ်ကွက်တွင်တည်ရှိပြီး အိမ်ခြေ ၂၆ဝ ရှိကာ ကျူးကျော်များ နေထိုင်နေပြီဖြစ်ကာ ကျူးကျော်အိမ်ရာ အပိုင်း(၃) မှာမူဒဂုံမြို့သစ် (အရှေ့ ပိုင်း) ၁၃ဝရပ်ကွက် ရေစက်လမ်း ပေါ်ရှိမြေ ၁ဝ ဧကပေါ်တွင် အိမ်ခြေ ၂၉ဝ ကျော်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service