အရက္ဆိုင္နွင့္ ေပ်ာ္ပြဲစားရံုမ်ားအပါအ၀င္ လုပ္ငန္း ၇ ခုမွ အပ က်န္ SME လုပ္ငန္းမ်ားကုိ နွစ္ဆင့္ေခ်းေငြ ထုတ္ေခ်းမည္ - Property News in Myanmar from iMyanmarHouse.com
896 Views

အရက္ဆိုင္နွင့္ ေပ်ာ္ပြဲစားရံုမ်ားအပါအ၀င္ လုပ္ငန္း ၇ ခုမွ အပ က်န္ SME လုပ္ငန္းမ်ားကုိ နွစ္ဆင့္ေခ်းေငြ ထုတ္ေခ်းမည္

### Zawgyi Version ###

အရက္ဆိုင္မ်ားနွင့္ ေပ်ာ္ပြဲစားရံုမ်ား၊ အိမ္၊ ျခံ၊ ေျမ အက်ိဳးေဆာင္လုပ္ငန္းမ်ားအပါအ၀င္ လုပ္ငန္း ၇ ခုမွအပ က်န္ရွိသည့္ အေသးစား၊အလတ္စားနွင့္ အငယ္စားစီးပြားေရးလုပ္ငန္းမ်ားကုိ JICA ၏နွစ္ဆင့္ေခ်းေငြမ်ား ရယူနိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္ထံမွသိရသည္။

လက္ရွိ နွစ္ဆင့္ ေခ်းေငြ ရယူခြင့္မျပဳသည့္လုပ္ငန္းမ်ားမွာ အိမ္၊ ျခံ၊ ေျမအက်ိဳးေဆာင္လုပ္ငန္းမ်ား၊ အရက္ဆိုင္နွင့္ ေပ်ာ္ပြဲစားရံုလုပ္ငန္း၊ျမန္မာ့လယ္ယာဖြံျဖိဳးေရးဘဏ္မွ ေခ်းေငြရယူရန္ အရည္အေသြးျပည့္မွီသည့္လယ္သမားမ်ား၊ ဘ႑ေရးနွင့္အာမခံလုပ္ငန္း၊အဖိုးတန္သတၱဳေရာင္း၀ယ္ေရးလုပ္ငန္း၊ ေဖ်ာ္ေျဖမွဳနွင့္တင္ဆက္မွဳ (နိုင္ငံျခားခရီးသြားမပါ )လုပ္ငန္းမ်ား၊ လက္နက္၊ခဲယမ္းထုတ္လုပ္ေရာင္းခ်ျခင္းလုပ္ငန္း စသည့္တို႕ျဖစ္ေၾကာင္း အဆိုပါဘဏ္ထံမွသိရသည္။

ယင္းစီးပြားေရးလုပ္ငန္း ၇ ခုမွ အပ က်န္ရွိသည့္ ၂၀၁၅ ခုနွစ္ အေသးစား၊ အလတ္စားနွင့္ အငယ္စားစီးပြားေရး လုပ္ငန္းမ်ားဖြံ႕ျဖိဳးတိုးတက္ေရးဥပေဒနွင့္ ကိုက္ညီသည့္လုပ္ငန္းမ်ားအားလံုးကုိနွစ္ဆင့္ေခ်းေငြေလွ်ာက္ထားခြင့္ျပဳသြားမည္ျဖစ္ေၾကာင္းအဆိုပါဘဏ္ထံမွသိရသည္။

အဆိုပါနွစ္ဆင့္ ေခ်းေငြမ်ားကုိ SME ေခ်းေငြထုတ္ေပးသည့္ ျမန္မာနိုင္ငံသားမ်ားဘဏ္၊ ကေမၻာဇဘဏ္၊ ျမန္မာ့စီးပြားေရးဘဏ္၊ သမ၀ါယမဘဏ္၊ ဧရာ၀တီဘဏ္၊ ပထမပုဂၢလိကဘဏ္၊ ယူနိုက္တက္အမရဘဏ္၊ ၊ ျမန္မာေရွ႕ေဆာင္ဘဏ္ ျမန္မာအေရွ႕တိုင္းဘဏ္၊ ေနျပည္ေတာ္စည္ပင္ဘဏ္အေသးစားနွင့္အလတ္စားလုပ္ငန္းမ်ားဖြံျဖိဳးတိုးတက္ေရးဘဏ္ စသည္တို့တြင္ေလွ်ာက္ထားနိုင္ေၾကာင္း ၄င္းဘဏ္ထံမွသိရသည္။

MSME လုပ္ငန္းမ်ားအတြက္ ေခ်းေငြရရွိမွဳမွာ အမ်ားဆံုး က်ပ္ သန္း ၅၀၀ အထိ ရရွိနိုင္မည္ျဖစ္ျပီး အေပါင္ပစၥည္းရရွိမွဳအေပၚမူတည္၍ အတိုးနွဳန္း ၈ ဒသမ ၅ ရာခိုင္နွဳန္းမွ ၁၃ ရာခိုင္နွဳန္းအထိ သတ္မွတ္ထားေၾကာင္းယင္းဘဏ္ထံမွ သိရသည္။

ေခ်းေငြသက္တမ္းကုိ ၁ နွစ္မွ ၅ နွစ္အထိ သတ္မွတ္ထားျပီးလုပ္ငန္းလွည့္ပတ္ရင္းနွီးေငြကို ၂၀ ရာခိုင္နွဳန္းနွင့္ အသံုးျပဳရန္ပံုေသရင္းနွီးေငြကုိ အနိမ့္ဆံုး ၈၀ ရာခိုင္နွဳန္းသတ္မွတ္ထားေၾကာင္း၄င္းဘဏ္ထံမွ သိရသည္။

လက္ရွိျမန္မာနိုင္ငံတြင္ MSME လုပ္ငန္းရွင္ေပါင္း ၇၀,၀၀၀ ေက်ာ္ရွိေသာ္လည္း ေခ်းေငြရယူနိုင္မႈမွာ ၂,၀၀၀ ေက်ာ္သာရွိျပီး လုပ္ငန္းရွင္အမ်ားစုမွာ ဘဏ္မ်ားမွ သတ္မွတ္ခ်က္မ်ားနွင့္ ကုိက္ညီမႈမရွိသည့္အတြက္ ေခ်းေငြရယူနိုင္ျခင္းမရွိေၾကာင္း SME လုပ္ငန္းရွင္တခ်ိဳ႕ထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများအပါအဝင် လုပ်ငန်း ၇ ခုမှအပ ကျန်ရှိသည့် အသေးစား၊အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများကို JICA ၏နှစ်ဆင့်ချေးငွေများ ရယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှသိရသည်။

လက်ရှိ နှစ်ဆင့် ချေးငွေ ရယူခွင့်မပြုသည့်လုပ်ငန်းများမှာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများ၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံလုပ်ငန်း၊မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မှီသည့်လယ်သမားများ၊ ဘဏ္ဍရေးနှင့်အာမခံလုပ်ငန်း၊အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်း၊ ဖျော်ဖြေမှုနှင့်တင်ဆက်မှု (နိုင်ငံခြားခရီးသွားမပါ )လုပ်ငန်းများ၊ လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း စသည့်တို့ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှသိရသည်။

ယင်းစီးပွားရေးလုပ်ငန်း ၇ ခုမှ အပ ကျန်ရှိသည့် ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် ကိုက်ညီသည့်လုပ်ငန်းများအားလုံးကိုနှစ်ဆင့်ချေးငွေလျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်းအဆိုပါဘဏ်ထံမှသိရသည်။

အဆိုပါနှစ်ဆင့် ချေးငွေများကို SME ချေးငွေထုတ်ပေးသည့် မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ၊ မြန်မာရှေ့ဆောင်ဘဏ် မြန်မာအရှေ့တိုင်းဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဘဏ် စသည်တို့တွင်လျှောက်ထားနိုင်ကြောင်း ၎င်းဘဏ်ထံမှသိရသည်။

MSME လုပ်ငန်းများအတွက် ချေးငွေရရှိမှုမှာ အများဆုံး ကျပ် သန်း ၅၀၀ အထိ ရရှိနိုင်မည်ဖြစ်ပြီး အပေါင်ပစ္စည်းရရှိမှုအပေါ်မူတည်၍ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ သတ်မှတ်ထားကြောင်းယင်းဘဏ်ထံမှ သိရသည်။

ချေးငွေသက်တမ်းကို ၁ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ထားပြီး လုပ်ငန်းလှည့်ပတ်ရင်းနှီးငွေကို ၂၀ ရာခိုင်နှုန်းနှင့် အသုံးပြုရန် ပုံသေရင်းနှီးငွေကို အနိမ့်ဆုံး ၈၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ၎င်းဘဏ်ထံမှသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် MSME လုပ်ငန်းရှင်ပေါင်း ၇၀,၀၀၀ ကျော်ရှိသော်လည်း ချေးငွေရယူနိုင်မှုမှာ ၂,၀၀၀ ကျော်သာရှိပြီး လုပ်ငန်းရှင်အများစုမှာ ဘဏ်များမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ချေးငွေရယူနိုင်ခြင်းမရှိကြောင်း SME လုပ်ငန်းရှင်တချို့ထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service