ျမန္မာ-ဗီယက္နမ္ ဗီဇာကင္းလြတ္ခြင့္ တစ္လအထိတိုးျမႇင့္ၿပီး စီးပြား​ေရးက႑တြင္တိုးျမႇင့္ရန္ ႏွစ္ႏိုင္ငံ​ေခါင္း​ေဆာင္မ်ား​ေဆြး​​ေႏြး - Property News in Myanmar from iMyanmarHouse.com
1127 Views

ျမန္မာ-ဗီယက္နမ္ ဗီဇာကင္းလြတ္ခြင့္ တစ္လအထိတိုးျမႇင့္ၿပီး စီးပြား​ေရးက႑တြင္တိုးျမႇင့္ရန္ ႏွစ္ႏိုင္ငံ​ေခါင္း​ေဆာင္မ်ား​ေဆြး​​ေႏြး

### Zawgyi Version ###

ျမန္မာ-ဗီယက္နမ္ ႏွစ္ႏိုင္ငံၾကား ဗီဇာကင္းလြတ္ခြင့္ကို ၁၄ ရက္မွ တစ္လအထိတိုးျမႇင့္​ေၾကာင္းႏွင့္ စီးပြား​ေရး၊ကုန္သြယ္​မႈ၊ရင္းျမႇပ္ႏွံမူတိုးျမႇင့္လုပ္​ေဆာင္ရန္ ႏွစ္ႏိုင္ငံသ​ေဘာတူ​ေၾကာင္း ႏိုင္ငံ​ေတာ္အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္သည္။

ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္​ေရးခရီးစဥ္အျဖစ္​ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ မစၥတာငုယင္စြမ္းဖုသည္ဒီဇင္ဘာ ၁၇ ရက္တြင္​ေရာက္ရွိလာျခင္းျဖစ္သည္။

ဗီယက္နမ္ဝန္ႀကီးခ်ဳပ္သည္ ႏိုင္ငံ​ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္​ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏိုင္ငံအၾကား စီးပြားေရး၊ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ဘဏ္လုပ္ငန္းဆိုင္ရာကိစၥ၊ စိုက္ပ်ိဳးေရး၊ လွ်ပ္စစ္ႏွင့္စြမ္းအင္၊ သစ္ေတာႏွင့္ သယံဇာတ၊ ေဆာက္လုပ္ေရးႏွင့္ နည္းပညာက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရး၊ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈအျပန္အလွန္ဖလွယ္ေရး၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံကအလွည့္က် အာဆီယံဥကၠ႒ တာဝန္ထမ္းေဆာင္ရာတြင္ ေထာက္ခံကူညီေရး၊ အာဆီယံ၊ ဘက္ မလိုက္လႈပ္ရွားမႈအဖြဲ႕၊ ကုလသမဂၢ စသည့္ေဒသတြင္းႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား တြင္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားေရး၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ျမန္မာ-ဗီယက္နမ္ ႏွစ္ႏိုင္ငံသံတမန္ဆက္သြယ္မႈ (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားက်င္းပေရး စသည့္တို႔ ေဆြးေႏြးၾကသည္ဟုအတိုင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏွစ္ႏိုင္ငံအၾကား နားလည္မႈစာခြၽန္လႊာမ်ား လက္မွတ္ေရးထိုးခဲ့သည္။

လက္မွတ္ေရးထိုးရာတြင္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူႏွင့္ ဗီယက္နမ္ႏိုင္ငံ စိုက္ပ်ိဳးေရး ႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဝန္ႀကီးမစၥတာ ငုယင္စြမ္းကူအုံတို႔က လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးက႑ ပူးေပါင္း ေဆာင္႐ြက္ေရး ဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏွစ္ခုၾကား ႏွစ္ႏိုင္ငံဘက္စုံပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရး အေကာင္အထည္ေဖာ္မႈလုပ္ငန္းစီမံခ်က္ (၂၀၁၉-၂၀၂၄) ႏွင့္ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရး ဝန္ႀကီးဌာနမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုး လဲလွယ္ၾကသည္။

ထိုျပင္ ႏွစ္ႏိုင္ငံသာမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအတြက္ ဗီဇာကင္းလြတ္ခြင့္ျဖင့္ ေနထိုင္မႈကို ၁၄ ရက္မွ ရက္ ၃၀ အထိ တိုးျမႇင့္သည့္ သံတမန္စာကို လဲလွယ္ၾကသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို ၁၄ရက်မှ တစ်လအထိတိုးမြှင့်ကြောင်းနှင့် စီးပွားရေး၊ကုန်သွယ်မှု၊ရင်းမြှပ်နှံမူတိုးမြှင့်လုပ်ဆောင်ရန် နှစ်နိုင်ငံသဘောတူကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည်ဒီဇင်ဘာ ၁၇ရက်တွင်ရောက်ရှိလာခြင်းဖြစ်သည်။

ဗီယက်နမ်ဝန်ကြီးချုပ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စ၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သစ်တောနှင့် သယံဇာတ၊ ဆောက်လုပ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် ထောက်ခံကူညီရေး၊ အာဆီယံ၊ ဘက် မလိုက်လှုပ်ရှားမှုအဖွဲ့၊ ကုလသမဂ္ဂ စသည့်ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု (၄၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရေး စသည့်တို့ ဆွေးနွေးကြသည်ဟုအတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ငုယင်စွမ်းကူအုံတို့က လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ခုကြား နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှုလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၄) နှင့် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ထိုပြင် နှစ်နိုင်ငံသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်မှုကို ၁၄ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်သည့် သံတမန်စာကို လဲလှယ်ကြသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service