တိုင္းအစိုးရ​၏ ေျမကြက္ဝယ္လိုသူ တစ္​ေသာင္း​ေက်ာ္ရွိၿပီး ​ေျမကြက္မ်ားထပ္မံ​ေဖာ္ထုတ္​ေရာင္းခ်မည္ဟုဆို - Property News in Myanmar from iMyanmarHouse.com
1109 Views

တိုင္းအစိုးရ​၏ ေျမကြက္ဝယ္လိုသူ တစ္​ေသာင္း​ေက်ာ္ရွိၿပီး ​ေျမကြက္မ်ားထပ္မံ​ေဖာ္ထုတ္​ေရာင္းခ်မည္ဟုဆို

### Zawgyi Version ###

ရန္ကုန္တိုင္း  အစိုးရက ေရာင္းခ်ေပးမည့္ ေျမကြက္မ်ားကို ဝယ္လို၍ ​ေဖာင္ဝယ္ထားသူတစ္​ေသာင္း​ေက်ာ္ရွိၿပီး ​ေျမကြက္မ်ားထပ္မံ​​ေဖာ္ထုတ္ၿပီး ​ေရာင္းခ်ရန္​ေပးရန္ရွိသည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ ႀကီး ဦးဟံထြန္းကေျပာသည္။

အဆိုပါ ေဖာင္ဝယ္သူ တစ္ေသာင္းတြင္ အမွန္တကယ္တင္ျပသူသည္ ေအာက္တိုဘာ ၂၉ ရက္အထိ ႏွစ္ေထာင္ ေက်ာ္ရွိသည္ဟု ၎ကဆိုသည္။

လက္ရွိတြင္ ​ေျမကြက္ ၅၀၀သာ ​ေရာင္းခ်မည္ဆို​ေသာ္လည္း တိုင္းအစိုးရကေျမကြက္မ်ား ထပ္မံေဖာ္ထုတ္ၿပီးပါက ဆက္လက္ေရာင္းခ်မည္ဟု ၎ကဆိုသည္။

‘‘ေလၽွာက္လႊာကို မွန္မွန္ကန္ကန္တင္လာတယ္။ သတ္မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္း အတိုင္းတင္လာရင္ ေနာက္ထပ္ေဖာ္ထုတ္မယ့္ ေျမကြက္ေတြအေပၚမွာ အက်ိဳးခံစားခြင့္ေပးမယ္။ ေျမကြက္ေဖာ္ထုတ္ၿပီးသြားရင္ ေလၽွာက္လႊာကို အသစ္မဝယ္ရေတာ့ဘူး။ လိုအပ္တဲ့စာရြက္စာတမ္းထပ္တင္ၿပီး ေရာင္းခ်ေပးမယ္’’ ဟု ဝန္ႀကီးကဆိုသည္။

လက္ရွိတြင္ ေျမကြက္ ၅၀၀ ကို ပထမအဆင့္ေရာင္းခ်ျခင္း ျဖစ္ၿပီး ဒုတိယႏွင့္ တတိယအဆင့္၌ ေရာင္းခ်ရန္ ေျမဧက ၉,၀၀၀ ေက်ာ္ရွိေသးသည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉးဦးသန္းက ေျပာသည္။

တိုင္းအစိုးရက ၎တို႔စီမံခန႔္ခြဲခြင့္ရွိသည့္ ေျမမ်ားကို စီးပြားေရး၊ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္ ျဖစ္ေစ၊ လူေနထိုင္ရန္ျဖစ္ေစ ေလၽွာက္ထားနိုင္သည္ဟု ေၾကညာထားသည္။

ေရာင္းခ်ရာတြင္ ပထမအဆင့္ လိႈင္သာယာ ေရႊျပည္သာ ႏွင့္ ဒဂုံေလးၿမိဳ႕နယ္တို႔ရွိ စက္မႈေျမကြက္ ၅၀၀၊ ဒုတိယအဆင့္ ေျမာင္းတကာစက္မႈဇုန္ရွိ စက္မႈ ေျမကြက္ ၁၈၀ ေက်ာ္၊ တတိယအဆင့္တြင္ ဒဂုံအေရွ႕ႏွင့္ဒဂုံဆိပ္ ကမ္းၿမိဳ႕နယ္ တို႔မွ စိုက္ပ်ိဳးေရးဇုန္အျဖစ္ သတ္မွတ္ထားသည့္ ဧက ၉,၀၀၀ ေက်ာ္ပါဝင္မည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်- ရန်ကုန်တိုင်းအစိုးရက ရောင်းချပေးမည့် မြေကွက်များကို ဝယ်လို၍ ဖောင်ဝယ်ထားသူတစ်သောင်းကျော်ရှိပြီး မြေကွက်များထပ်မံဖော်ထုတ်ပြီး ရောင်းချရန်ပေးရန်ရှိသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနှင့် စွမ်းအင်ဝန် ကြီး ဦးဟံထွန်းကပြောသည်။

အဆိုပါ ဖောင်ဝယ်သူ တစ်သောင်းတွင် အမှန်တကယ်တင်ပြသူသည် အောက်တိုဘာ ၂၉ ရက်အထိ နှစ်ထောင် ကျော်ရှိသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြေကွက် ၅၀၀သာ ရောင်းချမည်ဆိုသော်လည်း တိုင်းအစိုးရကမြေကွက်များ ထပ်မံဖော်ထုတ်ပြီးပါက ဆက်လက်ရောင်းချမည်ဟု ၎င်းကဆိုသည်။

‘‘လျှောက်လွှာကို မှန်မှန်ကန်ကန်တင်လာတယ်။ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း အတိုင်းတင်လာရင် နောက်ထပ်ဖော်ထုတ်မယ့် မြေကွက်တွေအပေါ်မှာ အကျိုးခံစားခွင့်ပေးမယ်။ မြေကွက်ဖော်ထုတ်ပြီးသွားရင် လျှောက်လွှာကို အသစ်မဝယ်ရတော့ဘူး။ လိုအပ်တဲ့စာရွက်စာတမ်းထပ်တင်ပြီး ရောင်းချပေးမယ်’’ ဟု ဝန်ကြီးကဆိုသည်။

လက်ရှိတွင် မြေကွက် ၅၀၀ ကို ပထမအဆင့်ရောင်းချခြင်း ဖြစ်ပြီး ဒုတိယနှင့် တတိယအဆင့်၌ ရောင်းချရန် မြေဧက ၉,၀၀၀ ကျော်ရှိသေးသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဦးသန်းက ပြောသည်။

တိုင်းအစိုးရက ၎င်းတို့စီမံခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွားရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ လျှောက်ထားနိုင်သည်ဟု ကြေညာထားသည်။

ရောင်းချရာတွင် ပထမအဆင့် လှိုင်သာယာ၊ ရွှေပြည်သာ နှင့် ဒဂုံလေးမြို့နယ်တို့ရှိ စက်မှုမြေကွက် ၅၀၀၊ ဒုတိယအဆင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှု မြေကွက် ၁၈၀ ကျော်၊ တတိယအဆင့်တွင် ဒဂုံအရှေ့နှင့်ဒဂုံဆိပ် ကမ်းမြို့နယ် တို့မှ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် ဧက ၉,၀၀၀ ကျော်ပါဝင်မည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service