ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကင်ဆာ ကုသမှုများကို တစ်ခေတ်ဆန်းစေမည့် သိပ္ပံအောင်မြင်မှုများ မကြာသေးမီ ကာလများအတွင်း အဆက်မပြတ်ဖြစ်ပေါ်လာနေသည်။
သြစတေးလျမှ သိပ္ပံပညာရှင်တို့က ပျားကြီး (honeybee) ၏ အဆိပ်သည် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အောက်ဖြင့် ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ပျားဆိပ်ထဲတွင် melittin ဟုခေါ်သော အစွမ်းထက်ဒြပ်ပေါင်းတစ်မျိုးရှိနေပြီး ထိုဒြပ်ပေါင်းကို ပျားအုံကြီးများဖြင့် အသိုက်ဖွဲ့နေထိုင်တတ်သော ပျားကြီးတို့၏ အဆိပ်တွင်သာ တွေ့ရပြီး ပိတုန်းအဆိပ်တွင် မတွေ့ရချေ။
သြစတေးလျအနောက်ပိုင်း၊ အိုင်ယာလန်နှင့် အင်္ဂလန်တို့တွင် တွေ့ရသော ပျားကြီးနှင့် ပိတုန်း ၃၁၂ မျိုးမှ အဆိပ်များကို ဓာတ်ခွဲခန်းထဲတွင် ရင်သားကင်ဆာဆဲလ်အမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။
ပျားဆိပ်ကို လေ့လာခဲ့ကြသည့် သိပ္ပံပညာရှင်မှာ Harry Perkins ဆေးသုတေသနသိပ္ပံနှင့် University of Western Australia တို့မှ ဒေါက်တာ စီယာရာ ဒပ်ဖီ (Dr Ciara Duffy) ဖြစ်သည်။
ဒေါက်တာ စီယာရာသည် ကုရခက်သည့် ရှားပါး ရင်သားကင်ဆာဖြစ်သော triple-negative breast cancer (TNBC) အပါအဝင် ရင်သားကင်ဆာဆဲလ်အမျိုးမျိုးအပေါ် ပျားဆိပ်၏ သက်ရောက်မှုကို လေ့လာခဲ့သည်။
ဒေါက်တာ စီယာရာ၏ လေ့လာတွေ့ရှိချက်များကို သိပ္ပံလောက၏ ဂုဏ်သိက္ခာကြီးသော ဂျာနယ်ဖြစ်သည့် NPJ Nature Precision Oncology တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သူ၏ လေ့လာတွေ့ရှိချက်အရ ပျားကြီး၏ အဆိပ်သည် TNBC နှင့် HER2-enriched ရင်သားကင်ဆာတို့၏ ဆဲလ်များကို ထိရောက်စွာ ချေမှုန်းနိုင်သည်ဟု ဆိုသည်။
ထို ၂ မျိုးသည် ကုသရန်အခက်ခဲဆုံး ရင်သားကင်ဆာ အမျိုးအစားများ ဖြစ်သည်။
“melittin ဟာ ကင်ဆာဆဲလ်တွေရဲ့ အမြှေးပါးတွေကို မိနစ် ၆၀ အတွင်း အလုံးစုံ ချေမှုန်းနိုင်စွမ်းရှိတာကို ကျွန်မတို့ တွေ့ရှိခဲ့ပါတယ်” ဟု ဒေါက်တာ စီယာရာက ပြောသည်။
ယခုသုတေသန၏ ရည်ရွယ်ချက်မှာ ပျားကြီးအဆိပ်၏ ကင်ဆာတိုက်ဖျက်နိုင်စွမ်းရှိသည့် အာနိသင်ကို လေ့လာရန်နှင့် ရင်သားကင်ဆာ အမျိုးမျိုး၏ ကင်ဆာဆဲလ်များအပေါ် ပျားဆိပ်တွင် တွေ့ရသော melittin ဒြပ်ပေါင်း၏ သက်ရောက်ပုံကို လေ့လာရန် ဖြစ်ကြောင်း ဒေါက်တာ စီယာရာက ပြောသည်။
ပျားကြီးအဆိပ်သည် ကင်ဆာဆဲလ်တို့၏ အမြှေးပါးများကို အပေါက်များဖြစ်စေခြင်းအားဖြင့် ကင်ဆာဆဲလ်တို့ကို လျင်မြန်စွာ သေဆုံးသွားစေသည်။
ပို၍ ဝမ်းမြောက်ဖွယ်အချက်မှာ melittin သည် ဆဲလ်ကောင်းများကို အန္တရာယ်မပေး၊ မနှောင့်ယှက်သည့်အချက် ဖြစ်သည်။
ထို့ကြောင့် ပျားဆိပ်ဖြင့် ကုသခြင်းမှာ ခီမိုကုထုံး (သို့မဟုတ်) ဓာတ်ကင်ခြင်းများလောက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ချေ။
Western Australia တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့၏ အကြီးအကဲ ပါမောက္ခ Peter Klinken က “ပျားကြီးရဲ့ အဆိပ်မှာ ပါဝင်တဲ့ melittin ဟာ ရင်သားကင်ဆာဆဲလ်တွေ…အထူးသဖြင့် TNBC ရဲ့ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှိမ်နင်းနိုင်တယ်ဆိုတာ မယုံနိုင်အောင် စိတ်လှုပ်ရှားစရာ တွေ့ရှိချက်ပါပဲ။ ”ဟု ပြောသည်။
သုတေသနများ ဆက်လက်ပြုလုပ်ရန် လိုအပ်သေးသော်လည်း ပျားတို့၏ သဘာဝ မော်လီကျူးသည် အနာဂတ်တွင် ကင်ဆာနှိမ်နင်းရေးအတွက် ထိရောက်သည့် အာနိသင်ရှိသော လက်နက်သစ် ဖြစ်လာနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Honeybee venom induces cancer cell death in hard to treat triple-negative breast cancer with minimal effect on healthy cells.