အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထိုင်ခုံတစ်လုံးကို မိုးပျံပူဖောင်းများစွာ ချိတ်ကာ ပေအနည်းငယ်အမြင့်မှ ပျံသန်းနိုင်ရန် ကြိုးစားခဲ့ရာ ပေ ၁၆၀၀၀ အမြင့်အထိ ရောက်ရှိသွားခဲ့သည့်အဖြစ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထိုင်ခုံတစ်လုံးကို မိုးပျံပူဖောင်းများစွာ ချိတ်ကာ ပေအနည်းငယ်အမြင့်မှ ပျံသန်းနိုင်ရန် ကြိုးစားခဲ့ရာ ပေ ၁၆၀၀၀ အမြင့်အထိ ရောက်ရှိသွားခဲ့သည့်အဖြစ် - Property News in Myanmar from iMyanmarHouse.com
23 Oct 2025 1:32 pm တွင် တင်ခဲ့သည်
285 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လာရီ ဝေါလ်တာစ် အမည်ရှိ အမျိုးသားသည် လေကြောင်းပျံသန်းမှု သင်တန်းများ မတက်ခဲ့ဘဲ ကောင်းကင်တွင် မိနစ် ၉၀ အထိ ပျံသန်းနိုင်ခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Long Beach မြို့နေ လာရီဝေါလ်တာစ်သည် ဟီလီယံဓာတ်ငွေ့များ ဖြည့်ထားသည့် မိုးပျံပူပေါင်း ၄၂ လုံးကို Sears Roebuck အမှတ်တံဆိပ် ပန်းခြံထိုင်ခုံတစ်လုံးတွင် ချိတ်ကာ ပေအနည်းငယ် အမြင့်တွင် ပျံသန်းနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ၎င်း၏ အသက်မှာ ၃၃ နှစ် အရွယ် ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ပေါ်တွင် ထိုင်ခုံတစ်လုံးဖြင့် ပျံသန်းခဲ့သော လာရီ၏ ဖြစ်ရပ်မှာ Lawn Chair Larry ဟု နာမည်ကြီးပြီး wikipedia စာမျက်နှာတစ်ခုပင် ရှိနေသည်။

လာရီက သူ၏ လက်ဖြစ် မိုးပျံယန္တရားကို Inspiration I ဟု အမည်ပေးထားသည်။

ကုန်ကားယာဉ်မောင်းဖြစ်သူ လာရီမှာ အမြင်အာရုံ အားနည်းသူဖြစ်သဖြင့် လေယာဉ်မှူးတစ်ဦးဖြစ်မလာနိုင်ချေ။

ထို့ကြောင့် ၎င်းက သမားရိုးကျမဟုတ်သော နည်းလမ်းဖြင့် ပျံသန်းနိုင်ရန် ကြံစည်ခဲ့သည်။

((စိတ်ကူးနှင့် လက်တွေ့))

လာရီ၏ မူလရည်ရွယ်ချက်မှာ လော့စ်အိန်ဂျလိမြို့၊ ဆန် ပီဒရိုအရပ်ရှိ ချစ်သူမိန်းကလေး၏ နေအိမ်ခြံဝန်းအထက် ပေအနည်းငယ် လေပေါ်ပျံသန်းရန်ဖြစ်ပြီး ပြန်လည်ဆင်းသက်လိုလျှင် ပူဖောင်းများကို ပစ်ဖောက်ကာ ဆင်းသက်ရန်အတွက် လေသေနတ်တစ်လက်လည်း ယူဆောင်သွားခဲ့သည်။

သို့သော် လေပြင်းတိုက်ခတ်မှုကြောင့် လာရီမှာ ပေ ၁၆,၀၀၀ အမြင့်အထိ အံ့အားသင့်ဖွယ် ရောက်ရှိသွားခဲ့သည်။

အလွန်မြင့်မားသော နေရာအထိ ရောက်ရှိသွားချိန်တွင် လေထုမှာ ပါးလွှာပြီး အေးစက်လှသည်ကို တွေ့ခဲ့ရသည်။

ထို့ကြောင့် လာရီက ပူဖောင်းများကို ပစ်ဖောက်ကာ ပြန်လည်ဆင်းသက်ရန် ကြိုးစားခဲ့ရာ လေသေနတ်မှာ မတော်တဆ ပြုတ်ကျသွားခဲ့သည်။

လော့စ်အိန်ဂျလိ နိုင်ငံတကာလေဆိပ် (LAX) အနီး ပျံသန်းနေသော လေယာဉ်များမှ လေယာဉ်မှူးတို့မှာ အမြင့်ပေ ၁၆၀၀၀ တွင် ထိုင်ခုံတစ်လုံးဖြင့် ပျံသန်းနေသော အမျိုးသားကို မြင်လိုက်ချိန်တွင် အလွန်အံ့သြ တုန်လှုပ်သွားခဲ့ကြပြီး လေကြောင်းထိန်းချုပ်ရေးစင်တာသို့ အကြောင်းကြားခဲ့ကြသည်။

၄၅ မိနစ်အထိ လေစီးကြောင်းတွင် မျောလွင့်ခဲ့ပြီးနောက် လာရီမှာ လော့စ်အိန်ဂျလိ၏ တောင်ဘက် Long Beach အထိ ရောက်ရှိသွားခဲ့သည်။

လာရီအတွက် အချိန်မီဆင်းသက်နိုင်ခြင်းမှာ ကံကောင်းသွားသည်။ Long Beach မှ ရှေ့တွင် ပစိဖိတ်သမုဒ္ဒရာကြီးသာ ရှိတော့သည်။

Long Beach တွင် လာရီ၏ ပူဖောင်းကြိုးများမှာ လျှပ်စစ်ဓာတ်အားလိုင်းတွင် ချိတ်ဆွဲကျရောက်ခဲ့ရာ ထိုဒေသဝန်းကျင်၌ မိနစ် ၂၀ ခန့် မီးပျက်သွားခဲ့သည်။

လာရီမှာ မြေပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

မြေပေါ်သို့ ပြန်ရောက်ချိန်တွင် ရဲတပ်ဖွဲ့က အသင့်စောင့်နေသည်။

လေကြောင်းအာဏာပိုင်အဖွဲ့က လာရီကို ဝေဟင်စည်းမျဉ်းချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ဒဏ်ငွေပမာဏ လျှော့ချပေးခဲ့သည်။

ကမောက်ကမ အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသော ကောင်းကင်ခရီးမှာ တရားမဝင်လုပ်ရပ်ဖြစ်သော်လည်း သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပြီး ရုပ်သံအစီအစဉ်များသို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။

ထို့အပြင် လာရီ၏ ဖြစ်ရပ်ကို အခြေခံကာ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများစွာလည်း ရှိခဲ့သည်။

သူ၏ မိုးပျံ ထိုင်ခုံကို ယခုအခါ စမစ်ဆိုနီယန် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက်တွင် ပြသထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Larry Walters: Flying Over Long Beach in a Lawn Chair

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် သားဖြစ်သူ စာမကျက်သောကြောင့် မိခင်က ရဲစခန်းသို့ ပို့ခဲ့သည့်အဖြစ်
မလေးရှားတွင် သားဖြစ်သူ စာမကျက်သောကြောင့် မိခင်က ရဲစခန်းသို့ ပို့ခဲ့သည့်အဖြစ်
ဂျပန်နိုင်ငံ Toyoake မြို့တွင် ပြည်သူများ တစ်ရက်လျှင် ဖုန်း ၂ နာရီသာ အသုံးပြုရန် အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းထုတ်...
ဂျပန်နိုင်ငံ Toyoake မြို့တွင် ပြည်သူများ တစ်ရက်လျှင် ဖုန်း ၂ နာရီသာ အသုံးပြုရန် အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းထုတ်...
မုန့်ဖုတ်ဆိုဒါမှာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့မှ ပိုးသတ်ဆေးကြွင်းများကို ၉၆ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ကြောင်း လေ့လာတွေ့ရှိ...
မုန့်ဖုတ်ဆိုဒါမှာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့မှ ပိုးသတ်ဆေးကြွင်းများကို ၉၆ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ကြောင်း လေ့လာတွေ့ရှိ...
ချီလီနိုင်ငံတွင် လျှပ်စစ်မီးမရောက်သော ဒေသများ၌ ဆားရေဖြင့် မီးလင်းနေကြပုံ
ချီလီနိုင်ငံတွင် လျှပ်စစ်မီးမရောက်သော ဒေသများ၌ ဆားရေဖြင့် မီးလင်းနေကြပုံ
ဆေးကုရန် ငွေမရှိသောကြောင့် ထောင်ထဲတွင် ဆေးကုခံရရန် ရည်ရွယ်ကာ ဘဏ်သို့သွားပြီး ၁ ဒေါ်လာ လုယက်ခဲ့သည့် အမေရိကန် အမျိုးသားကြီး...
ဆေးကုရန် ငွေမရှိသောကြောင့် ထောင်ထဲတွင် ဆေးကုခံရရန် ရည်ရွယ်ကာ ဘဏ်သို့သွားပြီး ၁ ဒေါ်လာ လုယက်ခဲ့သည့် အမေရိကန် အမျိုးသားကြီး...
အမေရိကန်ကုမ္ပဏီတစ်ခုက လူနှစ်ဦးကြား အိပ်မက်မှ ဆက်သွယ်စကားပြောနိုင်သည့် နည်းပညာကို တီထွင်...
အမေရိကန်ကုမ္ပဏီတစ်ခုက လူနှစ်ဦးကြား အိပ်မက်မှ ဆက်သွယ်စကားပြောနိုင်သည့် နည်းပညာကို တီထွင်...
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြောက်လာ...
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြောက်လာ...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service