ရန္ကုန္တိုင္းအစိုးရေျမဝယ္ယူခြင့္ ေလၽွာက္လႊာေရာင္းရေငြ ၁၁ ရက္အတြင္း က်ပ္သိန္းရွစ္ရာဝန္းက်င္ရ႐ွိ - Property News in Myanmar from iMyanmarHouse.com
1230 Views

ရန္ကုန္တိုင္းအစိုးရေျမဝယ္ယူခြင့္ ေလၽွာက္လႊာေရာင္းရေငြ ၁၁ ရက္အတြင္း က်ပ္သိန္းရွစ္ရာဝန္းက်င္ရ႐ွိ

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေရာင္းခ်သည့္ေျမဝယ္ယူရန္ ေျမဝယ္ယူခြင့္ေလၽွာက္လႊာ ေရာင္းရေငြ ၁၁ရက္အတြင္း (ေအာက္တိုဘာလ ၇ ရက္မွ ၁၈) ရက္ေန႔အထိ က်ပ္သိန္းရွစ္ရာခန႔္ (၇၇,၈၆၀,၀၀၀) ရရွိခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) တြဲဖက္အတြင္းေရးနမွဴး ဦးသန္းက ေျပာၾကားသည္။

ေအာက္တိုဘာလ ၂၁ ရက္ေန႔ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည့္ YCDC ၏ ႏွစ္ပတ္တစ္ႀကိမ္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေျမမ်ားကို ဝယ္ယူရန္အတြက္ ေျမဝယ္ယူခြင့္ ေလၽွာက္လႊာကို ေတာင္ဥကၠလာပၿမိဳ႕နယ္ (၄/၆) ရပ္ကြက္၊ ၿဗိဟၼာစိုရ္လမ္းႏွင့္ သီလလမ္းေထာင့္ရွိ အေရွ႕ပိုင္းခရိုင္ စုေပါင္း႐ုံးတြင္ ေအာက္တိုဘာလ ၇ ရက္ေန႔မွစတင္ကာ တစ္ေစာင္လၽွင္က်ပ္တစ္ေသာင္းျဖင့္ စတင္ေရာင္းခ်ခဲ့ၿပီး ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ ေလၽွာက္လႊာစုစုေပါင္း ၇၇၈၆ ေစာင္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္းဦးသန္းက ဆိုသည္။

ထိုေလၽွာက္လႊာမ်ားထဲမွ ၄၆၃ ေစာင္မွာ မိမိဝယ္ယူလိုသည့္ေျမကြက္ႏွင့္ ေဈးတို႕ကို ျဖည့္ကာဝယ္ယူခြင့္ျပဳရန္တင္ထားၿပီးျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

ေျမဝယ္ယူခြင့္ေလၽွာက္လႊာမ်ားကို လူတစ္ဦးလၽွင္တစ္ေစာင္သာေရာင္းခ်ၿပီး မွတ္ပုံတင္မူရင္းႏွင့္ မိတၱဴတို႕ကိုျပကာဝယ္ယူရျခင္းျဖစ္သည္။ နိုဝင္ဘာလ ၈ ရက္ေန႔အထိ ေရာင္းခ်မည္ျဖစ္ကာလာေရာက္ဝယ္ယူသူမ်ားျပားသည့္အတြက္တန္းစီစနစ္ျဖင့္ ေရာင္းခ်ေနသည္။

ထိုေျမဝယ္ယူခြင့္ေလၽွာက္လႊာတစ္ေစာင္လၽွင္ က်ပ္တစ္ေသာင္းသတ္မွတ္ေရာင္းခ်ျခင္းအေပၚ ေဈးမ်ားသည္ဟု ေဝဖန္မႈမ်ားရွိခဲ့ေၾကာင္း ဦးသန္းက ဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဒဂုံေလးၿမိဳ႕နယ္ျဖစ္သည့္ ဒဂုံၿမိဳ႕သစ္(ေရွ႕ပိုင္း)ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)လိႈင္သာယာ ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္ မ်ားရွိ ေျမကြက္ေပါင္း ငါးရာေက်ာ္ကို ေရာင္းခ်မည္ျဖစ္ၿပီး ေျမကြက္ေဈးႏႈန္းမ်ားကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ရန္ကုန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္မ်ား၏ ကာလတန္ဖိုးသတ္မွတ္ေပးမည့္ ေျမကြက္စံႏႈန္းကိုယူထားေၾကာင္း ဦးသန္းက ဆိုသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချသည့်မြေဝယ်ယူရန် မြေဝယ်ယူခွင့်လျှောက်လွှာ ရောင်းရငွေ ၁၁ရက်အတွင်း (အောက်တိုဘာလ ၇ ရက်မှ ၁၈) ရက်နေ့အထိ ကျပ်သိန်းရှစ်ရာခန့် (၇၇,၈၆၀,၀၀၀) ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တွဲဖက်အတွင်းရေးနမှူး ဦးသန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏ နှစ်ပတ်တစ်ကြိမ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြေများကို ဝယ်ယူရန်အတွက် မြေဝယ်ယူခွင့် လျှောက်လွှာကို တောင်ဥက္ကလာပမြို့နယ် (၄/၆) ရပ်ကွက်၊ ဗြိဟ္မာစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် စတင်ရောင်းချခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့အထိ လျှောက်လွှာစုစုပေါင်း ၇၇၈၆ စောင် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဦးသန်းက ဆိုသည်။

ထိုလျှောက်လွှာများထဲမှ ၄၆၃ စောင်မှာ မိမိဝယ်ယူလိုသည့်မြေကွက်နှင့် ဈေးတို့ကို ဖြည့်ကာဝယ်ယူခွင့်ပြုရန် တင်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြေဝယ်ယူခွင့်လျှောက်လွှာများကို လူတစ်ဦးလျှင် တစ်စောင်သာရောင်းချပြီး မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ပြကာ ဝယ်ယူရခြင်းဖြစ်သည်။ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရောင်းချမည်ဖြစ်ကာလာရောက်ဝယ်ယူသူများပြားသည့်အတွက် တန်းစီစနစ်ဖြင့် ရောင်းချနေသည်။

ထိုမြေဝယ်ယူခွင့်လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းသတ်မှတ်ရောင်းချခြင်းအပေါ် ဈေးများသည်ဟု ဝေဖန်မှုများရှိခဲ့ကြောင်း ဦးသန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒဂုံလေးမြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်(ရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချမည်ဖြစ်ပြီး မြေကွက်ဈေးနှုန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်ကုန်တိုင်းဒေသကြီး မြို့နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းကိုယူထားကြောင်း ဦးသန်းက ဆိုသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service