ကြန္တိန္နာရပ္နားကြင္းကို သန္လ်င္တြင္တည္ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
4188 Views

ကြန္တိန္နာရပ္နားကြင္းကို သန္လ်င္တြင္တည္ေဆာက္မည္

### Zawgyi Version ###

ကြန္တိန္နာရပ္နားကြင္းကို သန္လ်င္တြင္တည္ေဆာက္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႔ လွ်ပ္စစ္၊စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ၌ ေျပာၾကားခဲ့သည္။

ဗိုလ္တေထာင္ၿမိဳ႕နယ္ အမွတ္ (၂) (၃) (၄) ရပ္ကြက္တို႔တြင္ကြန္တိန္နာယာဥ္မ်ားရပ္နားထားမႈေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ေနျခင္းအတြက္ ကြန္တိန္နာယာဥ္မ်ားရပ္နားရန္ ေျမေနရာသစ္ေဆာင္ရြက္ေပးရန္ အစီအစဥ္ရွိမရွိ အေမးေပၚတြင္ ဝန္ႀကီးေဒၚနီလာေက်ာ္က ျပန္လည္ေျဖၾကားထားျခင္းျဖစ္သည္။

သန္လ်င္ၿမိဳ႕နယ္ တြင္း ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဌာနက စီမံခန႔္ခြဲသည့္ ေျမတိုင္းရပ္ကြက္အမွတ္(၆)၊ ေျမကြက္ ၃ (ခ)ရွိ ေျမဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕မွ စီမံခန႔္ခြဲၿပီး ျမန္မာနိုင္ငံကုန္ေသတၱာတင္ယာဥ္ အသင္းထံ ငွားရမ္းေပးနိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ဝန္ႀကီးကေျပာထားသည္။

ဗိုလ္တေထာင္ၿမိဳ႕နယ္ ကမ္းနားလမ္းတြင္ရပ္နားထားေသာ ကြန္တိန္နာမ်ားႏွင့္ စပ္လ်ဥ္း၍ ယာဥ္ေၾကာပိတ္ဆို႔မႈ ေျဖရွင္းေရးအတြက္ တာဝန္ရွိသူမ်ား ပူးေပါင္းအဖြဲ႕ ဖြဲ႕စည္းကာ ေဆာင္ရြက္ေနေသာ္လည္း ကြန္တိန္နာအစီးေရအေနအထားေၾကာင့္ လည္းေကာင္း၊ ယာဥ္မ်ား၏ တည္ေဆာက္မႈပုံစံ အေနအထားအရလည္းေကာင္း ရပ္နားမႈကို ေျဖရွင္းရန္ေအခက္အခဲ ျဖစ္ေနရေၾကာင္း ေဒၚနီလာေက်ာ္က ေျပာဆိုသြားသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကွန်တိန်နာရပ်နားကွင်းကို သန်လျင်တွင်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌ ပြောကြားခဲ့သည်။

ဗိုလ်တထောင်မြို့နယ် အမှတ်(၂) (၃) (၄) ရပ်ကွက်တို့တွင်ကွန်တိန်နာယာဉ်များရပ်နားထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေခြင်းအတွက် ကွန်တိန်နာယာဉ်များရပ်နားရန် မြေနေရာသစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ အမေးပေါ်တွင် ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

သန်လျင်မြို့နယ် တွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက စီမံခန့်ခွဲသည့် မြေတိုင်းရပ်ကွက်အမှတ်(၆)၊မြေကွက် ၃ (ခ)ရှိ မြေဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ် အသင်းထံ ငှားရမ်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးကပြောထားသည်။

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင်ရပ်နားထားသော ကွန်တိန်နာများနှင့် စပ်လျဉ်း၍ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း ကွန်တိန်နာအစီးရေအနေအထားကြောင့် လည်းကောင်း၊ ယာဉ်များ၏ တည်ဆောက်မှု ပုံစံ အနေအထားအရ လည်းကောင်း ရပ်နားမှုကို ဖြေရှင်းရန် အခက်အခဲ ဖြစ်နေရကြောင်း ဒေါ်နီလာကျော်က ပြောဆိုသွားသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service