လႈိင္သာယာႏွင့္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ရွိ တန္ဖိုးနည္း၊ တန္ဖိုးသင့္တိုက္ခန္းမ်ားကို အတိုးႏႈန္း သက္သာေသာ အိမ္ရာေခ်းေငြျဖင့္ စတင္ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
913 Views

လႈိင္သာယာႏွင့္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ရွိ တန္ဖိုးနည္း၊ တန္ဖိုးသင့္တိုက္ခန္းမ်ားကို အတိုးႏႈန္း သက္သာေသာ အိမ္ရာေခ်းေငြျဖင့္ စတင္ေရာင္းခ်

### Zawgyi Version ###

လႈိင္သာယာႏွင့္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ရွိ တန္ဖိုးနည္း၊ တန္ဖိုးသင့္တိုက္ခန္းမ်ားကို အတိုးႏႈန္းသက္သာေသာ အိမ္ရာေခ်းေငြစနစ္ျဖင့္ စတင္ေရာင္းခ်ေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနမွစက္တင္ဘာ ၂ ရက္က ထုတ္ျပန္ထားသည္။

လႈိင္သာယာၿမိဳ့နယ္ ေရႊလင္ပန္းအပိုင္း (၂) တြင္ ရွစ္ခန္းတြဲ ေလးထပ္တိုက္တြင္ ၄၈၄/၅၂၂ စတုရန္းေပ အက်ယ္အဝန္းရွိတိုက္ခန္းမ်ား၊ ေရႊလင္ပန္းအပိုင္း (၃) တြင္ ေျခာက္ခန္းတြဲ ေလးထပ္တိုက္တြင္ ၄၆၈ စတုရန္း ေပ အက်ယ္အဝန္းရွိတိုက္ခန္းမ်ား၊ က်န္စစ္မင္းအိမ္ရာတြင္ ရွစ္ခန္းတြဲ ငါးထပ္တိုက္တြင္ ၄၈၄/၅၂၂ စတုရန္းေပ အက်ယ္အဝန္းရွိတိုက္ခန္းမ်ား၊ ၁၂ ခန္းတြဲ ငါးထပ္တိုက္တြင္ ၃၂၄ စတုရန္းေပတိုက္ခန္းမ်ား၊ ေျခာက္ခန္းတြဲ ငါးထပ္တိုက္တြင္ ၄၆၈ စတုရန္းေပ က်ယ္ဝန္းသည့္ တိုက္ခန္းမ်ားကို ေရာင္းခ်မည္ဟု သိရသည္။

လႈိင္သာယာၿမိဳ႕နယ္ ေရႊလင္ပန္း Commercial Area တြင္ ႏွစ္ခန္းတြဲေလးထပ္တိုက္တြင္ ၁၁၀၀/၉၆၀ စတုရန္းေပႏွင့္ ေလးခန္းတြဲ ေလးထပ္တိုက္တြင္ ၈၀၀ စတုရန္းေပက်ယ္ဝန္းသည့္ တိုက္ခန္းမ်ားကို ေရာင္းခ် မည္ျဖစ္သည္။

ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္အတြင္း ယုဇနအပိုင္း (၁)၊ (၂) တို႔တြင္ ရွစ္ခန္းတြဲေလးထပ္တိုက္တြင္ ၄၈၄/၅၂၂ စတုရန္းေပအက်ယ္ရွိ တိုက္ခန္းမ်ားႏွင့္ေျခာက္ခန္းတြဲ ေလးထပ္တိုက္တြင္ ၄၆၈ စတုရန္းေပအ က်ယ္ရွိတိုက္ခန္းမ်ား၊ ကေနာင္အိမ္ရာ ရွစ္ခန္းတြဲေလးထပ္တိုက္တြင္ ၄၈၄/၅၂၂ စတုရန္းေပအက်ယ္ရွိ တိုက္ခန္းမ်ား၊ ေျခာက္ခန္းတြဲ ေလးထပ္တိုက္တြင္ ၄၆၈ စတုရန္းေပအက်ယ္ရွိ တိုက္ခန္းမ်ားကို ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါတိုက္ခန္းမ်ားကို ဝယ္ယူလိုသူမ်ားအေနျဖင့္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္ အအုံဖြံ႔ၿဖိဳး ေရးဘဏ္တြင္ ၾသဂုတ္ ၃၁ ရက္ထိ အိမ္ရာစုေဆာင္းေငြစာရင္း အနည္းဆုံး သိန္း ၃၀ ဖြင့္လွစ္ထားရွိၿပီး ျဖစ္ရမည္ ျဖစ္သည္။

စက္တင္ဘာ (၂ ရက္မွ ၂၀ ရက္) အတြင္း ရန္ကုန္ၿမိဳ႕ဗိုလ္တေထာင္ၿမိဳ့နယ္ရွိ ေဆာက္လုပ္ေရးၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနသို႔ အိမ္ခန္းဝယ္ယူလိုေၾကာင္းဘဏ္စာအုပ္မူရင္းႏွင့္ မိတၱဴယူေဆာင္ ၿပီး အမည္စာရင္းလာေရာက္ေပးသြင္းရမည္ျဖစ္သည္။

ေရာင္းခ်ရမည့္ အခန္းအေရအတြက္ေအာက္ အမည္စာရင္းေပးသြင္းသူအေရအတြက္ေလ်ာ့နည္းပါက တန္းစီစနစ္(ဦးရာလူ)ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း၊ေရာင္းမည့္အခန္းအေရအတြက္ထက္ ေက်ာ္လြန္ပါ က CHID Bank ၏ Down Payment Seniority အလိုက္ မဲႏႈိက္ေရာင္းခ်မည္ျဖစ္ေၾကာင္း၊စက္တင္ဘာ ၂၅ ရက္တြင္ အိမ္ရာေရာင္းခ်မည့္စနစ္ႏွင့္ အိမ္ရာစီမံကိန္းမ်ားႏွင့္အမည္မ်ားကိုေၾကညာေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္ ODA Loan အစီအစဥ္အရ အတိုးႏႈန္းသက္သာသည့္ ႏွစ္ရွည္အိမ္ရာေခ်းေငြျဖင့္ ေခ်းေငြဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေသာအိမ္ရာမ်ားအတြက္ အိမ္ရာေခ်းေငြ ထုတ္ေခ်းေပးေနၿပီျဖစ္ေၾကာင္း၊ဝင္ေငြနည္း ျပည္သူမ်ား အိမ္ရာပိုင္ဆိုင္ခြင့္အတြက္ အိမ္ရာမ်ားကို ဂ်ပန္နိုင္ငံ ODA Loan (Two-step Loan) အစီအစဥ္ အရ အတိုးႏႈန္းသက္သာေသာ ႏွစ္ရွည္အိမ္ရာေခ်းေငြျဖင့္ JICA, ODA Loan Criteria ႏွင့္ကိုက္ညီေသာအိမ္ရာမ်ားအတြက္ အိမ္ရာေခ်းေငြမ်ား ေခ်းေပးေနၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာသည္။

 

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

လှိုင်သာယာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနမှစက်တင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအပိုင်း (၂) တွင် ရှစ်ခန်းတွဲ လေးထပ်တိုက်တွင် ၄၈၄/၅၂၂ စတုရန်းပေ အကျယ်အဝန်းရှိတိုက်ခန်းများ၊ ရွှေလင်ပန်းအပိုင်း (၃) တွင် ခြောက်ခန်းတွဲ လေးထပ်တိုက်တွင် ၄၆၈ စတုရန်း ပေ အကျယ်အဝန်းရှိတိုက်ခန်းများ၊ ကျန်စစ်မင်းအိမ်ရာတွင် ရှစ်ခန်းတွဲ ငါးထပ်တိုက်တွင် ၄၈၄/၅၂၂ စတုရန်းပေ အကျယ်အဝန်းရှိတိုက်ခန်းများ၊ ၁၂ ခန်းတွဲ ငါးထပ်တိုက်တွင် ၃၂၄ စတုရန်းပေတိုက်ခန်းများ၊ ခြောက်ခန်းတွဲ ငါးထပ်တိုက်တွင် ၄၆၈ စတုရန်းပေ ကျယ်ဝန်းသည့် တိုက်ခန်းများကို ရောင်းချမည်ဟု သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း Commercial Area တွင် နှစ်ခန်းတွဲလေးထပ်တိုက်တွင် ၁၁၀၀/၉၆၀ စတုရန်းပေနှင့် လေးခန်းတွဲ လေးထပ်တိုက်တွင် ၈၀၀ စတုရန်းပေကျယ်ဝန်းသည့် တိုက်ခန်းများကို ရောင်းချ မည်ဖြစ်သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း ယုဇနအပိုင်း (၁)၊ (၂) တို့တွင် ရှစ်ခန်းတွဲလေးထပ်တိုက်တွင် ၄၈၄/၅၂၂ စတုရန်းပေအကျယ်ရှိ တိုက်ခန်းများနှင့်ခြောက်ခန်းတွဲ လေးထပ်တိုက်တွင် ၄၆၈ စတုရန်းပေအ ကျယ်ရှိတိုက်ခန်းများ၊ ကနောင်အိမ်ရာ ရှစ်ခန်းတွဲလေးထပ်တိုက်တွင် ၄၈၄/၅၂၂ စတုရန်းပေအကျယ်ရှိ တိုက်ခန်းများ၊ ခြောက်ခန်းတွဲ လေးထပ်တိုက်တွင် ၄၆၈ စတုရန်းပေအကျယ်ရှိ တိုက်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုး ရေးဘဏ်တွင် သြဂုတ် ၃၁ ရက်ထိ အိမ်ရာစုဆောင်းငွေစာရင်း အနည်းဆုံး သိန်း ၃၀ ဖွင့်လှစ်ထားရှိပြီး ဖြစ်ရမည် ဖြစ်သည်။

စက်တင်ဘာ (၂ ရက်မှ ၂၀ ရက်) အတွင်း ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်ရှိ ဆောက် လုပ်ရေးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနသို့ အိမ်ခန်းဝယ်ယူလိုကြောင်းဘဏ်စာအုပ်မူရင်းနှင့် မိတ္တူယူဆောင် ပြီး အမည်စာရင်းလာရောက်ပေးသွင်းရမည်ဖြစ်သည်။

ရောင်းချရမည့် အခန်းအရေအတွက်အောက် အမည်စာရင်းပေးသွင်းသူအရေအတွက်လျော့နည်းပါက တန်းစီစနစ်(ဦးရာလူ)ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ရောင်းမည့်အခန်းအရေအတွက်ထက် ကျော်လွန်ပါ က CHID Bank ၏ Down Payment Seniority အလိုက် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း၊စက်တင်ဘာ ၂၅ ရက်တွင် အိမ်ရာရောင်းချမည့်စနစ်နှင့် အိမ်ရာစီမံကိန်းများနှင့်အမည်များကိုကြေညာပေးသွားမှာဖြစ်ကြောင်း သိရသည်။

ဂျပန် ODA Loan အစီအစဉ်အရ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာချေးငွေဖြင့် ချေးငွေဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသောအိမ်ရာများအတွက် အိမ်ရာချေးငွေ ထုတ်ချေးပေးနေပြီဖြစ်ကြောင်း၊ဝင်ငွေနည်း ပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်အတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan (Two-step Loan) အစီအစဉ် အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan Criteria နှင့်ကိုက်ညီသောအိမ်ရာများအတွက် အိမ်ရာချေးငွေများ ချေးပေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service