နေရေးခက်ခဲနေသူများကို ခြောက်လအတွင်း နေရာဖန်တီးပေးနိုင်ရန်ပြင်ဆင်နေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆို - Property News in Myanmar from iMyanmarHouse.com
3278 Views

နေရေးခက်ခဲနေသူများကို ခြောက်လအတွင်း နေရာဖန်တီးပေးနိုင်ရန်ပြင်ဆင်နေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆို

နေထိုင်ရေး အလွန်ခက်ခဲနေသူများကို ခြောက်လအတွင်း နေစရာဖန်တီးပေးနိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် Yangon Project Bank ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားတွင် ၄င်း က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူတစ်သိန်း ကျော်ရှိပြီး ထိုသူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးရန်ကြိုးစားနေကြောင်း၊ ယင်း တန်ဖိုးနည်းအိမ်ရာများကို မြေတန်ဖိုးထည့်မတွက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန်မျှော်မှန်းထားကြောင်း ၄င်းက ပြောသည်။

""တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးနိုင်မယ့်အခြေအနေတွေ ကိုဖော်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အချိန်ကြာမြင့်နိုင်တဲ့အတွက် ပြည်သူတွေထဲက နေရေးသိပ်ခက်ခဲနေတဲ့သူတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတတ်နိုင်သလောက် အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ပေး နိုင်ဖို့ ပြင်ဆင်နေပါတယ်။ လေ့လာဆန်းစစ်မှုတွေပြုပြီးလာမယ့် ခြောက်လလောက်အတွင်းမှာ နေစရာဖန်တီးပေးနိုင်ဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ကို အသိပေးပြောကြားလိုပါတယ်""ဟု ၄င်းကပြောသည်။

ကျူးကျော်နေထိုင်သူများကို တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရန်အတွက် Woman For the World ဆိုသည့် အရပ်ဘက် အဖွဲ့အစည်းနှင့် ရန်ကုန်တိုင်း အစိုးရတို့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။ကျူးကျော်အိမ်ရာများတွင် နေထိုင်သူအမျိုးသမီးများဘဝ လုံခြုံအောင်ဆောင် ရွက်ပေးနိုင်ခြင်း ဖြင့် ကျူးကျော်နေထိုင်သူများကို အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း ၄င်းကပြောသည်။

""ဒီအရပ်ဘက် အဖွဲ့အစည်းတွေက အမျိုးသမီးတွေကိုအခြေခံပြီး တည်ဆောက်မယ်ဆိုရင် ကျူးကျော်နေထိုင်နေသူတွေကြားထဲ မှာရှိနေတဲ့ ပြည်သူတွေရဲ့အခြေအနေမှန်ကိုသိနိုင်ပါတယ်။ အမျိုးသမီးတွေက ဒီကျူးကျော်နေထိုင်ထဲမှာ ဘယ်သူက ဆိုင်လာဖွင့်တယ်။ငွေတိုး ဘယ်သူလာချေးစားတယ်။နေစရာရှိတယ်။ ပိုက်ဆံလည်းရှိတယ်။ ရပ်ကွက်ထဲမှာလည်းအိမ်ရှိတယ်။ ဒီနေရာအခန်းလာငှားစားနေတယ်။ ဒီလိုလုပ်ငန်းခွင်တွေ အားလုံးကို အမျိုးသမီးတွေကြား မှာ သိနိုင်ပါတယ်။ ဒီအမျိုးသမီးတွေကို မြှင့်တင်ပေးခြင်းအားဖြင့် လူမှုဘဝကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူတွေကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်""ဟု ၄င်းကပြောသည်။တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန်အတွက် မြေကိုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်စည်ပင်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service